ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အျမန္လမ္းေပၚမွာ အကၽြတ္အလြတ္ပြဲေတာ္ ျပဳလုပ္တာနဲ႕ ပတ္သက္ၿပီး ပရေလာကသားဆိုတာ ရွိတယ္၊ မရွိဘူး၊ ယံုတယ္ မယံုဘူး စတာေတြ ဖတ္ရတဲ့အခါ ကိုယ္ကိုယ္တိုင္လဲ ပရေလာကသားေတြ ျဖစ္တဲ့ သရဲ တေစၦ နာနာဘဝ ဆိုတာကို မရွိဘူးလို႕ ကာလအတန္ၾကာ ယံုၾကည္စြဲမွတ္ထားခဲ့သလို၊   ရွိတယ္ဆိုတာကိုပါ   ေတြ႕ႀကံဳခဲ့ရဖူးေတာ့  အဲဒါေတြနဲ႕ ပတ္သက္ၿပီး သတိရစရာေတြ ေပၚလာခဲ့ပါတယ္။
            ငယ္ငယ္ကတည္းက အိမ္မွာ အတူေနတဲ့ အေမ့ရဲ့ အေဒၚအပ်ိ ဳႀကီး( က်မတို႕ရဲ့ အဖြားေလး) ေတာ္သူက ညည ပံုေျပာပါဆို သရဲအေၾကာင္းဆီ ေရာက္သြားတာပါပဲ။ အဲဒီအခါ က်မတို႕ေမာင္ႏွမေတြ ေစာင္ေခါင္းၿမီးျခံဳၿပီး အိပ္ၾကေတာ့တာ။  အေဖက သိေတာ့
 " မမ ကေလးေတြကို စိတ္အားငယ္ေအာင္ သရဲအေၾကာင္း ဘယ္ေတာ့မွ မေျပာပါနဲ႕" လို႕ တားပါတယ္။

အေဖက နယ္မွာ တာဝန္က်ေနတဲ့ အတြက္ ခြင့္နဲ႕ ရန္ကုန္အိမ္ကို ျပန္လာတိုင္း သရဲ တေစၦဆိုတာ တကယ္မရွိတဲ့ အေၾကာင္း၊ ကေလးေတြကို ေၾကာက္ေအာင္ လန္႕ေအာင္ ခ်ိန္းေျခာက္ ေျပာတာ ျဖစ္တဲ့ အေၾကာင္း ၊ အဲဒါေတြ ယံုစရာ မလိုတဲ့အေၾကာင္း မၾကာခဏ ေျပာပါတယ္။
 တျခား ေမာင္ႏွမေတြေတာ့ ဘယ္လိုေနတယ္မသိ၊ က်မက အေဖ့ကို အထင္ႀကီးတဲ့သူ၊ အေဖက ေခတ္ပညာတတ္ျဖစ္တဲ့ အတြက္ ေခတ္မီတဲ့ အေတြးအေခၚရွိတဲ့  အေဖ့ကို အထင္ႀကီးသူပီပီ အေဖ့လိုပဲ သရဲဆိုတာ မရွိ၊ မယံုတဲ့ဘက္က ျဖစ္ပီး လံုးဝ သရဲတေစၦမေၾကာက္ပါ။ ( အဲဒီတုန္းကပါ)
              အေမကေတာ့ သရဲကို အသည္းအသန္ ေၾကာက္တဲ့သူတစ္ေယာက္ ျဖစ္ေနပါတယ္။ ညဖက္ကို အေပၚထပ္မွာ ေသာက္ေရက အစ အိုးနဲ႕ယူတင္ထားၿပီး အေပါ့အပါးေတာင္ မဆင္းပါဘူး။ မတတ္သာလို႕ ဆင္းရရင္ သားသမီးေတြထဲက တစ္ေယာက္ေယာက္ကို ႏိႈးၿပီး အေဖာ္ေခၚပါတယ္။ တခါးကို မပိတ္ပဲ ဖြင့္ထားလိုက္ပါေသးတယ္။ က်မက အေမ့ကို ဒီေလာက္ေၾကာက္ရလား၊ ဒါ အဖြားတို႕ လက္ခ်က္ပဲလို႕ ေတြးလိုက္ပါေသးတယ္။  
         အဖြား(အေမ့ရဲ့အေမ) က တရားသမားပါ။ က်မက အေမ သရဲေၾကာက္တာနဲ႕ ပတ္သက္ၿပီး ရီစရာ လုပ္ကာေျပာယံုမက သရဲ တေစၦကို အယံုအၾကည္ မရွိေၾကာင္း ေျပာေတာ့ အဖြားက ရွိတယ္ဆိုတာကို တရားသေဘာေတြနဲ႕ တမလြန္အေၾကာင္းေတြပါ ေၿပာျပတတ္ပါတယ္။ အတင္းအက်ပ္ ယံုဖို႕ေတာ့ မေျပာပါ။ ဒါေပမယ့္ ပထမဆံုး က်မဘဝမွာ သရဲတေစၦ ဆိုတာ တကယ္ရွိမရွိ ကိုယ္တိုင္ ေတြးေတာရမယ့္ ဆင္ျခင္ရမယ့္ အခ်ိန္ကို ေရာက္လာခဲ့ပါတယ္။ က်မ ေလးတန္းႏွစ္မွာ ႀကံဳခဲ့ရတဲ့ အျဖစ္အပ်က္ပါ။                      
