ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ ဥာဏသိဒၶိရပ္ကြက္ ပ႑ိတာရာမ
ေက်ာင္းတိုက္ေနဘုန္းႀကီးတပါးသည္ အမ်ဳိးသမီးတဦးႏွင့္ ေပါင္းသင္း ဆက္ဆံ၍ ရရိွလာေသာကေလးအား ေက်ာင္းပရ၀ဏ္အနီးတြင္ လွ်ဳိ႕၀ွက္ျမႇဳပ္ႏံွထားမႈတခု ေပၚေပါက္ခဲ့သည္။
ပ႑ိတာရာမေက်ာင္းတိုက္ေန ဦးပ႑ိတ(ခ)ဦးျမတ္လိႈင္သည္ အရက္
ေသစာေသာက္စား၍ လူမႈေရးေဖာက္ျပန္ ေၾကာင္း အနီးပတ္၀န္း
က်င္မွ သတင္းေပးတိုင္တန္းခ်က္အရ စံုစမ္းစစ္ေဆးရန္ သက္ဆိုင္ရာ
တာ၀န္ရိွသူမ်ားက ေက်ာင္းတိုက္သို႔ သြားေရာက္ရာ ဦးပ႑ိတ(ခ)ဦးျမတ္လိႈင္မွာ တိမ္းေရွာင္ေနေၾကာင္း သိရိွခဲ့ရသည္။ ဒီဇင္ဘာ ၂ ရက္
တြင္ အမႈဖြင့္၍ တရားခံဖမ္းဆီးရမိေရး ဆက္လက္ေဆာင္ရြက္ခဲ့သည္။

”ေက်ာင္းပတ္၀န္းက်င္မွာ စံုစမ္းၾကည့္တဲ့အခါမွာ အမ်ဳိးသမီးတဦးနဲ႔ ေဖာက္ျပန္တယ္။ ကေလးတေယာက္ ေမြးတယ္။ ေမြးၿပီးမၾကာခင္မွာ ကေလးေသဆံုးသြားတယ္ဆိုတဲ့ သတင္းေတြ ရရိွခဲ့ပါတယ္”ဟု ဇမၺဴသီရိၿမိဳ႕နယ္ အမွတ္(၇) နယ္ေျမ ရဲစခန္းမွရဲကင္းမွဴး ရဲအုပ္ေက်ာ္ခက ေျပာသည္။
ဦးပ႑ိတ(ခ)ဦးျမတ္လိႈင္သည္ ေနျပည္ေတာ္ ဒကၡိဏသီရိၿမိဳ႕နယ္ ေရႊခဲအင္းေက်းရြာတြင္ ခိုလံႈေနေၾကာင္းသိရိွ ရသျဖင့္ ဒီဇင္ဘာ ၂ ရက္တြင္ အဆိုပါ ေက်းရြာသို႔ သြားေရာက္၍ တရားခံအား ဖမ္းဆီးရမိခဲ့ၿပီး ၿမိဳ႕နယ္ သံဃမဟာနာယက ဆရာေတာ္ေရွ႕ေမွာက္တြင္ သိကၡာ
ခ်လူ၀တ္လဲေစခဲ့သည္။ ထို႔ေနာက္ အရက္ေသစာ ေသာက္စားျခင္းရိွ၊ မရိွေဆးစစ္ရာေသာက္စားမႈရိွသည္ကို စစ္ေဆးေပၚေပါက္ေၾကာင္း သိရိွရသည္။
ဆက္လက္၍ ဦးပ႑ိတ(ခ) ဦးျမတ္လိႈင္အားစစ္ေဆးရာတြင္ တရားခံသည္ ၎ေက်ာင္းတိုက္အနီး က်ဴးေက်ာ္တဲျဖင့္ ေနထိုင္သူ မျမင့္ျမင့္ေအး(ခ)မ၀တုတ္ (၃၈) ႏွစ္ႏွင့္ ေပါင္းသင္းဆက္ဆံ၍ မျမင့္ျမင့္ေအးတြင္ ကိုယ္၀န္ရခဲ့ရာ ႏို၀င္ဘာ ၂၈ ရက္ ေန႔လယ္ ၁ နာရီအခ်ိန္တြင္ မိန္းကေလး တဦးေမြးဖြားခဲ့ေၾကာင္း၊ ယင္းေနာက္ ၁၂ နာရီအၾကာ ႏို၀င္ဘာ ၂၉ ရက္ နံနက္ ၁ နာရီတြင္ ေသဆံုးခဲ့ေၾကာင္း၊ ကေလးငယ္၏ အေလာင္းအား မျမင့္ျမင့္ေအး၏ တဲအေနာက္ဘက္ အိမ္သာအနီးတြင္ ေျမျမႇဳပ္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ သည္။
