ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ေက်ာင္းသားေတြကို ဒီဇင္ဘာလ ၆ ရက္ေန႔က ေမာ္လၿမိဳင္တကၠသိုလ္မွာ စတင္စစ္ေဆးခဲ့ပါတယ္။အဆိုပါ စစ္ေဆးေရးအဖြဲ႔မွာ ဥကၠ႒အျဖစ္ ေမာ္လၿမိဳင္တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ျမတ္ေက်ာ္စိန္၊ အဖြဲ႔၀င္အျဖစ္ သထံုကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းအုပ္ႀကီး ေဒါက္တာ၀င္းေဌးနဲ႔ အဏၰ၀ါ သိပၸံဌာနမႉးတဦးတို႔က တာ၀န္ယူၿပီး ေမာ္လၿမိဳင္နည္းပညာ တကၠသိုလ္မွ ဦးေဆာင္တိုင္ၾကားသူ စက္မႈအင္ဂ်င္နီယာဌာနမႉး ပါေမာကၡေဒါက္တာ သန္႔ဇင္၀င္း၊ တိုင္ၾကားခံရသူ ပါေမာကၡေဒါက္တာသႏၱာေအာင္နဲ႔ လက္မွတ္ေရးထိုးေထာက္ခံခဲ့ၾကတဲ့ ဆရာ၊ဆရာမ ၄ ဦး၊ ေက်ာင္းသူ၊ ေက်ာင္းသား ၇ ဦးတို႔ကို ေခၚယူစစ္ေဆးခဲ့တာျဖစ္ပါတယ္။

အဆင့္ျမင့္ပညာဦးစီးဌာနမွ ညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသိန္း၀င္းက “စစ္ေဆးတာကေတာ့ ေမာ္လၿမိဳင္ ပါခ်ဳပ္ ေဒါက္တာေအာင္ျမတ္ေက်ာ္စိန္ကို စစ္ေဆးခိုင္းထားတယ္။ သူ႔ဆီက ဆရာတို႔ဆီ report မတက္ေသးဘူး။ သူ႔ဆီကုိ ေမးရင္ေတာ့ အခ်က္အလက္အေသးစိတ္ သိႏိုင္မယ္။ အဲလိုစစ္ေဆးဖို႔ ဆရာ လက္မွတ္ထိုးၿပီး ထုတ္ထားတယ္” လို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေမာ္လၿမိဳင္တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာ ေအာင္ျမတ္ေက်ာ္စိန္ကို ေမးျမန္းခဲ့ေပမယ့္ ေျဖၾကားဖို႔ ျငင္းဆိုခဲ့ပါတယ္။

စစ္ေဆးရာမွာ အဖြဲ႔၀င္အျဖစ္ ပါ၀င္ခဲ့တဲ့ သထံုကြန္ပ်ဴတာတကၠသိုလ္ ေက်ာင္းအုပ္ႀကီး ေဒါက္တာ၀င္းေဌးက “ဒီေန႔(ဒီဇင္ဘာလ ၈ ရက္ေန႔) ေနာက္ဆံုး က်ေနာ္တို႔ Report တင္မွာပါ။ သက္ဆိုင္တဲ့သူေတြရဲ႕ စစ္ေဆးေတြ႔ရွိခ်က္ေတြကို အဆင့္ျမင့္ပညာက ညႊန္ခ်ဳပ္ကို ဒီညေနတင္ၿပီ” လုိ႔ ေျပာပါတယ္။

စစ္ေဆးခ်က္ေတြအေပၚမူတည္ၿပီး အျပစ္ရွိပါက အေရးယူေဆာင္ရြက္သြားမယ္လုိ႔ အဆင့္ျမင့္ပညာဦးစီးဌာနမွ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဦးေဆာင္တိုင္ၾကားသူ ဆရာတစ္ဦးက “ေမ်ွာ္လင့္ထားသလို မျဖစ္လာေသးဘူး။ ျဖစ္စဥ္ျဖစ္တာက ၁၀ လပုိင္း ၃၀ ရက္ေန႔ေလာက္ကျဖစ္သြားတာ။ ၁၁ လပိုင္း တလလံုး ဘာမွ မလုပ္ဘူး။ ဒီဇင္ဘာ ၅ ရက္၊ ၆ ရက္မွ သိရတယ္ဆိုေတာ့ တကယ္လို႔သာ က်ေနာ္တို႔ကို အေလးအနက္ထားတယ္၊ ဆရာ၊ဆရာမေတြအေပၚ ေလးစားတန္ဖိုးထားတယ္ဆိုရင္ ဒီေလာက္ႀကီး ၾကာစရာမရွိဘူး။ ျပႆနာကို ေသြးေအးေအာင္ လုပ္လိုက္တဲ့သေဘာပဲရွိတယ္။ စစ္္ေဆးတဲ့အခါမွာလည္း ဘာအေၾကာင္းအရာကို စစ္ေဆးဖို႔ ေခၚတာလဲဆိုတာ မသိရဘူး။ ဒါကေတာ့ သိပ္ၿပီးေတာ့ သဘာ၀မက်ဘူး။” လုိ႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလ (၆) ရက္ေန႔က ေမာ္လၿမိဳင္နည္းပညာတကၠသိုလ္ ဆရာ၊ ဆရာမ ၁၅ ဦးနဲ႔ ေက်ာင္းသူ၊ ေက်ာင္းသားေတြ စုေပါင္းလက္မွတ္ထိုးကာ ေက်ာင္းသားေတြကုိ သံတုတ္ေခ်ာင္းနဲ႔႐ုိက္ၿပီး ကိုယ္ႏႈတ္႐ုိင္းပ်တဲ့ ပါေမာကၡဆရာမကို အေရးယူေပးဖုိ႔ အဆင့္ျမင့္ပညာဦးစီးဌာနကုိ တိုင္ၾကားခဲ့ၿပီး တိုင္ၾကားမႈမွာ ပါ၀င္တဲ့ ဗီြဒီယိုင္ဖုိင္တခ်ိဳ႕လည္း လူမႈကြန္ယက္ေတြမွာ ပ်ံ႔ႏွံ႔ခဲ့ပါတယ္။

