×

အလွဴသြားမည့္သူမ်ား ပါသည့္ ကားတစ္စီးေမာ္လၿမိဳင္- ဘားအံလမ္းမႀကီးေပၚတြင္ အရွိန္ လြန္တိမ္းေမွာက္သျဖင့္ သံဃာ ေလးပါးအပါအ၀င္ ၁၀ ဦးဒဏ္ရာ ရရွိေၾကာင္း ယာဥ္တိမ္းေမွာက္မႈကို သြားေရာက္ကူညီခဲ့သည့္ အမ်ဳိးသားတစ္ဦးက ေျပာသည္။

ေမာ္လၿမိဳင္ဘက္မွ ဘားအံ ဘက္သို႔ ေမာင္းႏွင္လာသည့္ မစ္ ဆူဘီရွီပစ္ကပ္အမ်ဳိးအစားကိုယ္ ပိုင္ယာဥ္သည္ ဒီဇင္ဘာ ၃ ရက္ နံနက္ ၆ နာရီခန္႔က လမ္းေလွ်ာက္ေနသည့္ အမ်ဳိးသားတစ္ဦးကို တိုက္မိၿပီး တိမ္းေမွာက္ခဲ့ျခင္း ျဖစ္ေၾကာင္း ၎က ဆက္လက္ရွင္းျပသည္။

‘‘အဲဒီနားက ခ်ဳိင့္နဲ႔ လိႈင္းေတြ ရွိတယ္။ အရွိန္ကလည္း မ်ားေန ေတာ့ စလစ္ျဖစ္ၿပီး၊ လမ္းေဘးက လူကိုတိုက္မိၿပီးေမွာက္သြားတာ။ တာယာလည္းကြဲသြားတယ္။ သူတို႔က ခရားေက်းရြာမွာ အလွဴလုပ္ဖို႔ သြားၾကရင္းျဖစ္တာ။ ဒဏ္ရာရတဲ့ သူေတြကိုေတာ့ ေမာ္လၿမိဳင္ေဆး႐ုံကို ပို႔ထားတယ္’’ဟု အဆိုပါအမ်ဳိးသားက ေျပာသည္။

ယာဥ္တိုက္ခံရေသာ အမ်ဳိး သားလည္း ဒဏ္ရာရရွိခဲ့သည္။ ယာဥ္ေပၚတြင္ပါ၀င္ေသာ သံဃာ ေလးပါး၊ အမ်ဳိးသားေလးဦးႏွင့္ အမ်ဳိးသမီး တစ္ဦးတို႔ ဒဏ္ရာရရွိ ၿပီး အသက္အႏၲရာယ္မစိုးရိမ္ရ ေၾကာင္း နယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္း ဦးလွျမင့္ကို သရနာနယ္ေျမရဲစခန္းက ယာဥ္မဆင္မျခင္ေမာင္းႏွင္မႈပုဒ္မ ၂၇၉ အျပင္ အျခားသူ၏ အသက္ကို ေဘးျဖစ္ေစေသာ နာက်င္ေစမႈပုဒ္မ ၃၃၇၊ အျခားသူ၏ အသက္ကို ေဘးျဖစ္ေစေသာအျပင္းအထန္နာက်င္ေစမႈပုဒ္မ ၃၃၈ ျဖင့္ အမႈဖြင့္အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


အလှူသွားမည့်သူများ ပါသည့် ကားတစ်စီးမော်လမြိုင်- ဘားအံလမ်းမကြီးပေါ်တွင် အရှိန် လွန်တိမ်းမှောက်သဖြင့် သံဃာ လေးပါးအပါအဝင် ၁၀ ဦးဒဏ်ရာ ရရှိကြောင်း ယာဉ်တိမ်းမှောက်မှုကို သွားရောက်ကူညီခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

မော်လမြိုင်ဘက်မှ ဘားအံ ဘက်သို့ မောင်းနှင်လာသည့် မစ် ဆူဘီရှီပစ်ကပ်အမျိုးအစားကိုယ် ပိုင်ယာဉ်သည် ဒီဇင်ဘာ ၃ ရက် နံနက် ၆ နာရီခန့်က လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးကို တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

‘‘အဲဒီနားက ချိုင့်နဲ့ လှိုင်းတွေ ရှိတယ်။ အရှိန်ကလည်း များနေ တော့ စလစ်ဖြစ်ပြီး၊ လမ်းဘေးက လူကိုတိုက်မိပြီးမှောက်သွားတာ။ တာယာလည်းကွဲသွားတယ်။ သူတို့က ခရားကျေးရွာမှာ အလှူလုပ်ဖို့ သွားကြရင်းဖြစ်တာ။ ဒဏ်ရာရတဲ့ သူတွေကိုတော့ မော်လမြိုင်ဆေးရုံကို ပို့ထားတယ်’’ဟု အဆိုပါအမျိုးသားက ပြောသည်။

ယာဉ်တိုက်ခံရသော အမျိုး သားလည်း ဒဏ်ရာရရှိခဲ့သည်။ ယာဉ်ပေါ်တွင်ပါဝင်သော သံဃာ လေးပါး၊ အမျိုးသားလေးဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရရှိ ပြီး အသက်အန္တရာယ်မစိုးရိမ်ရ ကြောင်း နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးလှမြင့်ကို သရနာနယ်မြေရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်မှုပုဒ်မ ၂၇၉ အပြင် အခြားသူ၏ အသက်ကို ဘေးဖြစ်စေသော နာကျင်စေမှုပုဒ်မ ၃၃၇၊ အခြားသူ၏ အသက်ကို ဘေးဖြစ်စေသောအပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top