ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုခရိုင္၊ ခင္ဦးၿမိဳ႕၊ ေအာင္မဂၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤလာရပ္ကြက္၌ ဒီဇင္ဘာ(၂)ရက္ေန႔ ည(၁၁)နာရီခန္႔က လင္မယားျခင္း စကားမ်ားရန္ျဖစ္ရာမွ ဇနီးျဖစ္သူက ေယာကၤ်ားျဖစ္သူအားအက္ဆစ္ျဖင့္ ပက္ေသာေၾကာင့္ ရဲစခန္းတြင္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာ(၂)ရက္ေန႔ ည(၁၁)နာရီခန္႔က အစ္မအရင္းျဖစ္သူေဒၚမိဒုံးတုိ႔ မိသားစုအိပ္ေပ်ာ္ေနစဥ္ အိမ္နီးနားျခင္းျဖစ္ေသာ ဦးတင္ေထြးမွ “မိဒုံးေရ နင့္ေမာင္ မ်ဳိးေက်ာ္ မျမင္ရဘူး- မျမင္ရေတာ့ဘူးဟုေအာ္သံၾကားရတယ္ ဘာျဖစ္ဒါလဲ” ဟုေျပာသျဖင့္ အစ္မအရင္းျဖစ္သူ ေဒၚမိဒုံးမွာခင္ပြန္းျဖစ္သူ ဦးထြန္းထြန္းလင္းအား ႏႈိးၿပီး၊ သြားေရာက္ၾကည့္ရႈခဲ့သည္။

၎ေနအိမ္အေရွ့ဘက္ရွိ ထင္းပုံအနီးတြင္ ေမာင္ျဖစ္သူ မ်ိဳးေက်ာ္အားေတြ႔ရသျဖင့္ ေခါင္းစြပ္ဓါတ္မီးျဖင့္ ထုိးၾကည့္ရာ မ်က္ႏွာ၊ ရင္ဘက္၊ ၀မ္းဗိုက္ႏွင့္ ၀ဲဘက္ေပါင္တို႔တြင္ ေလာင္ကၽြမ္းဒဏ္ရာ၊ မ်က္စိနာက်င္ဒဏ္ရာ(စိုးရိမ္ရ)ႏွင့္ ခႏၶာကုိယ္တြင္ ၀တ္ဆင္ထားေသာ အ၀တ္စားမ်ားတြင္အက္ဆစ္ေလာင္ကၽြမ္းထားသည္ကုိ ေတြ႔ရွိရသျဖင့္ ေမာင္ျဖစ္သူ မ်ဳိးေက်ာ္အား ေမးၾကည့္ရာ လြန္ခဲ့ေသာ(၁၀)ရက္ခန္႔က ကြဲေနေသာ ဇနီးျဖစ္သူ ျဖဴလုံးႏွင့္ စကားမ်ားရန္ျဖစ္ရာမွ ဇနီးျဖစ္သူ ျဖဴလုံးက အက္ဆစ္ႏွင့္ ပက္လိုက္တာဟု ေျပာျပသိရွိရသည္။

ေမာင္ျဖစ္သူ မ်ိဳးေက်ာ္ကို ခင္ဦးျပည္သူ႔ေဆးရံုမွ ေရႊဘိုျပည္သူ႔ေဆးရံုသို႔ အတြင္းလူနာအျဖစ္ လႊဲေျပာင္း ကုသလွ်က္ရွိေၾကာင္း သိရသည္။

၎ျဖစ္စဥ္ႏွင့္ ပါတ္သက္၍ အစ္မအရင္းျဖစ္သူ ေဒၚမိဒံုး(ခ) ေမာ္ေမာ္သင္းမွ တရားလိုျပဳလုပ္ တိုင္းတန္း၍ ၿမိဳ႕မရဲစခန္းမွ (ပ) ၅၄၈/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၂၆ ျဖင့္ ျဖဴလံုး ၃၀ ႏွစ္ (ဘ)ဦး………ေအာင္မဂၤလာရပ္ကြက္၊ ခင္ဦးၿမိဳ႕ေနသူအား အမႈဖြင့္ ဖမ္းဆီးအေရးယူထားေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Chit San (သစ္ထူးလြင္)

# Unicode Version ျဖင့္ ဖတ္ပါ #

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ အောင်မင်္ဂၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤလာရပ်ကွက်၌ ဒီဇင်ဘာ(၂)ရက်နေ့ ည(၁၁)နာရီခန့်က လင်မယားခြင်း စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ယောင်္ကျားဖြစ်သူအားအက်ဆစ်ဖြင့် ပက်သောကြောင့် ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၂)ရက်နေ့ ည(၁၁)နာရီခန့်က အစ်မအရင်းဖြစ်သူဒေါ်မိဒုံးတို့ မိသားစုအိပ်ပျော်နေစဉ် အိမ်နီးနားခြင်းဖြစ်သော ဦးတင်ထွေးမှ “မိဒုံးရေ နင့်မောင် မျိုးကျော် မမြင်ရဘူး- မမြင်ရတော့ဘူးဟုအော်သံကြားရတယ် ဘာဖြစ်ဒါလဲ” ဟုပြောသဖြင့် အစ်မအရင်းဖြစ်သူ ဒေါ်မိဒုံးမှာခင်ပွန်းဖြစ်သူ ဦးထွန်းထွန်းလင်းအား နှိုးပြီး၊ သွားရောက်ကြည့်ရှုခဲ့သည်။

၎င်းနေအိမ်အရှေ့ဘက်ရှိ ထင်းပုံအနီးတွင် မောင်ဖြစ်သူ မျိုးကျော်အားတွေ့ရသဖြင့် ခေါင်းစွပ်ဓါတ်မီးဖြင့် ထိုးကြည့်ရာ မျက်နှာ၊ ရင်ဘက်၊ ဝမ်းဗိုက်နှင့် ဝဲဘက်ပေါင်တို့တွင် လောင်ကျွမ်းဒဏ်ရာ၊ မျက်စိနာကျင်ဒဏ်ရာ(စိုးရိမ်ရ)နှင့် ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသော အဝတ်စားများတွင်အက်ဆစ်လောင်ကျွမ်းထားသည်ကို တွေ့ရှိရသဖြင့် မောင်ဖြစ်သူ မျိုးကျော်အား မေးကြည့်ရာ လွန်ခဲ့သော(၁၀)ရက်ခန့်က ကွဲနေသော ဇနီးဖြစ်သူ ဖြူလုံးနှင့် စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူ ဖြူလုံးက အက်ဆစ်နှင့် ပက်လိုက်တာဟု ပြောပြသိရှိရသည်။

မောင်ဖြစ်သူ မျိုးကျော်ကို ခင်ဦးပြည်သူ့ဆေးရုံမှ ရွှေဘိုပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် လွှဲပြောင်း ကုသလျှက်ရှိကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့် ပါတ်သက်၍ အစ်မအရင်းဖြစ်သူ ဒေါ်မိဒုံး(ခ) မော်မော်သင်းမှ တရားလိုပြုလုပ် တိုင်းတန်း၍ မြို့မရဲစခန်းမှ (ပ) ၅၄၈/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၂၆ ဖြင့် ဖြူလုံး ၃၀ နှစ် (ဘ)ဦး………အောင်မင်္ဂလာရပ်ကွက်၊ ခင်ဦးမြို့နေသူအား အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Chit San (သစ်ထူးလွင်)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top