ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

 ေမြးညင္းေပါက္ (သို႔) အဆီဂလင္းေလးေတြမွာ ပိုးဝင္ၿပီး အနာျဖစ္တာကို ေမြးကၽြတ္နာလို႔ ေခၚပါတယ္။ စျဖစ္ခါစမွာ နီလာၿပီးေတာ့ ေနာက္မွ အဖု ျဖစ္လာပါတယ္။ 4 ရက္ကေန 7 ရက္ေလာက္ ၾကာတဲ့အခါ အေရျပားေအာက္မွာ ျပည္ေတြ စုလာတဲ့အတြက္ အျဖဴေရာင္ ျဖစ္လာပါတယ္။

ေမြးကၽြတ္နာေတြက မ်က္ႏွာ၊ လည္ပင္း၊ ခ်ိဳင္း၊ ပုခံုးနဲ႔ တင္ပါးေတြမွာ အျဖစ္မ်ားပါတယ္။ မ်က္ခြံေပၚမွာေပါက္ရင္ မ်က္စိစြံတယ္လို႔ ေခၚပါတယ္။

ေမြးကၽြတ္နာေတြ အစုလိုက္ ေပါက္တာကေတာ့ ပိုၿပီးျပင္းထန္တဲ့ေရာဂါပိုး ဝင္ေရာက္မႈေၾကာင့္ျဖစ္ၿပီး အနာပဆုပ္လို႔ ေခၚပါတယ္။

ေမြးကၽြတ္နာျဖစ္ေစေသာ အေၾကာင္းအရင္းမ်ား

 Staphylococcus ဆိုတဲ့ ဘက္တီးရီးယားပိုးတစ္မ်ိဳးေၾကာင့္ အျဖစ္မ်ားပါတယ္။ ဒီပိုးေတြက အေရျပားမွာရွိတဲ့ အေပါက္ (သို႔) အက္ကြဲရာ ေသးေသးေလးေတြကေနမွတစ္ဆင့္ ခႏၶာကိုယ္ထဲ (သို႔) ဆံပင္ကေနမွတစ္ဆင့္ ေမြးညႇင္းေပါက္ထဲကို ဝင္ေရာက္လာပါတယ္။ ေအာက္ပါအေျခအေနေတြေၾကာင့္ အေရျပားေရာဂါေတြ ပိုျဖစ္ႏိုင္ပါတယ္။

ဆီးခ်ိဳေရာဂါ

ခုခံအားဆိုင္ရာေရာဂါမ်ား

အာဟာရ ခ်ိဳ႕တဲ့ျခင္း

တစ္ကိုယ္ရည္ သန္႔ရွင္းမႈမရွိျခင္း၊ ပတ္ဝန္းက်င္ သန္႔ရွင္းမႈမရွိျခင္း

အေရျပားကို ထိခိုက္ေစႏိုင္ေသာ ဓာတုပစၥည္းမ်ားႏွင့္ ထိေတြ႕ျခင္း

ေမြးကၽြတ္နာ၏ ေရာဂါလကၡဏာမ်ား

ပထမဆံုး နီရဲၿပီး နာတဲ့ လက္မဝက္ေလာက္ အဖုမာမာေလး အေရျပားမွာ စၿပီးထြက္လာပါတယ္။ ေနာက္ ရက္အနည္းငယ္ ၾကာတဲ့အခါမွာေတာ့ ဒီအဖုေလးက ေပ်ာ့လာတယ္ ပိုႀကီးၿပီးေတာ့ ပိုနာလာပါတယ္။ မၾကာခင္မွာပဲ အဖုထိပ္ေလးစူၿပီး ျပည္တည္လာပါတယ္။ ေရာဂါပိုး ဝင္တာပိုဆိုးရင္ေတာ့ ေအာက္ပါလကၡဏာေတြ ေတြ႕ရပါတယ္။

ေမြးကၽြတ္နာပတ္လည္က အေရျပားမွာပါ ေရာဂါပိုးဝင္ၿပီး အေရျပားက ပူလာ၊ နီလာ၊ နာလာၿပီး ေရာင္လာပါတယ္။

ပထမေပါက္တဲ့ ေမြးကၽြတ္နာပတ္လည္မွာပဲ ေမြးကၽြတ္နာေတြ ထပ္ေပါက္လာပါတယ္။

ဖ်ားမယ္။

အႀကိတ္ေတြ ႀကီးလာမယ္။

ဘယ္အခ်ိန္မွာ ေဆးကုသမႈ ခံယူသင့္သလဲ?

