န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

မိန္းမနဲ႔ေယာက္်ားဆိုတာက လိင္သဘာ၀အရေရာ ထမ္းေဆာင္ရမယ့္အိမ္ေထာင္ေရးတာ၀န္အရ ပါကြာျခားလြန္းပါတယ္။

ပံုမွန္အားျဖင့္ အိမ္ေထာင္ျပဳတဲ့အခ်ိန္ဟာ မိန္းကေလးတစ္ေယာက္ရဲ႕ အလွပဆံုး နဲ႔အေတာက္ပဆံုးအခ်ိန္ျဖစ္ေနတတ္ၿပီး ေယာက္်ားအဖို႔ေအာင္ျမင္မူရခါစ (သို႔) ဘ၀တက္လမ္းတက္ခါစပဲ ရိွေနတတ္ေသးတယ္။

သဘာ၀အရ ကေလး တစ္ေယာက္ႏွစ္ေယာက္ေမြးၿပီးလို႔ မိန္းမမ်ားဟာ မ်က္နာအလွေရာ ခႏၶာကိုယ္အခ်ဳိးစားပါ အက်ဘက္ကို ဦးတည္ေနတဲ့အခ်ိန္မွာ ေယာက္်ားမ်ားဟာလုပ္ငန္းစတင္အဆင္ေျပလာၿပီး ဘ၀အတက္ဘက္ကို ဦးတည္ေနတတ္ပါတယ္။

ဒါေၾကာင့္မို႔လို႔ ဇနီးလုပ္သူဟာလိမၼာပါးနပ္ရမွာျဖစ္ၿပီး အိမ္ေထာင္ေရးသာယာဖို႔အတြက္ေအာက္ပါအခ်က္မ်ားကိုေလ့လာသင့္ပါတယ္။ ဇနီးမ်ား ဒါေလးေတြေဆာင္ထားၾကပါစို႔….

၁။ ေယာက္်ားကိုအေရးေပးတတ္ရမယ္။

ေယာက္်ားဆိုတာ ကိုယ့္ကိုကိုအထင္ႀကီးစိတ္နဲ႔ အသိအမွတ္ျပဳခံလိုစိတ္ တို႔နဲ႔ ဖြဲ႔စည္းထားတဲ့သတၱ၀ါလို႔ဆိုပါတယ္။ အဲဒီအခ်က္ ႏွစ္ခုကို ပိုင္ႏိုင္စြာေစာ့ကစားတတ္ရင္ ကိုယ့္ေယာက္်ားကို ႀကိဳက္သလို ခိုင္းစားလို႔ရတယ္လို႔ ႏိုင္ငံျခားဆိုိိရိုးစကားတစ္ခုကို ၾကားဖူးပါတယ္။

ကိုယ့္ေယာက္်ားကို အထူးသျဖင့္ လူေရွ႕သူေရွ႕မွာ မ်က္နာအျပည့္အ၀ေပးပါ။ တစ္ခါတစ္ေလ ကိုယ္ဆံုးျဖတ္တဲ့ကိစၥ၊ ကိုယ္ၿပီးမွၿပီးရမဲ့ကိစၥျဖစ္ေပမယ့္လို႔ ကိုယ့္ေယာက္်ားဆံုုးျဖတ္မွ
ဒီကိစၥၿပီးေျမာက္မယ္ ဆိုတဲ့ပံုစံမ်ဳိးျဖစ္ေအာင္ဖန္တီးပါ။ေယာက္်ားမွန္ရင္ အဲဒီမ်က္နာရတဲ့ အရသာကို အလြန္ႏွစ္သက္တတ္ပါတယ္။

၂။ ကိုယ့္ပါးစပ္ကိုႏိုင္ေအာင္ ထိန္းတတ္ရတယ္။

ကိုယ့္ေယာက္်ားေရွ႕မွာ အျခားမိသားစု၀င္ေတြကို အတင္းမတုတ္ပါနဲ႔ ဇနီးျဖစ္သူနားလည္ထားရမွာက ဇနီးဆိုတာ ေရြးခ်ယ္လို႔ရတယ္။ သူမိဘဆိုတာ သူေရြးခ်ယ္လို႔မရဘူး။ သူ႔မိဘကိုလည္း ကိုယ့္မိဘလို ရိုေသရပါမယ္။ ေနာက္တစ္ခု ပါးစပ္ထိန္းရမွာက တဖ်စ္ေတာက္ေတာက္ မၿငီးတြားပါနဲ႔ ..။ တဖ်စ္ေတာက္ေတာက္ ၿငီးတြားတာေလာက္ အိမ္ေထာင္ေရးကိုဖ်က္ဆီးတဲ့အရာမရိွေတာ့ဘူးလို႔ အေမရိကန္စာေရးဆရာႀကီးေဒးလ္ကာနယ္ဂ်ီကဆိုပါတယ္။

