န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အရြယ္တင္ေစတဲ့ ပစၥည္း ၇ မ်ိဳးအိုမင္းျခင္းဆိုတာ လူတိုင္းေတြ႔ၾကံဳရမယ့္သဘာ၀တရားပါ။ အႏၱရာယ္ရွိတဲ့ေရာဂါမဟုတ္ေပမယ့္ ျပင္ပလႈပ္ရွားမႈနဲ႔ရုပ္ရည္သြင္ျပင္ကို သက္ေရာက္မႈရွိပါတယ္။ အခ်ိန္ရဲ႕အက်ိဳးသက္ေရာက္မႈေၾကာင့္သာမက အိုမင္းျခင္းဟာ က်န္းမာေရးကိုထိခိုက္ေစတဲ့ေနထိုင္မႈပံုစံနဲ႔ သၾကားအလြန္အမင္းသံုးစြဲျခင္းေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ အိုမင္းျခင္းကိုေႏွာင့္ေႏွးေစႏိုင္မယ့္  ဓာတ္ပစၥည္းအနည္းငယ္ရွိပါတယ္။
၁။ ဗီတာမင္ဘီအုပ္စု

ဗီတာမင္ဘီကို skin careေတြမွာ အမ်ားအျပားအသံုးျပဳပါတယ္။ အိုမင္းရင့္ေရာ္ျခင္းကို အကာအကြယ္ေပးျပီး အစားအစာကေန စြမ္းအင္ကိုေျပာင္းလဲေပးျခင္းျဖင့္ ခႏၱာကိုယ္ရဲ႕အေရးၾကီးတဲ့လုပ္ေဆာင္ခ်က္ေတြကို ေထာက္ပံ့ေပးပါတယ္။ အသားအရည္အတြက္ ေရဓာတ္ထိန္းသိမ္းေပးျပီး ပ်က္စီးသြားတဲ့အသားအရည္ကိုလည္း ကုသေပးပါတယ္။ NIA အရ က်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္ျပီး အသားအရည္ကိုတင္းရင္းေစပါတယ္။ ဒါေၾကာင့္ ဗီတာမင္ဘီအုပ္စုပါ၀င္တဲ့ ထုတ္ကုန္ေတြကိုေရြးခ်ယ္သင့္ပါတယ္။
၂။ ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိ

ဒီဓာတ္ဟာအိုမင္းျခင္းကို ဆန္႔က်င္တဲ့ပစၥည္းေတြေပါင္းစပ္ထားတာျဖစ္ပါတယ္။ ဒါေတြကေတာ့ ဗီတာမင္ေအ၊ စီနဲ႔ အီး၊ glytathione၊ ဆယ္လီနီယမ္၊ လက္ဖက္စိမ္းအႏွစ္၊ ပဲပိစပ္အႏွစ္၊ စပ်စ္ေစ့အနွစ္၊ သလဲသီးအႏွစ္၊ superoxide၊ dismutase၊ b tecarotene ဓာတ္ေတြပဲျဖစ္ပါတယ္။ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြပါ၀င္တဲ့ skin careေတြဟာ စိတ္ဖိအားက်ဆင္းေစျပီး အေရျပားနီျမန္းျခင္းကိုလည္း သက္သာေစပါတယ္။ အသားအရည္ကိုေကာင္းမြန္ေစျပီး ေန႔စဥ္ပတ္၀န္းက်င္ရဲ႕သက္ေရာက္မႈေတြကေန ကာကြယ္ေပးပါတယ္။
၃။ အကူအင္ဇိုင္းဓာတ္ Q.10

ဒါကေတာ့ ငယ္ရြယ္ႏုပ်ိဳတဲ့အသားအရည္ကိုဖန္တီးရာမွာ အလြန္အစြမ္းထက္ျပီး အက်ိဳးအရမ္းရွိပါတယ္။ အသားအရည္အတြက္ အကူအင္ဇိုင္းQ.10ရဲ႕ အေထာက္အပ့ံဟာ တစ္ရႈးရဲ႕collagenကို အေရျပားထဲထိန္းသိမ္းထားေပးႏိုင္ပါတယ္။
၄။ Peptide