အေမက က်မတို႕ ေမာင္ႏွမေတြကို ည(၈)နာရီအထိ စာၾကည့္ခိုင္းပါတယ္။ ေမာင္ႏွမေတြက ေအာက္ထပ္မွာ စာၾကည့္ၿပီး (၈)နာရီထိုးတာနဲ႕ မီးမွိတ္ၿပီး အေပၚထပ္ကို တက္ရတယ္၊ အဲဒီေန႕က အားလံုးက ေလွကားမွာ တစ္ထစ္ခ်င္းရပ္ပီး ေနာက္ဆံုးက်န္တဲ့သူ မီးမိွတ္တာကို ေစာင့္၊ မီးလည္းေမွာင္ေရာ ေဝး ဆို ေအာ္ပီး သရဲ သရဲ လို႕ဘယ္သူက စေအာ္တယ္မသိ အကုန္လံုး အလုအယက္ အေပၚထပ္ကို တက္ေျပးၾကတာ ဒံုး ကနဲအသံနဲ႕အတူ စူးစူးဝါးဝါး ငိုသံၾကားေတာ့မွ တစ္ႏွစ္ေလာက္ပဲ ရွိေသးတဲ့ အငယ္ဆံုးေမာင္ေလးကို သတိရေတာ့တယ္။ သူက မအိပ္ေသးပဲ စာၾကည့္ေနတဲ့ အႀကီးေတြၾကားမွာ လာေဆာ့ရာက ကဲ အေပၚတက္မယ္ဆိုေတာ့ သူ႕ကလည္း ေလွကားမွာ ေလးဘက္ေထာက္ ရပ္ေနခဲ့တာ။ ရုတ္တရက္ သရဲ ဆိုေတာ့ လန္႕ပီး သူ႕ကို ေမ့သြားၾကတာ၊  အေမဆင္းလာၿပီး ၾကည့္ေတာ့  ေမာင္ေလးရဲ့ ေမးေစ့မွာ ေသြးေတြကရဲေနၿပီး ရင္ဘတ္ေပၚမွာပါ စိုရႊဲေနေတာ့တာ၊ အိမ္နီးခ်င္း တစ္ခ်ိ ဳ႕ ေရာက္လာၿပီး ေဆးခန္းသြားမွ ျဖစ္မယ္၊ ဒဏ္ရာမ်ားတယ္ဆိုေတာ့မွ ေဆးခန္းပိတ္ခ်ိန္ ျဖစ္ေနၿပီ။  အဲဒီေခတ္ကာလက  က်မတို႕ေနတဲ့ သုဝဏမွာ ဆရာဝန္တစ္ေယာက္မွ မရွိ။ ရန္ကုန္ၿမိဳ႕ထဲက ဆရာဝန္တစ္ေယာက္က ေဆးခန္း လာဖြင့္တာပဲ ရွိတယ္။ သူက ၿမိဳ႕သစ္မွာဆိုေတာ့ သြားရျပန္တာ ေမွာင္ပီး လမ္းကလဲ ေခ်ာင္က်တဲ့အတြက္ ည(၈)နာရီ အထိပဲ ဖြင့္ပါတယ္။ ဒါေပမယ့္ လူနာရွိရက္နဲ႕ေတာ့ ၈နာရီေဒါင္ကနဲ ဆိုတာနဲ႕ ပိတ္တာေတာ့ မဟုတ္ပါဘူး။ လူနာရွိေနရင္  ကုေပးတဲ့ အတြက္ ဆရာဝန္ ရွိႏိုင္ပါေသးတယ္။ ဒါနဲ႕ အေမက ကေလးခ်ီၿပီး က်မက အေနာက္က အေဖာ္ လိုက္သြားရပါတယ္။ အိမ္ကထြက္ေတာ့ ညာဖက္ကိုထြက္မယ္ အလုပ္ အေမက " လမ္းၾကားေလးက သြားမယ္ ဒါမွ ဆရာဝန္မီမွာ" အင္မတန္ သရဲေၾကာက္တတ္တဲ့ အေမက အဲဒီက သြားမယ္ဆိုေတာ့ အံ့ဩသြားပါတယ္။အဲဒီ" လမ္းၾကားေလး" လို႕ ရပ္ကြက္ထဲက လူေတြ ေခၚတဲ့လမ္းက အင္မတန္ အသံုးတဲ့ပါတယ္။ သူက တိုက္ႏွစ္တိုက္ရဲ့ ေနာက္ေဖး လမ္းၾကားပါ။  က်မတို႕တိုက္က ညာဖက္ကို အတြင္းလမ္းအတိုင္း ၅မိနစ္ ေလွ်ာက္ရင္ လမ္းမႀကီးေပၚ ေရာက္ပါတယ္၊ အဲဒီလမ္းမၾကီးအတိုင္းအဲလိုပဲ ၅မိနစ္ေလာက္ သြားၿပီးမွ  ညာဖက္ထပ္ခ်ိ ဳးရေသးတယ္။ အဲဒီ လမ္းမၾကီးေပၚမွာ လည္း (၁၀)မိနစ္ေလာက္ ေလွ်ာက္ၿပီးမွ ေဆးခန္းရွိတဲ့ လမ္းမေပၚ ေရာက္တာပါ။ လမ္းၾကားေလးက