ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဘာလိုလိုနဲ႔ ခရစၥမတ္ေတာင္ ေရာက္လာျပန္ၿပီေနာ္။ ဝင္ဒီက ခရစ္ယာန္ေတာ႔ မဟုတ္ေပမယ့္ ခရစၥမတ္နဲ႔ ပတ္သက္ၿပီး အမွတ္ရတာဆိုရင္ ရုံးေတြ ေက်ာင္းေတြပိတ္တယ္၊ ေပ်ာ္ပဲြရႊင္ပဲြေတြ ရွိတယ္၊ ပဲြလမ္းသဘင္ေတြ ရွိတယ္၊ ကုန္တုိက္ေတြမွာ ပစၥည္းေတြ ေဈးခ်တယ္၊ ေနရာတကာကိုု ခရစၥမတ္ပံုစံ အလွဆင္ထားလို႔ ၾကည့္လို႔အရမ္းေကာင္းတယ္၊ အင္း… ဒါေတြပဲ ရွိမယ္ထင္တယ္။ တကယ္ေတာ႔ ဝင္ဒီတို႔ေတြ မသိေသးတဲ႔ ခရစၥမတ္နဲ႔ ပတ္သက္ၿပီး သိသင့္တာေတြ ရွိပါေသးတယ္ေနာ္။

၁) ဒီဇင္ဘာ ၂၅ရက္ေန႔ ခရစၥမတ္ေန႔ကို ေယရႈခရစ္ေမြးေန႔လို႔ သတ္မွတ္ၾကေပမဲ႔ က်မ္းစာထဲမွာေတာ႔ အဲ႔လို ေဖာ္ျပထားတာမ်ဳိး မရွိပါဘူးတဲ႔။ သမိုင္းေၾကာင္းေတြအရ ေယရႈေမြးေန႔ဟာ ေႏြဦးထဲမွာပါလို႔ ယံုုၾကည္ၾကပါတယ္တဲ႔။ (ဝင္ဒီ ငယ္ငယ္တုန္းက ခရစ္ယာန္ေက်ာင္းေတြက ေဝတဲ႔ စာအုပ္ေတြကို တရိႈက္မက္မက္ ဖတ္ဖူးတယ္။ သူတို႔ေတြကလည္း ပံုျပင္ေလးေတြလို ဖတ္လို႔ေကာင္းတာကိုး။ အဲ႔စာအုပ္ေတြထဲမွာလည္း ခရစၥမတ္ေန႔ဟာ ေယရႈေမြးေန႔ မဟုတ္ဘူးလို႔ အခုိင္အမာေရးထားတာကို ဖတ္ဖူးပါတယ္။)

၂) ဥေရာပမွာ တစ္ႏွစ္ကို ခရစၥမတ္သစ္ပင္ ၆၀မီလီယံေလာက္ ေပါက္ပါတယ္တဲ႔။

၃) Christmas ကို အတုိခ်ဳံးေခၚတဲ႔ X’mas  ဟာ တစ္ခ်ိဳ႕ေတြအတြက္ေတာ့ ေစာ္ကားတဲ႔ အေခၚအေဝၚပါ။ X ဆိုတဲ႔ စကားလံုးဟာ ဂရိဘာသာမွာေတာ႔ ဘုရားကို ေစာ္ကားတဲ႔ အဓိပၸာယ္ရပါတယ္။

၄) ကမာၻ႔အရွည္ဆံုး ခရစၥမတ္သစ္ပင္ဟာ ၂၂၁ေပရွည္ၿပီး ၁၉၅၀ ခုႏွစ္က ဝါရွင္တန္ ေရွာ႔ပင္းေမာလ္မွာ ျပသထားခဲ႔တာပါ။

Related Article >>> ခရစၥမတ္ဖိုးဖိုး Santa Claus အေၾကာင္း

၅) ၾကက္ဆင္သားမတုိင္ခင္က အဂၤလန္ရဲ႕ ခရစၥမတ္အစားအစာဟာ ဝက္ေခါင္းနဲ႔ mustard ( အသားႏွင့္စားရန္ မုန္ညင္းနက္ အေစ႔မွ ထုတ္လုပ္သည့္ ခပ္ရွိန္းရွိန္းအရသာရွိသည္း အဝါေရာင္ သို႔ အညိဳေရာင္ စားၿမိန္ရည္ပ်စ္) ျဖစ္ခဲ႔ပါတယ္။

၆) ၁၆၄၇ခုႏွစ္၊ အဂၤလိပ္ျပည္တြင္းစစ္ၿပီးေတာ႔ Oliver Cromwell ဟာ ခရစၥမတ္ ေပ်ာ္ပဲြရႊင္ပဲြေတြကို တားျမစ္ခဲ႔ၿပီး ဒီဥပေဒဟာ ၁၆၆၀ခုႏွစ္မတုိင္ခင္အထိ တည္ၿမဲေနခဲ႔ပါတယ္။