၃။ ဟင္းခ်က္တတ္ေအာင္သင္ထားမယ္။

ကိုယ့္ေယာက္်ားရဲ႕အစာအိမ္ကို ကိုယ္ထိန္းခ်ဳပ္ႏိုင္ရင္ လူကိုပါထိန္းခ်ဳပ္ၿပီးသားျဖစ္သြားတယ္လို႔ ဆိုရိုးစကားတစ္ခုၾကားဖူးပါတယ္။ ဘယ္မွာပဲ ထမင္းသြားစားစား ႏွစ္ရက္သံုးရက္ေလာက္ၾကာလာရင္ အိမ္ဟင္းကိုသတိရေအာင္ဖန္တီးရပါမယ္။

၄။ ကိုယ္ပိုင္အလုပ္ေလးတစ္ခုရိွသင့္တယ္။

၀င္ေငြေကာင္းေကာင္းမေကာင္းေကာင္း ကိုယ္ပိုင္အလုပ္ေလးတစ္ခုရိွသင့္ပါတယ္။ မိသားစုအတြင္းမွာ “မွီခို”ဆိုတာ လူသက္သာသေလာက္ စိတ္မသက္သာပါဘူး။ ကိုယ္ပိုင္အလုပ္မရိွေတာ့ စကားအေျပာအဆိုနည္းမယ္။ စဥ္းစားတာနည္းမယ္။ ပတ္၀န္းက်င္နဲ႔လည္းတျဖည္းျဖည္း အဆက္အသြယ္ျပတ္လာမယ္။ ခႏၶာကိုယ္တျဖည္းျဖည္း ၀လာမယ္။ က်န္းမာေရးခ်ဴခ်ာလာမယ္။ မွတ္ဥာဏ္ယိုယြင္းလာမယ္။ စဥ္းစားၾကည့္ပါ။ ကိုယ့္ခင္ပြန္းအေပၚစြေဆာင္မူဟာလည္း တျဖည္ျဖည္း ေလွ်ာ့က်လာမယ္ဆိုတာ ေသခ်ာပါတယ္။

၅။ အလွကိုတန္ဖိုးထားရပါမယ္။

ေယာက္်ားရၿပီးၿပီပဲ သိပ္ျပင္ဆင္စရာမလိုေတာ့ဘူးလို႔ ယူဆရင္ သင္မွားသြားပါလိမ္မည္။ ဖ႐ိုဖရဲေနထိုင္ျခင္းကို လံုး၀ေရွာင္က်င္ပါ။ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္အၿမဲက်ဳိးစားပါ။ ဖ႐ိုဖရဲေနထိုင္ျခင္းဟာ ကိုယ့္ေယာက္်ားကိုေမာင္းထုတ္သလိုျဖစ္ေနတတ္တယ္။

၆။ ၿပံဳးၿပံဳးရႊင္ရႊင္ ေနတတ္ရပါမယ္။

အိမ္ဆိုတာ ေယာက္်ားအတြက္ ေႏြးေထြးတဲ့ အေမာေျပ နားခိုရာ႒ာေန တစ္ခုပါ။ ၿပံဳးၿပံဳးရႊင္ရႊင္ျပဳမူျခင္းျဖင့္ ကိုယ္႔ေယာက္်ား အိမ္ျပန္ခ်င္ေအာင္ စြဲေဆာင္ႏိုင္ပါတယ္။ မ်က္နာအၿမဲဆူပုတ္ေနမယ္။ မေက်နပ္တာေတြ မ်က္နာမွာ အၿမဲေဖၚျပေနမယ္ဆိုရင္ေယာက္်ားအိမ္မကပ္ခ်င္ေတာ့ပါဘူး။

▬▬▬▬▬▬▬▬▬▬▬
ဒါေလးေတြကိုေရွာင္ၾကပါစို႔
▬▬▬▬▬▬▬▬▬▬▬▬

(1) သြားတဲ့ေနရာကို မေထာက္လွမ္း မခ်ဳပ္ခ်ယ္ပါႏွင့္

ေယာ့က္်ားဆိုတာ ကိုယ့္အလုပ္နဲ႔ကိုယ္၊ ကိုယ့္အေပါင္းအသင္းနဲ႔ကိုယ္၊ ကိုယ့္၀ါသနာနဲ႔ကိုယ္ ရိွတတ္ပါတယ္။ တခါတေလ ကိုယ္ပိုင္လြတ္လပ္ခြင့္လည္း လိုအပ္ပါတယ္။ သူ႔ကို လြတ္လပ္ခြင့္ အထိုက္အေလ်ာက္ေပးထားသင့္ပါတယ္။ ဒါေပမယ့္အိမ္ျပန္ေနာက္က်တိုင္း သာေၾကာင္း မာေၾကာင္း ေလးေတာ့ ဖုန္းဆက္ဖို႔မေမ႔ေအာင္ မွာထားပါ။

