AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

တ႐ုတ္နိုင္ငံ ေခ်ာင္ကင္ျပည္နယ္မွ အသက္ ၃၇ ႏွစ္အ႐ြယ္ ဆရာဝန္တစ္ဦး သည္ ေျခေထာက္ႏွစ္ဖက္လုံးမရွိေသာ္ ျငား ေခြးေျခခုံ အပုႏွစ္လုံးျဖင့္ သြားလာ လႈပ္ရွားကာ လူနာမ်ားကို အိမ္တိုင္ရာ ေရာက္ ေဆးကုေပးသည္မွာႏွစ္ေပါင္း ၁၅ ႏွစ္လုံးလုံး ရွိၿပီျဖစ္သည္။ ၎သည္ ေလး ႏွစ္သမီးအ႐ြယ္တြင္ကားႀကိတ္ခံရသျဖင့္ ေျခေထာက္ႏွစ္ဖက္လုံး ျဖတ္လိုက္ရျခင္း ျဖစ္သည္။

သို႔ေသာ္၎က လက္မေလွ်ာ့ ဘဲ ႀကိဳးစားေလ့က်င့္သျဖင့္ အသက္ရွစ္ ႏွစ္အ႐ြယ္ေရာက္သည့္အခါ၎၏ေဝယ်ာ ဝစၥအားလုံးကို မည္သူ႕အကူအညီမွမယူဘဲ လုပ္နိုင္သြားသည္။

ေခြးေျခခုံအပုႏွစ္လုံးကို အားျပဳကာ လႈပ္ရွားသြားလာတတ္သြားသည္။၎က ႐ြာမွ ထြက္သြားကာ အထူးသက္ေမြး ဝမ္း ေက်ာင္းတြင္ ေဆးပညာဘြဲ႕ရေအာင္ ယူခဲ့သည္။ ဆရာဝန္ဘြဲ႕ ရလာသည့္အခါ ႐ြာကိုျပန္ၿပီး ေဆးခန္းဖြင့္သည္။ ယခုအခါ တစ္႐ြာလုံးရွိ ႐ြာသား ၁ ၀၀၀ အားလုံး နီးပါးကို ၎ ကုေပးဖူးၿပီျဖစ္သည္။ လူ နာက အိမ္ပင့္လွ်င္လည္း၎က သစ္သား ခုံပုေလးႏွစ္လုံးျဖင့္သြား ကုေပးသည္။ ၁၅ ႏွစ္အတြင္းတြင္ သစ္သားခုံပုေပါင္း ၂၄ လုံးလဲလိုက္ရၿပီျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Pyimyanmar

# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံ ချောင်ကင်ပြည်နယ်မှ အသက် ၃၇ နှစ်အရွယ် ဆရာဝန်တစ်ဦး သည် ခြေထောက်နှစ်ဖက်လုံးမရှိသော် ငြား ခွေးခြေခုံ အပုနှစ်လုံးဖြင့် သွားလာ လှုပ်ရှားကာ လူနာများကို အိမ်တိုင်ရာ ရောက် ဆေးကုပေးသည်မှာနှစ်ပေါင်း ၁၅ နှစ်လုံးလုံး ရှိပြီဖြစ်သည်။ ၎င်းသည် လေး နှစ်သမီးအရွယ်တွင်ကားကြိတ်ခံရသဖြင့် ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရခြင်း ဖြစ်သည်။

သို့သော်၎င်းက လက်မလျှော့ ဘဲ ကြိုးစားလေ့ကျင့်သဖြင့် အသက်ရှစ် နှစ်အရွယ်ရောက်သည့်အခါ၎င်း၏ဝေယျာ ဝစ္စအားလုံးကို မည်သူ့အကူအညီမှမယူဘဲ လုပ်နိုင်သွားသည်။

ခွေးခြေခုံအပုနှစ်လုံးကို အားပြုကာ လှုပ်ရှားသွားလာတတ်သွားသည်။၎င်းက ရွာမှ ထွက်သွားကာ အထူးသက်မွေး ဝမ်း ကျောင်းတွင် ဆေးပညာဘွဲ့ရအောင် ယူခဲ့သည်။ ဆရာဝန်ဘွဲ့ ရလာသည့်အခါ ရွာကိုပြန်ပြီး ဆေးခန်းဖွင့်သည်။ ယခုအခါ တစ်ရွာလုံးရှိ ရွာသား ၁ ၀၀၀ အားလုံး နီးပါးကို ၎င်း ကုပေးဖူးပြီဖြစ်သည်။ လူ နာက အိမ်ပင့်လျှင်လည်း၎င်းက သစ်သား ခုံပုလေးနှစ်လုံးဖြင့်သွား ကုပေးသည်။ ၁၅ နှစ်အတွင်းတွင် သစ်သားခုံပုပေါင်း ၂၄ လုံးလဲလိုက်ရပြီဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Pyimyanmar

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top