၇) စန္တာမွာ နာမည္ကဲြေျခာက္မ်ဳိးေတာင္ ရွိပါတယ္။ စန္တာကို ဂ်ာမနီမွာ Kriss Kringle ၊ အီတလီမွာ Le Befana ၊ ျပင္သစ္မွာ Pere Noel နဲ႔ ရုရွားမွာေတာ႔ Deushka Moroz လို႔ ေခၚၾကပါတယ္။

၈) ဒတ္ခ်္ ဒဏၰာရီပံုျပင္ေတြမွာေတာ႔ စန္တာဟာ ဒီဇင္ဘာ ၆ရက္ေန႔မွာ လက္ေဆာင္ေတြကို ေပးတယ္လို႔ ဆိုပါတယ္။

၉) ခရစၥမတ္သစ္ပင္ေတြက မီးေတြကို Edward Johnson က အေမရိကန္မွာ ၁၈၈၂ ခုႏွစ္က တီထြင္ခဲ႔ပါတယ္။

၁၀) ကေလးေတြကို လက္ေဆာင္ေတြ လိုက္ေပးတဲ႔ စန္တာဟာ ၁၃ေယာက္ေတာင္ ရွိၿပီး ဒီဇင္ဘာ ၁၂ရက္ေန႔ကေနစလို႔ ေတာင္ေတြေပၚကေန တစ္ေယာက္ၿပီး တစ္ေယာက္ဆင္းလာၿပီး လက္ေဆာင္ေတြ လုိက္ေဝၾကပါတယ္။

၁၁) ႏွာေခါင္းနီေလးနဲ႔ တန္ျဒာသမင္ေလး Rudolph ကို အေမရိကန္ စီးပြားေရးကုမၸဏီက ၁၉၃၈မွာ ခရစၥမတ္ ပရိုမုိးရွင္းအတြက္ တီထြင္ခဲ႔တာပါ။

ကဲ.. ဒီေလာက္ဆို ေယာင္းတို႔လည္း ကိုယ္မသိေသးတဲ့ Christmas အေၾကာင္းကို ေကာင္းေကာင္းသိသြားၿပီေပါ့ေနာ္… ေပ်ာ္ရႊင္စရာ ခရစၥမတ္စ္ေလးျဖစ္ပါေစ ေယာင္းတို႔ေရ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Windy ( For Her Myanmar )

# Unicode Version ျဖင့္ ဖတ္ပါ #
ဘာလိုလိုနဲ့ ခရစ္စမတ်တောင် ရောက်လာပြန်ပြီနော်။ ဝင်ဒီက ခရစ်ယာန်တော့ မဟုတ်ပေမယ့် ခရစ္စမတ်နဲ့ ပတ်သက်ပြီး အမှတ်ရတာဆိုရင် ရုံးတွေ ကျောင်းတွေပိတ်တယ်၊ ပျော်ပွဲရွှင်ပွဲတွေ ရှိတယ်၊ ပွဲလမ်းသဘင်တွေ ရှိတယ်၊ ကုန်တိုက်တွေမှာ ပစ္စည်းတွေ ဈေးချတယ်၊ နေရာတကာကိုု ခရစ္စမတ်ပုံစံ အလှဆင်ထားလို့ ကြည့်လို့အရမ်းကောင်းတယ်၊ အင်း… ဒါတွေပဲ ရှိမယ်ထင်တယ်။ တကယ်တော့ ဝင်ဒီတို့တွေ မသိသေးတဲ့ ခရစ္စမတ်နဲ့ ပတ်သက်ပြီး သိသင့်တာတွေ ရှိပါသေးတယ်နော်။

၁) ဒီဇင်ဘာ ၂၅ရက်နေ့ ခရစ္စမတ်နေ့ကို ယေရှုခရစ်မွေးနေ့လို့ သတ်မှတ်ကြပေမဲ့ ကျမ်းစာထဲမှာတော့ အဲ့လို ဖော်ပြထားတာမျိုး မရှိပါဘူးတဲ့။ သမိုင်းကြောင်းတွေအရ ယေရှုမွေးနေ့ဟာ နွေဦးထဲမှာပါလို့ ယုံုကြည်ကြပါတယ်တဲ့။ (ဝင်ဒီ ငယ်ငယ်တုန်းက ခရစ်ယာန်ကျောင်းတွေက ဝေတဲ့ စာအုပ်တွေကို တရှိုက်မက်မက် ဖတ်ဖူးတယ်။ သူတို့တွေကလည်း ပုံပြင်လေးတွေလို ဖတ်လို့ကောင်းတာကိုး။ အဲ့စာအုပ်တွေထဲမှာလည်း ခရစ္စမတ်နေ့ဟာ ယေရှုမွေးနေ့ မဟုတ်ဘူးလို့ အခိုင်အမာရေးထားတာကို ဖတ်ဖူးပါတယ်။)