သူကေတာ့ ပရိုတင္းဓာတ္ကိုတည္ေဆာက္ရာမွာပါ၀င္တဲ့ အမိုင္ႏိုအက္ဆစ္ျဒပ္ေပါင္းျဖစ္ျပီး collagenပမာဏကို တိုးပြားလာေစပါတယ္။ ဒါ့ေၾကာင့္ သူဟာအိုမင္းျခင္းကိုကာကြယ္တဲ့ပစၥည္းေတြထဲ မပါမျဖစ္ပါ၀င္လာျပီး က်န္းမာတဲ့အေရျပားအသစ္ကို ျဖစ္ေပၚေစပါတယ္။
၅။ ငါးၾကီးဆီ

Omega 3 နဲ႔ Fatty acidပါ၀င္မႈျမင့္မားတာေၾကာင့္ ငါးၾကီးဆီဟာ ႏွလံုးက်န္းမာေရးအတြက္သာမက ၾကြက္သားက်န္းမာေရးအတြက္ပါ ေကာင္းပါတယ္။ အဆစ္ေရာင္ျခင္း၊ အရိုးအဆစ္နာက်င္ျခင္း၊ နာတာရွည္အေရျပားေရာဂါကိုလည္းေကာင္း ကုသေပးႏိုင္ပါတယ္။ ဒါ့အျပင္ ငါးၾကီးဆီဟာ လူၾကီးေတြမွာျဖစ္ေလ့ရွိတဲ့ အယ္လ္ဇိုင္းမားေရာဂါျဖစ္ပြားမႈကို ေလ်ာ့ခ်ေပးႏိုင္ျပီး ဦးေႏွာက္က်န္းမာေရးကို ပံ့ပိုးေထာက္ပံ့ေပးႏိုင္ပါတယ္။
၆။ ငွက္သိုက္

ငွက္သိုက္မွာ ဓာတ္ျပဳစြမ္းအားရွိတဲ့အဆီေတြျမင့္မားစြာ ပါ၀င္တာေၾကာင့္ oxidizationျဖစ္ျပီး ဆဲလ္ေတြကိုကာကြယ္ေပးပါတယ္။ ႏွလံုးအားေကာင္းေစျပီး ကင္ဆာေရာဂါကိုတိုက္ဖ်က္ေပးပါတယ္။ ဒါ့အျပင္ သတၱဳဓာတ္နဲ႔တျခားphytochemicalေတြဟာ ငယ္ရြယ္မႈကိုဆက္လက္ထိန္းထားႏိုင္မွာပါ။
၇။ ေဟာ္မုန္းဓာတ္

ေသြးကေနတစ္ဆင့္ျဖတ္သြားတဲ့ အလင္းေတြကေန ေဟာ္မုန္းဓာတ္ေတြကိုထုတ္ပါတယ္။ သင့္ေတာ္တဲ့ဆဲလ္ေတြကို ရွာေတြ႔ရင္ ပိုမ်ားတဲ့ ပရိုတင္းေတြ အင္ဇို္င္းေတြကိုထုတ္ေပးဖို႔ ဆဲလ္ေတြကိုညႊန္ျကားပါတယ္။

Testosteroneဆိုတာ အဖိုေဟာ္မုန္းျဖစ္ျပီး အရိုးသိပ္သည္းမႈ၊ အဆီျဖန္႔ေ၀ျခင္းနဲ႔ ၾကြက္သားေတြသန္မာေအာင္ ကူညီေပးပါတယ္။ အမ်ိဳးသားေတြသာမက အမ်ိဳးသမီးေတြအတြက္လည္း သက္ဆိုင္ပါတယ္။

