ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ရာသီအကူးအေျပာင္းကာလေတြမွာဆိုရင္ အေအးမိ ႏွာေစး ဖ်ားႏွာျခင္းေတြျဖစ္တတ္ပါတယ္။ ေႏြကေန မိုးအကူး၊ မိုးကေန ေဆာင္းအကူး ၊ ေဆာင္းကေန ေႏြအကူးေတြမွာ သင့္က်န္းမာေရးကို ပိုၿပီးဂရုစိုက္ဖို႔လိုအပ္ပါတယ္။

ကိုယ္ခံအားနည္းတဲ့အခါ တျခားသူဆီကလည္း ေရာဂါပိုးေတြ ကူးစက္လာႏိုင္ပါတယ္။ အေအးမိ ႏွာေစး ဖ်ားႏွာျခင္းကို သက္သာေစမယ့္ သဘာဝေဆးနည္းကို မွ်ေဝေပးခ်င္ပါတယ္။

ပ်ားရည္

ပ်ားရည္ဟာ ဘက္တီးရီးယားပိုးေတြကို ေသေစႏိုင္တဲ့ ဂုဏ္သတၱိေတြပါဝင္ၿပီး သင့္ကို ကိုယ္ခံအားေကာင္းမြန္ေစပါတယ္။ ပိုတက္ဆီယမ္နဲ႔ မဂၢနီဆီယမ္ဓာတ္ေတြလည္းပါဝင္လို႔ သင့္ခႏၶာကိုယ္ရဲ႕ Microorganism အတြက္ေကာင္းမြန္ပါတယ္။

ေရာင္ရမ္းမႈကို သက္သာေစတဲ့ ဂုဏ္သတၱိေတြလည္းပါဝင္ၿပီး ေခ်ာင္းဆိုးတာကိုသက္သာေစသလို လည္ပင္းနာတာကိုပါ သက္သာေစပါတယ္။

ဂ်င္း

ဂ်င္းကလည္း ေရာင္ရမ္းမႈကိုသက္သာေစတဲ့ဂုဏ္သတၱိပါဝင္ၿပီး အေအးမိဖ်ားနာကို သက္သာေစပါတယ္။ ဘက္တီးရီးယားပိုးေတြကိုေသေစႏိုင္ပါတယ္။ Antioxidant ေတြပါဝင္လုိ႔လည္း သင့္ခႏၶာကိုယ္ကဆဲလ္ေတြ ထိခိုက္ပ်က္စီးျခင္းကေန ကာကြယ္ေပးပါတယ္။

ဘယ္လိုလုပ္မလဲ

ဂ်င္း အေသး ၁ ခု

ပ်ားရည္ တစ္ခြက္

ျပင္ဆင္ျခင္း

ဂ်င္းကို အခြံႏႊာၿပီး အတံုးေသးေသးေလးေတြ လွီးလိုက္ပါ။ ၿပီးရင္ အဖံုးပါတဲ့ ဘူး (သို႔) ခြက္ထဲထည့္လိုက္ၿပီး ပ်ားရည္ တစ္ခြက္ ထည့္ပါ။ အဲဒီေနာက္ နည္းနည္းေအးၿပီး ေမွာင္တဲ့ေနရာမွာ ၄၈ နာရီထားပါ။ ၄၈ နာရီျပည့္ရင္ ေသာက္လို႔ရပါၿပီ။

တစ္ရက္ကို တစ္ခါေသာက္ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ (၃) ႀကိမ္ (သို႔) ၄ ႀကိမ္ေသာက္ႏိုင္ပါတယ္။

ကိုယ္ခံအားစနစ္ေကာင္းမြန္ေစဖို႔ဆိုရင္ ေန႔တိုင္း မနက္စာမစားခင္ စားပြဲတင္ဇြန္း ၁ ဇြန္းေသာက္ေပးပါ။

ေရေႏြးနဲ႔ေရာၿပီး သံပုယိုရည္အနည္းငယ္ထည့္ၿပီးေတာ့လည္း ေသာက္သံုးႏိုင္ပါတယ္။

အေအးမိဖ်ားႏွာျခင္းကို သက္သာေပ်ာက္ကင္းေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ရာသီအကူးအပြောင်းကာလတွေမှာဆိုရင် အအေးမိ နှာစေး ဖျားနှာခြင်းတွေဖြစ်တတ်ပါတယ်။ နွေကနေ မိုးအကူး၊ မိုးကနေ ဆောင်းအကူး ၊ ဆောင်းကနေ နွေအကူးတွေမှာ သင့်ကျန်းမာရေးကို ပိုပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။

ကိုယ်ခံအားနည်းတဲ့အခါ တခြားသူဆီကလည်း ရောဂါပိုးတွေ ကူးစက်လာနိုင်ပါတယ်။ အအေးမိ နှာစေး ဖျားနှာခြင်းကို သက်သာစေမယ့် သဘာဝဆေးနည်းကို မျှဝေပေးချင်ပါတယ်။

ပျားရည်

ပျားရည်ဟာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး သင့်ကို ကိုယ်ခံအားကောင်းမွန်စေပါတယ်။ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်းပါဝင်လို့ သင့်ခန္ဓာကိုယ်ရဲ့ Microorganism အတွက်ကောင်းမွန်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေလည်းပါဝင်ပြီး ချောင်းဆိုးတာကိုသက်သာစေသလို လည်ပင်းနာတာကိုပါ သက်သာစေပါတယ်။

ဂျင်း

ဂျင်းကလည်း ရောင်ရမ်းမှုကိုသက်သာစေတဲ့ဂုဏ်သတ္တိပါဝင်ပြီး အအေးမိဖျားနာကို သက်သာစေပါတယ်။ ဘက်တီးရီးယားပိုးတွေကိုသေစေနိုင်ပါတယ်။ Antioxidant တွေပါဝင်လို့လည်း သင့်ခန္ဓာကိုယ်ကဆဲလ်တွေ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။

ဘယ်လိုလုပ်မလဲ

ဂျင်း အသေး ၁ ခု

ပျားရည် တစ်ခွက်

ပြင်ဆင်ခြင်း

ဂျင်းကို အခွံနွှာပြီး အတုံးသေးသေးလေးတွေ လှီးလိုက်ပါ။ ပြီးရင် အဖုံးပါတဲ့ ဘူး (သို့) ခွက်ထဲထည့်လိုက်ပြီး ပျားရည် တစ်ခွက် ထည့်ပါ။ အဲဒီနောက် နည်းနည်းအေးပြီး မှောင်တဲ့နေရာမှာ ၄၈ နာရီထားပါ။ ၄၈ နာရီပြည့်ရင် သောက်လို့ရပါပြီ။

တစ်ရက်ကို တစ်ခါသောက် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ (၃) ကြိမ် (သို့) ၄ ကြိမ်သောက်နိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ဆိုရင် နေ့တိုင်း မနက်စာမစားခင် စားပွဲတင်ဇွန်း ၁ ဇွန်းသောက်ပေးပါ။

ရေနွေးနဲ့ရောပြီး သံပုယိုရည်အနည်းငယ်ထည့်ပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။

အအေးမိဖျားနှာခြင်းကို သက်သာပျောက်ကင်းစေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top