န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

တနသာၤရီတုိင္းေဒသၾကီး၊ ထား၀ယ္ခရုိင္၊ ေရျဖဴျမိဳ႕နယ္၊ ရပ္ေတာ္မူဘုရားလမ္းရွိ ေရျဖဴျမစ္ကူးတံတားလမ္း အေနာက္ဘက္ျခမ္းတံတားနဲ႔ (၂) ဖာလုံခန္႔အကြာမွာ ဒီဇင္ဘာ (၂၈) ရက္ ညေန (၄) နာရီခြဲခန္႔က ဆုိင္ကယ္တစ္စီး အရွိန္မထိန္းႏုိင္ဘဲ လမ္းေဘးကာရန္ထားတဲ႔ အတားအဆီး သံေပါင္တန္းနဲ႔ ၀င္တုိက္မိျပီး အမ်ိဳးသမီး (၂)ဦးေသဆုံးသြားတယ္လို႔ သိရပါတယ္။

 အသက္ (၃၂) ႏွစ္အရြယ္ မူလတန္းလြန္ျပဆရာမတစ္ဦးနဲ႔ အသက္(၃၈)နွစ္အရြယ္ မူလတန္းေက်ာင္း အေထြေထြလုပ္သားအမ်ဳိးသမီးတစ္ဦးတို႔ စီးနင္းလာတဲ႔ wave - I 125 ဆုိင္ကယ္ဟာ လမ္းေဘးကာရံထားတဲ႔ ကြန္ကရစ္တုိင္နဲ႔သံေပါင္တန္းကို အရွိန္မထိန္းႏိုင္ဘဲ ၀င္ေရာက္တုိက္မိျပီးေနာက္ ဆုိင္ကယ္တိမ္းေမွာက္ကာ ဆိုင္ကယ္စီးနင္းလာသူ (၂)ဦးစလံုး ေပါက္ျပဲျပတ္ရွဒဏ္ရာေတြနဲ႔ အခင္းျဖစ္ေနရာမွာပင္ ေသဆုံးခဲ့တာျဖစ္တယ္လို႔ ရဲမွတ္တမ္းအရ သိရပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ေရျဖဴျမဳိ႕နယ္ ျမိဳ႕မရဲစန္းက ဥပေဒနဲ႔အညီ ေဆာင္ရြက္ထားတယ္လို႔ သိရပါတယ္။ ဒီသတင္းကို လင္းလင္း(ေရျဖဴ) ေပးပို႔တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Central News Bureau

# Unicode Version ျဖင့္ ဖတ္ပါ #
တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရပ်တော်မူဘုရားလမ်းရှိ ရေဖြူမြစ်ကူးတံတားလမ်း အနောက်ဘက်ခြမ်းတံတားနဲ့ (၂) ဖာလုံခန့်အကွာမှာ ဒီဇင်ဘာ (၂၈) ရက် ညနေ (၄) နာရီခွဲခန့်က ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာရန်ထားတဲ့ အတားအဆီး သံပေါင်တန်းနဲ့ ဝင်တိုက်မိပြီး အမျိုးသမီး (၂)ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

 အသက် (၃၂) နှစ်အရွယ် မူလတန်းလွန်ပြဆရာမတစ်ဦးနဲ့ အသက်(၃၈)နှစ်အရွယ် မူလတန်းကျောင်း အထွေထွေလုပ်သားအမျိုးသမီးတစ်ဦးတို့ စီးနင်းလာတဲ့ wave - I 125 ဆိုင်ကယ်ဟာ လမ်းဘေးကာရံထားတဲ့ ကွန်ကရစ်တိုင်နဲ့သံပေါင်တန်းကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိပြီးနောက် ဆိုင်ကယ်တိမ်းမှောက်ကာ ဆိုင်ကယ်စီးနင်းလာသူ (၂)ဦးစလုံး ပေါက်ပြဲပြတ်ရှဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပင် သေဆုံးခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရေဖြူမြို့နယ် မြို့မရဲစန်းက ဥပဒေနဲ့အညီ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို လင်းလင်း(ရေဖြူ) ပေးပို့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Central News Bureau
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top