ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

Kelly ဟာ လက္ထပ္ခါနီး နာရီပုိင္းအနည္းငယ္မွာ သူမရဲ႕အမူရာေတြတစ္မ်ဳိးေျပာင္းလဲသြားခဲ့တယ္။ သူမနားထဲမွာကုတ္ျခစ္တဲ့အသံေတြၾကားေနရတယ္..ေခါင္းေတြလည္းအရမ္းကိုက္တယ္လို႔သူမေအာ္ေျပာလာပါတယ္။ တစ္ခါတစ္ေလ ေသြးေလေခ်ာက္ခ်ားရင္ ဒီလိုျဖစ္တတ္ေပမယ့္
သူမက ကၽြန္မ႐ူးေတာ့မွာလားမသိဘူးဆိုျပီး ငုိယိုကာေျပာပါတယ္။ ခ်က္ခ်င္းပဲ သူမကိုေဆး႐ံုပို႔လုိက္တဲ့အခါ ျခင္ကိုက္ရာကေန ျဖစ္လာတဲ့ပိုးမႊားက နားထဲကူးစက္ေနတာလို႔ ဆရာဝန္ကေျပာပါတယ္။ ဒါေပမယ့္ Kelly ကိုစစ္ေဆးၾကည့္ေတာ့ သူတို႔ ထိတ္လန္႔စရာေကာင္းတဲ့အရာတစ္ခုကိုစစ္ေဆးေတြ႔႐ွိခဲ့တယ္။

ေဒါက္တာ Edward Panacekက သူမေခါင္းထဲထိ ေသေသခ်ာခ်ာစစ္ေဆးျပီးတဲ့အခါ
”ကၽြန္ေတာ္ သံသယျဖစ္ေနတာေသခ်ာျပီ ”လို႔ေျပာပါတယ္။ Kelly ႐ူးေနတာမဟုတ္ပါဘူး။ သူမရဲ႕ဦးေခါင္းခံြအေရျပားမွာျဖစ္ေနတဲ့ဒဏ္ရာအတြင္းမွာပိုးမႊားတစ္ေကာင္႐ွိေနတာပါ။
တကယ္ေတာ့ Costa Rica မွာ ဘန္ခ်လာပါတီလုပ္ေနတုန္း Kelly ျခင္ကိုက္ခံလိုက္ရတာျဖစ္ပါတယ္။ ေရာဂါပိုးေပါင္းမ်ားစြာပါဝင္တဲ့ျခင္ကုိက္ျခင္းခံလိုက္ရေတာ့ ဒဏ္ရာျဖစ္ျပီး အတြင္းမွာပိုးေတြပြားေနတာျဖစ္ပါတယ္။

လူအမ်ားေျပာၾကားခ်က္အရ ဒီလိုမ်ဳိးျဖစ္တာ ပထမဆံုးမဟုတ္ေတာ့ပါဘူး။ ျဗိတိန္ အမ်ဳိးသမီးတစ္ေယာက္လည္း Kelly လိုတူညီတဲ့အျဖစ္ပ်က္မ်ိဳးကို ခံစားခဲ့ဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
Kelly ဟာ လက်ထပ်ခါနီး နာရီပိုင်းအနည်းငယ်မှာ သူမရဲ့အမူရာတွေတစ်မျိုးပြောင်းလဲသွားခဲ့တယ်။ သူမနားထဲမှာ ကုတ်ခြစ်တဲ့အသံတွေကြားနေရတယ်..ခေါင်းတွေလည်းအရမ်းကိုက်တယ်လို့သူမအော်ပြောလာပါတယ်။ တစ်ခါတစ်လေ သွေးလေချောက်ချားရင် ဒီလိုဖြစ်တတ်ပေမယ့်

သူမက ကျွန်မရူးတော့မှာလားမသိဘူးဆိုပြီး ငိုယိုကာပြောပါတယ်။ ချက်ချင်းပဲ သူမကိုဆေးရုံပို့လိုက်တဲ့အခါ ခြင်ကိုက်ရာကနေ ဖြစ်လာတဲ့ပိုးမွှားက နားထဲကူးစက်နေတာလို့ ဆရာဝန်ကပြောပါတယ်။ ဒါပေမယ့် Kelly ကိုစစ်ဆေးကြည့်တော့ သူတို့ ထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုကိုစစ်ဆေးတွေ့ရှိခဲ့တယ်။

ဒေါက်တာ Edward Panacekက သူမခေါင်းထဲထိ သေသေချာချာစစ်ဆေးပြီးတဲ့အခါ

”ကျွန်တော် သံသယဖြစ်နေတာသေချာပြီ ”လို့ပြောပါတယ်။ Kelly ရူးနေတာမဟုတ်ပါဘူး။ သူမရဲ့ဦးခေါင်းခွံအရေပြားမှာဖြစ်နေတဲ့ဒဏ်ရာအတွင်းမှာပိုးမွှားတစ်ကောင်ရှိနေတာပါ။

တကယ်တော့ Costa Rica မှာ ဘန်ချလာပါတီလုပ်နေတုန်း Kelly ခြင်ကိုက်ခံလိုက်ရတာဖြစ်ပါတယ်။ ရောဂါပိုးပေါင်းများစွာပါဝင်တဲ့ခြင်ကိုက်ခြင်းခံလိုက်ရတော့ ဒဏ်ရာဖြစ်ပြီး အတွင်းမှာပိုးတွေပွားနေတာဖြစ်ပါတယ်။

လူအများပြောကြားချက်အရ ဒီလိုမျိုးဖြစ်တာ ပထမဆုံးမဟုတ်တော့ပါဘူး။ ဗြိတိန် အမျိုးသမီးတစ်ယောက်လည်း Kelly လိုတူညီတဲ့အဖြစ်ပျက်မျိုးကို ခံစားခဲ့ဖူးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top