ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အျဖစ္အပ်က္တစ္ခုစီတိုင္းမွာ ေနာက္ကြယ္ကသက္ဆိုင္တဲ့ အေၾကာင္းအရာတစ္ခုစီရွိသလို တခါတေလမွာ ထင္မွတ္မထားတဲ့ ဆန္းၾကယ္တဲ့ျဖစ္ရပ္ေတြလည္းရွိတတ္ပါတယ္။တခ်ိဳ့ကိစၥေတြက တိုက္ဆိုင္တာျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ ယေန့အခ်ိန္ထိ ဘသူကမွ ရွင္းခ်က္ထုတ္မေပးနိုင္ေသးပါဘူး။ဒီတစ္ခါမွာေတာ့ နွစ္ေပါင္းမ်ားစြာလက္ဆင့္ကမ္းယံုၾကည္ခဲ့တဲ့ ေျပာစမွတ္တြင္တဲ့ က်ိန္စာသင့္ျဖစ္ရပ္မ်ားကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

1.Koh_i_Noor

ကမာၻေပၚမွာ စိတ္ဝင္စားစရာျဖစ္ရပ္ေတြနဲ့ျပည့္နွက္ေနတဲ့ အေက်ာ္ၾကားဆံုးထဲကတစ္ခုျဖစ္တဲ့ ဒီစိန္တံုးကို မြန္ဂိုစစ္အစိုးရ၊ပါရွန္းျပည္၊အိႏၵိယအႏြယ္ဝင္မင္းညီမင္းသားေတြ လက္ဆင့္ကမ္းပိုင္ဆိုင္ခဲ့ၾကပါတယ္။စိန္တံုးရဲ့သမိုင္းေၾကာင္းဟာ အေသဆိုးေတြနဲ့ျပည့္နွက္ေနျပီး အထူးသျဖင့္ေယာက်ၤားေတြကို ကံဆိုးေစပါတယ္။အခုလက္ရွိမွာေတာ့ ဒီစိန္တံုးဟာ ဘုရင္မရဲ့သရဖူေရွ့နားမွာ တပ္ဆင္ထားျပီး ဒီစိန္တံုးေၾကာင့္ပဲ အဂၤလန္နိုင္ငံရဲ့အာဏာစက္ကို ဘုရင္ထက္ဘုရင္မက ပိုခ်ဳပ္ကိုင္နိုင္တာလို့ အယံုအၾကည္ရွိၾကပါတယ္။

2.”Little Bastard” sports car

“Little Bastard”လို့ေခၚတဲ့ ဒီSports Carကေတာ့ အစဥ္အဆက္သတ္တဲ့လူသတ္သမားအျဖစ္နာမည္ၾကီးပါတယ္။ပထမဆံုးအေနနဲ့ သရုပ္ေဆာင္James Deanဟာ လမ္းဆံုတစ္ခုမွာ ဒီကားစီးရင္း ကားတိုက္မွဳျဖစ္ခဲ့တယ္။အဲဒီေနာက္ပိုင္း ဒီကားပိုင္ရွင္၊တစ္စိတ္တေဒသသက္ဆိုင္သူ တစ္ေယာက္မက်န္ ဆက္တိုက္ဆိုသလို ဒီကားစီးရင္း ပဲြခ်င္းျပီးဆံုးပါးခဲ့တယ္။တစ္ရက္မွာေတာ့ ျပပဲြအျပီး ဒီကားဟာ ေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့ျပီး လက္ရွိခ်ိန္ထိဘယ္ေနရာမွာရွိေနသလဲဆိုတာ ဘသူမွမသိခဲ့ၾကပါဘူး။ေနာက္ထပ္ ကံဆိုးမယ့္ကားပိုင္ရွင္ကိုပဲ ပတ္ရွာေနသလား?

