န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ကိုယ္ဝန္ေဆာင္မိခင္တစ္ဦးအအေနနဲ ့မိုဘိုင္းဖုန္းေတြ ၊ ဝုိင္ဖိုင္လိႈင္းေတြနဲ ့ထိေတြ ့မႈ ျမင့္ေလေလ ကိုယ္ဝန္ပ်က္က်ဖို ့၅၀% အႏၱရာယ္ပိုမ်ားတယ္လို ့က်န္းမာေရးသုေတသနတစ္ခုမွာ ေဖာ္ျပထားပါတယ္။

 ကယ္လီဖုိးနီးယားျပည္နယ္ အုတ္ကလန္ရိွ က်န္းမာေရးသုေတသနအဖဲြ ့အစည္း Kaiser Permanente ဟာ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေပါင္း ၉၁၃ ေယာက္ကို သံုးသပ္ေလ့လာခဲ့ၾကတာကေန ဒီအစီရင္ခံစာ တက္လာတာပါ။ အစီရင္ခံစာအရ ဓါတ္အားလိုင္းမ်ားနဲ ့ဆက္သြယ္ေရးဆဲလ္တာဝါတိုင္ေတြက ထုတ္လႊင့္တဲ့ သံလိုက္စက္ကြင္းေရာင္ျခည္ဟာ ကိုယ္ဝန္ပ်က္က်ႏိုင္ေျခရိွတယ္လို ့ဆိုပါတယ္။ သံလိုက္စက္ကြင္းေရာင္ျခည္ေတြကို ေန ့စဥ္သံုးေနတဲ့ စမတ္ဖုန္းေတြကေနလည္း ဒီမိုဘိုင္းအခ်က္ျပလိႈင္းေတြ ထုတ္လႊင့္ႏိုင္တာ ျဖစ္လို ့ဝိုင္ဖိုင္ အခ်က္ျပလိႈင္းနဲ ့စမတ္ဖုန္းေတြဟာ ကိုယ္ဝန္သည္ေတြအတြက္ အႏၱရာယ္တစ္ခုလို ့ဆိုႏိုင္ပါတယ္။

Kaiser Permanente သုေတသနေလ့လာမႈမွာေတာ့ ကိုယ္ဝန္သည္ ၉၁၃ ဦးလံုးမွာ သံလိုက္စက္ကြင္းေရာင္ျခည္ ထိေတြ ့မႈကို တုိင္းတာႏိုင္တဲ့ အထူးမီတာတစ္ခု တပ္ဆင္ေပးထားျပီး ေလ့လာခဲ့တာပါ။ ရလဒ္ကေတာ့ ဒီထဲက ဓါတ္ေရာင္ျခည္လိႈင္း ထိေတြ ့မႈ အျမင့္ဆံုး ကိုယ္ဝန္သည္အမ်ိဳးသမီးဟာ ေရာင္ျခည္အနိမ့္ဆံုးပမာဏနဲ ့ထိေတြ ့ခံ ကိုယ္ဝန္ေဆာင္တစ္ဦးနဲ ့စာရင္ သားပ်က္သားေလွ်ာဖို ့၄၈% ပိုျပီး ျဖစ္ႏိုင္ေျခရိွေနတယ္လို ့ေတြ ့ရိွခဲ့ပါတယ္။ ဒီေလ့လာမႈရလဒ္ကို သိပၸံဂ်ာနယ္တစ္ေစာင္ျဖစ္တဲ့ Scientific Reports မွာ ေဖာ္ျပခဲ့ပါတယ္။