အိမ္ကေန ျဖတ္ကနဲဘယ္ဘက္ ေကြ႕လိုက္ရံုနဲ႕ေ၇ာက္ၿပီး ၅ မိနစ္ေလာက္ပဲ ေလွ်ာက္တာနဲ႕ ေဆးခန္းရွိတဲ့ လမ္းမႀကီးေပၚ ေရာက္သြားတာပါ။ ဒါေပမယ့္ အဲဒီလမ္းၾကားေလးဟာ သရဲေျခာက္တာ နာမည္ႀကီးလို႕ ညေနေမွာင္ရီပ်ိ ဳးတာနဲ႕ ဘယ္သူမွ မျဖတ္ပါဘူး။ ကုန္ကုန္ေျပာရရင္ အရက္မူးသမားေတာင္ မျဖတ္ပါဘူး။ လမ္းမႀကီးကပဲ ပတ္ျပန္ၾကတာ။ ေန႕ခင္းဆိုရင္ေတာ့ လူမျပတ္ဘူး၊ အဲဒီလမ္းၾကားေလးက ထြက္ရင္ သုဝဏေစ်းႀကီး၊ ကားမွတ္တိုင္ စတာေတြကို ခ်က္ခ်င္းေရာက္ေတာ့ လူသြားလူလာ မ်ားပါတယ္။ အဲဒီလမ္းၾကားမွာ ရွိတဲ့ သရဲက နာမည္ပါရွိပါတယ္။ အခုေတာ့ ေမ့ေနပါၿပီ။ အဲဒီ နာမည္မ်ားေျပာရင္ အင္မတန္ေၾကာက္ၾကပါတယ္။ ထံုးစံအတိုင္း မ်က္လံုးက ေဘာလံုးေလာက္ လွ်ာက တစ္ေတာင္ေလာက္ရွိၿပီး အရပ္ႀကီးကလည္း ထန္းပင္ေလာက္ရွိတာေပါ့။ ေျပာၾကတာ။                အေမက ဆရာဝန္မမီမွာ စိုးရိမ္တာနဲ႕ အဲဒီလမ္းက သြားေပမယ့္ က်မက နဂိုထဲက မယံုတဲ့သူဆိုေတာ့ စိတ္ထဲကေန ေတြးလိုက္ပါေသးတယ္။ သရဲရွိတယ္ဆိုရင္ ငါတို႕ အခု ေျခာက္မွာေပါ့ ။ အခုေတာ့ ရွင္းလို႕ လင္းလို႕ ေတြးေနမိပါေသးတယ္။ ေနာက္ေဖး လမ္းၾကားဆိုေပမယ့္ လမ္းက ကြန္ကရစ္လမ္းပါ။ လမ္းရဲ႕အလည္ဗဟိုမွာ မီးတိုင္တစ္ခု ရွိေတာ့ အဲဒီက အလင္းက လမ္းၾကားေလးကို လင္းေနေပမယ့္ လမ္းအစနဲ႕အဆံုးကေတာ့ အလင္းမွိန္မွိန္ပဲ ရပါတယ္။ လမ္းရဲ့ အက်ယ္က ၃ေပ  ေလာက္ရွိမယ္ထင္ပါတယ္။ လူႏွစ္ေယာက္ ယွဥ္ပီး ေလွ်ာက္လို႕မရပါဘူး။ ေရွာင္ရင္လည္း တစ္ေယာက္က ရပ္ပီး ဖယ္ေပးမွ ရပါတယ္။ အဲဒီလမ္းကို ကြန္ကရစ္ခင္းပီး လမ္းမီးတိုင္ တစ္ညလံုး ထြန္းေပးတဲ့ အလႈရွင္က က်မတို႕အိမ္နဲ႕ကပ္ရက္က အန္တီတစ္ေယာက္ပါ။ လမ္းၾကားေလးက ညဖက္ေပမယ့္ လမ္းကျဖဴ းပီး အလင္းေရာင္ရပါတယ္။ အရွည္ကေတာ့ ေသခ်ာအတိအက် မသိေပမယ့္ တိုက္ခန္းတြဲ(၈)ခန္းကို ျဖတ္ရပါတယ္။ နဲနဲေတာ့ ရွည္ပါတယ္။             အေမက ကေလးနဲ႕အေရွ႕က ခပ္သုပ္သုပ္ေလွ်ာက္၊ က်မက အေနာက္က လိုက္ရင္းနဲ႕ ရုတ္တရက္ အေနာက္မွာ လူတစ္ေယာက္ကပ္ပါလာတာ သတိထားလိုက္မိပါတယ္။ အေနာက္မွာ နီးနီးေလး ကပ္ပါလာေတာ့ အေဖာ္ရဘီဆို လွည့္အၾကည့္မွာ အဲဒီလူက လမ္းရဲ့အစကို ျပန္ေရာက္ပီး ရပ္ေနတာ ေတြ႕လိုက္ရပါတယ္။ ဦးေလးႀကီး တစ္ေယာက္ပါ။ အေဖတို႕ေလာက္လဲ မႀကီး၊ က်မ အသက္နဲ႕ယွဥ္လိုက္ေတာ့ အသက္ အစိတ္ ေလာက္ဆိုေတာ့ ဦးေလးႀကီးတစ္ေယာက္လို႕ ေျပာတာပါ။ ရွပ္အက် ၤီအျဖဴေရာင္မွာ လက္ကို