ဒီဇင္ဘာ ၄ ရက္ မြန္းလဲြ ၃ နာရီအခ်ိန္တြင္ အေလာင္းအား တူးေဖာ္၍ ရဲတပ္ဖဲြ႕ေဆးစာျဖင့္ ခုတင္ ၁၀၀၀ ေဆး႐ံုသို႔ ပို႔အပ္ခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ မိန္းကေလးေမြးဖြား၍ ေသဆံုးသည္ကိုထိမ္ခ်န္ကာ အေလာင္းအား တရား၀င္သုသာန္တြင္မဟုတ္ဘဲ တိတ္တဆိတ္ ျမႇဳပ္ႏံွမႈအတြက္ ဦးပ႑ိတ (ခ)ဦးျမတ္လိႈင္ႏွင့္ မျမင့္ျမင့္ေအး(ခ) မ၀တုတ္တို႔အား ဥပေဒပုဒ္မ (၃၁၈) ကေလးငယ္ ေမြးဖြားေသဆံုးမႈကိုထိမ္ခ်န္၍ လွ်ဳိ႕၀ွက္ျမႇဳပ္ႏံွမႈျဖင့္ထပ္မံ၍ အမႈဖြင့္အေရးယူခဲ့သည္။
‘၂၉၅(က)နဲ႔ တရားစဲြထားတဲ့ အမႈကေတာ့ ဒီဇင္ဘာ ၈ ရက္မွာ အမိန္႔ခ်မွတ္ မွာ ျဖစ္ပါတယ္”ဟု ရဲအုပ္ေက်ာ္ခက ေျပာ သည္။
အဆိုပါ ပ႑ိတာရာမေက်ာင္းတိုက္မွာလည္း က်ဴးေက်ာ္ေက်ာင္းတိုက္
ၿဖစ္သည့္အျပင္ ဦးပ႑ိတ(ခ) ဦးျမတ္လိႈင္မွာလည္း တရားခံေျပးအျဖစ္ ေၾကညာျခင္းခံထားရသူျဖစ္ေၾကာင္း၊ ေနျပည္ေတာ္ သစ္ေတာနယ္ေျမ တြင္ က်ဴးေက်ာ္ေဆာက္လုပ္ထားသျဖင့္ ယခင္အစိုးရ လက္ထက္က ဖ်က္သိမ္းခဲ့သည့္ ေက်ာင္းတိုက္မ်ား လည္းရိွေၾကာင္း ၎ကေျပာ
သည္။”အခုျဖစ္တဲ့ပ႑ိတာရာမေက်ာင္းက ဘုန္းႀကီးဦးပ႑ိတကေတာ့ ေက်ာင္းတိုက္က်ဴးေက်ာ္ေဆာက္လုပ္ထားလို႔ ၂၀၁၄ ခုႏွစ္က တရားစဲြထားပါတယ္။ ဥာဏသိဒၶိရပ္ကြက္မွာ ၀န္ထမ္းေတြ အမ်ားစုေနထိုင္ၾကတာျဖစ္လို႔ ၀န္ထမ္းတိုက္ေတြမွာ ဆြမ္းခံပါတယ္။ ၂၀၁၄ ေနာက္ပိုင္း တရားခံေျပးေၾကညာၿပီးေနာက္မွာ ရပ္ကြက္အနီး၀န္း က်င္မွာ ဆြမ္းမခံေတာ့ဘဲ ေက်ာင္းကိုလည္း ညဘက္မွ အ၀င္အထြက္လုပ္ပါတယ္။ ပ်ဥ္းမနားဘက္က အာဟာရသုခေစ်းတို႔၊ ပ်ဥ္းမနား
ေစ်းတို႔မွာ တေနလံုးအလွဴခံတယ္လို႔ သိရပါတယ္” ဟု ရဲအုပ္ေက်ာ္ခက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: News Watch

#Unicode Version#
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက် ပဏ္ဍိတာရာမ