3.Otzi the Iceman

Otziဟာ ဥေရာပမွာေတြ့ရတယ့္ နွစ္ေပါင္း5000နီးပါးရွိတဲ့ မံမီျဖစ္ပါတယ္။ျမင့္မားတဲ့ေတာင္ေတြမွာ တာရွည္ခံေအာင္ ေသခ်ာစြာထိန္းသိမ္းထားျပီး သိပၸံပညာရွင္ေတြအေနနဲ့ သုေတသနလုပ္ဖို့ အခြင့္အေရးရပါတယ္။ဒါေပမယ့္ သုေတသနပညာရွင္အမ်ားစုဟာ ရွာေဖြေတြ့ရွိခ်က္အသစ္ေတြ ေဖာ္ထုတ္ျပီးေနာက္မွာပဲ မေတာ္တဆျဖစ္ရပ္ေတြၾကံဳျပီး ေသဆံုးသြားခဲ့ပါတယ္။တခ်ိဳ့ေတြအဆိုအရေတာ့ မံမီေတြကပဲ စမ္းသပ္ခ်က္ျပဳလုပ္သူေတြကို က်ိန္စာတိုက္ထားသေယာင္ ဆိုၾကပါတယ္။

4.Pieter Bruegel the Elder’s Painting

ထူးဆန္းတဲ့သမိုင္းေၾကာင္းအျဖစ္အပ်က္ေတြအေၾကာင္းမွာ Elderရဲ့လက္ရာျဖစ္တဲ့ “The Adoration of the Kings”ကိုလည္း ခ်န္လွပ္ထားလို့မရပါဘူး။ဒီပန္းခ်ီကားခ်ပ္လက္ဝယ္ပိုင္တဲ့ မိသားစုတိုင္းက အမ်ိဳးသမီးေတြဟာ ကေလးမေမြးနိုင္ပါဘူး။ဒီကားခ်ပ္ဟာ 4ၾကိမ္ထက္မက ေရာင္းခ်ခံရျပီးေနာက္ဆံုးမွာေတာ့ ကေလးေတြအမ်ားၾကီးရွိနွင့္ျပီးသားအိမ္မွာ အဆံုးသတ္သြားပါတယ္။က်ိန္စာလည္းအလုပ္မျဖစ္ေတာ့ပါဘူး။

5.The mirror of Myrtles Plantation

Myrtles Plantationဟာ USမွာ သရဲေျခာက္အခံရဆံုးေနရာေတြထဲကတစ္ခုအေနနဲ့ လက္ခံထားၾကပါတယ္။သခ်ိဳၤင္းေျမေပၚမွာ တည္ေဆာက္ထားတာျဖစ္ျပီး ဒ႑ာရီလာအဆိုေတြအရ အဲဒီအိမ္ၾကီးထဲမွာ လူရဲ့ဝိညာဥ္ေတြပူးကပ္ေနတဲ့ မွန္တစ္ခ်ပ္ရွိပါတယ္။ကမာၻလွည့္ခရီးသည္ေတြ မွန္ေရွ့မွာရုိက္တဲ့ ဓာတ္ပံုေတြထဲမွာ ဝါးတားတားပံုရိပ္ေတြ ကပ္လ်က္ပါေနတတ္ပါတယ္။


6.The cursed rocks

Uluruဟာ ၾသစေၾတးလ်မွာရွိတဲ့ အလြန္ထူးဆန္းတဲ့ အနီေရာင္ေတာင္တစ္ခု ျဖစ္ပါတယ္။လက္ဆင့္ကမ္းအဆိုေတြအရ ဒီေတာင္ဟာ ေသဆံုးသြားတဲ့အလြန္ေရွးက်တဲ့လူမ်ိဳးေတြရဲ့ ဝိညာဥ္ေတြ သိမ္းထုပ္ထားတဲ့ေနရာတစ္ခုျဖစ္တယ္လို့ ယံုၾကည္လက္ခံထားၾကပါတယ္။ကမာၻလွည့္ခရီးသြားေတြကလည္း ေဒသခံေတြရဲ့သတိေပးမွဳကိုနားမဝင္ပဲ ေက်ာက္တံုးေသးေသးေလးေတြကို အမွတ္တရအေနနဲ့ ယူသြားလိုၾကပါတယ္။ဒါေပမယ့္ ေတာင္ရဲ့ဝိညာဥ္ေတြက သယ္ေဆာင္လာတဲ့ ကံဆိုးမွဳေတြေၾကာင့္ တခ်ိဳ့လူေတြအေနနဲ့ ယူလာခဲ့တဲ့ေက်ာက္တံုးေသးေလးေတြကို မူလေနရာမွာ ျပန္လာထားခဲ့ရပါတယ္။