(2) ပိုက္ဆံအိတ္ကို မခ်ဳပ္ခ်ယ္ပါႏွင့္

ကိုယ္တိုင္ပိုက္ဆံရွာတတ္တဲ့ေယာ့က္်ားအဖို႔ ကိုယ္တိုင္ပိုက္ဆံသံုးပိုင္ခြင့္လည္း ေပးထားသင့္ပါတယ္။ ပိုက္ဆံအိတ္ထဲမွာ ပိုက္ဆံ အလံုအေလာက္ရိွမွေယာက္်ားေတြမ်က္နာရွိတတ္တယ္။ေယာက္်ားကို မ်က္နာေပးတတ္ေအာင္ေလ့လာထားပါ။ ဇနီးျဖစ္သူကို ပိုက္ဆံသံုးဖို႔ အလံုအေလာက္ေပးထားရင္ ပိုက္ဆံနဲ႔ပတ္သက္လို႔ ေယာက္်ားကို သိပ္မခ်ဳပ္ခ်ယ္တာ ေကာင္းပါတယ္။

(၃) လက္ကိုင္ဖုန္းထဲကအေၾကာင္းအရာေတြကို မစံုစမ္းမခ်ဳပ္ခ်ယ္ပါႏွင့္

ေယာက္်ားဖုန္းနံပါတ္ကိုစစ္ေဆးတာမ်ဳိး၊ massage ကို စစ္ေဆးတာမ်ဳိး ဓါတ္ပံုကိုစစ္ေဆးတာမ်ဳိး မလုပ္သင့္ပါဘူး။ေတာ္ေတာ္မ်ားမ်ား ျပႆနာေတြဟာ သံသယစိတ္ကေန
စတင္ျဖစ္ေပၚလာတာပါ။ တာ၀န္ယူစိတ္ ရိွတဲ့ေယာက္်ား တစ္ေယာက္ဟာ သင္လိုပါပဲ မိသားစုကိုေရွ႕တန္းတင္ထားပါတယ္။ အတြင္းစိတ္ ထဲကေန ရံဖန္ရံခါ ေဖာက္ျပန္တတ္တာ ေယာက်္ားေတြရဲ႕ သဘာ၀လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သိမွတ္ဖြယ္ရာဗဟုသုတရြာ
ကိုသစၥာ(NMN)

# Unicode Version ျဖင့္ ဖတ္ပါ #

မိန်းမနဲ့ယောက်ျားဆိုတာက လိင်သဘာဝအရရော ထမ်းဆောင်ရမယ့်အိမ်ထောင်ရေးတာဝန်အရ ပါကွာခြားလွန်းပါတယ်။

ပုံမှန်အားဖြင့် အိမ်ထောင်ပြုတဲ့အချိန်ဟာ မိန်းကလေးတစ်ယောက်ရဲ့ အလှပဆုံး နဲ့အတောက်ပဆုံးအချိန်ဖြစ်နေတတ်ပြီး ယောက်ျားအဖို့အောင်မြင်မူရခါစ (သို့) ဘဝတက်လမ်းတက်ခါစပဲ ရှိနေတတ်သေးတယ်။

သဘာဝအရ ကလေး တစ်ယောက်နှစ်ယောက်မွေးပြီးလို့ မိန်းမများဟာ မျက်နာအလှရော ခန္ဓာကိုယ်အချိုးစားပါ အကျဘက်ကို ဦးတည်နေတဲ့အချိန်မှာ ယောက်ျားများဟာလုပ်ငန်းစတင်အဆင်ပြေလာပြီး ဘဝအတက်ဘက်ကို ဦးတည်နေတတ်ပါတယ်။

ဒါကြောင့်မို့လို့ ဇနီးလုပ်သူဟာလိမ္မာပါးနပ်ရမှာဖြစ်ပြီး အိမ်ထောင်ရေးသာယာဖို့အတွက်အောက်ပါအချက်များကိုလေ့လာသင့်ပါတယ်။ ဇနီးများ ဒါလေးတွေဆောင်ထားကြပါစို့….

