ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အဲဒီလူနာေဆာင္ထဲ ကၽြန္မေရာက္သြားတဲ့ေန႔ကစၿပီး ကၽြန္မနဲ႔မ်က္ႏွာခ်င္းဆိုင္ကုတင္ကလင္မယားဟာ အသံတိုးတိုး တိုးတိုးနဲ႔ ရန္ျဖစ္ျငင္းခုန္ေနတာကို ကၽြန္မေတြ႔ခဲ့ရတယ္။
မယားျဖစ္သူက ျပန္ခ်င္တယ္၊ လင္ျဖစ္သူက ဆက္ေနမယ္။

နပ္စ္မရဲ႕ေျပာခ်က္အရ အဲဒီကုတင္ကအမ်ဳိးသမီးဟာ ဦးေႏွာက္အႀကိတ္ေပါက္ေရာဂါျဖစ္ေနတယ္လို႔ သိရတယ္။ ကင္ဆာျဖစ္ႏိုင္ေခ် ပိုမ်ားတယ္လို႔ ဆိုပါတယ္။

သူတို႔လင္မယားရဲ႕ ျပတ္ေတာက္ျပတ္ေတာက္ျငင္းခုန္ရန္ျဖစ္တဲ့စကားသံထဲကေန ေတာ႐ြာတစ္႐ြာေန လယ္သမားမိသားစုတစ္စုရဲ႕ပံုရိပ္က ကၽြန္မမ်က္စိေ႐ွ႕မွာ
ျဖည္းျဖည္းခ်င္း ၾကည္ၾကည္လင္လင္ျဖစ္လာခဲ့ပါတယ္။ အမ်ဳိးသမီးက ၄၆ႏွစ္ပါ။ ကေလးႏွစ္ေယာက္႐ွိၿပီး သမီးျဖစ္သူက မႏွစ္ကတကၠသိုလ္ဝင္တန္းေအာင္ထားတယ္၊ သားျဖစ္သူက အထက္တန္းတက္ေနတယ္။ လယ္ ၁၂ဧက႐ွိတယ္၊ ဝက္၆ေကာင္နဲ႔ ႏြားတစ္ေကာင္႐ွိတယ္။ ဒါဟာ သူတို႔တစ္မိသားစုလံုးရဲ႕ ပိုင္ဆိုင္သမွ်ျဖစ္ပါတယ္။

ေဆး႐ံုဝရံတာမွာ ကတ္ထည့္ၿပီးဆက္လို႔ရတဲ့ တယ္လီဖုန္းတစ္လံုး႐ွိပါတယ္။ ကၽြန္မတို႔လူနာခန္းနဲ႔ သိပ္မေဝးတဲ့ေနရာမွာ႐ွိပါတယ္။ လက္ကိုင္ဖုန္းေတြေပါမ်ားလာတဲ့အတြက္
အဲဒီကတ္ထည့္တဲ့ဖုန္းကို လူေတြသိပ္မသံုးၾကေတာ့ပါဘူး။ ေဆး႐ံုေအာက္ထပ္မွာ ဖုန္းကတ္ေရာင္းတဲ့ဆိုင္႐ွိပါတယ္။ ညေနေရာက္တိုင္း လူနာ႐ွင္အမ်ဳိးသားဟာ အဲဒီတယ္လီဖုန္းနဲ႔ ႐ြာက ေနအိမ္ဆီဖုန္းဆက္တတ္ပါတယ္။

အမ်ဳိးသားဖုန္းေျပာတဲ့အသံက အရမ္းက်ယ္ပါတယ္။ အခန္းတံခါးကို သူတကူးတကပိတ္ခဲ့တယ္ဆိုရင္ေတာင္ အခန္းထဲကေန သူ႔အသံကို ပီပီသသၾကားရပါတယ္။

ေန႔တိုင္းဖုန္းေျပာတဲ့အခါတိုင္း အမ်ဳိးသားက သူ႔သားကို ႏြားစာေကၽြးၿပီးၿပီလား၊ ဝက္စာေကၽြးၿပီးၿပီလား၊ ၿခံဝင္းေတြခတ္ထားရဲ႕လား၊ ေနာက္ေန႔မနက္ေက်ာင္းတက္ရမွာမို႔
ညဥ့္နက္တဲ့အထိ စာမၾကည့္နဲ႔လို႔ ေမးလိုက္ မွာလိုက္လုပ္တတ္ပါတယ္။ ေနာက္ဆံုးမွာ ေျပာေနက်စကားတစ္ခြန္းျဖစ္တဲ့ "နင္တို႔အေမ ဘာေရာဂါေထြေထြထူးထူးမွမျဖစ္ဘူး၊ ၃,၄ရက္ေနရင္ ငါတို႔ျပန္ခဲ့မယ္"ဆိုတဲ့စကားနဲ႔ သူအဆံုးသတ္ပါတယ္။

