iMyanmarHouse.com - Best Property Website for Myanmar
×

ဇန္န၀ါရီ

ဇန္န၀ါရီလမွာ ေမြးဖြားသူေတြကေတာ႔ ထူးထူးျခားျခား တိုက္တိုက္ဆိုင္ဆိုင္ပဲ သူတို႔ရဲ႕ေမြးေန႔ဟာ ၁ လပိုင္းအတြင္း က်ေရာက္မွာ ျဖစ္ပါတယ္။ သူတို႔ဟာ လမ္းေလွ်ာက္ရင္ ဘယ္တစ္လွမ္း၊ ညာတစ္လွမ္း ေလွ်ာက္ၾကသူမ်ား ျဖစ္ၾကၿပီး ေရမ်ားမ်ားေသာက္ရင္ ေသးမ်ားမ်ားေပါက္တတ္တာကိုေတာ႔ သတိထားသင္႔ပါတယ္။

ေဖေဖာ္၀ါရီ

ေဖေဖာ္၀ါရီလမွာ ေမြးဖြားသူေတြဟာ ႏွစ္ေတြၾကာလာတာနဲ႔အမွ် အသက္ေတြ ႀကီးႀကီးလာတတ္ၿပီး ၂၀၁၇ အတြင္းမွာေတာ႔ ထမင္းစားၿပီးေတာင္း ဗိုက္မဆာတတ္ၾကတဲ႔ သူေတြျဖစ္ပါတယ္။ ေဆာရန္၊ ေရွာင္ရန္ေတြကေတာ႔ ကားလမ္းကူးရင္ ဘယ္ၾကည္႔၊ ညာၾကည္႔၊ ဘယ္ျပန္ၾကည္႔၊ ညာျပန္ၾကည္႔ ၿပီးရင္ကူးဆိုတဲ႔ ယၾတာေလးကို ျပဳလုပ္ေပးႏုိင္ပါတယ္။

မတ္

မတ္လမွာေမြးဖြားသူေတြကေတာ႔ ေမြးလနာမည္နဲ႔ တိုက္ဆိုင္စြာပဲ လမ္းေလွ်ာက္ရင္ မတ္တပ္အရင္ ထရပ္ၾကတဲ႔ သူမ်ိဳးျဖစ္ပါတယ္။ သူတို႔ေတြဟာ ေနပူထဲအထြက္မ်ားတာမ်ိဳး၊ ကမ္းေျခပင္လယ္ေတြမွာ ေရကူးတာမ်ိဳးျပဳလုပ္မိရင္ အသားမဲတတ္တာမို႔ အသားမမဲခ်င္ရင္ေတာ႔ အဲ႔ဒီအခ်က္ေတြကို ေရွာင္ပါ။

#ဧၿပီ

ဧၿပီလမွာ ေမြးဖြားသူေတြဟာ အမ်ားအားျဖင္႔ ေခါင္းမွာဆံပင္ေပါက္တတ္ၿပီး နားရြက္ေတြဟာ ဘယ္တစ္ဖက္၊ ညာတစ္ဖက္သာ ရွိၾကပါတယ္။ ေရေသာက္မ်ားပါက ရႈရႈးေပါက္ရင္ အေ၀းႀကီးေရာက္တတ္တဲ႔ လူစားမ်ိဳးေတြပါ။

ေမ

ေမလမွာ ေမြးဖြားသူလို႔ ဆိုခဲ႔တဲ႔အတိုင္းပဲ သူတို႔တစ္ဦးျခင္းဆီမွာ ကိုယ္ပိုင္အေမတစ္ဦးဆီ ရွိၾကပါတယ္။ ဘတ္စ္ကားစီးရင္ အေပါက္၀နားပိတ္မရပ္ပါနဲ႔၊ စပယ္ရာေဟာက္တာကို ခံရတတ္သလို၊ တစ္ခါတစ္ရံမွာ အေၾကြလည္း ျပန္အမ္းမခံရပါဘူး။