7.Bloodwood

ၾသစေၾတးလ်နိုင္ငံမွာပဲ ကံဆိုးမွဳေတြရဲ့အရင္းအျမစ္လို့ေျပာလို့ရမယ့္ သဘာဝျဖစ္ရပ္တစ္ခုရွိေနပါေသးတယ္။လူရဲ့ေသြးနဲ့တူတဲ့သစ္ေစးေတြ ထြက္ေနတဲ့ Bloodwoodပါ။ျဖတ္ပိုင္းစကေန ထြက္ေနတဲ့ အနီေရာင္အေစးေတြဟာ ကမာၻလွည့္ခရီးသြားေတြရဲ့အာရုံကို ဆဲြေဆာင္နိုင္ခဲ့ျပီး သူတို့ဟာသစ္ပင္ရဲ့အပိုင္းအစေတြကို ယူသြားတတ္ၾကပါတယ္။အမွတ္တရအေနနဲ့ယူလာခဲ့တဲ့ ျဖတ္ပိုင္းစေလးေတြက ကံဆိုးမွဳေတြကို သယ္ေဆာင္လာျပီးေနာက္မွာေတာ့ ေတာင္းပန္စာေရးျပီး မူလေနရာမွာ ျပန္ထားေပးခဲ့ရပါတယ္။

8.Telephone Number

ေနာက္ထပ္ ေၾကာက္စရာေကာင္းတဲ့အျဖစ္အပ်က္ကေတာ့ Bulgariaနိုင္ငံမွာပါ။0888 888 888ဆိုတဲ့ တယ္လီဖုန္းနံပါတ္ဟာ 10နွစ္အတြင္းမွာ လူ3ေယာက္ လက္လဲြွပိုင္ဆိုင္ခဲ့ၾကပါတယ္။ဒီလိုပိုင္ရွင္ ရုတ္တရက္ေျပာင္းေျပာင္းသြားျခင္းက ဒီဖုန္းနံပါတ္ကို လက္ဝယ္ပိုင္ဆိုင္ထားတဲ့ မူလပိုင္ရွင္ ရုတ္တရက္ဆံုးဆံုးသြားလို့ပါ။

9.Annabelle the possessed doll

The Warren’s Occult Museumမွာ “Warning,positively do not open”ဆိုတဲ့ စာတန္းေလးနဲ့ ေသခ်ာစြာထည့္သြင္းျပသထားတဲ့ အရုပ္တစ္ရုပ္ရွိပါတယ္။အဲဒါကေတာ့ “Annabelle”ပါ။ဒ႑ာရီအဆိုမ်ားအရ Annabelleအရုပ္ဟာ တစ္ေယာက္တည္းရွိခ်ိန္ အေနအထားေျပာင္းေလ့ရွိျပီး ဆိုးသြမ္းတဲ့အျပဳအမူမ်ားကိုလည္းလုပ္တယ္လို့ ဆိုၾကပါတယ္။ဒါဟာ အရုပ္ထဲမွာ ဝိညာဥ္ဆိုးေတြလြွတ္ထားလို့ျဖစ္တယ္လို့ ဆိုပါတယ္။