ေဆး႐ံုေရာက္ၿပီး ၄ရက္ေျမာက္ေန႔မွာ အမ်ဳိးသမီးရဲ႕ဦးေခါင္းကိုခဲြစိတ္ဖို႔ ေဆး႐ံုကျပင္ဆင္ပါေတာ့တယ္။ ခဲြစိတ္မယ့္မနက္မွာ အမ်ဳိးသမီးရဲ႕ကုတင္ေ႐ွ႕မွာ ေယာက္်ားတစ္ေယာက္နဲ႔မိန္းမတစ္ေယာက္ ေရာက္လာခဲ့ပါတယ္။ ၾကည့္ရတာ သူ႔အစ္ကိုနဲ႔ ညီမျဖစ္ပံုရတယ္။ အမ်ဳိးသမီးက ညီမရဲ႕လက္ကိုဆုပ္ကိုင္ထားတယ္ဆိုေပမယ့္ သူ႔မ်က္လံုးက သူ႔ေယာက္်ားရဲ႕မ်က္ႏွာကေနကို မခြာခဲ့ပါဘူး။

ေမ့ေဆးေပးခါနီးမွာ အမ်ဳိးသမီးက အမ်ဳိးသားရဲ႕လက္ေမာင္းကိုဖမ္းဆဲြၿပီး "ေယာက္်ား.. တကယ္လို႔ ခဲြစိတ္ကုတင္ေပၚကေန ငါဆင္းမလာႏိုင္ခဲ့ေတာ့ရင္ ငါ့ကို အိမ္ေနာက္က ေတာအုပ္ထဲမွာျမႇဳပ္ေပးရင္ ရၿပီ။ တျခားဘာမွလုပ္စရာမလိုဘူး.. ပိုက္ဆံအကုန္ခံေနစရာ မလိုဘူးေနာ္၊ ဒီတစ္ေခါက္ေတာ့ ငါ့စကားကို ႐ွင္နားေထာင္ေပးေနာ္" လို႔ အသံတုန္တုန္နဲ႔ ေျပာတယ္။ မ်က္ရည္ေတြ သူ႔ပါးျပင္ေပၚ ေဝါခနဲက်လာပါတယ္။

"အင္း.. ဒါကို နင္မပူပါနဲ႔"လို႔ အမ်ဳိးသားက ဆိုတယ္။

လင္းလက္တဲ့အရည္တခ်ဳိ႕ အမ်ဳိးသမီးရဲ႕ေသြးေၾကာထဲ ဝင္ေရာက္သြားတာနဲ႔ အမ်ဳိးသမီးရဲ႕မ်က္ခြံေတြ ေပ်ာ့အိက်လာပါတယ္။ အမ်ဳိးသားရဲ႕မ်က္ႏွာေပၚက ၾကြက္သားေတြ ေတာင့္တင္းလာပါတယ္။

နပ္စ္က အမ်ဳိးသမီးကို တြန္းသြားတယ္၊ အမ်ဳိးသားနဲ႔ က်န္တဲ့၂ေယာက္လည္း လိုက္သြားတယ္။

တေအာင့္ေနေတာ့ အမ်ဳိးသားကို အမ်ဳိးသမီးရဲ႕အစ္ကိုကဆဲြၿပီး ျပန္လာတယ္။ အမ်ဳိးသား ထိုင္လိုက္တယ္၊ ၿပီးေတာ့ ျပန္ထရပ္တယ္၊ ျပန္ထိုင္တယ္၊ လက္တစ္ဖက္က ကုတင္ေခါင္းေထာင့္စြန္းကို တင္းတင္းဆုပ္ကိုင္ထားတယ္။

"အစ္ကို... ျမေအးရဲ႕ခဲြစိတ္မႈေအာင္ျမင္ႏိုင္ပါတယ္ေနာ္" အမ်ဳိးသားက အမ်ဳိးသမီးရဲ႕အစ္ကိုကို စူးစိုက္ၾကည့္ၿပီး ေမးတယ္။ သူ႔မ်က္ႏွာေပၚမွာ အကူအညီမဲ့တဲ့ကေလးငယ္တစ္ေယာက္ရဲ႕အရိပ္ေတြ ထင္ဟပ္ေနပါတယ္။

"ဆရာဝန္က ဘာမွမျဖစ္ဘူးလို႔ေျပာရင္ ဘာမွမျဖစ္ဘူးေပါ့.. စိတ္ခ်စမ္းပါ" အစ္ကိုက အမ်ဳိးသားကိုႏွစ္သိမ့္လိုက္တယ္။

မိနစ္၂ဝအၾကာမွာ အမ်ဳိးသားက အခန္းအျပင္ဖက္ထြက္သြားတယ္။ တေအာင့္ေနေတာ့ အမ်ဳိးသမီးရဲ႕အစ္ကိုက ဆဲြေခၚလာျပန္တယ္။ အဲဒီလို ထသြားလိုက္ ျပန္ဆဲြေခၚလာလိုက္နဲ႔ ၅ေခါက္ ၆ေခါက္ေလာက္လုပ္ၿပီးခ်ိန္မွာ လူေတြဝန္းရံတြန္းလာတဲ့ အမ်ဳိးသမီးရဲ႕လူနာတင္ကုတင္က အခန္းထဲေရာက္လာခဲ့ပါတယ္။

အမ်ဳိးသမီးရဲ႕ေခါင္းမွာ ပတ္တီးျဖဴျဖဴစည္းထားတယ္။ မ်က္ႏွာက ေဖ်ာ့ေတာ့ျဖဴေရာ္ေနတယ္။ မ်က္လံုးက သာသာေလးမွိတ္ထားတယ္။ အိပ္ေပ်ာ္ေနတဲ့အတိုင္းပါပဲ။

