မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×

ပေါင်ခြံမွှေး မရိတ်တဲ့သူတော့ ရှိမယ်မထင်ဘူး ။ အနည်းဆုံး တစ်လတစ်ခါတော့ ပုံမှန် ရိတ်ဖြစ်ကြမယ် ထင်ပါတယ် ။တတ်ကျွမ်းနားလည်သူတွေ ပြောပြချက်အရ မရိတ်ဘဲ သန့်သန့်ရှင်းရှင်း ထားနိုင်ရင် ပိုကောင်းတယ်လို့ ဆိုပါတယ် ။ သို့ဖြစ်စေကာမူ မည်သူမျှတော့ ပေါင်ခြံမွှေးတွေကို မလိုချင်ကြပါဘူး ။ ဒါ့ကြောင့် ပုံမှန် ရိတ်ဖြစ်လေ့ ရှိကြပါတယ် ။ အခုပြောပြမယ့် အချက်လေးတွေကတော့ ပေါင်ခြံမွှေးသာမက ခြေသလုံးမွှေး ရိတ်လေ့ရှိတဲ့သူများပါ ကြိုတင် သတိရှိ သိထားရမယ့် အချက်တွေပဲ ဖြစ်ပါတယ် ။

၁။direction သိရပါမယ် ။

ကိုယ့်မှာရှိတဲ့ ပေါင်ခြံမွှေးက ဘယ်လိုလမ်းကြောင်းအတိုင်း ပေါက်နေတာလဲ ဆိုတာ သိရပါမယ် ။ အမွှေးရဲ့ ရှင်သန်မှုက အပေါ် ၊အောက် ၊ ဘယ် ၊ ညာ မတူနိုင်တဲ့အတွက် သေချာကြည့်ပြီးမှ ရိတ်သင့်ပါတယ် ။ ထိုအခါမှသာ ရိတ်တဲ့အခါ အထိအခိုက် အနာအကြင်မရှိစေမှာ ဖြစ်ပါတယ် ။

၂။မျှဝေမသုံးစွဲပါနှင့်။

ပေါင်ခြံမွှေးရိတ်ရန် အသုံးပြုတဲ့ သင်တုန်းဓါး ၊ ဘရိတ်ဓါး စသည်တို့ကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်း လုံးဝ မပြုရပါဘူး ။ မိသားစုဝင်အချင်းချင်းပင် ဖြစ်လင့်ကစား အတူတူသုံးစွဲတာမျိုးကို ရှောင်ကြဉ်ရပါမည် ။ အမွှေးရိတ်ရာမှာ ထိခိုက်မိတဲ့အခါ သွေးထွက်ပြီး မလိုလားအပ်သော ပိုးကူးစက်ခြင်းများ နှင့် ရေယုန်ပေါက်ခြင်းများ ဖြစ်လာနိုင်ပါတယ် ။

၃။မကြာခဏပြောင်းလဲပါ ။

ကိုယ်အသုံးပြုတဲ့ ဓါးကို မကြာခဏ လဲလှယ်အသုံးပြုပေးပါ ။ ထပ်တလဲလဲ အချိန်ကြာကြာသုံးတဲ့အခါ ဓါးက တုံးသွားပြီး အမွှေးရိတ်တဲ့အခါမှာ အခက်တွေ့နိုင်ပါတယ် ။ ဒီလိုသုံးခြင်းကြောင့်လည်း ထိရှမိတာမျိုးတွေ ပိုပြီး ဖြစ်နိုင်ပါတယ် ။

၎။ယားယံခြင်းကို ဂရုစိုက်ပါ။

Razor burns လို့ခေါ်တဲ့ အမွှေးရိတ်ပြီးတဲ့အခါ ဖြစ်လာတတ်တဲ့ ယားယံဘုများကိုလည်း သေချာဂရုစိုက်ပေးဖို့ လိုပါတယ် ။ အများအားဖြင့် အမွှေးရိတ်ပြီး ၂ရက်ခန့်မှစတင်ကာ ယားယံလာတတ်ပါတယ် ။ ဒီလိုဖြစ်တဲ့အခါ ointment တစ်ခုခုကို လိမ်းပေးထားဖို့ လိုပါတယ် ။

၅။shaving cream ကို အသုံးပြုပါ ။

ရိတ်တဲ့နည်းလမ်းကို မသုံးဘဲ အခြားနည်းများဖြင့် အမွှေးရှင်းသူများအတွက်ကတော့ shaving cream မလိုပါဘူး ။ ရိတ်လေ့ရှိတဲ့သူတွေကတော့ ရိတ်တဲ့အခါမှာ shaving cream (သို့) ဆပ်ပြာဖြင့် အရင်ပွတ်ပြီးမှသာ အမွှေးရိတ်ပေးပါ ။ သို့မှသာ နူးနူးညံ့ညံ့ဖြင့် အမွှေးဖယ်ရှားမှု အဆင်ပြေချောမွေ့စေမှာပါ။

၆။ရာသီလာနေချိန် ရှောင်ပါ။

အမျိုးသမီးများ ရာသီစက်ဝန်းကာလအတွင်း ပေါင်ခြံမွှေးရိတ်ခြင်းကို ရှောင်ပါ ။ပုံမှန်အချိန်ထက် ပိုပြီး sensitive ဖြစ်နိုင်တဲ့ အခြေအနေဖြစ်တာကြောင့် ဒီလိုအချိန်မှာ ရိတ်ဖယ်ရှင်းလင်းလျှင် နာကြင်မှု ပိုနိုင်ပါတယ် ။

၇။ကပ်ကြေးဖြင့်အရင်ညပ်ပါ။

အမွေးချွတ်ဆေးပဲသုံးပြီးရှင်းရှင်း ၊ ဓါးနဲ့ပဲ ရှင်းရှင်းပေါ့နော် ၊ အရင်ဆုံး အမွေးအမျှင်တွေကို ကပ်ကြေးနဲ့ ညှပ်ပြီးမှ ရှင်းသင့်တာ ပိုအဆင်ပြေပါတယ်နော် ၊

ဖိုးသူတော် (www.phothutaw.com)
Credit: ingyinphyu

# Unicode Version ဖြင့် ဖတ်ပါ #


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top