ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေဖာက္ျပန္တယ္ဆုိတာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေဖာက္ျပန္ၾကတာပဲ။ ကိုယ့္ကိုလည္း မျဖတ္ဘဲ ေနာက္ကြယ္မွာ တျခားတစ္ေယာက္နဲ႔ ေျခ႐ႈပ္ေနတာက ျပတ္သြားတာထက္ ပိုဆိုးတယ္။ ကိုယ့္ကို အ႐ူးလုပ္ေနတာေလ။ ဒါကို ကိုယ္က အခ်ိန္မီ မတားႏိုင္ဘူးဆုိရင္ ကိုယ္ပဲခံစားရေတာ့မွာ။ ကိုယ့္ဘဲက ေျခ႐ႈပ္ေနၿပီလားဆုိတာကို အၾကမ္းဖ်င္းအားျဖင့္ေတာ့ ဒီအခ်က္ေတြနဲ႔ ယွဥ္ၾကည့္ႏိုင္ပါတယ္။
၁။ အဆက္အသြယ္နည္းလာတယ္

႐ုတ္တရက္ဆုိသလို သူ႔မွာ အလုပ္ေတြမ်ားလာလိမ့္မယ္။ အလုပ္မအားလို႔ ဖုန္းမဆက္ႏိုင္တာပါ။ ဖုန္းက silent လုပ္ထားလို႔ပါဆုိတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ကိုယ့္ကို သိပ္ၿပီးမဆက္သြယ္ေတာ့ဘူး။ အမွန္က တျခားတေယာက္နဲ႔ က်ဴေနရေတာ့ ကိုယ့္အတြက္ေပးတဲ့အခ်ိန္ေတြက သူမ်ားဆီေရာက္ကုန္တာ။ ဒီေတာ့ အလုပ္မ်ားလာတယ္ေျပာတုိင္းလည္း စြတ္မယံုပါနဲ႔။ နည္းနည္းပါးပါး စံုစမ္းၾကည့္ပါ။ တကယ္အလုပ္မ်ားေနတာ ဟုတ္မဟုတ္ သိထားဖုိ႔လိုတယ္။

၂။ ဆင္ေျခဆင္လက္

တစ္ခုခုဆုိရင္ အရင္တုန္းကလိုမ်ိဳး ကိုယ္နဲ႔သူ စိတ္တူကိုယ္တူ မဟုတ္ေတာ့ဘူး။ ဆင္ေျခဆင္လက္ေတြနဲ႔ ေ႐ွာင္ထြက္လာၿပီ။ ဒါမွမဟုတ္ ျငင္းခုန္တာေတြမ်ားလာတယ္။ ကိုယ့္ဘက္က အမွားတစ္ခုခုေလာက္ လုပ္မိတာနဲ႔ အထအနေကာက္ၿပီး စိတ္ဆိုးေတာ့တာပဲ။
၃။ သူ႔ရဲ႕ငယ္ခ်င္းေတြ

ေယာက်္ားေလးေတြက ပါးစပ္ကသာ ဆဲဆိုေနၾကတာ တကယ္တည္း စည္းလံုးၿပီဆို မိန္းကေလးေတြ လုိက္မမီဘူး။ သူ႔ပံုၾကည့္ရတာ မသကၤာစရာျဖစ္ေနလို႔ သူ႔သူငယ္ခ်င္းေတြကို သြားေမးၾကည့္လိုက္တဲ့အခါ သူ႔ေကာင္းေၾကာင္းေတြခ်ည္းပဲ ၾကားေနရၿပီဆုိရင္ တစ္ခုခုေတာ့ လြဲေနၿပီဆုိတာ သေဘာေပါက္လိုက္ပါ။ အရင္တုန္းကဆို အခၽြန္နဲ႔ မ’လႊတ္တဲ့လူေတြက အခုက သူငယ္ခ်င္းေကာင္းပီသျပေနၾကတာေလ။

၄။ ဖုန္းနဲ႔လူနဲ႔ မခြာေတာ့ဘူး

အိမ္သာသြားရင္ေတာင္မွ ဖုန္းကိုကိုင္သြားတယ္။ ဘယ္သြားသြား သူ႔ဖုန္းကို ကိုယ္နဲ႔မကြာ သယ္ေနၿပီဆုိရင္ ဖုန္းထဲမွာ တစ္ခုခု႐ွိေနလို႔ေပါ့။ သူ မရွိတုန္း တစ္ေယာက္ေယာက္ဆီက ဖုန္းလာတဲ့အခါ ကိုယ္ျမင္သြားမွာ စိုးရိမ္ေနပံုပဲေနာ္။

