န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အဖုေတြဟာ သားအိမ္ေခါင္းထဲမွာ ရွိတယ္ဆိုရင္ သာမန္မိန္းမကိုယ္ စစ္ေဆးမႈနဲ႔ ရွာေဖြႏိုင္ေပမယ့္ သားအိမ္ထဲ မွာ ရွိရင္ေတာ့ ultrasound ရိုက္ျပီး စစ္ေဆးဖို႔ လိုပါတယ္။

သားအိမ္ေခါင္းမွာ ေပါက္တဲ့အဖုေတြက အသက္ (၃၀) မွ ( ၅၀ ) တြင္း အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတဲ့ သားဖြားမီးယပ္ေရာဂါ တစ္ခုပါ။ ဒါေတြက သားအိမ္ေခါင္း အျပင္ဘက္နဲ႔ သားအိမ္တြင္းမွာ ျဖစ္တတ္တဲ့ အၾကိတ္ေလး ေတြပါ။ သူတို႔ကို ဆဲလ္အၾကီးစားေတြနဲ႔ ဖြဲ႕စည္းထားျပီး နူးညံ့တဲ့ ခ်ိတ္ဆက္တစ္ရႈးေတြနဲ႕ ဝန္းရံထားပါတယ္။ အဲဒီအဖုေတြရဲ႕ အရြယ္အစားက ဆန္ေစ့ေလာက္ထိ ေသးႏိုင္သလို အခ်င္း ၁၀ စင္တီမီ္တာေလာက္ ထိလည္း ၾကီးႏိုင္ပါတယ္။ သားအိမ္ေခါင္းရဲ႕ အဖုေတြဟာ ပန္းေရာင္ရွိျပီးေတာ့သားအိမ္တြင္းမွာ ရွိတဲ့ က်န္အစိတ္အပိုင္း နဲ႕တူတဲ့ ထိပ္ေတြဟာလည္း အရမ္းႏူးညံံ့တဲ့ အတြက္ ထိမိရင္ အလြယ္တကူ ေသြးထြက္ပါတယ္။ ေလ့လာ ေတြ႕ရွိခ်က္ေတြအရ သားအိမ္ေခါင္းမွာေပါက္တဲ့ အဖုေတြဟာ သားအိမ္ေခါင္း ေရာင္ရမ္းတာေၾကာင့္ ျဖစ္ပါ တယ္။ ဒီအဖုေတြက ကင္ဆာအစပိုင္း အေျခအေနကို ဦးတည္ႏိုင္ပါတယ္။ ဒီအဖု ေတြဟာ ေရာဂါလကၡဏာမေပၚဘဲ သားဖြားမီးရပ္ ေဆးစစ္ခ်က္ေတြ ကတဆင့္သာ သိႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္္ျခင္းအေပၚ သားအိမ္ေခါင္းမွာ ေပါက္တဲ့ အဖုေတြရဲ႕သက္ေရာက္မႈမ်ား
အဖုေတြဟာ မိန္းမအဂၤါကိုပိုးဝင္္တာေၾကာင့္ ျဖစ္ေပၚလာတဲ့အတြက္ အမ်ိဳးသမီးေတြရဲ႕ မ်ိဳးစက္ပြား က်န္းမာေရး ကို ထိခိုက္ေစပါတယ္။ ေသးငယ္တဲ့ အဖုေတြဟာ သုတ္ေကာင္ မမ်ိဳးဥဆီ ေရာက္္တာကို ဟန္႔္တားထားျပီး ၾကီးလာရင္ေတာ့ သားအိမ္ေခါင္း ပိတ္ဆို႔မႈေတြ ကတဆင့္ က်န္းမာေရးကိုပါ ထိခိုက္ေစပါတယ္။ Polyp ေတြရွိရင္ ကိုယ္ဝန္မရႏိုင္ဘူးလို႔ မဆိုလိုေပမယ့္ ကိုယ္ဝန္ရႏိုင္ေခ် အရမ္း နည္းပါးေစပါတယ္။ အဲဒီအဖုေတြ ရွိေနလို႔ ကိုယ္ဝန္မေဆာင္ႏိုင္တဲ့ အမ်ိဳးသမီးေတြအတြက္ ကုသမႈခံယူမွပဲ ကိုယ္ဝန္ရႏိုင္ေခ် ျမင့္တက္ႏိုင္ ပါတယ္။

အမ်ိဳးသမီးတိုင္း အထူးသျဖင့္ ကေလးယူမယ့္ အမ်ိဳးသမီးေတြဟာ ပံုမွန္ သားဖြားမီးယပ္ စစ္ေဆးသင့္ပါတယ္။