ေခါက္ထားတာပါ မွတ္မိလိုက္ပါတယ္။  စိတ္ထဲက မသြားေတာ့ပဲ လွည့္ျပန္မလို႕ ထင္တယ္လို႕ ေတြးလိုက္ပါတယ္။ ဒါနဲ႕ ဆက္ေလွ်ာက္ေတာ့ အေနာက္မွာ နီးနီးေလး ကပ္ေလွ်ာက္ေနပါတယ္။  လွည့္ႀကည့္လိုက္ အေနာက္ေရာက္သြားလိုက္၊ ျပန္ေလွ်ာက္လိုက္ အနားေရာက္လာလိုက္နဲ႕ ျဖစ္ျဖစ္ေနေတာ့ စိတ္ထဲမွာ တို႕သားအမိေလွ်ာက္တာ ေႏွးလို႕ ေက်ာ္တက္ခ်င္လို႕လား မသိလို႕ ေတြးရင္း" အေမ အေနာက္မွာ လူတစ္ေယာက္ပါလာတယ္ ဖယ္ေပးလိုက္အုန္း ေက်ာ္တက္မလို႕လား မသိဘူး" ဆိုေတာ့ အေမက လွည့္ႀကီးၿပီး " ဟင္ ဘယ္မွာလဲ ဘယ္သူမွမရွိပါလား ကဲဟယ္" ဆိုပီး က်မေခါင္းကို ေဒါင္ကနဲ ေနေအာင္ ေခါက္ထဲ့လိုက္တာ ပူထူသြားတာပဲ။ တစ္ဆက္တည္းပဲ " ေၾကာက္ရတဲ့ ၾကားထဲ ဘာေတြေလွ်ာက္ေျပာေနတာလဲ ျမန္ျမန္လာ" ဆိုပီး အေျပးသုတ္ေျခတင္ေတာ့မွ က်မလဲ ေျပးလိုက္ရပါတယ္။ စိတ္ထဲမွာ ေသခ်ာေတြ႕လိုက္တာ လူပါ အက် ၤီအျဖဴနဲ႕ ဘယ္ေရာက္သြားပါလိမ့္ လို႕ ေတြးမိေနပါတယ္။ ေဆးခန္းေရာက္ေတာ့ လူနာတစ္ေယာက္မွမရွိေတာ့ပဲ ဆရာဝန္က ေဆးအိတ္သိမ္းၿပီးလို႕ ျပန္ဖို႕တံခါးဝ ေရာက္ေနေပမယ့္ ကုေပးပါတယ္။ ကံေကာင္းပီး မခ်ဳပ္ရပဲ ေသာက္ေဆး ေပးပါတယ္။ ေဆးခန္းက ျပန္လာေတာ့ လမ္းၾကားေလး ထိပ္ေရာက္ေတာ့ ေကြ႕မယ္အလုပ္ အေမက
 "လမ္းမတန္းက ျပန္မယ္" တဲ့  
              ေနာက္တစ္ေန႕လဲ ေရာက္ေရာ အေမ့ကို သတင္းလာေမးၾကတာ အမ်ားႀကီးပဲ၊ ေမာင္ေလး ေမးေစ့ကြဲသြားတာ ေမးတာမဟုတ္ပဲ သူတို႕ ေမးၾကတာက
'" ေျပာပါအုန္း ညက လမ္းၾကားေလးမွာ သရဲေျခာက္ခံရလို႕ဆို" တဲ့
က်မလဲ ဇေဝဇဝါ ျဖစ္သြားပီး သရဲမဟုတ္ပါဘူး လူပါ၊ လူမွ လူအစစ္ ဦးေလးႀကီးတစ္ေယာက္ ရွပ္အက် ၤီအျဖဴနဲ႕လို႕ ဝင္ေျပာေတာ့ လူၾကီးေတြက အမေလး တၿပီး ေၾကာက္တဲ့ အေၾကာင္းပဲ ဆက္ေျပာေနၾကတာပါပဲ။
                   က်မ အထက္တန္းေက်ာင္း တက္တဲ့ အခ်ိန္၊  ဖြံ႕ၿဖိဳးေရး အခ်ိန္မွာ ဆရာက ဒီေန႕ေတာ့ နာနာဘဝဆိုတာ တကယ္ရွိလား မရွိဘူးလား ဆိုတာ ေျပာၾကရေအာင္တဲ့၊ တစ္ဆက္တည္းမွာပဲ ယံုတဲ့သူလက္ေထာင္၊ မယံုတဲ့သူ လက္ေထာင္ဆိုပီး ေထာင္ခိုင္းေတာ့ က်မက ဘယ္ဘက္ကမွ မေထာင္တာ ေတြ႕ေတာ့ ဘာလို႕လဲ ေမးပါတယ္။ က်မ ေလးတန္းအရြယ္က အေမနဲ႕ၾကံဳခဲ့တဲ့ အျဖစ္အပ်က္ကို ေျပာျပပီး
 " ဆရာ အဲဒါ ဘယ္လိုထင္လဲ တကယ္ပဲ သရဲဆိုတာလား" လို႕
 ေမးခြန္းထုတ္ခဲ့တာ မွတ္မိပါေသးတယ္။