အမ်ဳိးသမီးကို အေျပးအလႊားေနရာခ်ၿပီးတဲ့ေနာက္ အမ်ဳိးသားက အျပင္ကိုထြက္သြားပါတယ္။ တခဏေလာက္ေနေတာ့ လက္ထဲမွာ အထုပ္တစ္ထုပ္ဆဲြလာပါတယ္။ ခါတိုင္းဆိုရင္ မန္ထို ၃လံုးနဲ႔ တစ္နပ္ေျဖ႐ွင္းလိုက္တတ္တဲ့အမ်ဳိးသားက ဒီတစ္ေခါက္မွာေတာ့ ေပါက္စီေတြအမ်ားႀကီး ဝယ္ျပန္လာပါတယ္။

အမ်ဳိးသမီးရဲ႕ အစ္ကိုနဲ႔ညီမကို မ်ားမ်ားစားပါလို႔ဧည့္ခံၿပီး သူက ေပါက္စီႏွစ္လံုးကို ေရေႏြးတစ္ခြက္နဲ႔ေမ်ာခ်လိုက္ပါတယ္။

အဲဒီညေနမွာ အမ်ဳိးသားဟာ ေမ့သြားလို႔ပဲလား၊ တျခားအေၾကာင္းေၾကာင့္ပဲလား မေျပာတတ္ဘူး.. အိမ္ကို သူဖုန္းမဆက္ခဲ့ပါဘူး။

အဲဒီညမွာ လူနာအခန္းက မီးထိန္ထိန္လင္းေနခဲ့ပါတယ္။ ညသန္းေခါင္မွာ ကၽြန္မအေပါ့ထသြားေတာ့ အမ်ဳိးသားဟာ အမ်ဳိးသမီးရဲ႕ကုတင္ေခါင္းရင္းမွာထိုင္ၿပီး
ေက်ာက္႐ုပ္တစ္႐ုပ္လို တုတ္တုတ္မွမလႈပ္ဘဲ အမ်ဳိးသမီးရဲ႕မ်က္ႏွာကိုပဲ စိုက္ၾကည့္ေနတာကို ေတြ႔ခဲ့ရတယ္။

ေနာက္တစ္ေန႔ ေန႔လယ္မွာ အမ်ဳိးသမီးႏုိးလာပါတယ္။ စကားေျပာလို႔ မရေသးေပမယ့္ အမ်ဳိးသားကိုၿပံဳးၿပီးၾကည့္ေနပါတယ္။ အမ်ဳိးသားက ဝမ္းသာအားရလက္ႏွစ္ဖက္ကို ပြတ္သပ္ေနပါတယ္။ ၿပီးေတာ့ ေဆး႐ံုေအာက္ေျပးဆင္းၿပီး ခ်ဳိခ်ဥ္ေတြဝယ္လာပါတယ္။ အဲဒီခ်ဳိခ်ဥ္ေတြကို ဆရာဝန္နားေနခန္းဆီသြားေပးလိုက္၊ နပ္စ္နားေနခန္းဆီသြားေပးလိုက္၊ ၿပီးေတာ့ ကၽြန္မနဲ႔ ေဘးကကုတင္ေတြကို လိုက္ေဝပါေတာ့တယ္။

အမ်ဳိးသမီးရဲ႕အေျခအေနက ၾကည့္ရတာေတာ္ေတာ္ေကာင္းပါတယ္။ ေအာက္ဆီဂ်င္ဖံုးျဖဳတ္လိုက္တဲ့ေန႔မွာပဲ အိမ္ျပန္မယ္လို႔ သူစပူဆာပါေတာ့တယ္။ အမ်ဳိးသားက ကေလးငယ္တစ္ေယာက္ကို ေခ်ာ့ေနသလိုမ်ဳိး အမ်ဳိးသမီးကို မျပတ္ေခ်ာ့ေနပါတယ္။ သူျမင္ဖူးသမွ်၊ ၾကားဖူးသမွ်အသစ္အဆန္းေတြနဲ႔ အမ်ဳိးသမီးကိုေျပာျပေနပါတယ္။

အရာအားလံုး အရင္အတိုင္းပဲ ျပန္ျဖစ္သြားပါတယ္။ ညေနေရာက္တိုင္း အမ်ဳိးသားက ဝရံတာနားက ကတ္ထည့္တယ္လီဖုန္းဆီသြားၿပီး ႐ြာအိမ္ဆီဖုန္းဆက္ပါေတာ့တယ္။ သားျဖစ္သူကို မရပ္မနား ဟိုမွာဒီမွာလုပ္ပါတယ္။ သူ႔အသံက က်ယ္ၿမဲက်ယ္လ်က္ပါပဲ။ မွာေနက်စကားကလည္း အဲဒီစကားေတြပါပဲ။ အပ္ေၾကာင္းထပ္မကေျပာေနတဲ့ စကားေတြကို ကၽြန္မေတာင္အလြတ္ရေနပါၿပီ။