10.Black Orlov or the Eye of Brahma Diamond

ေနာက္ ဆန္းၾကယ္တဲ့ရတနာကေတာ့ ေရွးအိႏၵိယဝတ္ျပဳေက်ာင္းမွာရွိတဲ့ ဟိႏၵဴဘုရားျဗဟၼရုပ္တုေတာ္ရဲ့ မ်က္လံုးတစ္ဖက္မွာထည့္သြင္းထားတဲ့ စိန္တံုးပါ။စိန္တံုးဟာ ဥေရာပလူမ်ိဳးေတြရဲ့ ခိုးယူျခင္းကိုခံရျပီးေနာက္ လက္ဝယ္ပိုင္ဆိုင္ခဲ့တဲ့ နိုင္ငံေပါင္းစံုကပိုင္ရွင္အသစ္ေတြအေနနဲ့လည္း ကံဆိုးမွဳေတြဆက္တိုက္ၾကံဳခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  cantwait2say

#Unicode Version#
အဖြစ်အပျက်တစ်ခုစီတိုင်းမှာ နောက်ကွယ်ကသက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုစီရှိသလို တခါတလေမှာ ထင်မှတ်မထားတဲ့ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေလည်းရှိတတ်ပါတယ်။တချို့ကိစ္စတွေက တိုက်ဆိုင်တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ယနေ့အချိန်ထိ ဘသူကမှ ရှင်းချက်ထုတ်မပေးနိုင်သေးပါဘူး။ဒီတစ်ခါမှာတော့ နှစ်ပေါင်းများစွာလက်ဆင့်ကမ်းယုံကြည်ခဲ့တဲ့ ပြောစမှတ်တွင်တဲ့ ကျိန်စာသင့်ဖြစ်ရပ်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာဖြစ်ရပ်တွေနဲ့ပြည့်နှက်နေတဲ့ အကျော်ကြားဆုံးထဲကတစ်ခုဖြစ်တဲ့ ဒီစိန်တုံးကို မွန်ဂိုစစ်အစိုးရ၊ပါရှန်းပြည်၊အိန္ဒိယအနွယ်ဝင်မင်းညီမင်းသားတွေ လက်ဆင့်ကမ်းပိုင်ဆိုင်ခဲ့ကြပါတယ်။စိန်တုံးရဲ့သမိုင်းကြောင်းဟာ အသေဆိုးတွေနဲ့ပြည့်နှက်နေပြီး အထူးသဖြင့်ယောင်္ကျားတွေကို ကံဆိုးစေပါတယ်။အခုလက်ရှိမှာတော့ ဒီစိန်တုံးဟာ ဘုရင်မရဲ့သရဖူရှေ့နားမှာ တပ်ဆင်ထားပြီး ဒီစိန်တုံးကြောင့်ပဲ အင်္ဂလန်နိုင်ငံရဲ့အာဏာစက်ကို ဘုရင်ထက်ဘုရင်မက ပိုချုပ်ကိုင်နိုင်တာလို့ အယုံအကြည်ရှိကြပါတယ်။

2.”Little Bastard” sports car

“Little Bastard”လို့ခေါ်တဲ့ ဒီSports Carကတော့ အစဉ်အဆက်သတ်တဲ့လူသတ်သမားအဖြစ်နာမည်ကြီးပါတယ်။ပထမဆုံးအနေနဲ့ သရုပ်ဆောင်James Deanဟာ လမ်းဆုံတစ်ခုမှာ ဒီကားစီးရင်း ကားတိုက်မှုဖြစ်ခဲ့တယ်။အဲဒီနောက်ပိုင်း ဒီကားပိုင်ရှင်၊တစ်စိတ်တဒေသသက်ဆိုင်သူ တစ်ယောက်မကျန် ဆက်တိုက်ဆိုသလို ဒီကားစီးရင်း ပွဲချင်းပြီးဆုံးပါးခဲ့တယ်။တစ်ရက်မှာတော့ ပြပွဲအပြီး ဒီကားဟာ ပျောက်ချင်းမလှပျောက်သွားခဲ့ပြီး လက်ရှိချိန်ထိဘယ်နေရာမှာရှိနေသလဲဆိုတာ ဘသူမှမသိခဲ့ကြပါဘူး။နောက်ထပ် ကံဆိုးမယ့်ကားပိုင်ရှင်ကိုပဲ ပတ်ရှာနေသလား?