အိုမင္းလာတယ္လို႔ ကိုယ့္ဘာသာကိုယ္ထင္ရင္ ဆရာ၀န္နဲ႔ဆက္သြယ္ျပီး အိုမင္းျခင္းကိုကာကြယ္ႏို္င္ဖို႔ မွန္ကန္တဲ့ကုသမႈကို လုပ္ေဆာင္ပါ။ အေကာင္းဆံုးကေတာ့ သဘာ၀ကုထံုး၊ ေဆး၀ါး သို႔မဟုတ္ က်န္းမာတဲ့အားျဖည့္စာနဲ႔ေနထိုင္တဲ့ပံုစံေတြပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
အိုမင်းခြင်းဆိုတာ လူတိုင်းတွေ့ကြုံရမယ့်သဘာဝတရားပါ။ အန္တရာယ်ရှိတဲ့ရောဂါမဟုတ်ပေမယ့် ပြင်ပလှုပ်ရှားမှုနဲ့ရုပ်ရည်သွင်ပြင်ကို သက်ရောက်မှုရှိပါတယ်။ အချိန်ရဲ့အကျိုးသက်ရောက်မှုကြောင့်သာမက အိုမင်းခြင်းဟာ ကျန်းမာရေးကိုထိခိုက်စေတဲ့နေထိုင်မှုပုံစံနဲ့ သကြားအလွန်အမင်းသုံးစွဲခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိုမင်းခြင်းကိုနှောင့်နှေးစေနိုင်မယ့်  ဓာတ်ပစ္စည်းအနည်းငယ်ရှိပါတယ်။
၁။ ဗီတာမင်ဘီအုပ်စု

ဗီတာမင်ဘီကို skin careတွေမှာ အများအပြားအသုံးပြုပါတယ်။ အိုမင်းရင့်ရော်ခြင်းကို အကာအကွယ်ပေးပြီး အစားအစာကနေ စွမ်းအင်ကိုပြောင်းလဲပေးခြင်းဖြင့် ခန္တာကိုယ်ရဲ့အရေးကြီးတဲ့လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။ အသားအရည်အတွက် ရေဓာတ်ထိန်းသိမ်းပေးပြီး ပျက်စီးသွားတဲ့အသားအရည်ကိုလည်း ကုသပေးပါတယ်။ NIA အရ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပြီး အသားအရည်ကိုတင်းရင်းစေပါတယ်။ ဒါကြောင့် ဗီတာမင်ဘီအုပ်စုပါဝင်တဲ့ ထုတ်ကုန်တွေကိုရွေးချယ်သင့်ပါတယ်။
၂။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ

ဒီဓာတ်ဟာအိုမင်းခြင်းကို ဆန့်ကျင်တဲ့ပစ္စည်းတွေပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒါတွေကတော့ ဗီတာမင်အေ၊ စီနဲ့ အီး၊ glytathione၊ ဆယ်လီနီယမ်၊ လက်ဖက်စိမ်းအနှစ်၊ ပဲပိစပ်အနှစ်၊ စပျစ်စေ့အနှစ်၊ သလဲသီးအနှစ်၊ superoxide၊ dismutase၊ b tecarotene ဓာတ်တွေပဲဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့ skin careတွေဟာ စိတ်ဖိအားကျဆင်းစေပြီး အရေပြားနီမြန်းခြင်းကိုလည်း သက်သာစေပါတယ်။ အသားအရည်ကိုကောင်းမွန်စေပြီး နေ့စဉ်ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုတွေကနေ ကာကွယ်ပေးပါတယ်။
၃။ အကူအင်ဇိုင်းဓာတ် Q.10

ဒါကတော့ ငယ်ရွယ်နုပျိုတဲ့အသားအရည်ကိုဖန်တီးရာမှာ အလွန်အစွမ်းထက်ပြီး အကျိုးအရမ်းရှိပါတယ်။ အသားအရည်အတွက် အကူအင်ဇိုင်းQ.10ရဲ့ အထောက်အပံ့ဟာ တစ်ရှုးရဲ့collagenကို အရေပြားထဲထိန်းသိမ်းထားပေးနိုင်ပါတယ်။
၄။ Peptide