တစ္ညေနမွာ ေရခ်ဳိးခန္းကေန ကၽြန္မထြက္လာေတာ့ အမ်ဳိးသားကို တယ္လီဖုန္းေဘးမွာ ေတြ႔လိုက္ရျပန္ပါတယ္။ သူ႔အသံအက်ယ္ႀကီးနဲ႔ "ႏြားကို တစ္ေန႔အစာတစ္ခါပဲ ေကၽြးရင္ရၿပီ။ ေဆာင္းတြင္းမွာ အလုပ္မခိုင္းေတာ့ ႏြားကဗုိက္နည္းနည္းဆာလည္း ကိစၥမ႐ွိဘူး။ ဝက္ကိုေတာ့ အစာေကာင္းေကာင္းေကၽြးေနာ္.. အေလးခ်ိန္ျပည့္တာနဲ႔ ငါတို႔ေစ်းေကာင္းရေအာင္ ေရာင္းလို႔ရတယ္။ နင့္တို႔အေမ သက္သာလာတာျမန္တယ္။ ဆရာဝန္က ေနာက္ ၃,၄ရက္ေနရင္ ေဆး႐ံုဆင္းလို႔ရၿပီေျပာတယ္" လို႔ ေအာ္ေနျပန္ပါတယ္။

အမ်ဳိးသားက သူေျပာလိုရာကို ေျပာေနပါတယ္။ ကၽြန္မက သူ႔ကို မ်က္ေတာင္မခတ္ၾကည့္ေနမိပါတယ္။ ၾကည့္ေနရင္းနဲ႔ ကၽြန္မတအံတၾသ သတိထားမိလိုက္တာက
တယ္လီဖုန္းမွာ ကတ္ထိုးထည့္မထားဘူးဆိုတာပါပဲ။

ဖုန္းခ်ၿပီး အမ်ဳိးသားေခါင္းေထာင္လာခ်ိန္မွာ တအံ့တၾသျဖစ္ေနတဲ့ ကၽြန္မကို သူျမင္သြားပါတယ္။ ကၽြန္မက ဖုန္းကိုလက္ညိႇဳးထိုးျပမွ ဖုန္းထဲ သူဖုန္းကတ္ထိုးထည့္မထားဘူးဆိုတာကို အမ်ဳိးသားက သိသြားသလိုပါပဲ။

"႐ွဴး....." အမ်ဳိးသားက ခ်က္ခ်င္းပဲ လက္ညႇိဳးကို သူ႔ႏႈတ္ခမ္းေပၚတင္လိုက္ပါတယ္။ ကၽြန္မကို အသံမထြက္နဲ႔လို႔ ျပလိုက္တာပါ။

"ကိုအံုးေမာင္.. ဒီတစ္ေခါက္ေတာ့ အိမ္က ဝက္နဲ႔ႏြားကို စိတ္မပူေတာ့ဘူးလား" လို႔ ကၽြန္မအသံတိုးတုိးနဲ႔ ေမးလိုက္ပါတယ္။

"ခဲြစိတ္ခအတြက္ ဝက္နဲ႔ႏြားကို အေစာႀကီးကတည္းက သူ႔အစ္ကိုေရာင္းလိုက္ၿပီ.."လို႔ အသံနိမ့္နိမ့္နဲ႔ သူေျဖေတာ့ ကၽြန္မက လွ်ာေလးထစ္ၿပီး လူနာခန္းဖက္ဆီ လက္ညိႇဳးထိုးျပမိလိုက္တယ္။

အဲဒီတခဏမွာ အရာအားလံုးကို ကၽြန္မသေဘာေပါက္သြားပါတယ္။ အမ်ဳိးသားဆက္တဲ့ဖုန္းက အိမ္ကသားေတြဆီဆက္တဲ့ဖုန္းမဟုတ္ခဲ့ပါဘူး... လူနာကုတင္ေပၚက သူ႔အမ်ဳိးသမီးကို "ဆက္"ေပးတဲ့ ဖုန္းပါ။ ကၽြန္မရဲ႕ႏွလံုးသား တဆတ္ဆတ္တုန္လႈပ္ေနပါတယ္.. သူ႔အတြက္၊ သူ႔အမ်ဳိးသမီးအတြက္.. သူတို႔ရဲ႕အခ်စ္အတြက္ ကၽြန္မႏွလံုးသား ခုန္ေနခဲ့ပါတယ္။

ေလာကမွာ လူကို ဒီလိုခံစားသက္ဝင္ေစတဲ့ အခ်စ္စစ္ဆိုတာ ႐ွိေနေသးပါလား၊ ႐ိုမန္တစ္ဆန္တဲ့ႏွင္းဆီပန္းေတြ၊ ကမာၻ႐ွည္တည္မယ့္ ကတိသစၥာေတြမ႐ွိခဲ့ေပမယ့္
သူတို႔ရဲ႕အခ်စ္ဟာ အခ်ိန္ေန႔လရက္ေတြျဖည္းျဖည္းခ်င္းစုပံုၿပီး သင့္ျမတ္သင့္ေလ်ာ္တဲ့၊ ေႏြးေထြးတဲ့၊ သက္ဆံုးတိုင္အတူတကြ႐ွိေနမယ့္ မွတ္တိုင္တစ္ခုကို စိုက္ထူခဲ့ၿပီးျဖစ္ပါတယ္။ ႏူးညံ့သိမ္ေမြ႔ၿပီးေလးနက္တဲ့ အၾကင္နာေမတၱာေတြဟာ တစ္ဦးအေပၚတစ္ဦး ေန႔ရက္တိုင္းမွာသက္ဝင္ရင္း လူ႔ေလာကမွာ အလွဆံုးအေမႊးဆံုး အခ်စ္ပန္းကို သူတို႔ပြင့္လန္းေစခဲ့ၿပီျဖစ္ပါတယ္။ အဲဒီအခ်စ္ပန္းက သာမန္႐ုိးစင္းေပမယ့္ လူတိုင္းရဲ႕ ႐ိုးတြင္းခ်ဥ္ဆီအထိ သင္းပ်ံေမႊးႀကိဳင္ေစခဲ့ပါတယ္။