Related Article >>> ခရစ္စမတ်မှာ သယ်ရင်းတွေနဲ့မဝုန်းရသော်

၂) ဥရောပမှာ တစ်နှစ်ကို ခရစ္စမတ်သစ်ပင် ၆၀မီလီယံလောက် ပေါက်ပါတယ်တဲ့။

၃) Christmas ကို အတိုချုံးခေါ်တဲ့ X’mas  ဟာ တစ်ချို့တွေအတွက်တော့ စော်ကားတဲ့ အခေါ်အဝေါ်ပါ။ X ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာမှာတော့ ဘုရားကို စော်ကားတဲ့ အဓိပ္ပာယ်ရပါတယ်။

၄) ကမ္ဘာ့အရှည်ဆုံး ခရစ္စမတ်သစ်ပင်ဟာ ၂၂၁ပေရှည်ပြီး ၁၉၅၀ ခုနှစ်က ဝါရှင်တန် ရှော့ပင်းမောလ်မှာ ပြသထားခဲ့တာပါ။

၅) ကြက်ဆင်သားမတိုင်ခင်က အင်္ဂလန်ရဲ့ ခရစ္စမတ်အစားအစာဟာ ဝက်ခေါင်းနဲ့ mustard ( အသားနှင့်စားရန် မုန်ညင်းနက် အစေ့မှ ထုတ်လုပ်သည့် ခပ်ရှိန်းရှိန်းအရသာရှိသည်း အဝါရောင် သို့ အညိုရောင် စားမြိန်ရည်ပျစ်) ဖြစ်ခဲ့ပါတယ်။

၆) ၁၆၄၇ခုနှစ်၊ အင်္ဂလိပ်ပြည်တွင်းစစ်ပြီးတော့ Oliver Cromwell ဟာ ခရစ္စမတ် ပျော်ပွဲရွှင်ပွဲတွေကို တားမြစ်ခဲ့ပြီး ဒီဥပဒေဟာ ၁၆၆၀ခုနှစ်မတိုင်ခင်အထိ တည်မြဲနေခဲ့ပါတယ်။

၇) စန်တာမှာ နာမည်ကွဲခြောက်မျိုးတောင် ရှိပါတယ်။ စန်တာကို ဂျာမနီမှာ Kriss Kringle ၊ အီတလီမှာ Le Befana ၊ ပြင်သစ်မှာ Pere Noel နဲ့ ရုရှားမှာတော့ Deushka Moroz လို့ ခေါ်ကြပါတယ်။

၈) ဒတ်ချ် ဒဏ္ဏာရီပုံပြင်တွေမှာတော့ စန်တာဟာ ဒီဇင်ဘာ ၆ရက်နေ့မှာ လက်ဆောင်တွေကို ပေးတယ်လို့ ဆိုပါတယ်။

၉) ခရစ္စမတ်သစ်ပင်တွေက မီးတွေကို Edward Johnson က အမေရိကန်မှာ ၁၈၈၂ ခုနှစ်က တီထွင်ခဲ့ပါတယ်။

၁၀) ကလေးတွေကို လက်ဆောင်တွေ လိုက်ပေးတဲ့ စန်တာဟာ ၁၃ယောက်တောင် ရှိပြီး ဒီဇင်ဘာ ၁၂ရက်နေ့ကနေစလို့ တောင်တွေပေါ်ကနေ တစ်ယောက်ပြီး တစ်ယောက်ဆင်းလာပြီး လက်ဆောင်တွေ လိုက်ဝေကြပါတယ်။

၁၁) နှာခေါင်းနီလေးနဲ့ တန်ဒြာသမင်လေး Rudolph ကို အမေရိကန် စီးပွားရေးကုမ္ပဏီက ၁၉၃၈မှာ ခရစ္စမတ် ပရိုမိုးရှင်းအတွက် တီထွင်ခဲ့တာပါ။

ကဲ.. ဒီလောက်ဆို ယောင်းတို့လည်း ကိုယ်မသိသေးတဲ့ Christmas အကြောင်းကို ကောင်းကောင်းသိသွားပြီပေါ့နော်… ပျော်ရွှင်စရာ ခရစ္စမတ်စ်လေးဖြစ်ပါစေ ယောင်းတို့ရေ…

ဖိုးသူတော် (www.phothutaw.com)
Credit: Windy ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top