ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တရုတ္ႏုိင္ငံက လယ္သမားတစ္ဦးဟာ ဝက္တစ္ေကာင္မွာရွိတဲ႔ သည္းေျခေက်ာက္တစ္ခုကုိ မထင္မွတ္ပဲ ရွာေဖြသြားရွိသြားခဲ႔တဲ႔အတြက္ အခုဆုိရင္ ဒီလယ္သမားဟာ ထုိသည္းေျခေက်ာက္ကုိ ေရာင္းခ်ၿပီး သန္းၾကြယ္သူေဌးတစ္ေယာက္ပင္ ျဖစ္သြားခဲ႔႔ပါၿပီ။

Bezoar လုိ႔ေခၚတဲ႔ ဝက္သည္းေျခေက်ာက္ဟာ အလြန္အမင္းကုိ ရွားပါးလြန္းတဲ႔အရာျဖစ္ၿပီး အေမႊးအမွ်င္မ်ား အစာမေၾကလြယ္ႏုိင္တဲ႔အရာမ်ား စုေပါင္းျဖစ္ေပၚေနတဲ႔ အစုိင္အခဲတစ္ခုျဖစ္ပါတယ္။ တရုတ္ရုိးရာ ေဆးဆရာႀကီးမ်ားကေတာ့ ဝက္သည္းေျခေက်ာက္ကုိ ဝက္ရတနာလုိ႔ပင္ တင္စားေခၚဆုိတတ္ၾကပါတယ္။

ဘာေၾကာင့္လဲဆုိေတာ့ ဒီအရာက လူ႔ခႏၶာကုိယ္အတြင္းမွာရွိတဲ႔ အဆိပ္အေတာက္ေတြကုိ သန္႔စင္ဖယ္ရွားႏုိင္သလုိ က်န္းမာေရးအတြက္ အရမ္းကုိ အစြမ္းထက္တဲ႔အရာ ျဖစ္ေနလုိ႔ပါပဲ။ ဒီလုိ အဖုိးတန္တဲ႔ ဝက္သည္းေျခေက်ာက္ကုိ Bo Chunlou လုိ႔အမည္ရတဲ႔ တရုတ္ႏုိင္ငံသား လယ္သမားတစ္ဦးကေန ေတြ႕ျမင္ခဲ႔ရတာျဖစ္ပါတယ္။

အသက္ ၅၁ႏွစ္အရႊယ္ရွိ Bo ဟာ ၄လက္မရွည္ၿပီး ၂.၇လက္မ က်ယ္ျပန္႔တဲ႔ ဝက္သည္းေျခေက်ာက္ကုိ သူရဲ႕ၿခံမွာ ေမြးျဖဴထားတဲ႔ ၈ႏွစ္အရႊယ္ ဝက္တစ္ေကာင္ဆီကေန ၿပီးခဲ႔တဲ႔ ၾသဂုတ္လက စတင္ေတြ႕ရွိခဲ႔တာျဖစ္ပါတယ္။

ဒီသည္းေျခေက်ာက္ကုိ သြားေရာက္ၿပီး ေရာင္းခ်ခဲ႔ရာမွာေတာ့ တရုတ္ယြမ္ ၄သန္း ( အေမရိကန္ေဒၚလာ ၄သိန္းခြဲ ) ေလာက္အထိကုိ ရရွိခဲ႔လုိ႔ လယ္သမားဘဝကေန ေန႔ခ်င္းညခ်င္းမွာပဲ သန္းၾကြယ္သူေဌးဘဝကုိ ေရာက္ရွိသြားခဲ႔ရပါတယ္။

ဒီလုိ သန္းၾကြယ္သူေဌးျဖစ္သြားခဲ႔တဲ႔ လယ္သမားႀကီး Bo နဲ႔ သူ႔သားတုိ႔ႏွစ္ဦးဟာ တရုတ္ႏုိင္ငံရဲ႕ၿမိဳ႕ေတာ္ႀကီးျဖစ္တဲ႔ ရွန္ဟုိင္းၿမိဳ႕ကုိ သြားေရာက္လည္ပတ္ေနၿပီလုိ႔ သိရပါတယ္။ ကြ်မ္းက်င္သူေတြရဲ႕ ေျပာျပခ်က္အရ ဝက္ရဲ႕ သည္းေျခအိတ္မွာရွိတဲ႔ သည္းေျခေက်ာက္သာလွ်င္ အဖုိးတန္သာျဖစ္ၿပီး အစာအိမ္အတြင္းမွာရွိတဲ႔ သည္းေျခေက်ာက္ကေတာ့ လုံးဝကုိ တန္ဖုိးမရွိဘူးလုိ႔ သိရွိရပါတယ္ခင္ဗ်ာ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  STH