မူရင္းေရးသားသူ -- Zhu Sha (朱 砂)
မူရင္း-- ၂ဝဝ၇ ခုႏွစ္ အမွတ္စဥ္ ၁၅ Readers မဂၢဇင္းမွစာတစ္ပုဒ္ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ႏိုင္းႏိုင္းစေန

# Unicode Version ျဖင့္ ဖတ္ပါ #

အဲဒီလူနာဆောင်ထဲ ကျွန်မရောက်သွားတဲ့နေ့ကစပြီး ကျွန်မနဲ့မျက်နှာချင်းဆိုင်ကုတင်ကလင်မယားဟာ အသံတိုးတိုး တိုးတိုးနဲ့ ရန်ဖြစ်ငြင်းခုန်နေတာကို ကျွန်မတွေ့ခဲ့ရတယ်။
မယားဖြစ်သူက ပြန်ချင်တယ်၊ လင်ဖြစ်သူက ဆက်နေမယ်။

နပ်စ်မရဲ့ပြောချက်အရ အဲဒီကုတင်ကအမျိုးသမီးဟာ ဦးနှောက်အကြိတ်ပေါက်ရောဂါဖြစ်နေတယ်လို့ သိရတယ်။ ကင်ဆာဖြစ်နိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။

သူတို့လင်မယားရဲ့ ပြတ်တောက်ပြတ်တောက်ငြင်းခုန်ရန်ဖြစ်တဲ့စကားသံထဲကနေ တောရွာတစ်ရွာနေ လယ်သမားမိသားစုတစ်စုရဲ့ပုံရိပ်က ကျွန်မမျက်စိရှေ့မှာ
ဖြည်းဖြည်းချင်း ကြည်ကြည်လင်လင်ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးက ၄၆နှစ်ပါ။ ကလေးနှစ်ယောက်ရှိပြီး သမီးဖြစ်သူက မနှစ်ကတက္ကသိုလ်ဝင်တန်းအောင်ထားတယ်၊ သားဖြစ်သူက အထက်တန်းတက်နေတယ်။ လယ် ၁၂ဧကရှိတယ်၊ ဝက်၆ကောင်နဲ့ နွားတစ်ကောင်ရှိတယ်။ ဒါဟာ သူတို့တစ်မိသားစုလုံးရဲ့ ပိုင်ဆိုင်သမျှဖြစ်ပါတယ်။

ဆေးရုံဝရံတာမှာ ကတ်ထည့်ပြီးဆက်လို့ရတဲ့ တယ်လီဖုန်းတစ်လုံးရှိပါတယ်။ ကျွန်မတို့လူနာခန်းနဲ့ သိပ်မဝေးတဲ့နေရာမှာရှိပါတယ်။ လက်ကိုင်ဖုန်းတွေပေါများလာတဲ့အတွက်
အဲဒီကတ်ထည့်တဲ့ဖုန်းကို လူတွေသိပ်မသုံးကြတော့ပါဘူး။ ဆေးရုံအောက်ထပ်မှာ ဖုန်းကတ်ရောင်းတဲ့ဆိုင်ရှိပါတယ်။ ညနေရောက်တိုင်း လူနာရှင်အမျိုးသားဟာ အဲဒီတယ်လီဖုန်းနဲ့ ရွာက နေအိမ်ဆီဖုန်းဆက်တတ်ပါတယ်။

အမျိုးသားဖုန်းပြောတဲ့အသံက အရမ်းကျယ်ပါတယ်။ အခန်းတံခါးကို သူတကူးတကပိတ်ခဲ့တယ်ဆိုရင်တောင် အခန်းထဲကနေ သူ့အသံကို ပီပီသသကြားရပါတယ်။

နေ့တိုင်းဖုန်းပြောတဲ့အခါတိုင်း အမျိုးသားက သူ့သားကို နွားစာကျွေးပြီးပြီလား၊ ဝက်စာကျွေးပြီးပြီလား၊ ခြံဝင်းတွေခတ်ထားရဲ့လား၊ နောက်နေ့မနက်ကျောင်းတက်ရမှာမို့
ညဉ့်နက်တဲ့အထိ စာမကြည့်နဲ့လို့ မေးလိုက် မှာလိုက်လုပ်တတ်ပါတယ်။ နောက်ဆုံးမှာ ပြောနေကျစကားတစ်ခွန်းဖြစ်တဲ့ "နင်တို့အမေ ဘာရောဂါထွေထွေထူးထူးမှမဖြစ်ဘူး၊ ၃,၄ရက်နေရင် ငါတို့ပြန်ခဲ့မယ်"ဆိုတဲ့စကားနဲ့ သူအဆုံးသတ်ပါတယ်။

