ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မတၱရာၿမိဳ႕နယ္ ေက်ာက္တံတားေက်း႐ြာေန ဦးေနစိုးထြန္း(ခ) စိုးႀကီး ေတာင္သူလုပ္ကိုင္သူသည္ ၾကားေက်း႐ြာမွ စပါးရိတ္ၿပီး ေနအိမ္သို႔ျပန္လာစဥ္ ေနအိမ္တဲ့အတြင္း၌ ဇနီးျဖစ္သူမလႈိင္မာဝင္း (၂၉)ႏွစ္ (ကိုယ္ဝန္ ၇လခန္႔)ရွိသူသည္ လည္ပင္းျပတ္ရွဒဏ္ရာ၊ ဝဲလက္ၫႈိးျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကိုေတြ႕ရွိရသျဖင့္ မတၱရာၿမိဳ႕မရဲစခန္းသို႔ အေၾကာင္းၾကားလာပါသည္။

အခင္းျဖစ္ရာသို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးရဲမႉးခင္သိန္း၊ မတၱရာၿမိဳ႕မရဲစခန္းမႉးဒုရဲမႉးခင္ဝင္းေဇာ္၊ နယ္ထိန္ေခါင္းေဆာင္ႏွင့္အဖြဲ႕တို႔မွ သြားေရာက္စစ္ေဆးရာ ေသဆုံးသူ၏ လည္ပင္းတြင္ ဝတ္ဆင္ထားေသာ (၁)က်ပ္သားခန္႔ ေ႐ႊဆြဲႀကိဳး ကာလတန္ဖိုး(၁၀)သိန္းက်ပ္ခန္႔ႏွင့္ ဝဲဘက္လက္သန္းတြင္ ဝတ္ဆင္ထားေသာ (၁)မတ္သားခန္႔ ေ႐ႊလက္စြပ္တစ္ကြင္း ကာလတန္ဖိုး(၂)သိန္းက်ပ္တို႔မွ ေပ်ာက္ဆုံးေနသည္။
ေနအိမ္တဲေရွ႕ဘက္ ေပ(၂၀၀)ခန္႔အကြာတြင္ အ႐ိုးအသြား(၁၁)လက္မခန္႔ရွိ ဓားေျမႇာင္(၁)ေခ်ာင္းအား ေျမတြင္စိုက္လၽွက္ေတြ႕ရွိရၿပီး ဓားႏွင့္(၁၂)ေပခန္႔အကြာ ကုကၠိဳလ္ပင္ေအာက္တြင္ ေသြးစြန္းေနေသာ က်ားဝတ္အက်ႌ(၁)ထည္ႏွင့္ ကြက္စိပ္အစိမ္းေရာင္ ပုဆိုးအသစ္(၁)ထည္တို႔ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

အဆိုပါျဖစ္စဥ္မွ လူသတ္၍ ေ႐ႊဆြဲႀကိဳးႏွင့္ ေ႐ႊလက္စြပ္မ်ား ယူေဆာင္သြားသူအား စုံစမ္းေဖာ္ထုတ္ေပးပါရန္ ဒီဇင္ဘာ ၂ရက္ ၁၉နာရီ၄၅ မိနစ္အခ်ိန္တြင္ ဦးေနစိုးထြန္း(ခ)စိုးႀကီး မွ တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ မတၱရာၿမိဳ႕မရဲစခန္းမွ အမႈေရးဖြင့္ၿပီး အမႈအားဒုရဲမႉးခင္ဝင္းေဇာ္မွ လက္ခံစစ္ေဆးေဆာင္႐ြက္ လၽွက္ရွိေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စိုးေက်ာ္သူေထြး(မတၱရာ)
Myanmaalinn

#Unicode Version#
မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာနေ ဦးနေစိုးထွန်း(ခ) စိုးကြီး တောင်သူလုပ်ကိုင်သူသည် ကြားကျေးရွာမှ စပါးရိတ်ပြီး နေအိမ်သို့ပြန်လာစဉ် နေအိမ်တဲ့အတွင်း၌ ဇနီးဖြစ်သူမလှိုင်မာဝင်း (၂၉)နှစ် (ကိုယ်ဝန် ၇လခန့်)ရှိသူသည် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝဲလက်ညှိုးပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် မတ္တရာမြို့မရဲစခန်းသို့ အကြောင်းကြားလာပါသည်။

အခင်းဖြစ်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်သိန်း၊ မတ္တရာမြို့မရဲစခန်းမှူးဒုရဲမှူးခင်ဝင်းဇော်၊ နယ်ထိန်ခေါင်းဆောင်နှင့်အဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူ၏ လည်ပင်းတွင် ဝတ်ဆင်ထားသော (၁)ကျပ်သားခန့် ရွှေဆွဲကြိုး ကာလတန်ဖိုး(၁၀)သိန်းကျပ်ခန့်နှင့် ဝဲဘက်လက်သန်းတွင် ဝတ်ဆင်ထားသော (၁)မတ်သားခန့် ရွှေလက်စွပ်တစ်ကွင်း ကာလတန်ဖိုး(၂)သိန်းကျပ်တို့မှ ပျောက်ဆုံးနေသည်။
နေအိမ်တဲရှေ့ဘက် ပေ(၂၀၀)ခန့်အကွာတွင် အရိုးအသွား(၁၁)လက်မခန့်ရှိ ဓားမြှောင်(၁)ချောင်းအား မြေတွင်စိုက်လျှက်တွေ့ရှိရပြီး ဓားနှင့်(၁၂)ပေခန့်အကွာ ကုက္ကိုလ်ပင်အောက်တွင် သွေးစွန်းနေသော ကျားဝတ်အကျႌ(၁)ထည်နှင့် ကွက်စိပ်အစိမ်းရောင် ပုဆိုးအသစ်(၁)ထည်တို့တွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်မှ လူသတ်၍ ရွှေဆွဲကြိုးနှင့် ရွှေလက်စွပ်များ ယူဆောင်သွားသူအား စုံစမ်းဖော်ထုတ်ပေးပါရန် ဒီဇင်ဘာ ၂ရက် ၁၉နာရီ၄၅ မိနစ်အချိန်တွင် ဦးနေစိုးထွန်း(ခ)စိုးကြီး မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မတ္တရာမြို့မရဲစခန်းမှ အမှုရေးဖွင့်ပြီး အမှုအားဒုရဲမှူးခင်ဝင်းဇော်မှ လက်ခံစစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: စိုးကျော်သူထွေး(မတ္တရာ)
Myanmaalinn
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top