3.Otzi the Iceman

Otziဟာ ဥရောပမှာတွေ့ရတယ့် နှစ်ပေါင်း5000နီးပါးရှိတဲ့ မံမီဖြစ်ပါတယ်။မြင့်မားတဲ့တောင်တွေမှာ တာရှည်ခံအောင် သေချာစွာထိန်းသိမ်းထားပြီး သိပ္ပံပညာရှင်တွေအနေနဲ့ သုတေသနလုပ်ဖို့ အခွင့်အရေးရပါတယ်။ဒါပေမယ့် သုတေသနပညာရှင်အများစုဟာ ရှာဖွေတွေ့ရှိချက်အသစ်တွေ ဖော်ထုတ်ပြီးနောက်မှာပဲ မတော်တဆဖြစ်ရပ်တွေကြုံပြီး သေဆုံးသွားခဲ့ပါတယ်။တချို့တွေအဆိုအရတော့ မံမီတွေကပဲ စမ်းသပ်ချက်ပြုလုပ်သူတွေကို ကျိန်စာတိုက်ထားသယောင် ဆိုကြပါတယ်။

4.Pieter Bruegel the Elder’s Painting

ထူးဆန်းတဲ့သမိုင်းကြောင်းအဖြစ်အပျက်တွေအကြောင်းမှာ Elderရဲ့လက်ရာဖြစ်တဲ့ “The Adoration of the Kings”ကိုလည်း ချန်လှပ်ထားလို့မရပါဘူး။ဒီပန်းချီကားချပ်လက်ဝယ်ပိုင်တဲ့ မိသားစုတိုင်းက အမျိုးသမီးတွေဟာ ကလေးမမွေးနိုင်ပါဘူး။ဒီကားချပ်ဟာ 4ကြိမ်ထက်မက ရောင်းချခံရပြီးနောက်ဆုံးမှာတော့ ကလေးတွေအများကြီးရှိနှင့်ပြီးသားအိမ်မှာ အဆုံးသတ်သွားပါတယ်။ကျိန်စာလည်းအလုပ်မဖြစ်တော့ပါဘူး။

5.The mirror of Myrtles Plantation

Myrtles Plantationဟာ USမှာ သရဲခြောက်အခံရဆုံးနေရာတွေထဲကတစ်ခုအနေနဲ့ လက်ခံထားကြပါတယ်။သချိုၤင်းမြေပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး ဒဏ္ဍာရီလာအဆိုတွေအရ အဲဒီအိမ်ကြီးထဲမှာ လူရဲ့ဝိညာဉ်တွေပူးကပ်နေတဲ့ မှန်တစ်ချပ်ရှိပါတယ်။ကမ္ဘာလှည့်ခရီးသည်တွေ မှန်ရှေ့မှာရိုက်တဲ့ ဓာတ်ပုံတွေထဲမှာ ဝါးတားတားပုံရိပ်တွေ ကပ်လျက်ပါနေတတ်ပါတယ်။


6.The cursed rocks

Uluruဟာ သြစတြေးလျမှာရှိတဲ့ အလွန်ထူးဆန်းတဲ့ အနီရောင်တောင်တစ်ခု ဖြစ်ပါတယ်။လက်ဆင့်ကမ်းအဆိုတွေအရ ဒီတောင်ဟာ သေဆုံးသွားတဲ့အလွန်ရှေးကျတဲ့လူမျိုးတွေရဲ့ ဝိညာဉ်တွေ သိမ်းထုပ်ထားတဲ့နေရာတစ်ခုဖြစ်တယ်လို့ ယုံကြည်လက်ခံထားကြပါတယ်။ကမ္ဘာလှည့်ခရီးသွားတွေကလည်း ဒေသခံတွေရဲ့သတိပေးမှုကိုနားမဝင်ပဲ ကျောက်တုံးသေးသေးလေးတွေကို အမှတ်တရအနေနဲ့ ယူသွားလိုကြပါတယ်။ဒါပေမယ့် တောင်ရဲ့ဝိညာဉ်တွေက သယ်ဆောင်လာတဲ့ ကံဆိုးမှုတွေကြောင့် တချို့လူတွေအနေနဲ့ ယူလာခဲ့တဲ့ကျောက်တုံးသေးလေးတွေကို မူလနေရာမှာ ပြန်လာထားခဲ့ရပါတယ်။