သားအိမ္ေခါင္းမွာေပါက္တဲ့ အဖုေတြဟာ ရာသီေသြး ပံုမွန္မလာတာရဲ႕ အေၾကာင္းရင္း တစ္ခုျဖစ္္တာေၾကာင့္ ကိုယ္ဝန္ေဆာင္တဲ့အခါ အေရးၾကီးတဲ့ မ်ိဳးဥေၾကြစက္ဝန္းကို သတ္မွတ္ဖို႔ အတြက္ခက္ခဲေစပါတယ္။ မသိသာေပမယ့္ အခ်ိန္ၾကာလာရင္ေတာ့ ကင္ဆာျဖစ္ႏိုင္တဲ့ အေျခအေနကို ေျပာင္းသြားႏိုင္္ ပါတယ္။ သံသယရွိလာျပီဆိုရင္ ဆရာဝန္က လိုအပ္တဲ့ တစ္ရႈးစေတြ စစ္ေဆးပါလိမ့္မယ္။ ေစာေစာ လက္ဦးမႈ ယူျပီး ကုသထားမွသာ အမ်ိဳးသမီးေတြအတြက္ စိတ္ခ်ရပါလိမ့္မယ္။

သားအိမ္ေခါင္းမွာ ေပါက္တဲ့ အဖုေတြကို ရွာေဖြေတြ႔ရွိကုသျခင္း
အဖုေတြဟာ သားအိမ္ေခါင္းထဲမွာ ရွိတယ္ဆိုရင္ သာမန္မိန္းမကိုယ္ စစ္ေဆးမႈနဲ႔ ရွာေဖြႏိုင္ေပမယ့္ သားအိမ္ထဲ မွာ ရွိရင္ေတာ့ ultrasound ရိုက္ျပီး စစ္ေဆးဖို႔ လိုပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေတြက က်န္းမာေရး မူမမွန္ တာေတြကို ေစာေစာကုသျပီး ေရရွည္က်န္းမာေရး ဆိုးက်ိဳးေတြကို ေရွာင္ရွားဖို႔နဲ႔ ကိုယ္ဝန္ ေကာင္းေကာင္း ေဆာင္ႏိုင္ဖို႔အတြက္ သားဖြားမီးယပ္ ဆရာဝန္နဲ႔ သံုးလတစ္ၾကိမ္ ျပသင့္ပါတယ္။ ဒါမွသာ က်န္းမာေရးေကာင္း ျပီး ကိုယ္ဝန္ေဆာင္ဖို႔ သတိထား ျပင္ဆင္ႏိုင္မွာျဖစ္ပါတယ္။ ဒီေခတ္မွာ အဲဒီအရာေတြကို ကုသဖို႔ လြယ္ကူသြားပါျပီ။ ဆရာဝန္ေတြက လူတစ္ေယာက္စီရဲ႕ အေျခအေနေပၚ မူတည္ျပီး ဖယ္ရွားႏိုင္ျပီး ကုသခ်က္ေတြလည္း ျမန္ဆန္ျပီး စိတ္ခ်ေနရပါျပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kalay

# Unicode Version ျဖင့္ ဖတ္ပါ #
အဖုတွေဟာ သားအိမ်ခေါင်းထဲမှာ ရှိတယ်ဆိုရင် သာမန်မိန်းမကိုယ် စစ်ဆေးမှုနဲ့ ရှာဖွေနိုင်ပေမယ့် သားအိမ်ထဲ မှာ ရှိရင်တော့ ultrasound ရိုက်ပြီး စစ်ဆေးဖို့ လိုပါတယ်။