ကျောင်းတိုက်နေဘုန်းကြီးတပါးသည် အမျိုးသမီးတဦးနှင့် ပေါင်းသင်း ဆက်ဆံ၍ ရရှိလာသောကလေးအား ကျောင်းပရဝဏ်အနီးတွင် လျှို့ဝှက်မြှုပ်နံှထားမှုတခု ပေါ်ပေါက်ခဲ့သည်။
ပဏ္ဍိတာရာမကျောင်းတိုက်နေ ဦးပဏ္ဍိတ(ခ)ဦးမြတ်လှိုင်သည် အရက်
သေစာသောက်စား၍ လူမှုရေးဖောက်ပြန် ကြောင်း အနီးပတ်ဝန်း
ကျင်မှ သတင်းပေးတိုင်တန်းချက်အရ စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာ
တာဝန်ရှိသူများက ကျောင်းတိုက်သို့ သွားရောက်ရာ ဦးပဏ္ဍိတ(ခ)ဦးမြတ်လှိုင်မှာ တိမ်းရှောင်နေကြောင်း သိရှိခဲ့ရသည်။ ဒီဇင်ဘာ ၂ ရက်
တွင် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့သည်။

”ကျောင်းပတ်ဝန်းကျင်မှာ စုံစမ်းကြည့်တဲ့အခါမှာ အမျိုးသမီးတဦးနဲ့ ဖောက်ပြန်တယ်။ ကလေးတယောက် မွေးတယ်။ မွေးပြီးမကြာခင်မှာ ကလေးသေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ရရှိခဲ့ပါတယ်”ဟု ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) နယ်မြေ ရဲစခန်းမှရဲကင်းမှူး ရဲအုပ်ကျော်ခက ပြောသည်။
ဦးပဏ္ဍိတ(ခ)ဦးမြတ်လှိုင်သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်းကျေးရွာတွင် ခိုလှုံနေကြောင်းသိရှိ ရသဖြင့် ဒီဇင်ဘာ ၂ ရက်တွင် အဆိုပါ ကျေးရွာသို့ သွားရောက်၍ တရားခံအား ဖမ်းဆီးရမိခဲ့ပြီး မြို့နယ် သံဃမဟာနာယက ဆရာတော်ရှေ့မှောက်တွင် သိက္ခာ
ချလူဝတ်လဲစေခဲ့သည်။ ထို့နောက် အရက်သေစာ သောက်စားခြင်းရှိ၊ မရှိဆေးစစ်ရာသောက်စားမှုရှိသည်ကို စစ်ဆေးပေါ်ပေါက်ကြောင်း သိရှိရသည်။
ဆက်လက်၍ ဦးပဏ္ဍိတ(ခ) ဦးမြတ်လှိုင်အားစစ်ဆေးရာတွင် တရားခံသည် ၎င်းကျောင်းတိုက်အနီး ကျူးကျော်တဲဖြင့် နေထိုင်သူ မမြင့်မြင့်အေး(ခ)မဝတုတ် (၃၈) နှစ်နှင့် ပေါင်းသင်းဆက်ဆံ၍ မမြင့်မြင့်အေးတွင် ကိုယ်ဝန်ရခဲ့ရာ နိုဝင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီအချိန်တွင် မိန်းကလေး တဦးမွေးဖွားခဲ့ကြောင်း၊ ယင်းနောက် ၁၂ နာရီအကြာ နိုဝင်ဘာ ၂၉ ရက် နံနက် ၁ နာရီတွင် သေဆုံးခဲ့ကြောင်း၊ ကလေးငယ်၏ အလောင်းအား မမြင့်မြင့်အေး၏ တဲအနောက်ဘက် အိမ်သာအနီးတွင် မြေမြှုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သည်။
ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီအချိန်တွင် အလောင်းအား တူးဖော်၍ ရဲတပ်ဖွဲ့ဆေးစာဖြင့် ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ မိန်းကလေးမွေးဖွား၍ သေဆုံးသည်ကိုထိမ်ချန်ကာ အလောင်းအား တရားဝင်သုသာန်တွင်မဟုတ်ဘဲ တိတ်တဆိတ် မြှုပ်နံှမှုအတွက် ဦးပဏ္ဍိတ (ခ)ဦးမြတ်လှိုင်နှင့် မမြင့်မြင့်အေး(ခ) မဝတုတ်တို့အား ဥပဒေပုဒ်မ (၃၁၈) ကလေးငယ် မွေးဖွားသေဆုံးမှုကိုထိမ်ချန်၍ လျှို့ဝှက်မြှုပ်နံှမှုဖြင့်ထပ်မံ၍ အမှုဖွင့်အရေးယူခဲ့သည်။
‘၂၉၅(က)နဲ့ တရားစွဲထားတဲ့ အမှုကတော့ ဒီဇင်ဘာ ၈ ရက်မှာ အမိန့်ချမှတ် မှာ ဖြစ်ပါတယ်”ဟု ရဲအုပ်ကျော်ခက ပြော သည်။
အဆိုပါ ပဏ္ဍိတာရာမကျောင်းတိုက်မှာလည်း ကျူးကျော်ကျောင်းတိုက်
ဖြစ်သည့်အပြင် ဦးပဏ္ဍိတ(ခ) ဦးမြတ်လှိုင်မှာလည်း တရားခံပြေးအဖြစ် ကြေညာခြင်းခံထားရသူဖြစ်ကြောင်း၊ နေပြည်တော် သစ်တောနယ်မြေ တွင် ကျူးကျော်ဆောက်လုပ်ထားသဖြင့် ယခင်အစိုးရ လက်ထက်က ဖျက်သိမ်းခဲ့သည့် ကျောင်းတိုက်များ လည်းရှိကြောင်း ၎င်းကပြော
သည်။”အခုဖြစ်တဲ့ပဏ္ဍိတာရာမကျောင်းက ဘုန်းကြီးဦးပဏ္ဍိတကတော့ ကျောင်းတိုက်ကျူးကျော်ဆောက်လုပ်ထားလို့ ၂၀၁၄ ခုနှစ်က တရားစွဲထားပါတယ်။ ဉာဏသိဒ္ဓိရပ်ကွက်မှာ ဝန်ထမ်းတွေ အများစုနေထိုင်ကြတာဖြစ်လို့ ဝန်ထမ်းတိုက်တွေမှာ ဆွမ်းခံပါတယ်။ ၂၀၁၄ နောက်ပိုင်း တရားခံပြေးကြေညာပြီးနောက်မှာ ရပ်ကွက်အနီးဝန်း ကျင်မှာ ဆွမ်းမခံတော့ဘဲ ကျောင်းကိုလည်း ညဘက်မှ အဝင်အထွက်လုပ်ပါတယ်။ ပျဉ်းမနားဘက်က အာဟာရသုခဈေးတို့၊ ပျဉ်းမနား
ဈေးတို့မှာ တနေလုံးအလှူခံတယ်လို့ သိရပါတယ်” ဟု ရဲအုပ်ကျော်ခက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top