၁။ ယောက်ျားကိုအရေးပေးတတ်ရမယ်။

ယောက်ျားဆိုတာ ကိုယ့်ကိုကိုအထင်ကြီးစိတ်နဲ့ အသိအမှတ်ပြုခံလိုစိတ် တို့နဲ့ ဖွဲ့စည်းထားတဲ့သတ္တဝါလို့ဆိုပါတယ်။ အဲဒီအချက် နှစ်ခုကို ပိုင်နိုင်စွာစော့ကစားတတ်ရင် ကိုယ့်ယောက်ျားကို ကြိုက်သလို ခိုင်းစားလို့ရတယ်လို့ နိုင်ငံခြားဆိိုရိုးစကားတစ်ခုကို ကြားဖူးပါတယ်။

ကိုယ့်ယောက်ျားကို အထူးသဖြင့် လူရှေ့သူရှေ့မှာ မျက်နာအပြည့်အဝပေးပါ။ တစ်ခါတစ်လေ ကိုယ်ဆုံးဖြတ်တဲ့ကိစ္စ၊ ကိုယ်ပြီးမှပြီးရမဲ့ကိစ္စဖြစ်ပေမယ့်လို့ ကိုယ့်ယောက်ျားဆုံုးဖြတ်မှ
ဒီကိစ္စပြီးမြောက်မယ် ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးပါ။ယောက်ျားမှန်ရင် အဲဒီမျက်နာရတဲ့ အရသာကို အလွန်နှစ်သက်တတ်ပါတယ်။

၂။ ကိုယ့်ပါးစပ်ကိုနိုင်အောင် ထိန်းတတ်ရတယ်။

ကိုယ့်ယောက်ျားရှေ့မှာ အခြားမိသားစုဝင်တွေကို အတင်းမတုတ်ပါနဲ့ ဇနီးဖြစ်သူနားလည်ထားရမှာက ဇနီးဆိုတာ ရွေးချယ်လို့ရတယ်။ သူမိဘဆိုတာ သူရွေးချယ်လို့မရဘူး။ သူ့မိဘကိုလည်း ကိုယ့်မိဘလို ရိုသေရပါမယ်။ နောက်တစ်ခု ပါးစပ်ထိန်းရမှာက တဖျစ်တောက်တောက် မငြီးတွားပါနဲ့ ..။ တဖျစ်တောက်တောက် ငြီးတွားတာလောက် အိမ်ထောင်ရေးကိုဖျက်ဆီးတဲ့အရာမရှိတော့ဘူးလို့ အမေရိကန်စာရေးဆရာကြီးဒေးလ်ကာနယ်ဂျီကဆိုပါတယ်။

၃။ ဟင်းချက်တတ်အောင်သင်ထားမယ်။

ကိုယ့်ယောက်ျားရဲ့အစာအိမ်ကို ကိုယ်ထိန်းချုပ်နိုင်ရင် လူကိုပါထိန်းချုပ်ပြီးသားဖြစ်သွားတယ်လို့ ဆိုရိုးစကားတစ်ခုကြားဖူးပါတယ်။ ဘယ်မှာပဲ ထမင်းသွားစားစား နှစ်ရက်သုံးရက်လောက်ကြာလာရင် အိမ်ဟင်းကိုသတိရအောင်ဖန်တီးရပါမယ်။

၄။ ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိသင့်တယ်။

ဝင်ငွေကောင်းကောင်းမကောင်းကောင်း ကိုယ်ပိုင်အလုပ်လေးတစ်ခုရှိသင့်ပါတယ်။ မိသားစုအတွင်းမှာ “မှီခို”ဆိုတာ လူသက်သာသလောက် စိတ်မသက်သာပါဘူး။ ကိုယ်ပိုင်အလုပ်မရှိတော့ စကားအပြောအဆိုနည်းမယ်။ စဉ်းစားတာနည်းမယ်။ ပတ်ဝန်းကျင်နဲ့လည်းတဖြည်းဖြည်း အဆက်အသွယ်ပြတ်လာမယ်။ ခန္ဓာကိုယ်တဖြည်းဖြည်း ဝလာမယ်။ ကျန်းမာရေးချူချာလာမယ်။ မှတ်ဉာဏ်ယိုယွင်းလာမယ်။ စဉ်းစားကြည့်ပါ။ ကိုယ့်ခင်ပွန်းအပေါ်စွဆောင်မူဟာလည်း တဖြည်ဖြည်း လျှော့ကျလာမယ်ဆိုတာ သေချာပါတယ်။