သားအိမ်ခေါင်းမှာ ပေါက်တဲ့အဖုတွေက အသက် (၃၀) မှ ( ၅၀ ) တွင်း အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားဖွားမီးယပ်ရောဂါ တစ်ခုပါ။ ဒါတွေက သားအိမ်ခေါင်း အပြင်ဘက်နဲ့ သားအိမ်တွင်းမှာ ဖြစ်တတ်တဲ့ အကြိတ်လေး တွေပါ။ သူတို့ကို ဆဲလ်အကြီးစားတွေနဲ့ ဖွဲ့စည်းထားပြီး နူးညံ့တဲ့ ချိတ်ဆက်တစ်ရှုးတွေနဲ့ ဝန်းရံထားပါတယ်။ အဲဒီအဖုတွေရဲ့ အရွယ်အစားက ဆန်စေ့လောက်ထိ သေးနိုင်သလို အချင်း ၁၀ စင်တီမီ်တာလောက် ထိလည်း ကြီးနိုင်ပါတယ်။ သားအိမ်ခေါင်းရဲ့ အဖုတွေဟာ ပန်းရောင်ရှိပြီးတော့သားအိမ်တွင်းမှာ ရှိတဲ့ ကျန်အစိတ်အပိုင်း နဲ့တူတဲ့ ထိပ်တွေဟာလည်း အရမ်းနူးညံံ့တဲ့ အတွက် ထိမိရင် အလွယ်တကူ သွေးထွက်ပါတယ်။ လေ့လာ တွေ့ရှိချက်တွေအရ သားအိမ်ခေါင်းမှာပေါက်တဲ့ အဖုတွေဟာ သားအိမ်ခေါင်း ရောင်ရမ်းတာကြောင့် ဖြစ်ပါ တယ်။ ဒီအဖုတွေက ကင်ဆာအစပိုင်း အခြေအနေကို ဦးတည်နိုင်ပါတယ်။ ဒီအဖု တွေဟာ ရောဂါလက္ခဏာမပေါ်ဘဲ သားဖွားမီးရပ် ဆေးစစ်ချက်တွေ ကတဆင့်သာ သိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်းအပေါ် သားအိမ်ခေါင်းမှာ ပေါက်တဲ့ အဖုတွေရဲ့သက်ရောက်မှုများ
အဖုတွေဟာ မိန်းမအင်္ဂါကိုပိုးဝင်တာကြောင့် ဖြစ်ပေါ်လာတဲ့အတွက် အမျိုးသမီးတွေရဲ့ မျိုးစက်ပွား ကျန်းမာရေး ကို ထိခိုက်စေပါတယ်။ သေးငယ်တဲ့ အဖုတွေဟာ သုတ်ကောင် မမျိုးဥဆီ ရောက်တာကို ဟန့်တားထားပြီး ကြီးလာရင်တော့ သားအိမ်ခေါင်း ပိတ်ဆို့မှုတွေ ကတဆင့် ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ Polyp တွေရှိရင် ကိုယ်ဝန်မရနိုင်ဘူးလို့ မဆိုလိုပေမယ့် ကိုယ်ဝန်ရနိုင်ချေ အရမ်း နည်းပါးစေပါတယ်။ အဲဒီအဖုတွေ ရှိနေလို့ ကိုယ်ဝန်မဆောင်နိုင်တဲ့ အမျိုးသမီးတွေအတွက် ကုသမှုခံယူမှပဲ ကိုယ်ဝန်ရနိုင်ချေ မြင့်တက်နိုင် ပါတယ်။

အမျိုးသမီးတိုင်း အထူးသဖြင့် ကလေးယူမယ့် အမျိုးသမီးတွေဟာ ပုံမှန် သားဖွားမီးယပ် စစ်ဆေးသင့်ပါတယ်။

သားအိမ်ခေါင်းမှာပေါက်တဲ့ အဖုတွေဟာ ရာသီသွေး ပုံမှန်မလာတာရဲ့ အကြောင်းရင်း တစ်ခုဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်တဲ့အခါ အရေးကြီးတဲ့ မျိုးဥကြွေစက်ဝန်းကို သတ်မှတ်ဖို့ အတွက်ခက်ခဲစေပါတယ်။ မသိသာပေမယ့် အချိန်ကြာလာရင်တော့ ကင်ဆာဖြစ်နိုင်တဲ့ အခြေအနေကို ပြောင်းသွားနိုင် ပါတယ်။ သံသယရှိလာပြီဆိုရင် ဆရာဝန်က လိုအပ်တဲ့ တစ်ရှုးစတွေ စစ်ဆေးပါလိမ့်မယ်။ စောစော လက်ဦးမှု ယူပြီး ကုသထားမှသာ အမျိုးသမီးတွေအတွက် စိတ်ချရပါလိမ့်မယ်။

သားအိမ်ခေါင်းမှာ ပေါက်တဲ့ အဖုတွေကို ရှာဖွေတွေ့ရှိကုသခြင်း
အဖုတွေဟာ သားအိမ်ခေါင်းထဲမှာ ရှိတယ်ဆိုရင် သာမန်မိန်းမကိုယ် စစ်ဆေးမှုနဲ့ ရှာဖွေနိုင်ပေမယ့် သားအိမ်ထဲ မှာ ရှိရင်တော့ ultrasound ရိုက်ပြီး စစ်ဆေးဖို့ လိုပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက ကျန်းမာရေး မူမမှန် တာတွေကို စောစောကုသပြီး ရေရှည်ကျန်းမာရေး ဆိုးကျိုးတွေကို ရှောင်ရှားဖို့နဲ့ ကိုယ်ဝန် ကောင်းကောင်း ဆောင်နိုင်ဖို့အတွက် သားဖွားမီးယပ် ဆရာဝန်နဲ့ သုံးလတစ်ကြိမ် ပြသင့်ပါတယ်။ ဒါမှသာ ကျန်းမာရေးကောင်း ပြီး ကိုယ်ဝန်ဆောင်ဖို့ သတိထား ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒီခေတ်မှာ အဲဒီအရာတွေကို ကုသဖို့ လွယ်ကူသွားပါပြီ။ ဆရာဝန်တွေက လူတစ်ယောက်စီရဲ့ အခြေအနေပေါ် မူတည်ပြီး ဖယ်ရှားနိုင်ပြီး ကုသချက်တွေလည်း မြန်ဆန်ပြီး စိတ်ချနေရပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: Kalay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top