ဇြန္

ဇြန္လမွာ ေမြးဖြားသူအားလံုးလိုလိုဟာ ဘယ္ေလာက္ပဲ ရာထူးႀကီးႀကီး အိမ္သာတတ္ရင္ ဖင္လွန္တက္ၾကရပါတယ္။ အိမ္သာတက္ၿပီး ဖင္မေဆးရင္ေတာ႔ ဖင္၀ဲေပါက္တတ္သလို၊ ကိစၥၿပီးရင္ ေရေလာင္းဖုိ႔ မေမ႔သင္႔ပါဘူး။

ဇူလိုင္

ဇူလိုင္လမွာ ေမြးဖြားသူေတြဟာ ငယ္ငယ္တုန္းက အိပ္ယာေပၚမွာ ရႈရႈးေပါက္ခ်ခဲ႔ဖူးတဲ႔ သူေတြျဖစ္ၾကပါတယ္။ သူတို႔ရဲ႕ေသြးေတြဟာ အနီေရာင္ရွိၿပီး သူတို႔ကို အေမွာင္ခန္းထဲ ထည္႔ထားပါက မဲမဲမဲမဲသာ ျမင္ေတြ႔ရမွာ ျဖစ္ပါတယ္။

ၾသဂုတ္

ၾသဂုတ္လမွာ ေမြးဖြားသူေတြကေတာ႔ ေ၀းေ၀းေျပးရင္ ေမာတတ္ၿပီး ထုိင္ေနျပန္ေတာ႔လည္း ခုံနဲ႔ဖင္နဲ႔ ကပ္ေနတတ္ပါတယ္။ သူတို႔ရွာထား ေဖြထားသမွ် ေငြေတြဟာ သံုးလိုက္ရင္ ကုန္ကုန္သြားတတ္တာမို႔ စိတ္ညစ္ရတတ္ပါတယ္။

စက္တင္ဘာ

အိပ္လိုက္တိုင္း မ်က္စိမွိတ္မွိတ္သြားတာက စက္တင္ဘာေမြးေန႔ရွင္ေတြပါ။ ထမင္းေတြဟာ စားလိုက္တုိင္း ဗိုက္ထဲေရာက္ေရာက္သြားတတ္ၿပီး ထမင္းတစ္ခါစားရံုနဲ႔ မၿပီးပဲ ေနာက္ေန႔က် ထပ္စားရျပန္ပါတယ္။

ေအာက္တိုဘာ

ေအာက္တိုဘာလ ေမြးေန႔ရွင္ေတြနဲ႔ ၁၀ လပိုင္း ေမြးေန႔ရွင္ေတြဟာ အတူတူပဲဆိုတာကို ေျပာလိုက္ရင္ မအံ႔ၾသသြားပါနဲ႔။ အဲ႔ဒါတစ္ကယ္ပါ။ သူတို႔ဟာ ငယ္ငယ္တုန္းက ေသးေသးေလး ျဖစ္ၾကၿပီး ႀကီးလာေတာ႔ တျဖည္းျဖည္း ႀကီးလာၾကပါတယ္။ (ကိုယ္ခႏၶာကိုေျပာတာပါ)

ႏို၀င္ဘာ

ႏို၀င္ဘာလ ေမြးေန႔ရွင္ေတြထဲက အမ်ိဳးသားေတြဟာ ေယာက္်ားေလးေတြျဖစ္ၾကၿပီး အမ်ိဳးသမီးေတြကေတာ႔ မိန္းကေလးေတြ ျဖစ္ၾကပါတယ္။ ေယာက္်ားေလးေတြဟာ ကေလးမေမြးႏိုင္ၾကပဲ၊ မိန္းကေလးေတြသာ ေမြးႏိုင္ၾကပါတယ္။ ဒါေပမယ္႔ ေယာက္်ားေလးအကူအညီေတာ႔ လိုတာေပါ႔။

ဒီဇင္ဘာ

ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆံုးလမွာ ေမြးဖြားသူေတြ ျဖစ္ၾကၿပီး တစ္ႏွစ္မွ တစ္ခါေမြးေန႔လုပ္ႏိုင္ၾကသူေတြပါ။ ပက္လက္အိပ္ရင္ ေက်ာနဲ႔ေမြ႔ယာကပ္ေနတပ္ၿပီး ေမွာက္ရပ္အိပ္ရင္ ဗိုက္နဲ႔ေမြ႔ယာကပ္ေနတတ္ပါတယ္။

ေဟာေျပာခ်က္ေတြမွန္ရဲ႕လား?

