မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×






Chit San (fb)
Credit: thithtoolwin

#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မဒေါင်းကြီးကျေးရွာ၌ ဒီဇင်ဘာ(၃)ရက်နေ့ ညနေ(၇)နာရီခန့်က အသက်(၄၀)ကျော် အမျိုးသားတစ်ဦးက အသက်(၄)နှစ်အရွယ်သမီးအား သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ်၊ မဒေါင်းကြီးကျေးရွာနေ (ဘ)ဦးတင်ဝင်း၏သမီး မအေးမြတ်သူ နေအိမ်သို့ နေ့စဉ်အမြဲသွားရောက် ကစားနေသော သမီးဖြစ်သူ မအေးမြတ်မွန်အား မိခင်ဖြစ်သူဒေါ်ပုမှ သွားရောက်ခေါ်ရာ မအေးမြတ်သူမှ ပြန်သွားပြီးဟု ပြောပြသဖြင့် ပြန်လာခဲ့သည်။

ထိုသို့ပြန်လာစဉ် ရွာလယ်လမ်းမတွင် ဒေါ်ကေသီမြင့်အားတွေ့၍ “ကျွန်မသမီး အေးမြတ်မွန် မတွေ့မိဘူးလား”ဟု ထပ်မံမေးမြန်ကြည့်ရာမှ “ခုဏလေးက ဦးဖုန်းငွေ ပွေ့ချီခေါ်ဆောင်သွားသည်ကို မြင်တွေ့ လိုက်ရကြောင်း”ပြောပြသဖြင့် ၎င်းဦးဖုန်းငွေ နေအိမ်သို့ လိုက်သွားခဲ့သည်။

ဦးဖုန်းငွေ အိမ်အရှေ့ခန်းကြမ်းပြင်ပေါ်တွင် သမီးဖြစ်သူ မအေးမြတ်မွန်မှာ ဘောင်းဘီမပါ(ဘေးချွတ်ပုံထားလျက်) ပက်လက်လှန်နေပြီး ဦးဖုန်းငွေမှာ ပုဆိုးကွင်း စလွယ်သိုင်းလျက် ပေါင်ပေါ် ခွထိုင်နေသည်ကိုတွေ့မြင်ရသဖြင့် သမီးဖြစ်သူအား ပွေ့ချီခေါ်ဆောင်လာခဲ့ပြီး မေးမြန်ကြည့်ရာ
ဦးဖုန်းငွေမှ ၎င်း၏လိင်တန်ဆာဖြင့် အင်္ဂါစပ်အားတေ့ထားကြောင်း ဝင်ရောက်ခြင်း မရှိသောကြောင့် နာကျင်ခြင်း မရှိကြောင်း ပေါင်နှစ်ဘက်တွင် ဖိထားသောဒဏ်ကြောင့် နာကျင်နေကြောင်း ပြောပြ၍ ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆွေလင်းဦး အား အသိပေးအကြောင်းကြားပြီး ရဲစခန်းသို့တိုင်ကြားခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ မိခင်ဖြစ်သူဒေါ်ပုမှ သမီးဖြစ်သူ မအေးမြတ်မွန်(၄)နှစ်(၆)လအား သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်နေသော ဦးဖုန်းငွေ(၄၂)နှစ် (ဘ)ဦးချစ်အောင် မဒေါင်းကြီးကျေးရွာ ခင်ဦးမြို့နယ်နေသူအား ဥပဒေအရ ရေးယူပေးပါရန် တိုင်တန်းသဖြင့် မြို့မရဲစခန်းမှ (ပ)၅၅၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၅၁၁ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

Chit San (fb)

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top