 ဒီသုေတသရလဒ္ တင္ျပမႈအေပၚ Kaiser Permanente သုေတသီေခါင္းေဆာင္ ေဒါက္တာ ဒီကြန္းလီက ယခုေလ့လာမႈကေန ကိုယ္ဝန္သည္အမ်ိဳးသမီးမ်ားအပါအဝင္ လူသားအားလံုး က်န္းမာေရးအေပၚ ျဖစ္ႏိုင္ေျခရိွတဲ့ ပတ္ဝန္းက်င္ရဲ့ ရိုက္ခတ္မႈမ်ားကို ထပ္တိုးေလ့လာဖို ့ႏႈိးေဆာ္ႏိုင္မယ္လို ့ေမွ်ာ္လင့္တယ္လို ့ဆိုပါတယ္။ ယခုေလ့လာမႈအရ သံလိုက္စက္ကြင္းေရာင္ျခည္ဟာ လူ ့ဇီဝပိုင္းဆိုင္ရာေပၚ ထိခိုက္လာေနျပီဆိုတာကလည္း သတိျပဳစရာ ျဖစ္လာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအအနေနဲ့မိုဘိုင်းဖုန်းတွေ ၊ ဝိုင်ဖိုင်လှိုင်းတွေနဲ့ထိတွေ့မှု မြင့်လေလေ ကိုယ်ဝန်ပျက်ကျဖို့၅၀% အန္တရာယ်ပိုများတယ်လို့ကျန်းမာရေးသုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။

 ကယ်လီဖိုးနီးယားပြည်နယ် အုတ်ကလန်ရှိ ကျန်းမာရေးသုတေသနအဖွဲ့အစည်း Kaiser Permanente ဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးပေါင်း ၉၁၃ ယောက်ကို သုံးသပ်လေ့လာခဲ့ကြတာကနေ ဒီအစီရင်ခံစာ တက်လာတာပါ။ အစီရင်ခံစာအရ ဓါတ်အားလိုင်းများနဲ့ဆက်သွယ်ရေးဆဲလ်တာဝါတိုင်တွေက ထုတ်လွှင့်တဲ့ သံလိုက်စက်ကွင်းရောင်ခြည်ဟာ ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိတယ်လို့ဆိုပါတယ်။ သံလိုက်စက်ကွင်းရောင်ခြည်တွေကို နေ့စဉ်သုံးနေတဲ့ စမတ်ဖုန်းတွေကနေလည်း ဒီမိုဘိုင်းအချက်ပြလှိုင်းတွေ ထုတ်လွှင့်နိုင်တာ ဖြစ်လို့ဝိုင်ဖိုင် အချက်ပြလှိုင်းနဲ့စမတ်ဖုန်းတွေဟာ ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်တစ်ခုလို့ဆိုနိုင်ပါတယ်။

Kaiser Permanente သုတေသနလေ့လာမှုမှာတော့ ကိုယ်ဝန်သည် ၉၁၃ ဦးလုံးမှာ သံလိုက်စက်ကွင်းရောင်ခြည် ထိတွေ့မှုကို တိုင်းတာနိုင်တဲ့ အထူးမီတာတစ်ခု တပ်ဆင်ပေးထားပြီး လေ့လာခဲ့တာပါ။ ရလဒ်ကတော့ ဒီထဲက ဓါတ်ရောင်ခြည်လှိုင်း ထိတွေ့မှု အမြင့်ဆုံး ကိုယ်ဝန်သည်အမျိုးသမီးဟာ ရောင်ခြည်အနိမ့်ဆုံးပမာဏနဲ့ထိတွေ့ခံ ကိုယ်ဝန်ဆောင်တစ်ဦးနဲ့စာရင် သားပျက်သားလျှောဖို့၄၈% ပိုပြီး ဖြစ်နိုင်ခြေရှိနေတယ်လို့တွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုရလဒ်ကို သိပ္ပံဂျာနယ်တစ်စောင်ဖြစ်တဲ့ Scientific Reports မှာ ဖော်ပြခဲ့ပါတယ်။

 ဒီသုတေသရလဒ် တင်ပြမှုအပေါ် Kaiser Permanente သုတေသီခေါင်းဆောင် ဒေါက်တာ ဒီကွန်းလီက ယခုလေ့လာမှုကနေ ကိုယ်ဝန်သည်အမျိုးသမီးများအပါအဝင် လူသားအားလုံး ကျန်းမာရေးအပေါ် ဖြစ်နိုင်ခြေရှိတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုများကို ထပ်တိုးလေ့လာဖို့နှိုးဆော်နိုင်မယ်လို့မျှော်လင့်တယ်လို့ဆိုပါတယ်။ ယခုလေ့လာမှုအရ သံလိုက်စက်ကွင်းရောင်ခြည်ဟာ လူ့ဇီဝပိုင်းဆိုင်ရာပေါ် ထိခိုက်လာနေပြီဆိုတာကလည်း သတိပြုစရာ ဖြစ်လာပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top