ဆေးရုံရောက်ပြီး ၄ရက်မြောက်နေ့မှာ အမျိုးသမီးရဲ့ဦးခေါင်းကိုခွဲစိတ်ဖို့ ဆေးရုံကပြင်ဆင်ပါတော့တယ်။ ခွဲစိတ်မယ့်မနက်မှာ အမျိုးသမီးရဲ့ကုတင်ရှေ့မှာ ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက် ရောက်လာခဲ့ပါတယ်။ ကြည့်ရတာ သူ့အစ်ကိုနဲ့ ညီမဖြစ်ပုံရတယ်။ အမျိုးသမီးက ညီမရဲ့လက်ကိုဆုပ်ကိုင်ထားတယ်ဆိုပေမယ့် သူ့မျက်လုံးက သူ့ယောက်ျားရဲ့မျက်နှာကနေကို မခွာခဲ့ပါဘူး။

မေ့ဆေးပေးခါနီးမှာ အမျိုးသမီးက အမျိုးသားရဲ့လက်မောင်းကိုဖမ်းဆွဲပြီး "ယောက်ျား.. တကယ်လို့ ခွဲစိတ်ကုတင်ပေါ်ကနေ ငါဆင်းမလာနိုင်ခဲ့တော့ရင် ငါ့ကို အိမ်နောက်က တောအုပ်ထဲမှာမြှုပ်ပေးရင် ရပြီ။ တခြားဘာမှလုပ်စရာမလိုဘူး.. ပိုက်ဆံအကုန်ခံနေစရာ မလိုဘူးနော်၊ ဒီတစ်ခေါက်တော့ ငါ့စကားကို ရှင်နားထောင်ပေးနော်" လို့ အသံတုန်တုန်နဲ့ ပြောတယ်။ မျက်ရည်တွေ သူ့ပါးပြင်ပေါ် ဝေါခနဲကျလာပါတယ်။

"အင်း.. ဒါကို နင်မပူပါနဲ့"လို့ အမျိုးသားက ဆိုတယ်။

လင်းလက်တဲ့အရည်တချို့ အမျိုးသမီးရဲ့သွေးကြောထဲ ဝင်ရောက်သွားတာနဲ့ အမျိုးသမီးရဲ့မျက်ခွံတွေ ပျော့အိကျလာပါတယ်။ အမျိုးသားရဲ့မျက်နှာပေါ်က ကြွက်သားတွေ တောင့်တင်းလာပါတယ်။

နပ်စ်က အမျိုးသမီးကို တွန်းသွားတယ်၊ အမျိုးသားနဲ့ ကျန်တဲ့၂ယောက်လည်း လိုက်သွားတယ်။

တအောင့်နေတော့ အမျိုးသားကို အမျိုးသမီးရဲ့အစ်ကိုကဆွဲပြီး ပြန်လာတယ်။ အမျိုးသား ထိုင်လိုက်တယ်၊ ပြီးတော့ ပြန်ထရပ်တယ်၊ ပြန်ထိုင်တယ်၊ လက်တစ်ဖက်က ကုတင်ခေါင်းထောင့်စွန်းကို တင်းတင်းဆုပ်ကိုင်ထားတယ်။

"အစ်ကို... မြအေးရဲ့ခွဲစိတ်မှုအောင်မြင်နိုင်ပါတယ်နော်" အမျိုးသားက အမျိုးသမီးရဲ့အစ်ကိုကို စူးစိုက်ကြည့်ပြီး မေးတယ်။ သူ့မျက်နှာပေါ်မှာ အကူအညီမဲ့တဲ့ကလေးငယ်တစ်ယောက်ရဲ့အရိပ်တွေ ထင်ဟပ်နေပါတယ်။

"ဆရာဝန်က ဘာမှမဖြစ်ဘူးလို့ပြောရင် ဘာမှမဖြစ်ဘူးပေါ့.. စိတ်ချစမ်းပါ" အစ်ကိုက အမျိုးသားကိုနှစ်သိမ့်လိုက်တယ်။

မိနစ်၂ဝအကြာမှာ အမျိုးသားက အခန်းအပြင်ဖက်ထွက်သွားတယ်။ တအောင့်နေတော့ အမျိုးသမီးရဲ့အစ်ကိုက ဆွဲခေါ်လာပြန်တယ်။ အဲဒီလို ထသွားလိုက် ပြန်ဆွဲခေါ်လာလိုက်နဲ့ ၅ခေါက် ၆ခေါက်လောက်လုပ်ပြီးချိန်မှာ လူတွေဝန်းရံတွန်းလာတဲ့ အမျိုးသမီးရဲ့လူနာတင်ကုတင်က အခန်းထဲရောက်လာခဲ့ပါတယ်။