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutastar

# Unicode Version ျဖင့္ ဖတ္ပါ #
ဇန်နဝါရီ

ဇန်နဝါရီလမှာ မွေးဖွားသူတွေကတော့ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ရဲ့မွေးနေ့ဟာ ၁ လပိုင်းအတွင်း ကျရောက်မှာ ဖြစ်ပါတယ်။ သူတို့ဟာ လမ်းလျှောက်ရင် ဘယ်တစ်လှမ်း၊ ညာတစ်လှမ်း လျှောက်ကြသူများ ဖြစ်ကြပြီး ရေများများသောက်ရင် သေးများများပေါက်တတ်တာကိုတော့ သတိထားသင့်ပါတယ်။

ဖေဖော်ဝါရီ

ဖေဖော်ဝါရီလမှာ မွေးဖွားသူတွေဟာ နှစ်တွေကြာလာတာနဲ့အမျှ အသက်တွေ ကြီးကြီးလာတတ်ပြီး ၂၀၁၇ အတွင်းမှာတော့ ထမင်းစားပြီးတောင်း ဗိုက်မဆာတတ်ကြတဲ့ သူတွေဖြစ်ပါတယ်။ ဆောရန်၊ ရှောင်ရန်တွေကတော့ ကားလမ်းကူးရင် ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့် ပြီးရင်ကူးဆိုတဲ့ ယတြာလေးကို ပြုလုပ်ပေးနိုင်ပါတယ်။

မတ်

မတ်လမှာမွေးဖွားသူတွေကတော့ မွေးလနာမည်နဲ့ တိုက်ဆိုင်စွာပဲ လမ်းလျှောက်ရင် မတ်တပ်အရင် ထရပ်ကြတဲ့ သူမျိုးဖြစ်ပါတယ်။ သူတို့တွေဟာ နေပူထဲအထွက်များတာမျိုး၊ ကမ်းခြေပင်လယ်တွေမှာ ရေကူးတာမျိုးပြုလုပ်မိရင် အသားမဲတတ်တာမို့ အသားမမဲချင်ရင်တော့ အဲ့ဒီအချက်တွေကို ရှောင်ပါ။

#ဧပြီ

ဧပြီလမှာ မွေးဖွားသူတွေဟာ အများအားဖြင့် ခေါင်းမှာဆံပင်ပေါက်တတ်ပြီး နားရွက်တွေဟာ ဘယ်တစ်ဖက်၊ ညာတစ်ဖက်သာ ရှိကြပါတယ်။ ရေသောက်များပါက ရှုရှုးပေါက်ရင် အဝေးကြီးရောက်တတ်တဲ့ လူစားမျိုးတွေပါ။

မေ

မေလမှာ မွေးဖွားသူလို့ ဆိုခဲ့တဲ့အတိုင်းပဲ သူတို့တစ်ဦးခြင်းဆီမှာ ကိုယ်ပိုင်အမေတစ်ဦးဆီ ရှိကြပါတယ်။ ဘတ်စ်ကားစီးရင် အပေါက်ဝနားပိတ်မရပ်ပါနဲ့၊ စပယ်ရာဟောက်တာကို ခံရတတ်သလို၊ တစ်ခါတစ်ရံမှာ အကြွေလည်း ပြန်အမ်းမခံရပါဘူး။