ဒါေပမယ့္ တေစၦသရဲ တကယ္ရွိတယ္ မရွိဘူး၊ သရဲဆိုတာ အက် ၤီဝတ္နဲ႕လည္း ရွိတယ္ဆိုတဲ့ အေျဖအတိအက်ကို မရခဲ့ေသးပါဘူး။ တကယ္တန္း ႀကံဳခဲ့ရေတာ့ ဝန္ထမ္းဘဝမွာ ျဖစ္ေနပါတယ္။ အသက္လဲ (၃၀)ေက်ာ္တဲ့ အခ်ိန္မွာပါ။ အဲဒီကစလို႕ ပထမ သရဲဆိုတာ နာနာဘဝဆိုတာကို အင္မတန္ေၾကာက္၊ ေၾကာက္ရာကေန ေၾကာက္စရာမေကာင္းတဲ့ အေျခအေနအထိ ၾကံဳခဲ့ရပါတယ္။
                ျမန္မာ့အသံ(ျပည္လမ္း) အသံလႊင့္ရံုကို ၁၉၅၄ခုႏွစ္ ေဖေဖာ္ဝါရီလ(၁၂) ရက္ေန႕မွာ အုတ္ျမစ္ခ်ၿပီး စတင္တည္ေဆာက္ၿပီးတဲ့ေနာက္  ျပည္လမ္းမွာ အသံလႊင့္ပါတယ္။ ေျမဧက(၁၄.၂၄၃) အက်ယ္မွာ အသံလႊင့္ အေဆာက္အဦရဲ့ အက်ယ္က ( ၉၃၇၇၁) စတုရန္းေပ ရွိပါတယ္။ အဲဒီတုန္းက ရုပ္ျမင္သံၾကား အေဆာက္အဦ မေဆာက္ရေသးပါဘူး။ အဲဒီ အသံလႊင့္ရံု စတည္ေတာ့ က်မတို႕ ေမြးေတာင္မေမြးေသးပါဘူး၊ ဒါေပမယ့္ အသံလႊင့္ရံုမွာ အလုပ္စဝင္ကတည္းက မွတ္သားရတဲ့ ေဆာင္ရန္၊ ေရွာင္ရန္ ဝန္ထမ္းစည္းကမ္း။ လုပ္ငန္းနဲ႕ ပတ္သက္တဲ့ နည္းစနစ္ေတြအျပင္ ပိုပိုသာသာ ထပ္သိၿပီး၊ လူသိမ်ားတာက သရဲေျခာက္ပါသတဲ့၊

သရဲက နာမည္နဲ႕ဘာနဲ႕ အတိအက်ပါ၊ " မနီ" တဲ့။
              ၾကားရသေလာက္ဆို သူ႕နာမည္အရင္းမဟုတ္ေလာက္ပါ။  ဝန္ထမ္းအဆက္ဆက္ ေျပာၾကတာကေတာ့ အဲဒီ အသံလႊင့္ရံု အသစ္ႀကီး ေဆာက္ၿပီး ဖြင့္ကာနီးမွာ  ဘိလပ္ေျမသယ္တဲ့ မိန္းကေလးတစ္ေယာက္က တိုက္ေပၚက ျပဳတ္က်ၿပီး ေသဆံုးသြားပါတယ္။ အဲဒီေန႕က သူက အနီေရာင္ ဝမ္းဆက္ ဝတ္ထားတာျဖစ္သတဲ့၊ ေနာက္ပိုင္းမွာ အသံလႊင့္ခန္းကေန ရံုးခန္းဘက္အသြား အေကြ႕တို႕၊ ေခ်ာင္ၾကတဲ့ အခန္းနား ျဖတ္ေလွ်ာက္သြားတဲ့ သူေတြက အနီေရာင္ဝမ္းဆက္နဲ႕ ေကာင္မေလးကို ေတြ႕ၾကသတဲ့၊  ဒါနဲ႕ တခုခုဆို မနီ နဲ႕ေတြ႕ေနမယ္ သတိထားသြား ေျပာၾက ဆိုၾကရာက မနီ သရဲ နာမည္ ၾကီးလွပါတယ္။ အဲဒီ အခ်ိန္က သရဲ တေစၦ မယံုတဲ့ က်မက အဲဒီအေၾကာင္း လာေျပာရင္ အဲဒီ မနီက ၁၉၅၄ထဲက အခုထိ သရဲဘဝနဲ႕ ေနေနတုန္းပဲ အံ့ပါ့ လို႕ ျပန္ေျပာတတ္ပါတယ္။ မနီသရဲ ဘယ္ေလာက္နာမည္ႀကီး သလဲဆိုရင္ ျမန္မာ့အသံဝန္ထမ္း လုပ္ခဲ့ဖူးသူမွန္သမွ် ရာထူးအႀကီးဆံုးျဖစ္တဲ့ ညႊန္ခ်ဳပ္နာမည္ေတြသာ ေမ့သြားမယ္၊ မနီ နာမည္ကိုေတာ့ မေမ့ၾကပါဘူး၊ အေျခာက္မခံရဘူးေတာင္ နာမည္နဲ႕ အေတာ္ေလး ေၾကာက္ၾကရတာကိုး။
