iMyanmarHouse.com - Best Property Website for Myanmar
×

ဥေရာပ ပံုျပင္ တစ္ပုဒ္ ကို ေတာ္ေတာ္မ်ားမ်ား ၾကားဖူးၾက မွာပါ။ သားေကာင္ငယ္တစ္ေကာင္ကို အမဲလိုက္မိသြားတဲ့ ေျမေခြး ဟာ ေခ်ာင္းငယ္ကို ျဖတ္ လို႔ ေလွ်ာက္လာ ပါတယ္။ ေလွ်ာက္ေန ရင္းနဲ႔ ေအာက္က ေရကိုငံု႔ၾကည့္ လိုက္ေတာ့ သူ႔လိုပဲ သားေကာင္ငယ္ကို ပါးစပ္မွာ ကိုက္ထားတဲ ့ေျမေခြးကို သြားေတြ႔ ပါတယ္။ သူ႔ကိုယ္သူ ျမင္ တယ္လို႔ေတာင္ သူမသိပါဘူး။

ဒါနဲ႔ သူ႔ပါးစပ္ထဲက သားေကာင္ထက္ ေရထဲက ေျမေခြးရဲ႕ သားေကာင္က ပိုၾကီးတယ္လို႔ မွတ္ယူျပီး ပါးစပ္က သားေကာင္ကို လြတ္ခ်လို႔ ေရထဲ က ေျမေခြးကို စတင္ တိုက္ခိုက္ပါေတာ့တယ္။ တိုက္ရင္းနဲ႔ ေရထဲ က ေျမေခြးကုိလည္း မေတြ႔၊ သားေကာင္လည္း မရ၊ ေနာက္ေတာ့ သူ႔သားေကာင္သာ ေရထဲမွာ ေမ်ာသြားတာကို မသိပဲ ဆံုးရွံုး လိုက္ရ ပါတယ္။

သင္ခန္းစာ

လက္ေတြ႔ ဘဝမွာလည္း ဒီလိုပါပဲ။ မိမိ ပတ္ဝန္းက်င္မွာ ခ်စ္သူ ခင္သူ၊ ကိုယ့္ကို ဂရုစိုက္ေနသူေတြ ရွိေပမယ့္ ဒါေတြကို သတိမထားမိဘူး။ သတိထား မိေနရင္ေတာင္ တန္ဖိုးမထားပဲ ေနတယ္။ တစ္ခါတစ္ရံမွာ တစ္ဖက္သားကို နာက်င္ေစေအာင္ ျပန္တုံ႔ျပန္မိ တတ္တယ္။ ျပီးေတာ့ မိမိမွာ ရွိေနတာနဲ႔ မလံုေလာက္ပဲ အျခားပတ္ဝန္းက်င္ကေနပဲ ေႏြးေထြးမွုေတြ၊ ၾကင္နာ မွုတြ၊ အခ်စ္ေတြ ရမယ္လို႔ပဲ ထင္တတ္ၾကတယ္။

ေနာက္ဆံုးေတာ့ ခံစားရမယ့္သူက ကိုယ္ပါပဲ။ အေၾကာင္း ကေတာ့ မိမိရဲ႕ အတၱကို လိုက္ေလ်ာေပးႏိုင္တဲ့ အတိုင္းအတာက အကန္႔အသတ္ ရွိလို႔ပါ။ ပစ္ပယ္ထားတဲ့ ကာလ ၾကာလာတဲ့ အေလ်ာက္ လစ္လ်ဴရွဳလာျပီး ေနာက္ဆုိ ရင္ ကိုယ့္ အနားမွာ ဘယ္သူမွ ရွိေတာ့မွာ မဟုတ္ ပါဘူး။

ကိုယ္က ပစ္ပယ္ေလေလ၊ ကိုယ္က ဆံုးရွံုးေလေလပဲ ျဖစ္ပါတယ္။ မိမိ အေပၚ ခ်စ္ခင္၊ ၾကင္နာ၊ ေႏြးေထြးမွု ေပးတဲ့ မိတ္ေဆြ၊ ညီအကုိ၊ ေမာင္ႏွမ၊ ခ်စ္သူ၊ မိသားစု မ်ားကို တန္ဖိုးထားျပီး တူညီတဲ့ အခ်စ္နဲ႔ ျပန္ေပးဆပ္ဖို ႔တိုက္တြန္း အၾကံေပးလိုက္ ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Aung Kham ( Yoyarlay

