ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အျမင္အာ႐ံုကို ထိခုိက္ႏုိင္တဲ့ ျဖစ္ေလ့ျဖစ္ထ အမ်ားဆံုးအေျခအေနမ်ားကို ဘယ္လုိကာကြယ္ရမလဲဆုိတဲ့ နည္းလမ္းအခ်ိဳ႕ကို တင္ဆက္ေပးလိုက္ပါတယ္။

(1) အတြင္းတိမ္မျဖစ္ေအာင္ ကာကြယ္ရန္ နည္းလမ္းမ်ား


- ခရမ္းလြန္ေရာင္ျခည္ A ႏွင့္ B ကို ကာကြယ္ႏုိင္တဲ့ ေနကာမ်က္မွန္မ်ားကို ၀တ္ဆင္ပါ။

- ေဆးလိပ္ေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ။

- ေသြးေပါင္ခ်ိန္ကုိ ထိန္းညိႇျခင္း၊ ကုိယ္အေလးခ်ိန္ ထိန္းသိမ္းျခင္းနဲ႔ ဆီးခ်ိဳေရာဂါကို ေကာင္းစြာကုသမႈ ခံယူျခင္းတုိ႔ ျပဳလုပ္ရန္လည္း အေရးႀကီးပါတယ္။

(2) ဆီးခ်ိဳေရာဂါေၾကာင့္ အျမင္အာ႐ံုခံလႊာ ယုိယြင္းပ်က္စီးျခင္းမျဖစ္ေအာင္
ကာကြယ္ရန္ နည္းလမ္းမ်ား

- အျမင္အာ႐ံု ခ်ိဳ႕ယြင္းျခင္းမွ ကာကြယ္ရန္ႏွင့္ ဆီးခ်ိဳေရာဂါေၾကာင့္ျဖစ္တဲ့ အျမင္လႊာပ်က္စီးျခင္းကို ေႏွးေကြးေစရန္ တစ္ႏွစ္တစ္ခါ ပံုမွန္မ်က္စိ စစ္ေဆး၍ ကုသမႈခံယူသင့္ပါတယ္။

- ေသြးတြင္းသၾကားဓာတ္ႏွင့္ ေသြးေပါင္ခ်ိန္ကို ပံုမွန္ျဖစ္ေအာင္ ထိန္းသိမ္းျခင္းကလည္း အေရးႀကီးတဲ့ အခ်က္တစ္ခု ျဖစ္ပါတယ္။

(3) မ်က္စိအျမင္အာ႐ံုကုိ စုစည္းထားေသာေနရာ ပ်က္စီးျခင္းမျဖစ္ေအာင္ ကာကြယ္ရန္ နည္းလမ္းမ်ား

- ေဆးလိပ္ေသာက္ျခင္းဟာ အျမင္အာ႐ံု စုစည္းထားတဲ့ေနရာ ပ်က္စီးျခင္းကို ႏွစ္ဆ ပိုဆုိးေစႏုိင္တာေၾကာင့္ ေရွာင္ၾကဥ္သင့္ပါတယ္။

- ပံုမွန္ေလ့က်င့္ခန္း ျပဳလုပ္ျခင္း၊ ေသြးေပါင္ခ်ိန္ ထိန္းညိႇျခင္း၊ ေသြးတြင္းအဆီဓာတ္ မတက္ေအာင္ ထိန္းသိမ္းျခင္းတုိ႔ကို ျပဳလုပ္ဖုိ႔ လုိအပ္ပါတယ္။

- အစိမ္းေရာင္ရွိေသာ ဟင္းသီးဟင္းရြက္မ်ားနဲ႔ ငါးတုိ႔ကို ပိုစားေပးဖို႔လည္း လိုအပ္ပါတယ္။

(4) ေရတိမ္မျဖစ္ေအာင္ ကာကြယ္ရန္ နည္းလမ္းမ်ား

- အျမင္အာ႐ံုဆံုး႐ံႈးမႈမွ ကာကြယ္ရန္ မ်က္စိအတြင္း၌ ဖိအားမမ်ားေနေစဖို႔ မ်က္စိအထူးကုဆရာ၀န္ထံမွ အႀကံဉာဏ္ ရယူသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Thinzar Wynn (Dr Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #

 အမြင်အာရုံကို ထိခိုက်နိုင်တဲ့ ဖြစ်လေ့ဖြစ်ထ အများဆုံးအခြေအနေများကို ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းအချို့ကို တင်ဆက်ပေးလိုက်ပါတယ်။

(1) အတွင်းတိမ်မဖြစ်အောင် ကာကွယ်ရန် နည်းလမ်းများ


- ခရမ်းလွန်ရောင်ခြည် A နှင့် B ကို ကာကွယ်နိုင်တဲ့ နေကာမျက်မှန်များကို ဝတ်ဆင်ပါ။

- ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

- သွေးပေါင်ချိန်ကို ထိန်းညှိခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းနဲ့ ဆီးချိုရောဂါကို ကောင်းစွာကုသမှု ခံယူခြင်းတို့ ပြုလုပ်ရန်လည်း အရေးကြီးပါတယ်။

(2) ဆီးချိုရောဂါကြောင့် အမြင်အာရုံခံလွှာ ယိုယွင်းပျက်စီးခြင်းမဖြစ်အောင်
ကာကွယ်ရန် နည်းလမ်းများ

- အမြင်အာရုံ ချို့ယွင်းခြင်းမှ ကာကွယ်ရန်နှင့် ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ အမြင်လွှာပျက်စီးခြင်းကို နှေးကွေးစေရန် တစ်နှစ်တစ်ခါ ပုံမှန်မျက်စိ စစ်ဆေး၍ ကုသမှုခံယူသင့်ပါတယ်။

- သွေးတွင်းသကြားဓာတ်နှင့် သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းခြင်းကလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

(3) မျက်စိအမြင်အာရုံကို စုစည်းထားသောနေရာ ပျက်စီးခြင်းမဖြစ်အောင် ကာကွယ်ရန် နည်းလမ်းများ

- ဆေးလိပ်သောက်ခြင်းဟာ အမြင်အာရုံ စုစည်းထားတဲ့နေရာ ပျက်စီးခြင်းကို နှစ်ဆ ပိုဆိုးစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

- ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ သွေးပေါင်ချိန် ထိန်းညှိခြင်း၊ သွေးတွင်းအဆီဓာတ် မတက်အောင် ထိန်းသိမ်းခြင်းတို့ကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။

- အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များနဲ့ ငါးတို့ကို ပိုစားပေးဖို့လည်း လိုအပ်ပါတယ်။

(4) ရေတိမ်မဖြစ်အောင် ကာကွယ်ရန် နည်းလမ်းများ

- အမြင်အာရုံဆုံးရှုံးမှုမှ ကာကွယ်ရန် မျက်စိအတွင်း၌ ဖိအားမများနေစေဖို့ မျက်စိအထူးကုဆရာဝန်ထံမှ အကြံဉာဏ် ရယူသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Thinzar Wynn (Dr Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top