ဇွန်

ဇွန်လမှာ မွေးဖွားသူအားလုံးလိုလိုဟာ ဘယ်လောက်ပဲ ရာထူးကြီးကြီး အိမ်သာတတ်ရင် ဖင်လှန်တက်ကြရပါတယ်။ အိမ်သာတက်ပြီး ဖင်မဆေးရင်တော့ ဖင်ဝဲပေါက်တတ်သလို၊ ကိစ္စပြီးရင် ရေလောင်းဖို့ မမေ့သင့်ပါဘူး။

ဇူလိုင်

ဇူလိုင်လမှာ မွေးဖွားသူတွေဟာ ငယ်ငယ်တုန်းက အိပ်ယာပေါ်မှာ ရှုရှုးပေါက်ချခဲ့ဖူးတဲ့ သူတွေဖြစ်ကြပါတယ်။ သူတို့ရဲ့သွေးတွေဟာ အနီရောင်ရှိပြီး သူတို့ကို အမှောင်ခန်းထဲ ထည့်ထားပါက မဲမဲမဲမဲသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သြဂုတ်

သြဂုတ်လမှာ မွေးဖွားသူတွေကတော့ ဝေးဝေးပြေးရင် မောတတ်ပြီး ထိုင်နေပြန်တော့လည်း ခုံနဲ့ဖင်နဲ့ ကပ်နေတတ်ပါတယ်။ သူတို့ရှာထား ဖွေထားသမျှ ငွေတွေဟာ သုံးလိုက်ရင် ကုန်ကုန်သွားတတ်တာမို့ စိတ်ညစ်ရတတ်ပါတယ်။

စက်တင်ဘာ

အိပ်လိုက်တိုင်း မျက်စိမှိတ်မှိတ်သွားတာက စက်တင်ဘာမွေးနေ့ရှင်တွေပါ။ ထမင်းတွေဟာ စားလိုက်တိုင်း ဗိုက်ထဲရောက်ရောက်သွားတတ်ပြီး ထမင်းတစ်ခါစားရုံနဲ့ မပြီးပဲ နောက်နေ့ကျ ထပ်စားရပြန်ပါတယ်။

အောက်တိုဘာ

အောက်တိုဘာလ မွေးနေ့ရှင်တွေနဲ့ ၁၀ လပိုင်း မွေးနေ့ရှင်တွေဟာ အတူတူပဲဆိုတာကို ပြောလိုက်ရင် မအံ့သြသွားပါနဲ့။ အဲ့ဒါတစ်ကယ်ပါ။ သူတို့ဟာ ငယ်ငယ်တုန်းက သေးသေးလေး ဖြစ်ကြပြီး ကြီးလာတော့ တဖြည်းဖြည်း ကြီးလာကြပါတယ်။ (ကိုယ်ခန္ဓာကိုပြောတာပါ)

နိုဝင်ဘာ

နိုဝင်ဘာလ မွေးနေ့ရှင်တွေထဲက အမျိုးသားတွေဟာ ယောက်ျားလေးတွေဖြစ်ကြပြီး အမျိုးသမီးတွေကတော့ မိန်းကလေးတွေ ဖြစ်ကြပါတယ်။ ယောက်ျားလေးတွေဟာ ကလေးမမွေးနိုင်ကြပဲ၊ မိန်းကလေးတွေသာ မွေးနိုင်ကြပါတယ်။ ဒါပေမယ့် ယောက်ျားလေးအကူအညီတော့ လိုတာပေါ့။

ဒီဇင်ဘာ

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလမှာ မွေးဖွားသူတွေ ဖြစ်ကြပြီး တစ်နှစ်မှ တစ်ခါမွေးနေ့လုပ်နိုင်ကြသူတွေပါ။ ပက်လက်အိပ်ရင် ကျောနဲ့မွေ့ယာကပ်နေတပ်ပြီး မှောက်ရပ်အိပ်ရင် ဗိုက်နဲ့မွေ့ယာကပ်နေတတ်ပါတယ်။

ဟောပြောချက်တွေမှန်ရဲ့လား?

ဖိုးသူတော် (www.phothutaw.com)
Credit: thutastar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top