#Unicode Version#
တရုတ်နိုင်ငံက လယ်သမားတစ်ဦးဟာ ဝက်တစ်ကောင်မှာရှိတဲ့ သည်းခြေကျောက်တစ်ခုကို မထင်မှတ်ပဲ ရှာဖွေသွားရှိသွားခဲ့တဲ့အတွက် အခုဆိုရင် ဒီလယ်သမားဟာ ထိုသည်းခြေကျောက်ကို ရောင်းချပြီး သန်းကြွယ်သူဌေးတစ်ယောက်ပင် ဖြစ်သွားခဲ့ပါပြီ။

Bezoar လို့ခေါ်တဲ့ ဝက်သည်းခြေကျောက်ဟာ အလွန်အမင်းကို ရှားပါးလွန်းတဲ့အရာဖြစ်ပြီး အမွှေးအမျှင်များ အစာမကြေလွယ်နိုင်တဲ့အရာများ စုပေါင်းဖြစ်ပေါ်နေတဲ့ အစိုင်အခဲတစ်ခုဖြစ်ပါတယ်။ တရုတ်ရိုးရာ ဆေးဆရာကြီးများကတော့ ဝက်သည်းခြေကျောက်ကို ဝက်ရတနာလို့ပင် တင်စားခေါ်ဆိုတတ်ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီအရာက လူ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို သန့်စင်ဖယ်ရှားနိုင်သလို ကျန်းမာရေးအတွက် အရမ်းကို အစွမ်းထက်တဲ့အရာ ဖြစ်နေလို့ပါပဲ။ ဒီလို အဖိုးတန်တဲ့ ဝက်သည်းခြေကျောက်ကို Bo Chunlou လို့အမည်ရတဲ့ တရုတ်နိုင်ငံသား လယ်သမားတစ်ဦးကနေ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

အသက် ၅၁နှစ်အရွှယ်ရှိ Bo ဟာ ၄လက်မရှည်ပြီး ၂.၇လက်မ ကျယ်ပြန့်တဲ့ ဝက်သည်းခြေကျောက်ကို သူရဲ့ခြံမှာ မွေးဖြူထားတဲ့ ၈နှစ်အရွှယ် ဝက်တစ်ကောင်ဆီကနေ ပြီးခဲ့တဲ့ သြဂုတ်လက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီသည်းခြေကျောက်ကို သွားရောက်ပြီး ရောင်းချခဲ့ရာမှာတော့ တရုတ်ယွမ် ၄သန်း ( အမေရိကန်ဒေါ်လာ ၄သိန်းခွဲ ) လောက်အထိကို ရရှိခဲ့လို့ လယ်သမားဘဝကနေ နေ့ချင်းညချင်းမှာပဲ သန်းကြွယ်သူဌေးဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။

ဒီလို သန်းကြွယ်သူဌေးဖြစ်သွားခဲ့တဲ့ လယ်သမားကြီး Bo နဲ့ သူ့သားတို့နှစ်ဦးဟာ တရုတ်နိုင်ငံရဲ့မြို့တော်ကြီးဖြစ်တဲ့ ရှန်ဟိုင်းမြို့ကို သွားရောက်လည်ပတ်နေပြီလို့ သိရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ပြောပြချက်အရ ဝက်ရဲ့ သည်းခြေအိတ်မှာရှိတဲ့ သည်းခြေကျောက်သာလျှင် အဖိုးတန်သာဖြစ်ပြီး အစာအိမ်အတွင်းမှာရှိတဲ့ သည်းခြေကျောက်ကတော့ လုံးဝကို တန်ဖိုးမရှိဘူးလို့ သိရှိရပါတယ်ခင်ဗျာ။
ဖိုးသူတော် (www.phothutaw.com)
Credit:  STH
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top