စၿပီး ဖ်ားလာျခင္း

အႀကိတ္မ်ား ႀကီးလာျခင္း

ေမြးကၽြတ္နာပတ္လည္မွ အေရျပားမ်ား နီလာျခင္း

အလြန္အမင္းနာျခင္း

ျပည္ေပါက္မထြက္ျခင္း

ေမြးကၽြတ္နာေဘးမွာ ေနာက္ထပ္တစ္လံုး ထပ္ေပါက္ျခင္း

ႏွလံုး အသံမမွန္ျခင္း၊ ဆီးခ်ိဳေရာဂါရွိျခင္း၊ ခုခံအားစနစ္ဆိုင္ရာ ျပႆနာရွိျခင္း၊ ခုခံအား က်ဆင္းေစေသာေဆးမ်ား ေသာက္ေနရျခင္း (ဥပမာ - စတီး႐ြိဳက္ေဆးမ်ား၊ ကင္ဆာေဆးသြင္း ကုသျခင္း) စတဲ့ ေရာဂါရွိသူေတြမွာ ေမြးကၽြတ္နာျဖစ္ျခင္း

ပံုမွန္အားျဖင့္ေတာ့ ေမြးကၽြတ္နာက အေရးေပၚအေျခအေန မဟုတ္ပါဘူး။ ဒါေပမဲ့ က်န္းမာေရး မေကာင္းဘူး (သို႔) ခ်မ္းတုန္ဖ်ားလာတယ္ ဆိုရင္ေတာ့ အေရးေပၚကုသမႈ ခံယူဖို႔ လိုအပ္ပါတယ္။

စစ္ေဆးျခင္း

ဆရာဝန္ေတြက အနာကိုၾကည့္ၿပီး ေရာဂါကို သတ္မွတ္ႏိုင္ပါတယ္။

အိမ္တြင္းကုထံုးမ်ား

အဖုကို ေရေႏြးဝတ္နဲ႔ ကပ္ေပးျခင္းက အနာသက္သာေစၿပီး ျပည္ေတြအေပၚကို စုလာေစပါတယ္။  ဒီျပည္ေတြအေပၚကို စုလာၿပီဆိုရင္ ေရေႏြးဝတ္နဲ႔ ထပ္ခါထပ္ခါ ကပ္ေပးျခင္းအားျဖင့္ အနာစျဖစ္ၿပီး 10 ရက္ေလာက္အတြင္းမွာပဲ ျပည္ေတြ ေပါက္ထြက္သြားပါလိမ့္မယ္။ ေရေႏြးထဲမွာ ေလွ်ာ္ၿပီးသား အဝတ္သန္႔သန္႔ေလးကိုႏွစ္ကာ ေရညႇစ္ထုတ္ၿပီး အနာေပၚ ကပ္ေပးႏိုင္ပါတယ္။

ျပည္ေပါက္ထြက္တဲ့အခါမွာ ျပည္ေတြ အကုန္ထြက္သြားသည္အထိ ပိုးသတ္ဆပ္ျပာနဲ႔ ေဆးၿပီးေနာက္ အရက္ျပန္နဲ႔ ပြတ္တိုက္ပါ။ ၿပီးေနာက္ ပိုးသတ္ေဆးပါတဲ့ လိမ္းေဆးလိမ္းၿပီး ပတ္တီးစီးထားေပးပါ။ အနာကို တစ္ေန႔ 2-3 ႀကိမ္ေလာက္ ေဆးၿပီး အနာက်က္သည္အထိ ေရေႏြးဝတ္ ကပ္ေပးပါ။

ေမြးကၽြတ္နာကို အပ္နဲ႔ ထိုးဆြပါက ေရာဂါပိုးဝင္တာ ပိုဆုိးေစနိုင္တဲ့အတြက္ အပ္နဲ႔ထိုးဆြျခင္း လံုးဝမျပဳပါနဲ႔။

ေဆးဝါးကုထံုးမ်ား

ေရာဂါပိုးဝင္တာ ဆိုးရြားရင္ေတာ့ ေသြးစစ္ၾကည့္ဖို႔ လိုပါတယ္။ လိုအပ္ပါက ဆရာဝန္က ပိုးသတ္ေဆးေသာက္ဖို႔ ၫႊန္ၾကားပါလိမ့္မယ္။ ျပည္ကိုယူၿပီး အေကာင္ေဖာက္ကာ သင့္ေတာ္တဲ့ ပိုးသတ္ေဆးလည္း ေပးႏိုင္ပါတယ္။ ျပည္ညႇစ္ထုတ္ၿပီးေနာက္မွာလည္း တစ္ေန႔ကို 2-3 ႀကိမ္ေလာက္ ေဆးေၾကာၿပီး ပိုးသတ္ေဆး လိမ္းေပးဖို႔ လိုပါတယ္။ အနာေနရာက နီလာရင္ (သို႔) ေရာဂါပိုး ေနာက္ထပ္ဝင္တဲ့လကၡဏာေတြ႕ရင္ ဆရာဝန္နဲ႔ ျပန္ျပပါ။

