မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
Credit: popular
#Unicode Version#
ပရိသတ်အခိုင်အမာရရှိနေတဲ့ သရုပ်ဆောင်နေမင်းဟာ သူရဲ့ တူဖြစ်တဲ့ အုပ်သာကျော် ကိုအနုပညာလောကထဲဝင်ရောက်နိုင်ဖို့အတွက် လက်တွဲခေါ်ဖြစ်နေပါတယ် ။ ထိုကိစ္စနဲ့ ပတ်သတ်ပြီး “ သူ့မှာလိုအပ်နေတာက အတွေ့အကြုံ၊ မင်းသားတစ်ယောက်ဖြစ်ဖို့ဆိုတာ ရုပ်ချောရုံ ၊ ငွေရှိရုံနဲ့ မဖြစ်နိုင်ဘူးလေ ။ တကယ်တော့ ကျွန်တော်တို့က လူထဲက လူတွေအကြောင်းကိုတင်ဆက်တာဖြစ်တဲ့ အခါကျတော့ ဘဝအသက်မွေးမှုအတွေ့အကြုံ ၊ သူတို့ရဲ့ ဖြတ်သန်းမှု အဲ့ဒိဟာတွေကနေမှ သူတို့ရဲ့ ဘဝတိုးတက်မှုဖြစ်စဉ်ပြောင်းလဲသွားနိုင်တယ် ။အဲ့ဒိတော့ ကြိုးစားဖို့ လိုသလိုလူကြားထဲ များများသွားဖို့လိုတယ်လို့ ခံစားမိတယ် ။
ကျွန်တော် ငယ်ငယ်က မင်းသားစလုပ်တဲ့ အချိန်က ကိုဖိုကျေ်ာ တို့ ကိုမိုးအောင် ၊ ဖိုးချစ် ၊ ဆရာဥက္ကာဗို တို့ ကဆိုရင် သူတို့အားလုံးက လူကြားထဲကိုခေါ်သွားတယ် ။ အရက်ဆိုင်တွေလိုက်ထိုင်ခိုင်းတယ် ။ ကိုဖိုးကျော် ဆို ကျွန်တော့ကို မြို့ပတ်ရထားလိုက်စီးခိုင်းတယ် ။ အဲ့ဒိလို လျှောက်သွားခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ် ။ အဲ့ဒီလိုကမှ လူတွေရဲ့ အတွေ့အကြုံရတယ် ။အောက်ခြေမှာရှိတဲ့ လူတန်းစားတွေရဲ့စိတ်ကိုလိုက်ကြည့်ရတယ် ။လိုက်ကြည့်ပါများမှ သူတို့စိတ်ထဲကို ကိုယ်ဝင်စားလို့ရမယ် ။ကိုယ်ခံစားလို့ရမယ် ။ ခံစားလို့ရမှ သရုပ်ဆောင်တဲ့အခါ တကယ်ပီပြင်မှာလေ ။ အဲ့ဒါကိုတော့ လေ့လာခိုင်းထားတယ်” ဆိုပြီး တူဖြစ်သူကို သင်ကြားပေးနေမှုတွေကို ပြောပြသွားခဲ့ ပါတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit: popular
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top