7.Bloodwood

သြစတြေးလျနိုင်ငံမှာပဲ ကံဆိုးမှုတွေရဲ့အရင်းအမြစ်လို့ပြောလို့ရမယ့် သဘာဝဖြစ်ရပ်တစ်ခုရှိနေပါသေးတယ်။လူရဲ့သွေးနဲ့တူတဲ့သစ်စေးတွေ ထွက်နေတဲ့ Bloodwoodပါ။ဖြတ်ပိုင်းစကနေ ထွက်နေတဲ့ အနီရောင်အစေးတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး သူတို့ဟာသစ်ပင်ရဲ့အပိုင်းအစတွေကို ယူသွားတတ်ကြပါတယ်။အမှတ်တရအနေနဲ့ယူလာခဲ့တဲ့ ဖြတ်ပိုင်းစလေးတွေက ကံဆိုးမှုတွေကို သယ်ဆောင်လာပြီးနောက်မှာတော့ တောင်းပန်စာရေးပြီး မူလနေရာမှာ ပြန်ထားပေးခဲ့ရပါတယ်။

8.Telephone Number

နောက်ထပ် ကြောက်စရာကောင်းတဲ့အဖြစ်အပျက်ကတော့ Bulgariaနိုင်ငံမှာပါ။0888 888 888ဆိုတဲ့ တယ်လီဖုန်းနံပါတ်ဟာ 10နှစ်အတွင်းမှာ လူ3ယောက် လက်လွဲှပိုင်ဆိုင်ခဲ့ကြပါတယ်။ဒီလိုပိုင်ရှင် ရုတ်တရက်ပြောင်းပြောင်းသွားခြင်းက ဒီဖုန်းနံပါတ်ကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ မူလပိုင်ရှင် ရုတ်တရက်ဆုံးဆုံးသွားလို့ပါ။

9.Annabelle the possessed doll

The Warren’s Occult Museumမှာ “Warning,positively do not open”ဆိုတဲ့ စာတန်းလေးနဲ့ သေချာစွာထည့်သွင်းပြသထားတဲ့ အရုပ်တစ်ရုပ်ရှိပါတယ်။အဲဒါကတော့ “Annabelle”ပါ။ဒဏ္ဍာရီအဆိုများအရ Annabelleအရုပ်ဟာ တစ်ယောက်တည်းရှိချိန် အနေအထားပြောင်းလေ့ရှိပြီး ဆိုးသွမ်းတဲ့အပြုအမူများကိုလည်းလုပ်တယ်လို့ ဆိုကြပါတယ်။ဒါဟာ အရုပ်ထဲမှာ ဝိညာဉ်ဆိုးတွေလွှတ်ထားလို့ဖြစ်တယ်လို့ ဆိုပါတယ်။

10.Black Orlov or the Eye of Brahma Diamond

နောက် ဆန်းကြယ်တဲ့ရတနာကတော့ ရှေးအိန္ဒိယဝတ်ပြုကျောင်းမှာရှိတဲ့ ဟိန္ဒူဘုရားဗြဟ္မရုပ်တုတော်ရဲ့ မျက်လုံးတစ်ဖက်မှာထည့်သွင်းထားတဲ့ စိန်တုံးပါ။စိန်တုံးဟာ ဥရောပလူမျိုးတွေရဲ့ ခိုးယူခြင်းကိုခံရပြီးနောက် လက်ဝယ်ပိုင်ဆိုင်ခဲ့တဲ့ နိုင်ငံပေါင်းစုံကပိုင်ရှင်အသစ်တွေအနေနဲ့လည်း ကံဆိုးမှုတွေဆက်တိုက်ကြုံခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top