စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×





# Unicode Version ဖြင့် ဖတ်ပါ #

သုံးယောက်အတူအိပ်ဖို့ တောင်းဆိုတာကို မလိုက်လျောခဲ့လို့ စကားများရာကနေ အမျိုးသမီးက သူ့ချစ်သူကို ဝှေးစေ့ကိုက်ဖြတ်ခဲ့ပါတယ်။

စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ အမျိုးသမီး ဗစ်စီယိုနဲ့ သူ့ချစ်သူပယ်လ်မာတို့ဟာ ညကလပ်မှာ အရက်သောက်၊ မူးယစ်ဆေးဝါးသုံးစွဲပြီး တခြားသူငယ်ချင်း နှစ်ယောက်နဲ့အတူ ပယ်လ်မာရဲ့တိုက်ခန်းကို ပြန်လာခဲ့ကြပါတယ်။ ပယ်လ်မာနဲ့ ဗစ်စီယိုဟာ အတူအိပ်နေကြဖြစ်ပေမယ့် အဲဒီနေ့မှာ ပယ်လ်မာက တခြားအမျိုးသမီးနဲ့အတူအိပ်ခဲ့ပြီး ဗစ်စီယိုကလည်း တခြားအမျိုးသား တစ်ယောက်နဲ့အတူ အိပ်ခဲ့ပါတယ်။

ဒါပေမဲ့ မနက် ၄ နာရီလောက်မှာ ဝတ်လစ်စလစ်ဖြစ်နေတဲ့ ဗစ်စီယိုက ပယ်လ်မာတို့ အခန်းထဲကိုရောက်လာပြီး သုံးယောက်အတူအိပ်မယ်လို့ပြောခဲ့ပါတယ်။ ပယ်လ်မာက ငြင်းလိုက်ချိန်မှာ စကားများ ရန်ဖြစ်ပြီး ပယ်လ်မာက ဗစ်စီယိုကို ထိုးကြိတ်ခဲ့သလို ဗစ်စီယိုကလည်း ပယ်လ်မာရဲ့ ကပ်ပယ်အိတ်ကို ကိုက်ခဲ့ပါတယ်။ ရဲတွေရောက်လာချိန်မှာ ဗစ်စီယိုရဲ့ပါးစပ်နဲ့ သွားမှာ သွေးတွေပေကျံနေတာ တွေ့ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် မေလက ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် ပယ်လ်မာရဲ့ ဘယ်ဘက်ကပ်ပယ်အိတ် ၁၄ ချက်ချုပ်ခဲ့ရပြီး အခုအခါမှာ ဗစ်စီယိုကို အီဒင်ဘတ်တရားရုံးက ညမထွက်ရအမိန့် ထုတ်ထားပြီး ဒဏ်ငွေပေါင် ၅၀၀ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ပစ်တိုင်းထောင်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top