(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×





Credit: Duwun
#Unicode Version#
သရုပ်ဆောင် သူရိယ က ဒီဇင်ဘာကို ကံကောင်းခြင်းတွေနဲ့အတူ စတင်လိုက်ပါတယ်။ သူကိုယ်တိုင်ကလည်း ဒီဇင်ဘာမှာ သူရိယ ကံကောင်းပါတယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ရေးသားထားတာ တွေ့ရပါတယ်။
သူ့ရဲ့ ကံကောင်းခြင်းတွေကတော့ ဒီဇင်ဘာလအစမှာ ထီငါးသောင်းဆုပေါက်တာပါတဲ့။ ကံကောင်းခြင်းတွေ ရောက်လာတဲ့အတွက် သူရိယ တစ်ယောက် ပျော်လို့နေပါတယ်။

“December မှာ သူရိယ ကံကောင်းပါတယ်….
ထီ ငါးသောင်း ဆု ပေါက်တယ်.” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း သူရိယ ထီပေါက်တဲ့အတွက် ပျော်လို့နေပါတယ်။ သူရိယက ယခုလက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက် လုပ်နေတာကို တွေ့ရပါတယ်။

သာယာရဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ သူရိယက ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။ သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲကတော့ ပရိသတ်အားမှု ရရှိထားသူတွေလည်း ဖြစ်ပါတယ်။
သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကား တွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမိုခိုင်မာလျှက်ရှိပြီး ပရိသတ်တွေကလည်း သူတို့ ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top