အမျိုးသမီးရဲ့ခေါင်းမှာ ပတ်တီးဖြူဖြူစည်းထားတယ်။ မျက်နှာက ဖျော့တော့ဖြူရော်နေတယ်။ မျက်လုံးက သာသာလေးမှိတ်ထားတယ်။ အိပ်ပျော်နေတဲ့အတိုင်းပါပဲ။

အမျိုးသမီးကို အပြေးအလွှားနေရာချပြီးတဲ့နောက် အမျိုးသားက အပြင်ကိုထွက်သွားပါတယ်။ တခဏလောက်နေတော့ လက်ထဲမှာ အထုပ်တစ်ထုပ်ဆွဲလာပါတယ်။ ခါတိုင်းဆိုရင် မန်ထို ၃လုံးနဲ့ တစ်နပ်ဖြေရှင်းလိုက်တတ်တဲ့အမျိုးသားက ဒီတစ်ခေါက်မှာတော့ ပေါက်စီတွေအများကြီး ဝယ်ပြန်လာပါတယ်။

အမျိုးသမီးရဲ့ အစ်ကိုနဲ့ညီမကို များများစားပါလို့ဧည့်ခံပြီး သူက ပေါက်စီနှစ်လုံးကို ရေနွေးတစ်ခွက်နဲ့မျောချလိုက်ပါတယ်။

အဲဒီညနေမှာ အမျိုးသားဟာ မေ့သွားလို့ပဲလား၊ တခြားအကြောင်းကြောင့်ပဲလား မပြောတတ်ဘူး.. အိမ်ကို သူဖုန်းမဆက်ခဲ့ပါဘူး။

အဲဒီညမှာ လူနာအခန်းက မီးထိန်ထိန်လင်းနေခဲ့ပါတယ်။ ညသန်းခေါင်မှာ ကျွန်မအပေါ့ထသွားတော့ အမျိုးသားဟာ အမျိုးသမီးရဲ့ကုတင်ခေါင်းရင်းမှာထိုင်ပြီး
ကျောက်ရုပ်တစ်ရုပ်လို တုတ်တုတ်မှမလှုပ်ဘဲ အမျိုးသမီးရဲ့မျက်နှာကိုပဲ စိုက်ကြည့်နေတာကို တွေ့ခဲ့ရတယ်။

နောက်တစ်နေ့ နေ့လယ်မှာ အမျိုးသမီးနိုးလာပါတယ်။ စကားပြောလို့ မရသေးပေမယ့် အမျိုးသားကိုပြုံးပြီးကြည့်နေပါတယ်။ အမျိုးသားက ဝမ်းသာအားရလက်နှစ်ဖက်ကို ပွတ်သပ်နေပါတယ်။ ပြီးတော့ ဆေးရုံအောက်ပြေးဆင်းပြီး ချိုချဉ်တွေဝယ်လာပါတယ်။ အဲဒီချိုချဉ်တွေကို ဆရာဝန်နားနေခန်းဆီသွားပေးလိုက်၊ နပ်စ်နားနေခန်းဆီသွားပေးလိုက်၊ ပြီးတော့ ကျွန်မနဲ့ ဘေးကကုတင်တွေကို လိုက်ဝေပါတော့တယ်။

အမျိုးသမီးရဲ့အခြေအနေက ကြည့်ရတာတော်တော်ကောင်းပါတယ်။ အောက်ဆီဂျင်ဖုံးဖြုတ်လိုက်တဲ့နေ့မှာပဲ အိမ်ပြန်မယ်လို့ သူစပူဆာပါတော့တယ်။ အမျိုးသားက ကလေးငယ်တစ်ယောက်ကို ချော့နေသလိုမျိုး အမျိုးသမီးကို မပြတ်ချော့နေပါတယ်။ သူမြင်ဖူးသမျှ၊ ကြားဖူးသမျှအသစ်အဆန်းတွေနဲ့ အမျိုးသမီးကိုပြောပြနေပါတယ်။

အရာအားလုံး အရင်အတိုင်းပဲ ပြန်ဖြစ်သွားပါတယ်။ ညနေရောက်တိုင်း အမျိုးသားက ဝရံတာနားက ကတ်ထည့်တယ်လီဖုန်းဆီသွားပြီး ရွာအိမ်ဆီဖုန်းဆက်ပါတော့တယ်။ သားဖြစ်သူကို မရပ်မနား ဟိုမှာဒီမှာလုပ်ပါတယ်။ သူ့အသံက ကျယ်မြဲကျယ်လျက်ပါပဲ။ မှာနေကျစကားကလည်း အဲဒီစကားတွေပါပဲ။ အပ်ကြောင်းထပ်မကပြောနေတဲ့ စကားတွေကို ကျွန်မတောင်အလွတ်ရနေပါပြီ။

တစ်ညနေမှာ ရေချိုးခန်းကနေ ကျွန်မထွက်လာတော့ အမျိုးသားကို တယ်လီဖုန်းဘေးမှာ တွေ့လိုက်ရပြန်ပါတယ်။ သူ့အသံအကျယ်ကြီးနဲ့ "နွားကို တစ်နေ့အစာတစ်ခါပဲ ကျွေးရင်ရပြီ။ ဆောင်းတွင်းမှာ အလုပ်မခိုင်းတော့ နွားကဗိုက်နည်းနည်းဆာလည်း ကိစ္စမရှိဘူး။ ဝက်ကိုတော့ အစာကောင်းကောင်းကျွေးနော်.. အလေးချိန်ပြည့်တာနဲ့ ငါတို့ဈေးကောင်းရအောင် ရောင်းလို့ရတယ်။ နင့်တို့အမေ သက်သာလာတာမြန်တယ်။ ဆရာဝန်က နောက် ၃,၄ရက်နေရင် ဆေးရုံဆင်းလို့ရပြီပြောတယ်" လို့ အော်နေပြန်ပါတယ်။