              က်မတို႕ ေရဒီယိုစက္မႈတာဝန္ခံ အမၾကီးက အင္မတန္ထက္ျမက္တဲ့သူ ျဖစ္ပါတယ္။ အမ်ိဳးသားေတြနဲ႕ရင္ေဘာင္တန္းၿပီး အလုပ္လုပ္ႏိုင္ယံုမကဘူး လုပ္ငန္းကိစၥေတြမွာ အင္မတန္ကၽြမ္းက်င္ပါတယ္။ ေဖာင္ႀကီးသင္တန္းတက္တာမွာေတာင္ စံျပထူးခၽြန္ဆု ပထမ ရခဲ့သူပါ။ ဒါေပမယ့္ အသံသြင္းတဲ့ စတူဒီယို အခန္းကို ပထမဆံုး ေသာ့ဖြင့္ဝင္ရမယ္ဆို တစ္ေယာက္တည္း ဘယ္ေတာ့မွ မသြားပဲ အေဖာ္အၿမဲ ေခၚတတ္ပါတယ္။ ပါးစပ္ကလဲ ေျပာပါတယ္။
 " သရဲေတာ့ ေၾကာက္တယ္" တဲ့။
  က်မတို႕ အခ်င္းခ်င္း မရွိဘူး၊ ရွိတယ္၊ စိတ္ထင္တာ၊ ဘာညာ စသျဖင့္ ၿငင္းၾကတဲ့အခါ အေနာင္စာ တစ္ေယာက္က က်မကို ဦးတည္ပီး မယံုဘူးဆိုရင္ ေျပာျပမယ္ဆိုပီး သူသိတာ ေျပာျပပါတယ္။               တစ္ႏွစ္မွာ ေတာင္တန္းသာသနာျပဳဆရာေတာ္ႀကီး ျမန္မာ့အသံမွာ အသံသြင္းဖို႕ ႀကြလာပါတယ္တဲ့၊ ၿပီးတဲ့အခါ အသံလႊင့္တဲ့အခန္းေတြ ျမန္မာ့အသံထဲ လွည့္ပီး ျပတဲ့အခါ ေရဒီယို စက္ခန္းထဲကို ေရာက္လာပါတယ္တဲ့။ အဲဒီအခါမွာ ဆရာေတာ္ႀကီးက ႏႈတ္ကေန အသံေလးထြက္ၿပီး
 " ေအာ္  သနားစရာေတြပါလား၊ အမ်ားႀကီးပဲ" မိန္႕သတဲ့၊
 အနားက လူႀကီးေတြက
" ႏွစ္ဆန္းတစ္ရက္ေရာက္တိုင္း တပည့္ေတာ္တို႕ ပရိတ္အၿမဲ ရြတ္ေပးပါတယ္ ဘုရား"  လို႕ ေလွ်ာက္သတဲ့။ျပန္ေျပာတဲ့ အေနာင္စာက သူက အေနာက္မွာ လက္အုပ္ေလးခ်ီပီး ၾကားခဲ့တာတဲ့။                မင္းကြန္းဆရာေတာ္ႀကီးရဲ့ ေမတၱာပို႕မွာ ျမင္အပ္မျမင္အပ္ ႏွစ္ရပ္မ်ားစြာ သတၱဝါ ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ၊ ဆိုတာ ဒါေတြကို ရည္စူးတာပဲ၊ ဒါဆို မျမင္ရတဲ့ ပရေလာကသားေတြ ဆိုတာ ရွိတာေပါ့လို႕ အသိရပါတယ္။                က်မတို႕ အလုပ္ဝင္ေနတဲ့ ကာလမွာေတာ့ ဟိုေနရာမွာ ေျခာက္ျပန္ၿပီ၊ ဟိုလူေတာ့ အေျခာက္ခံရျပန္ၿပီ ၾကားေနေပမယ့္ ၾကိဳးၾကား ၾကိဳးၾကားပါပဲ၊ ေနာက္ပိုင္း ဆက္တိုက္ ေျခာက္တာကေတာ့ ျမန္မာ့အသံကို ေနျပည္ေတာ္ကို ေ၇ႊ႕မယ့္အစီအစဥ္ စတဲ့ အခ်ိန္မွာ သရဲေျခာက္တယ္ ဆိုတာနဲ႕ အေျခာက္ခံရသူေတြ စိတ္စိတ္လာပါတယ္။ ဝန္ထမ္းေတြလည္း ရန္ကုန္က မခြာခ်င္သူေတြ၊ မိသားစုနဲ႕ခြဲေနလို႕ မရသူေတြက လိုက္ေျပာင္းရမလား၊ အလုပ္ကပဲ ထြက္လိုက္ရမလား စိုးရိမ္တာေတြ ျဖစ္ၾကၿပီး လူစုမိတာနဲ႕ ဘယ္လိုလုပ္ၾကမလဲ၊ တရပ္တေက်းမွာ အဆင္ေျပပါ့မလား၊ ခြဲေနရင္ေရာ ရတာနဲ႕ကုန္တာေလာက္ငပါ့မလား ေျပာၾကတာ ဝန္ထမ္းေတြအၾကား အေတာ္ေလး လႈပ္လႈပ္ခပ္ခပ္ ျဖစ္ၾကပါတယ္။