ေမြးကၽြတ္နာမျဖစ္ေအာင္ ကာကြယ္ျခင္း

ေမြးကၽြတ္နာေပါက္တဲ့ မိသားစုဝင္ရဲ႕ အဝတ္အစားမ်ား၊ အိပ္ရာခင္းမ်ား၊ ပုဝါမ်ားကို ေသခ်ာေလွ်ာ္ဖြတ္ပါ။

အေသးစား အေရျပားအနာေတြကို ေသခ်ာ သန္႔သန္႔ရွင္းရွင္းထားၿပီး ကုသပါ။

တစ္ကိုယ္ရည္ သန္႔ရွင္းမႈရွိေအာင္ ေနပါ။

တတ္ႏိုင္သမွ် က်န္းမာေအာင္ ေနထိုင္ပါ။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)

# Unicode Version ျဖင့္ ဖတ္ပါ #

 မွေးညင်းပေါက် (သို့) အဆီဂလင်းလေးတွေမှာ ပိုးဝင်ပြီး အနာဖြစ်တာကို မွေးကျွတ်နာလို့ ခေါ်ပါတယ်။ စဖြစ်ခါစမှာ နီလာပြီးတော့ နောက်မှ အဖု ဖြစ်လာပါတယ်။ 4 ရက်ကနေ 7 ရက်လောက် ကြာတဲ့အခါ အရေပြားအောက်မှာ ပြည်တွေ စုလာတဲ့အတွက် အဖြူရောင် ဖြစ်လာပါတယ်။

မွေးကျွတ်နာတွေက မျက်နှာ၊ လည်ပင်း၊ ချိုင်း၊ ပုခုံးနဲ့ တင်ပါးတွေမှာ အဖြစ်များပါတယ်။ မျက်ခွံပေါ်မှာပေါက်ရင် မျက်စိစွံတယ်လို့ ခေါ်ပါတယ်။

မွေးကျွတ်နာတွေ အစုလိုက် ပေါက်တာကတော့ ပိုပြီးပြင်းထန်တဲ့ရောဂါပိုး ဝင်ရောက်မှုကြောင့်ဖြစ်ပြီး အနာပဆုပ်လို့ ခေါ်ပါတယ်။

မွေးကျွတ်နာဖြစ်စေသော အကြောင်းအရင်းများ

 Staphylococcus ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် အဖြစ်များပါတယ်။ ဒီပိုးတွေက အရေပြားမှာရှိတဲ့ အပေါက် (သို့) အက်ကွဲရာ သေးသေးလေးတွေကနေမှတစ်ဆင့် ခန္ဓာကိုယ်ထဲ (သို့) ဆံပင်ကနေမှတစ်ဆင့် မွေးညှင်းပေါက်ထဲကို ဝင်ရောက်လာပါတယ်။ အောက်ပါအခြေအနေတွေကြောင့် အရေပြားရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။

ဆီးချိုရောဂါ

ခုခံအားဆိုင်ရာရောဂါများ

အာဟာရ ချို့တဲ့ခြင်း

တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှုမရှိခြင်း

အရေပြားကို ထိခိုက်စေနိုင်သော ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း

မွေးကျွတ်နာ၏ ရောဂါလက္ခဏာများ

ပထမဆုံး နီရဲပြီး နာတဲ့ လက်မဝက်လောက် အဖုမာမာလေး အရေပြားမှာ စပြီးထွက်လာပါတယ်။ နောက် ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ ဒီအဖုလေးက ပျော့လာတယ် ပိုကြီးပြီးတော့ ပိုနာလာပါတယ်။ မကြာခင်မှာပဲ အဖုထိပ်လေးစူပြီး ပြည်တည်လာပါတယ်။ ရောဂါပိုး ဝင်တာပိုဆိုးရင်တော့ အောက်ပါလက္ခဏာတွေ တွေ့ရပါတယ်။

မွေးကျွတ်နာပတ်လည်က အရေပြားမှာပါ ရောဂါပိုးဝင်ပြီး အရေပြားက ပူလာ၊ နီလာ၊ နာလာပြီး ရောင်လာပါတယ်။

ပထမပေါက်တဲ့ မွေးကျွတ်နာပတ်လည်မှာပဲ မွေးကျွတ်နာတွေ ထပ်ပေါက်လာပါတယ်။

ဖျားမယ်။

အကြိတ်တွေ ကြီးလာမယ်။

ဘယ်အချိန်မှာ ဆေးကုသမှု ခံယူသင့်သလဲ?

