မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

အထူးသဖြင့်တော့ Gym ကစားဖို့ အထူးတလည် အချိန်မပေးနိုင်တဲ့သူတွေအတွက် ခန္ဓာကိုယ် အချိုးအစား လှပစေမယ့် နည်းလမ်း ကို မျှဝေပေးပါမယ်။

ခန္ဓာကိုယ် အချိုးအစား ကျစ်လျစ်လှပဖို့ တစ်နေ့ကို ၄ မိနစ်လောက် လေ့ကျင့်ခန်း လုပ်ရအောင်

တကယ်တော့ ကိုယ်အလေးချိန် ဆိုတာ လိုတာထက် ပိုမကျသင့်သလို လိုတာထက် မပိုတာကောင်းပါတယ်။ ကိုယ်အလေးချိန် ပုံမှန်လေးရှိနေဖို့ဆိုရင် ရေ များများသောက်သင့်တယ်။ အာဟာရဓာတ် ညီညွှတ်မျှတအောင်စားသင့်တယ်။ အဆီကြော်တွေ ရှောင်သင့်တယ်။ ဟင်းချက် ရင် ဆီနည်းနည်းနဲ့ ချက်တာ ပိုကောင်းတယ်။ ညစာ ကို အစားအရမ်းစားတာမျိုး မလုပ်သင့်ဘဲ ပေါ့ပေါ့ပါးပါး အစားအစာတွေပဲစားသင့်တယ်။

တစ်နေ့ကို ကယ်လိုရီ ဘယ်လောက် စားသင့်သလဲ

ကျွန်မတို့ တစ်နေ့တာ သွားလာလုပ်ရှားမှုအတွက် ကယ်လိုရီ ၁၅၀၀ ကျော်လောက်လိုအပ်ပါတယ်။ ဒါပေမယ့် တချို့က ကယ်လိုရီထက် အဆီ တွေကိုပဲ အများစု စားသုံးကြတာကြောင့် အဆီ တက်လာတာပါ။ နောက်ပိုင်း အ၀လွန်လာမှ အားကစားလုပ်ရင်လည်း သူများတွေထက်ပိုပင်ပန်းသလို၊ ပိုလည်း ခက်ခဲပါတယ်။

ညစာ လုံးဝမစားဘဲ အစားလျှော့တာဟာ သင့် အသားအရေ ကို ညစ်နွမ်းနွမ်းဖြစ်စေပြီး ၀ိတ်ကျတဲ့အခါလည်း အသားအရေ ပျော့တွဲတာမျိုးဖြစ်စေပါတယ်။

Gym တကူးတကကြီး မသွားနိုင်တဲ့သူတွေအတွက် ခန္ဓာကိုယ် အချိုးအစား လှပစေမယ့် နည်းလမ်း တွေကို မျှဝေပေးပါမယ်။

၁။ ထိုင်ထလုပ်ပါ

လက်နှစ်ဖက်ကို ခေါင်းနောက်ပစ်ထားတာပဲဖြစ်ဖြစ် စုထားတာပဲဖြစ်ဖြစ် လုပ်ပြီး ခြေထောက် နှစ်ဖက်ကို နည်းနည်း ကားထားပါ။ ပြီးရင် ခါး ကို မတ်မတ်ထား တင်ကိုကော့ပြီး ပေါင်နဲ့ ဒူးတစ်တန်းတည်း ဖြစ်သွားတဲ့ထိ ထိုင်ပေးပါ။ တင်သားနဲ့ ပေါင်းသားက ကြွက်သား aတွကို သန်မာစေမှာဖြစ်ပါတယ်။

၂။ ဒိုက်ထိုး မယ်

ဒိုက်ထိုး တဲ့အခါ ခြေထောက် နှစ်ဖက်ကို စု လက်နှစ်ဖက်ကို တန်းတန်းထားပြီး ဒိုက်ထိုးပေးပါ။ တဒေါင်ဆစ်ကို ခန္ဓာကိုယ်နဲ့ နီးနီးလေးထားပြီး ထိုးပေးသင့်ပါတယ်။

၃။ တောက်တက် လေ့ကျင့်ခန်း

ခြေထောက် နှစ်ဖက်နဲ့ လက်နှစ်ဖက်ကို ထောက်ထား ခြေထောက် တစ်ဖက်ဆီကို ဒူးကွေးပြီး အပေါ်မတင်ပါ။ ရင်ဘတ်နားထိ ရောက်နိုင်သလောက်ရောက်အောင် မတင်ပါ။ ပြီးရင် တစ်ဖက်ဆီကို ခပ်မြန်မြန်လေးပြောင်းလုပ်ပေးပါ။

၎။ ခြေလှမ်းတဲ့ လေ့ကျင့်ခန်း လုပ်မယ်

အရင်ဆုံး မတ်မတ်ရင်ပါ။ ပြီးရင် အခုပုံမှာပြထားတဲ့အတိုင်း ခြေထောက် တစ်ဖက်ကို ရှေ့ထုတ် တစ်ဖက်ကို အနောက်မှာ ချန်ခဲ့ပြီး လုပ်ပါ။ အနောက်မှာ ကျန်ခဲ့တဲ့ ခြေထောက် က ဒူးကို ကြမ်းပြင်နဲ့ ထိလုနီးပါး လုပ်ပေးပါ။ ခါးကို မတ်မတ်ထားဖို့ လိုအပ်ပါတယ်။

၅။ ခုန်မယ်

အရင်ဆုံး မတ်မတ်ရပ်ပြီး ခြေထောက်နှစ်ဖက်ကား လက်နှစ်ဖက် အပေါ်မြောက်ပြီး ခုန်ပေးပါ။ ခပ်မြန်မြန်လေးခုန်ပေးသင့်ပါတယ်။

အခုလေ့ကျင့်ခန်း aတွကို ဘယ်လောက်ကြာကြာလုပ်ရမလဲဆိုတော့

ထိုင်ထက ၁ မိနစ်ပါ

ဒိုက်ထိုးတာက စက္ကန့် ၃၀

တောင်တက်တာက စက္ကန့် ၃၀

ခြေထောက်လှမ်းတဲ့ လေ့ကျင့်ခန်း က ၁ မိနစ်

ခုန်တာက ၄၅ စက္ကန့်လုပ်ပေးရမှာပါ။

နောက်ပိုင်း အကျင့်ရသွားရင် ထပ်တိုးပြီး လုပ်ပေးပါ။ ကယ်လိုရီကျစေပြီး သင့် ခန္ဓာကိုယ် အချိုးအစားကို ကျစ်လျစ်လှပစေမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
#Unicode Version#

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top