ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဒီဇင္ဘာလ ၇ရက္ေန႕မနက္ ၇နာရီအခိိ်န္ခန္႕တြင္ပဲခူးျမိဳ႕နယ္ထန္းေတာႀကီးရဲစခန္းအပိုင္ပဲခူးရိုးမ အတြင္းႀကိမ္မာန္ေခ်ာင္းေဘးအနီး သစ္ဝါးခုတ္သည့္ တဲတလံုးတြင္လူသတ္မႈျဖစ္ပြားေႀကာင္း သတင္းရရွိသျဖင့္ ထန္းေတာႀကီးနယ္ေျမစခန္းမွရဲအုပ္ေအာင္ေက်ာ္ဦးနွင့္တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားနွင့္အတူသြားေရာက္စစ္ေဆးရာ ပဲခူးျမိဳ႕နယ္ သံစို႕ပင္ေက်းရြာအုပ္စု မုတ္ရွစ္ဝေက်းရြာေနသူ ေအာင္ပု အသက္၃၈နွစ္(ဘ)ဦးထြန္းေမာင္ ထင္းခုတ္ဝါးခုတ္ လုပ္ကိုင္သူသည္ တဲအတြင္းပက္လက္အေနအထားျဖင့္ မ်က္နွာတြင္ ဝဲယာျပတ္ရွဒဏ္ရာ ဦေခါင္းေနာက့္ေစ့ျပတ္ရွ ေပါက္ျပဲ ဒဏ္ရာ ယာလက္ျပင္ျပတ္ရွဒဏ္ရာ ဆီးခံုျပတ္ရွဒဏ္ရာ(၃)ခ်က္ ယာဘက္တင္ပါးျပတ္ရွဒဏ္ရာမ်ားျဖင့္သဆံုးေနေႀကာင္းစစ္ေဆး ေတြ႕ရွိရသျဖင့္ ရဲေဆးစာနွင့္အတူ ဘုရားႀကီးျမိဳ႕ေဆးရံုသို႕တင္ပို႕ေပးခဲ႕သည္။

ထန္းေတာႀကီးနယ္ေျမစခန္းမႈးရဲအုပ္ေအာင္ေက်ာ္ဦးမွအမႈအား အခ်ိန္နွင့္တေျပးညီစံုစမ္းေဖာ္ထုတ္ခဲ႕ရာဒီဇင္ဘာလ ၆ရက္ေန႔တြင္ေသဆံုးသူေအာင္ပုနွင့္တရြာတည္းေန ေမာင္ေထြးအသက္၃၉နွစ္(ဘ)ဦးလွတင္နွင့္အတူသံစို႔ ပင္ မဂၤလာေဆာင္သို႕အတူသြားေရာက္ခဲ႕ျပီးဝါးခုတ္တဲသို႕ညေန၃နာရီအခ်ိန္ျပန္လည္ေရာက္ရွိကာ နွစ္ဦးအတူ အရက္ေသစာေသာက္စားရာမွရန္ျဖစ္ႀကျပီးည၆နာရီအခ်ိန္တြင္ေမာင္ေထြးမွတဲအတြင္းအသင့္ရွိသည့္ လုပ္ငန္းသံုး ထင္းခုတ္ဒါး အရိုးအသြား(၁၂)လက္မဗ်က္ ၂လက္မရွိေသာဒါးနွင့္ သစ္သားလက္ကိုင္ရိုးတတ္ ဗ်က္ ၃လက္မရွိေသာ ပုဆိန္တို႕ျဖင့္ ေအာင္ပုအား ခုတ္ပိုင္းသတ္ ျဖတ္ေႀကာင္း စစ္ေဆးေပၚေပါက္ျပီး လူသတ္မႈက်ဴးလြန္သူေမာင္ေထြးအားဒီဇင္ဘာလ၇ရက္ေန႔မနက္ ၇နာရီတြင္လက္ရဖမ္းဆီးရမိသျဖင့္ အခင္းျဖစ္ေနရာအား ေျမပံုႀကမ္းေရးဆြဲျခင္း၊အေလာင္းအားစစ္ေဆးျခင္း၊သက္ေသခံဒါးနွင့္ပုဆိန္တို႕အားသိမ္းဆည္းျခင္း ဓါတ္ပံုမွတ္တမ္းတင္ျခင္းမ်ားအားေဆာင္ရြက္ျပီး ေသဆံုးသူေအာင္ပု၏ အကို နိုင္နိုင္အသက္၄၀နွစ္(ဘ)ဦးထြန္းေမာင္မွ တရားလိုျပဳလုပ္တိုင္တန္းေသာေႀကာင့္ ထန္းေတာႀကီးနယ္ေျမရဲစခန္းမွ(ပ)၇၈/၂၀၁၇ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္အေရးယူလ်ွက္ရွိသည္ဟုသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  လိႈင္းထက္
မႈခင္းရႈေထာင့္မီဒီယာ