စပြီး ဖျားလာခြင်း

အကြိတ်များ ကြီးလာခြင်း

မွေးကျွတ်နာပတ်လည်မှ အရေပြားများ နီလာခြင်း

အလွန်အမင်းနာခြင်း

ပြည်ပေါက်မထွက်ခြင်း

မွေးကျွတ်နာဘေးမှာ နောက်ထပ်တစ်လုံး ထပ်ပေါက်ခြင်း

နှလုံး အသံမမှန်ခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ခုခံအားစနစ်ဆိုင်ရာ ပြဿနာရှိခြင်း၊ ခုခံအား ကျဆင်းစေသောဆေးများ သောက်နေရခြင်း (ဥပမာ - စတီးရွိုက်ဆေးများ၊ ကင်ဆာဆေးသွင်း ကုသခြင်း) စတဲ့ ရောဂါရှိသူတွေမှာ မွေးကျွတ်နာဖြစ်ခြင်း

ပုံမှန်အားဖြင့်တော့ မွေးကျွတ်နာက အရေးပေါ်အခြေအနေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေး မကောင်းဘူး (သို့) ချမ်းတုန်ဖျားလာတယ် ဆိုရင်တော့ အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

စစ်ဆေးခြင်း

ဆရာဝန်တွေက အနာကိုကြည့်ပြီး ရောဂါကို သတ်မှတ်နိုင်ပါတယ်။

အိမ်တွင်းကုထုံးများ

အဖုကို ရေနွေးဝတ်နဲ့ ကပ်ပေးခြင်းက အနာသက်သာစေပြီး ပြည်တွေအပေါ်ကို စုလာစေပါတယ်။  ဒီပြည်တွေအပေါ်ကို စုလာပြီဆိုရင် ရေနွေးဝတ်နဲ့ ထပ်ခါထပ်ခါ ကပ်ပေးခြင်းအားဖြင့် အနာစဖြစ်ပြီး 10 ရက်လောက်အတွင်းမှာပဲ ပြည်တွေ ပေါက်ထွက်သွားပါလိမ့်မယ်။ ရေနွေးထဲမှာ လျှော်ပြီးသား အဝတ်သန့်သန့်လေးကိုနှစ်ကာ ရေညှစ်ထုတ်ပြီး အနာပေါ် ကပ်ပေးနိုင်ပါတယ်။

ပြည်ပေါက်ထွက်တဲ့အခါမှာ ပြည်တွေ အကုန်ထွက်သွားသည်အထိ ပိုးသတ်ဆပ်ပြာနဲ့ ဆေးပြီးနောက် အရက်ပြန်နဲ့ ပွတ်တိုက်ပါ။ ပြီးနောက် ပိုးသတ်ဆေးပါတဲ့ လိမ်းဆေးလိမ်းပြီး ပတ်တီးစီးထားပေးပါ။ အနာကို တစ်နေ့ 2-3 ကြိမ်လောက် ဆေးပြီး အနာကျက်သည်အထိ ရေနွေးဝတ် ကပ်ပေးပါ။

မွေးကျွတ်နာကို အပ်နဲ့ ထိုးဆွပါက ရောဂါပိုးဝင်တာ ပိုဆိုးစေနိုင်တဲ့အတွက် အပ်နဲ့ထိုးဆွခြင်း လုံးဝမပြုပါနဲ့။

ဆေးဝါးကုထုံးများ

ရောဂါပိုးဝင်တာ ဆိုးရွားရင်တော့ သွေးစစ်ကြည့်ဖို့ လိုပါတယ်။ လိုအပ်ပါက ဆရာဝန်က ပိုးသတ်ဆေးသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။ ပြည်ကိုယူပြီး အကောင်ဖောက်ကာ သင့်တော်တဲ့ ပိုးသတ်ဆေးလည်း ပေးနိုင်ပါတယ်။ ပြည်ညှစ်ထုတ်ပြီးနောက်မှာလည်း တစ်နေ့ကို 2-3 ကြိမ်လောက် ဆေးကြောပြီး ပိုးသတ်ဆေး လိမ်းပေးဖို့ လိုပါတယ်။ အနာနေရာက နီလာရင် (သို့) ရောဂါပိုး နောက်ထပ်ဝင်တဲ့လက္ခဏာတွေ့ရင် ဆရာဝန်နဲ့ ပြန်ပြပါ။

မွေးကျွတ်နာမဖြစ်အောင် ကာကွယ်ခြင်း

မွေးကျွတ်နာပေါက်တဲ့ မိသားစုဝင်ရဲ့ အဝတ်အစားများ၊ အိပ်ရာခင်းများ၊ ပုဝါများကို သေချာလျှော်ဖွတ်ပါ။

အသေးစား အရေပြားအနာတွေကို သေချာ သန့်သန့်ရှင်းရှင်းထားပြီး ကုသပါ။

တစ်ကိုယ်ရည် သန့်ရှင်းမှုရှိအောင် နေပါ။

တတ်နိုင်သမျှ ကျန်းမာအောင် နေထိုင်ပါ။

 ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top