#Unicode Verison#
ဥရောပ ပုံပြင် တစ်ပုဒ် ကို တော်တော်များများ ကြားဖူးကြ မှာပါ။ သားကောင်ငယ်တစ်ကောင်ကို အမဲလိုက်မိသွားတဲ့ မြေခွေး ဟာ ချောင်းငယ်ကို ဖြတ် လို့ လျှောက်လာ ပါတယ်။ လျှောက်နေ ရင်းနဲ့ အောက်က ရေကိုငုံ့ကြည့် လိုက်တော့ သူ့လိုပဲ သားကောင်ငယ်ကို ပါးစပ်မှာ ကိုက်ထားတဲ့မြေခွေးကို သွားတွေ့ ပါတယ်။ သူ့ကိုယ်သူ မြင် တယ်လို့တောင် သူမသိပါဘူး။

ဒါနဲ့ သူ့ပါးစပ်ထဲက သားကောင်ထက် ရေထဲက မြေခွေးရဲ့ သားကောင်က ပိုကြီးတယ်လို့ မှတ်ယူပြီး ပါးစပ်က သားကောင်ကို လွတ်ချလို့ ရေထဲ က မြေခွေးကို စတင် တိုက်ခိုက်ပါတော့တယ်။ တိုက်ရင်းနဲ့ ရေထဲ က မြေခွေးကိုလည်း မတွေ့၊ သားကောင်လည်း မရ၊ နောက်တော့ သူ့သားကောင်သာ ရေထဲမှာ မျောသွားတာကို မသိပဲ ဆုံးရှုံး လိုက်ရ ပါတယ်။

သင်ခန်းစာ

လက်တွေ့ ဘဝမှာလည်း ဒီလိုပါပဲ။ မိမိ ပတ်ဝန်းကျင်မှာ ချစ်သူ ခင်သူ၊ ကိုယ့်ကို ဂရုစိုက်နေသူတွေ ရှိပေမယ့် ဒါတွေကို သတိမထားမိဘူး။ သတိထား မိနေရင်တောင် တန်ဖိုးမထားပဲ နေတယ်။ တစ်ခါတစ်ရံမှာ တစ်ဖက်သားကို နာကျင်စေအောင် ပြန်တုံ့ပြန်မိ တတ်တယ်။ ပြီးတော့ မိမိမှာ ရှိနေတာနဲ့ မလုံလောက်ပဲ အခြားပတ်ဝန်းကျင်ကနေပဲ နွေးထွေးမှုတွေ၊ ကြင်နာ မှုတွ၊ အချစ်တွေ ရမယ်လို့ပဲ ထင်တတ်ကြတယ်။

နောက်ဆုံးတော့ ခံစားရမယ့်သူက ကိုယ်ပါပဲ။ အကြောင်း ကတော့ မိမိရဲ့ အတ္တကို လိုက်လျောပေးနိုင်တဲ့ အတိုင်းအတာက အကန့်အသတ် ရှိလို့ပါ။ ပစ်ပယ်ထားတဲ့ ကာလ ကြာလာတဲ့ အလျောက် လစ်လျူရှုလာပြီး နောက်ဆို ရင် ကိုယ့် အနားမှာ ဘယ်သူမှ ရှိတော့မှာ မဟုတ် ပါဘူး။

ကိုယ်က ပစ်ပယ်လေလေ၊ ကိုယ်က ဆုံးရှုံးလေလေပဲ ဖြစ်ပါတယ်။ မိမိ အပေါ် ချစ်ခင်၊ ကြင်နာ၊ နွေးထွေးမှု ပေးတဲ့ မိတ်ဆွေ၊ ညီအကို၊ မောင်နှမ၊ ချစ်သူ၊ မိသားစု များကို တန်ဖိုးထားပြီး တူညီတဲ့ အချစ်နဲ့ ပြန်ပေးဆပ်ဖို့တိုက်တွန်း အကြံပေးလိုက် ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Aung Kham ( Yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top