            ပရေလာကသားျဖစ္တဲ့ သရဲေတြလည္း ဒီအေဆာက္အဦႀကီးမွာ ေနလာရာက သူတို႕လဲ မွီတြယ္ရာ မရွိေတာ့မွာ စိုးရိမ္ၿပီး ကၽြတ္ခ်င္ လြတ္ခ်င္ဟန္တူပါတယ္၊ အေဆာက္အဦႀကီးကို ၿဖိဳခ်ၿပီး အသစ္ေဆာက္မလို၊ ေရာင္းစားမလို ေကာလဟလေတြကလည္း မ်ိဳၚစံု ထြက္ေနေတာ့ သရဲေတြပါၾကားၿပီး စိုးရိမ္ေနၾကသလား မေျပာတတ္။ ရက္ဆက္ဆိုသလို ေျခာက္တယ္ ေတြ႕တယ္ဆိုတဲ့ အသံေတြ ၾကားေနရပါေတာ့တယ္။
             က်မနဲ႕ဆံုရတဲ့ သရဲကေတာ့ လွ်ာတစ္ေတာင္ေလာက္ အရမ္းထန္းပင္ေလာက္လို႕ ေျပာၾကတဲ့ ေၾကာက္စရာရုပ္မဟုတ္ေပမယ့္ အသက္ထြက္မတ္ ထိတ္လန္႕ခဲ့ရတာ ေျပာျပပါအုန္းမယ္။
ေမာနင္းဂ်ဴတီလို႕ ေခၚတဲ့ မနက္ေစာေစာ ဂ်ဴတီဝင္ရမယ္ဆို က်မက ဌာနနဲ႕နီးတဲ့ ေနရာမွာ ေနတဲ့ အတြက္ ဖယ္ရီမစီးပဲ  အိမ္ကေန လမ္းေလွ်ာက္ သြားပါတယ္။ မိနစ္(၂၀)ဆို ရံုးေရာက္ပါတယ္။ နံနက္(၇)နာရီမွာ အသံစလႊင့္ၽႏိုင္ဖို႕ အတြက္ နံနက္ ၆နာရီခြဲကို ေနာက္ဆံုးထားၿပီး စက္ပိုင္းဆိုင္ရာနဲ႕ အသံလႊင့္မယ့္အေခြေတြကို အသင့္ျပင္ထားရပါတယ္။ ဒါ့ေၾကာင့္ ၆နာရီအေရာက္ စက္ခန္းကို အေရာက္သြားရပါတယ္။ အိမ္ကေန ၆နာရီထိုးဖို႕ ၁၅မိနစ္အလို၊ တခါတေလ ၅နာရီခြဲပီး ဆယ္မိနစ္ဆို ထြက္ရပါတယ္။ အေဝးၿမိဳ႕နယ္က အလုပ္ဆင္းတဲ့ သူေတြက ဖယ္ရီကားေပၚမူတည္ပီး ေရာက္ၾကပါတယ္။ အိမ္နီးတဲ့သူက ေစာေစာ ႀကိဳသြားထားရင္ ပိုပီး စိတ္ခ်ရပါတယ္။
 က်မက အလုပ္ကို သြားတိုင္း အက်င့္တစ္ခု လုပ္ထားတာရွိပါတယ္။ အိမ္ကေန စေျခလွမ္းတာနဲ့ သံဗုေဒဂါထာကို စၿပီးရြတ္တာ အသံလႊင့္ရံုဝင္းတံခါး အေရာက္ကို က်မရဲ့ သက္ေစ့ အတိအက်ပါပဲ။ အဲဒီလို အတိအက်ရြတ္တာ ကိုယ့္ဘာသေဘာက်ပီး အၿမဲရြတ္ပါတယ္။ အဲဒီေန႕ကလဲ ထံုးစံအတိုင္း ရြတ္ဖတ္လာၿပီး အေဆာက္အဦထဲ အေရာက္မွာ ဘယ္အခန္းမွ မီးေရာင္ မေတြ႕ရပါဘူး။ ဖယ္ရီေတြ တစ္စီးမွ မေရာက္ေသးတာ ျဖစ္တဲ့ အတြက္ ကိုယ့္မွာ ပိုတာဝန္ႀကီးတဲ့အတြက္ ေနာက္က်ခဲ့ရင္ ဆိုတဲ့ အေတြးနဲ႕ လံုျခံဳေရး ရံုးခန္းမွာ ေသာ့သြားထုတ္ပါတယ္။ သတင္းစာပါ တစ္ပါတည္းယူၿပီး စက္ခန္းဘက္ကို ထြက္ခဲ့ပါတယ္။ ေကာ္ရစ္ဒါ မီးေရာင္ကို အားျပဳၿပီး ေရဒီယိုစက္ခန္းရဲ့ ပင္မတံခါးကို ဖြင့္ပါတယ္။
            ဂ်ဴတီ shift တစ္ခုမွာက်မတို႕ စက္မႈဘက္က  ဝန္ထမ္း(၃)ေယာက္ ရွိပါတယ္။ အသံလႊင့္တဲ့ အခန္းမွာ အေနာင္စာနဲ႕အတူ ေၾကညာတဲ့ သီခ်င္း၊ အစီအစဥ္ေတြကို တစ္ၿပိဳင္တည္း လႊင့္ေပးရတဲ့ ဝန္ထမ္းက(၂) ေယာက္နဲ႕ အျပင္ဘက္က master control အခန္းမွာ ႀကီးၾကပ္သူက တစ္ေယာက္ပါ။ က်မက master control မွာ တာဝန္က်တဲ့ အဲဒီေန႕ရဲ့ စက္မႈဘက္ဆိုင္၇ာ ႀကီးၾကပ္သူပါ။ အဲဒီမတိုင္ခင္ ရက္က day ဂ်ဴတီ ဆင္းရပါတယ္။ အဲဒီဂ်ဴတီက အသံသြင္းတဲ့ရက္ recording လုပ္ေပးရတာပါ။ အသံလႊင့္ဂ်ဴတီက်တဲ့ ရက္က ခြင့္ယူဖို႕ မလြယ္ပါဘူး၊  ဂ်ဴတီခ်ိန္းၿပီး လူစားရွာရတာမ်ားပါတယ္။ က်မတို႕နဲ႕အတူဆင္းရမယ့္သူထဲက ကို..........