သတင္းႏွင့္ဓာတ္ပံု – အာကာမင္း
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode version#
ကျောင်းသားတွေကို ဒီဇင်ဘာလ ၆ ရက်နေ့က မော်လမြိုင်တက္ကသိုလ်မှာ စတင်စစ်ဆေးခဲ့ပါတယ်။အဆိုပါ စစ်ဆေးရေးအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်၊ အဖွဲ့ဝင်အဖြစ် သထုံကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်ကြီး ဒေါက်တာဝင်းဌေးနဲ့ အဏ္ဏဝါ သိပ္ပံဌာနမှူးတဦးတို့က တာဝန်ယူပြီး မော်လမြိုင်နည်းပညာ တက္ကသိုလ်မှ ဦးဆောင်တိုင်ကြားသူ စက်မှုအင်ဂျင်နီယာဌာနမှူး ပါမောက္ခဒေါက်တာ သန့်ဇင်ဝင်း၊ တိုင်ကြားခံရသူ ပါမောက္ခဒေါက်တာသန္တာအောင်နဲ့ လက်မှတ်ရေးထိုးထောက်ခံခဲ့ကြတဲ့ ဆရာ၊ဆရာမ ၄ ဦး၊ ကျောင်းသူ၊ ကျောင်းသား ၇ ဦးတို့ကို ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “စစ်ဆေးတာကတော့ မော်လမြိုင် ပါချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်ကို စစ်ဆေးခိုင်းထားတယ်။ သူ့ဆီက ဆရာတို့ဆီ report မတက်သေးဘူး။ သူ့ဆီကို မေးရင်တော့ အချက်အလက်အသေးစိတ် သိနိုင်မယ်။ အဲလိုစစ်ဆေးဖို့ ဆရာ လက်မှတ်ထိုးပြီး ထုတ်ထားတယ်” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်ကို မေးမြန်းခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

စစ်ဆေးရာမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တဲ့ သထုံကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာဝင်းဌေးက “ဒီနေ့(ဒီဇင်ဘာလ ၈ ရက်နေ့) နောက်ဆုံး ကျနော်တို့ Report တင်မှာပါ။ သက်ဆိုင်တဲ့သူတွေရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို အဆင့်မြင့်ပညာက ညွှန်ချုပ်ကို ဒီညနေတင်ပြီ” လို့ ပြောပါတယ်။

စစ်ဆေးချက်တွေအပေါ်မူတည်ပြီး အပြစ်ရှိပါက အရေးယူဆောင်ရွက်သွားမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။

ဦးဆောင်တိုင်ကြားသူ ဆရာတစ်ဦးက “မျှော်လင့်ထားသလို မဖြစ်လာသေးဘူး။ ဖြစ်စဉ်ဖြစ်တာက ၁၀ လပိုင်း ၃၀ ရက်နေ့လောက်ကဖြစ်သွားတာ။ ၁၁ လပိုင်း တလလုံး ဘာမှ မလုပ်ဘူး။ ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်မှ သိရတယ်ဆိုတော့ တကယ်လို့သာ ကျနော်တို့ကို အလေးအနက်ထားတယ်၊ ဆရာ၊ဆရာမတွေအပေါ် လေးစားတန်ဖိုးထားတယ်ဆိုရင် ဒီလောက်ကြီး ကြာစရာမရှိဘူး။ ပြဿနာကို သွေးအေးအောင် လုပ်လိုက်တဲ့သဘောပဲရှိတယ်။ စစ်ဆေးတဲ့အခါမှာလည်း ဘာအကြောင်းအရာကို စစ်ဆေးဖို့ ခေါ်တာလဲဆိုတာ မသိရဘူး။ ဒါကတော့ သိပ်ပြီးတော့ သဘာဝမကျဘူး။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၆) ရက်နေ့က မော်လမြိုင်နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမ ၁၅ ဦးနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ စုပေါင်းလက်မှတ်ထိုးကာ ကျောင်းသားတွေကို သံတုတ်ချောင်းနဲ့ရိုက်ပြီး ကိုယ်နှုတ်ရိုင်းပျတဲ့ ပါမောက္ခဆရာမကို အရေးယူပေးဖို့ အဆင့်မြင့်ပညာဦးစီးဌာနကို တိုင်ကြားခဲ့ပြီး တိုင်ကြားမှုမှာ ပါဝင်တဲ့ ဗွီဒီယိုင်ဖိုင်တချို့လည်း လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

သတင်းနှင့်ဓာတ်ပုံ – အာကာမင်း

ဖိုးသူတော် (www.phothutaw.com)
Credit:  DVB

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top