အမျိုးသားက သူပြောလိုရာကို ပြောနေပါတယ်။ ကျွန်မက သူ့ကို မျက်တောင်မခတ်ကြည့်နေမိပါတယ်။ ကြည့်နေရင်းနဲ့ ကျွန်မတအံတသြ သတိထားမိလိုက်တာက
တယ်လီဖုန်းမှာ ကတ်ထိုးထည့်မထားဘူးဆိုတာပါပဲ။

ဖုန်းချပြီး အမျိုးသားခေါင်းထောင်လာချိန်မှာ တအံ့တသြဖြစ်နေတဲ့ ကျွန်မကို သူမြင်သွားပါတယ်။ ကျွန်မက ဖုန်းကိုလက်ညှိုးထိုးပြမှ ဖုန်းထဲ သူဖုန်းကတ်ထိုးထည့်မထားဘူးဆိုတာကို အမျိုးသားက သိသွားသလိုပါပဲ။

"ရှူး....." အမျိုးသားက ချက်ချင်းပဲ လက်ညှိုးကို သူ့နှုတ်ခမ်းပေါ်တင်လိုက်ပါတယ်။ ကျွန်မကို အသံမထွက်နဲ့လို့ ပြလိုက်တာပါ။

"ကိုအုံးမောင်.. ဒီတစ်ခေါက်တော့ အိမ်က ဝက်နဲ့နွားကို စိတ်မပူတော့ဘူးလား" လို့ ကျွန်မအသံတိုးတိုးနဲ့ မေးလိုက်ပါတယ်။

"ခွဲစိတ်ခအတွက် ဝက်နဲ့နွားကို အစောကြီးကတည်းက သူ့အစ်ကိုရောင်းလိုက်ပြီ.."လို့ အသံနိမ့်နိမ့်နဲ့ သူဖြေတော့ ကျွန်မက လျှာလေးထစ်ပြီး လူနာခန်းဖက်ဆီ လက်ညှိုးထိုးပြမိလိုက်တယ်။

အဲဒီတခဏမှာ အရာအားလုံးကို ကျွန်မသဘောပေါက်သွားပါတယ်။ အမျိုးသားဆက်တဲ့ဖုန်းက အိမ်ကသားတွေဆီဆက်တဲ့ဖုန်းမဟုတ်ခဲ့ပါဘူး... လူနာကုတင်ပေါ်က သူ့အမျိုးသမီးကို "ဆက်"ပေးတဲ့ ဖုန်းပါ။ ကျွန်မရဲ့နှလုံးသား တဆတ်ဆတ်တုန်လှုပ်နေပါတယ်.. သူ့အတွက်၊ သူ့အမျိုးသမီးအတွက်.. သူတို့ရဲ့အချစ်အတွက် ကျွန်မနှလုံးသား ခုန်နေခဲ့ပါတယ်။

လောကမှာ လူကို ဒီလိုခံစားသက်ဝင်စေတဲ့ အချစ်စစ်ဆိုတာ ရှိနေသေးပါလား၊ ရိုမန်တစ်ဆန်တဲ့နှင်းဆီပန်းတွေ၊ ကမ္ဘာရှည်တည်မယ့် ကတိသစ္စာတွေမရှိခဲ့ပေမယ့်
သူတို့ရဲ့အချစ်ဟာ အချိန်နေ့လရက်တွေဖြည်းဖြည်းချင်းစုပုံပြီး သင့်မြတ်သင့်လျော်တဲ့၊ နွေးထွေးတဲ့၊ သက်ဆုံးတိုင်အတူတကွရှိနေမယ့် မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့ပြီးဖြစ်ပါတယ်။ နူးညံ့သိမ်မွေ့ပြီးလေးနက်တဲ့ အကြင်နာမေတ္တာတွေဟာ တစ်ဦးအပေါ်တစ်ဦး နေ့ရက်တိုင်းမှာသက်ဝင်ရင်း လူ့လောကမှာ အလှဆုံးအမွှေးဆုံး အချစ်ပန်းကို သူတို့ပွင့်လန်းစေခဲ့ပြီဖြစ်ပါတယ်။ အဲဒီအချစ်ပန်းက သာမန်ရိုးစင်းပေမယ့် လူတိုင်းရဲ့ ရိုးတွင်းချဉ်ဆီအထိ သင်းပျံမွှေးကြိုင်စေခဲ့ပါတယ်။

မူရင်းရေးသားသူ -- Zhu Sha (朱 砂)
မူရင်း-- ၂ဝဝ၇ ခုနှစ် အမှတ်စဉ် ၁၅ Readers မဂ္ဂဇင်းမှစာတစ်ပုဒ်ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နိုင်းနိုင်းစနေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top