၅။ ေနပံုထိုင္ပံုေတြေျပာင္းလာတယ္

အရင္ကဆို အဝတ္အစားျဖစ္ကတတ္ဆန္းဝတ္လို႔ အၿမဲေျပာေနရတယ္။ ခုက်ေတာ့လည္း ျပင္ဆင္ေနလိုက္တာမ်ား ေကာ့လို႔။ သန္႔ျပန္႕ေနတာပဲ။ အရင္တုန္းက အျပင္သိပ္မထြက္တဲ့လူက ခုဆို ႐ွိသမွ်ပြဲ အကုန္တက္ေနၿပီလား? မသကၤာစရာေကာင္းေနၿပီေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဖောက်ပြန်တယ်ဆိုတာ အကြောင်းအမျိုးမျိုးနဲ့ ဖောက်ပြန်ကြတာပဲ။ ကိုယ့်ကိုလည်း မဖြတ်ဘဲ နောက်ကွယ်မှာ တခြားတစ်ယောက်နဲ့ ခြေရှုပ်နေတာက ပြတ်သွားတာထက် ပိုဆိုးတယ်။ ကိုယ့်ကို အရူးလုပ်နေတာလေ။ ဒါကို ကိုယ်က အချိန်မီ မတားနိုင်ဘူးဆိုရင် ကိုယ်ပဲခံစားရတော့မှာ။ ကိုယ့်ဘဲက ခြေရှုပ်နေပြီလားဆိုတာကို အကြမ်းဖျင်းအားဖြင့်တော့ ဒီအချက်တွေနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။
၁။ အဆက်အသွယ်နည်းလာတယ်

ရုတ်တရက်ဆိုသလို သူ့မှာ အလုပ်တွေများလာလိမ့်မယ်။ အလုပ်မအားလို့ ဖုန်းမဆက်နိုင်တာပါ။ ဖုန်းက silent လုပ်ထားလို့ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ့်ကို သိပ်ပြီးမဆက်သွယ်တော့ဘူး။ အမှန်က တခြားတယောက်နဲ့ ကျူနေရတော့ ကိုယ့်အတွက်ပေးတဲ့အချိန်တွေက သူများဆီရောက်ကုန်တာ။ ဒီတော့ အလုပ်များလာတယ်ပြောတိုင်းလည်း စွတ်မယုံပါနဲ့။ နည်းနည်းပါးပါး စုံစမ်းကြည့်ပါ။ တကယ်အလုပ်များနေတာ ဟုတ်မဟုတ် သိထားဖို့လိုတယ်။

၂။ ဆင်ခြေဆင်လက်

တစ်ခုခုဆိုရင် အရင်တုန်းကလိုမျိုး ကိုယ်နဲ့သူ စိတ်တူကိုယ်တူ မဟုတ်တော့ဘူး။ ဆင်ခြေဆင်လက်တွေနဲ့ ရှောင်ထွက်လာပြီ။ ဒါမှမဟုတ် ငြင်းခုန်တာတွေများလာတယ်။ ကိုယ့်ဘက်က အမှားတစ်ခုခုလောက် လုပ်မိတာနဲ့ အထအနကောက်ပြီး စိတ်ဆိုးတော့တာပဲ။
၃။ သူ့ရဲ့ငယ်ချင်းတွေ

ယောကျ်ားလေးတွေက ပါးစပ်ကသာ ဆဲဆိုနေကြတာ တကယ်တည်း စည်းလုံးပြီဆို မိန်းကလေးတွေ လိုက်မမီဘူး။ သူ့ပုံကြည့်ရတာ မသင်္ကာစရာဖြစ်နေလို့ သူ့သူငယ်ချင်းတွေကို သွားမေးကြည့်လိုက်တဲ့အခါ သူ့ကောင်းကြောင်းတွေချည်းပဲ ကြားနေရပြီဆိုရင် တစ်ခုခုတော့ လွဲနေပြီဆိုတာ သဘောပေါက်လိုက်ပါ။ အရင်တုန်းကဆို အချွန်နဲ့ မ’လွှတ်တဲ့လူတွေက အခုက သူငယ်ချင်းကောင်းပီသပြနေကြတာလေ။

၄။ ဖုန်းနဲ့လူနဲ့ မခွာတော့ဘူး

အိမ်သာသွားရင်တောင်မှ ဖုန်းကိုကိုင်သွားတယ်။ ဘယ်သွားသွား သူ့ဖုန်းကို ကိုယ်နဲ့မကွာ သယ်နေပြီဆိုရင် ဖုန်းထဲမှာ တစ်ခုခုရှိနေလို့ပေါ့။ သူ မရှိတုန်း တစ်ယောက်ယောက်ဆီက ဖုန်းလာတဲ့အခါ ကိုယ်မြင်သွားမှာ စိုးရိမ်နေပုံပဲနော်။

၅။ နေပုံထိုင်ပုံတွေပြောင်းလာတယ်

အရင်ကဆို အဝတ်အစားဖြစ်ကတတ်ဆန်းဝတ်လို့ အမြဲပြောနေရတယ်။ ခုကျတော့လည်း ပြင်ဆင်နေလိုက်တာများ ကော့လို့။ သန့်ပြန့်နေတာပဲ။ အရင်တုန်းက အပြင်သိပ်မထွက်တဲ့လူက ခုဆို ရှိသမျှပွဲ အကုန်တက်နေပြီလား? မသင်္ကာစရာကောင်းနေပြီနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top