၅။ အလှကိုတန်ဖိုးထားရပါမယ်။

ယောက်ျားရပြီးပြီပဲ သိပ်ပြင်ဆင်စရာမလိုတော့ဘူးလို့ ယူဆရင် သင်မှားသွားပါလိမ်မည်။ ဖရိုဖရဲနေထိုင်ခြင်းကို လုံးဝရှောင်ကျင်ပါ။ သပ်သပ်ရပ်ရပ်ဖြစ်အောင်အမြဲကျိုးစားပါ။ ဖရိုဖရဲနေထိုင်ခြင်းဟာ ကိုယ့်ယောက်ျားကိုမောင်းထုတ်သလိုဖြစ်နေတတ်တယ်။

၆။ ပြုံးပြုံးရွှင်ရွှင် နေတတ်ရပါမယ်။

အိမ်ဆိုတာ ယောက်ျားအတွက် နွေးထွေးတဲ့ အမောပြေ နားခိုရာဋ္ဌာနေ တစ်ခုပါ။ ပြုံးပြုံးရွှင်ရွှင်ပြုမူခြင်းဖြင့် ကိုယ့်ယောက်ျား အိမ်ပြန်ချင်အောင် စွဲဆောင်နိုင်ပါတယ်။ မျက်နာအမြဲဆူပုတ်နေမယ်။ မကျေနပ်တာတွေ မျက်နာမှာ အမြဲဖေါ်ပြနေမယ်ဆိုရင်ယောက်ျားအိမ်မကပ်ချင်တော့ပါဘူး။

▬▬▬▬▬▬▬▬▬▬▬
ဒါလေးတွေကိုရှောင်ကြပါစို့
▬▬▬▬▬▬▬▬▬▬▬▬

(1) သွားတဲ့နေရာကို မထောက်လှမ်း မချုပ်ချယ်ပါနှင့်

ယော့က်ျားဆိုတာ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်အပေါင်းအသင်းနဲ့ကိုယ်၊ ကိုယ့်ဝါသနာနဲ့ကိုယ် ရှိတတ်ပါတယ်။ တခါတလေ ကိုယ်ပိုင်လွတ်လပ်ခွင့်လည်း လိုအပ်ပါတယ်။ သူ့ကို လွတ်လပ်ခွင့် အထိုက်အလျောက်ပေးထားသင့်ပါတယ်။ ဒါပေမယ့်အိမ်ပြန်နောက်ကျတိုင်း သာကြောင်း မာကြောင်း လေးတော့ ဖုန်းဆက်ဖို့မမေ့အောင် မှာထားပါ။

(2) ပိုက်ဆံအိတ်ကို မချုပ်ချယ်ပါနှင့်

ကိုယ်တိုင်ပိုက်ဆံရှာတတ်တဲ့ယော့က်ျားအဖို့ ကိုယ်တိုင်ပိုက်ဆံသုံးပိုင်ခွင့်လည်း ပေးထားသင့်ပါတယ်။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ အလုံအလောက်ရှိမှယောက်ျားတွေမျက်နာရှိတတ်တယ်။ယောက်ျားကို မျက်နာပေးတတ်အောင်လေ့လာထားပါ။ ဇနီးဖြစ်သူကို ပိုက်ဆံသုံးဖို့ အလုံအလောက်ပေးထားရင် ပိုက်ဆံနဲ့ပတ်သက်လို့ ယောက်ျားကို သိပ်မချုပ်ချယ်တာ ကောင်းပါတယ်။

(၃) လက်ကိုင်ဖုန်းထဲကအကြောင်းအရာတွေကို မစုံစမ်းမချုပ်ချယ်ပါနှင့်

ယောက်ျားဖုန်းနံပါတ်ကိုစစ်ဆေးတာမျိုး၊ massage ကို စစ်ဆေးတာမျိုး ဓါတ်ပုံကိုစစ်ဆေးတာမျိုး မလုပ်သင့်ပါဘူး။တော်တော်များများ ပြဿနာတွေဟာ သံသယစိတ်ကနေ
စတင်ဖြစ်ပေါ်လာတာပါ။ တာဝန်ယူစိတ် ရှိတဲ့ယောက်ျား တစ်ယောက်ဟာ သင်လိုပါပဲ မိသားစုကိုရှေ့တန်းတင်ထားပါတယ်။ အတွင်းစိတ် ထဲကနေ ရံဖန်ရံခါ ဖောက်ပြန်တတ်တာ ယောကျ်ားတွေရဲ့ သဘာဝလို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သိမှတ်ဖွယ်ရာဗဟုသုတရွာ
ကိုသစ္စာ(NMN)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top