သူကတော့ ပရိုတင်းဓာတ်ကိုတည်ဆောက်ရာမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဒြပ်ပေါင်းဖြစ်ပြီး collagenပမာဏကို တိုးပွားလာစေပါတယ်။ ဒါ့ကြောင့် သူဟာအိုမင်းခြင်းကိုကာကွယ်တဲ့ပစ္စည်းတွေထဲ မပါမဖြစ်ပါဝင်လာပြီး ကျန်းမာတဲ့အရေပြားအသစ်ကို ဖြစ်ပေါ်စေပါတယ်။
၅။ ငါးကြီးဆီ

Omega 3 နဲ့ Fatty acidပါဝင်မှုမြင့်မားတာကြောင့် ငါးကြီးဆီဟာ နှလုံးကျန်းမာရေးအတွက်သာမက ကြွက်သားကျန်းမာရေးအတွက်ပါ ကောင်းပါတယ်။ အဆစ်ရောင်ခြင်း၊ အရိုးအဆစ်နာကျင်ခြင်း၊ နာတာရှည်အရေပြားရောဂါကိုလည်းကောင်း ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် ငါးကြီးဆီဟာ လူကြီးတွေမှာဖြစ်လေ့ရှိတဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျော့ချပေးနိုင်ပြီး ဦးနှောက်ကျန်းမာရေးကို ပံ့ပိုးထောက်ပံ့ပေးနိုင်ပါတယ်။
၆။ ငှက်သိုက်

ငှက်သိုက်မှာ ဓာတ်ပြုစွမ်းအားရှိတဲ့အဆီတွေမြင့်မားစွာ ပါဝင်တာကြောင့် oxidizationဖြစ်ပြီး ဆဲလ်တွေကိုကာကွယ်ပေးပါတယ်။ နှလုံးအားကောင်းစေပြီး ကင်ဆာရောဂါကိုတိုက်ဖျက်ပေးပါတယ်။ ဒါ့အပြင် သတ္တုဓာတ်နဲ့တခြားphytochemicalတွေဟာ ငယ်ရွယ်မှုကိုဆက်လက်ထိန်းထားနိုင်မှာပါ။
၇။ ဟော်မုန်းဓာတ်

သွေးကနေတစ်ဆင့်ဖြတ်သွားတဲ့ အလင်းတွေကနေ ဟော်မုန်းဓာတ်တွေကိုထုတ်ပါတယ်။ သင့်တော်တဲ့ဆဲလ်တွေကို ရှာတွေ့ရင် ပိုများတဲ့ ပရိုတင်းတွေ အင်ဇိုင်းတွေကိုထုတ်ပေးဖို့ ဆဲလ်တွေကိုညွှန်ကြားပါတယ်။

Testosteroneဆိုတာ အဖိုဟော်မုန်းဖြစ်ပြီး အရိုးသိပ်သည်းမှု၊ အဆီဖြန့်ဝေခြင်းနဲ့ ကြွက်သားတွေသန်မာအောင် ကူညီပေးပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေအတွက်လည်း သက်ဆိုင်ပါတယ်။

အိုမင်းလာတယ်လို့ ကိုယ့်ဘာသာကိုယ်ထင်ရင် ဆရာဝန်နဲ့ဆက်သွယ်ပြီး အိုမင်းခြင်းကိုကာကွယ်နိုင်ဖို့ မှန်ကန်တဲ့ကုသမှုကို လုပ်ဆောင်ပါ။ အကောင်းဆုံးကတော့ သဘာဝကုထုံး၊ ဆေးဝါး သို့မဟုတ် ကျန်းမာတဲ့အားဖြည့်စာနဲ့နေထိုင်တဲ့ပုံစံတွေပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top