# Unicode Version ျဖင့္ ဖတ္ပါ #

ဒီဇင်ဘာလ ၇ရက်နေ့မနက် ၇နာရီအခိျိန်ခန့်တွင်ပဲခူးမြို့နယ်ထန်းတောကြီးရဲစခန်းအပိုင်ပဲခူးရိုးမ အတွင်းကြိမ်မာန်ချောင်းဘေးအနီး သစ်ဝါးခုတ်သည့် တဲတလုံးတွင်လူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ထန်းတောကြီးနယ်မြေစခန်းမှရဲအုပ်အောင်ကျော်ဦးနှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာ ပဲခူးမြို့နယ် သံစို့ပင်ကျေးရွာအုပ်စု မုတ်ရှစ်ဝကျေးရွာနေသူ အောင်ပု အသက်၃၈နှစ်(ဘ)ဦးထွန်းမောင် ထင်းခုတ်ဝါးခုတ် လုပ်ကိုင်သူသည် တဲအတွင်းပက်လက်အနေအထားဖြင့် မျက်နှာတွင် ဝဲယာပြတ်ရှဒဏ်ရာ ဦခေါင်းနောက့်စေ့ပြတ်ရှ ပေါက်ပြဲ ဒဏ်ရာ ယာလက်ပြင်ပြတ်ရှဒဏ်ရာ ဆီးခုံပြတ်ရှဒဏ်ရာ(၃)ချက် ယာဘက်တင်ပါးပြတ်ရှဒဏ်ရာများဖြင့်သဆုံးနေကြောင်းစစ်ဆေး တွေ့ရှိရသဖြင့် ရဲဆေးစာနှင့်အတူ ဘုရားကြီးမြို့ဆေးရုံသို့တင်ပို့ပေးခဲ့သည်။

ထန်းတောကြီးနယ်မြေစခန်းမှုးရဲအုပ်အောင်ကျော်ဦးမှအမှုအား အချိန်နှင့်တပြေးညီစုံစမ်းဖော်ထုတ်ခဲ့ရာဒီဇင်ဘာလ ၆ရက်နေ့တွင်သေဆုံးသူအောင်ပုနှင့်တရွာတည်းနေ မောင်ထွေးအသက်၃၉နှစ်(ဘ)ဦးလှတင်နှင့်အတူသံစို့ ပင် မင်္ဂလာဆောင်သို့အတူသွားရောက်ခဲ့ပြီးဝါးခုတ်တဲသို့ညနေ၃နာရီအချိန်ပြန်လည်ရောက်ရှိကာ နှစ်ဦးအတူ အရက်သေစာသောက်စားရာမှရန်ဖြစ်ကြပြီးည၆နာရီအချိန်တွင်မောင်ထွေးမှတဲအတွင်းအသင့်ရှိသည့် လုပ်ငန်းသုံး ထင်းခုတ်ဒါး အရိုးအသွား(၁၂)လက်မဗျက် ၂လက်မရှိသောဒါးနှင့် သစ်သားလက်ကိုင်ရိုးတတ် ဗျက် ၃လက်မရှိသော ပုဆိန်တို့ဖြင့် အောင်ပုအား ခုတ်ပိုင်းသတ် ဖြတ်ကြောင်း စစ်ဆေးပေါ်ပေါက်ပြီး လူသတ်မှုကျူးလွန်သူမောင်ထွေးအားဒီဇင်ဘာလ၇ရက်နေ့မနက် ၇နာရီတွင်လက်ရဖမ်းဆီးရမိသဖြင့် အခင်းဖြစ်နေရာအား မြေပုံကြမ်းရေးဆွဲခြင်း၊အလောင်းအားစစ်ဆေးခြင်း၊သက်သေခံဒါးနှင့်ပုဆိန်တို့အားသိမ်းဆည်းခြင်း ဓါတ်ပုံမှတ်တမ်းတင်ခြင်းများအားဆောင်ရွက်ပြီး သေဆုံးသူအောင်ပု၏ အကို နိုင်နိုင်အသက်၄၀နှစ်(ဘ)ဦးထွန်းမောင်မှ တရားလိုပြုလုပ်တိုင်တန်းသောကြောင့် ထန်းတောကြီးနယ်မြေရဲစခန်းမှ(ပ)၇၈/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူလျှက်ရှိသည်ဟုသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  လှိုင်းထက်
မှုခင်းရှုထောင့်မီဒီယာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top