က မနက္မွာ ဖယ္ရီနဲ႕လိုက္မလာႏိုင္တဲ့ အေၾကာင္း တိုးတိုး လာေျပာရွာပါတယ္။ " ေနာက္က်မွ ေရာက္ႏိုင္မယ္ ၊ (၈) နာရီေလာက္ ေရာက္ေအာင္ လာခဲ့ပါမယ္"လို႕ ခြင့္တိုင္ပါတယ္။ ဒါက က်မခြင့္ျပဳလို႕ရတာမဟုတ္ပါဘူး။ သူနဲ႕အတူ အသံလႊင့္ရမယ့္ဝန္ထမ္းကလဲ ၾကည္ျဖဴမွရတဲ့အတြက္

" မ........ကို ေျပာလိုက္ပါ။ ကို............ မေ၇ာက္ခင္ သူတာဝန္ယူႏိုင္မလား၊ သူတစ္ေယာက္ထဲ ျဖစ္သလား" ဆိုေတာ့
" က်ေတာ္တို႕ခ်င္း ေျပာၿပီးပါၿပီ။ အဆင္ေျပပါတယ္။" က်မဆီက ခြင့္ေတာင္းတာပါတဲ့။
သူက သူေနာက္က်မယ့္ အေၾကာင္းကို အေသးစိပ္ ေျပာျပေနပါတယ္။ ဝန္ထမ္းေတြက ရတဲ့ လခနဲ႕ မေလာက္ငတဲ့ အတြက္ အျပင္မွာ ဝင္ေငြ ရွာရပါတယ္။ အထူးသျဖင့္ အိမ္ေထာင္ဦးစီးျဖစ္တဲ့ အမ်ိဳးသားဝန္ထမ္းေတြဆို ပိုဆိုးပါတယ္။ သူက အျပင္မွာ သူတတ္တဲ့ ပညာနဲ႕စေလာင္းလိုက္ဆင္ပါတယ္။ တီဗြီ စေလာင္း အိမ္ေတြမွာ လိုက္ျပင္ပါတယ္။ ဝယ္ဖို႕ေခၚရင္လဲ စက္ပစၥည္း နားလည္တဲ့သူအေနနဲ႕ လိုက္ေပးပါတယ္။ အဲဒီလိုနည္းနဲ႕ အပိုေငြရေအာင္ ရွာရပါတယ္။ သူ႕အိမ္မွာ ဒီညတစ္ညလံုး တီဗြီတစ္လံုးျပင္ေပးရမွာ၊ ေနာက္ေန႕ေပးမွ ေငြရမွာမို႕ အပီးျပင္္ခ်င္လို႕ ေနာက္က်မယ့္ အေၾကာင္း ေျပာပါတယ္။ အဆင္မေျပတဲ့ သူေတြဆို ဒီလိုပဲ အခ်င္းခ်င္း ညွာေနၾကရတာဆိုေတာ့ ေခါင္းညိတ္ရတာပါ။ တရားဝင္ေတာ့ မဟုတ္ပါဘူး၊ လူႀကီးေတြ သိရင္ ဥပေဒေတြ စည္းမ်ဥ္းေတြနဲ႕ အတိအက် ကိုင္ေပါက္ခံရေပမယ့္၊ ဒီလိုပဲ ကိုယ့္ဝန္ထမ္းအခ်င္းခ်င္း ၾကည့္လုပ္ၾကတာပါ။          အသံလႊင့္မယ့္အခန္းမွာ ဂ်ဴတီက်တဲ့ (၂)ေယာက္မွာ တစ္ေယာက္က မေရာက္ႏိုင္တာ ေသခ်ာၿပီးသား၊ အဲဒီမွာ ေနာက္တစ္ေယာက္က ဖယ္ရီမဝင္ေသးတဲ့အတြက္ ကိုယ္တစ္ေယာက္တည္း လုပ္စရာ မ်ားတာမို႕ ခပ္သုတ္သုတ္ပဲ ဝင္ဖို႕ ုလုပ္ရပါတယ္။ အသံလႊင့္ခန္းထဲက အေခြစစ္တာ စဥ္တာ ကိုယ့္အလုပ္မဟုတ္ဘူး၊ သူတို႕ေရာက္မွ လုပ္ပေစလို႕ ပစ္ထားလို႕မရပါဘူး၊ ေရာက္တာမေရာက္တာ ေနာက္ထား၊ မနက္(၇)နာရီထိုးရင္ အသံထြက္ဖို႕က အရင္မို႕ သူ႕အလုပ္ကိုယ့္အလုပ္ ခြဲျခားမေနပဲ လုပ္ေပးၾကတာ ဝန္ထမ္းတိုင္းပါပဲ။          လ့ံုျခံုေရးအခန္းကေန ထုတ္လာတဲ့ ေသာ့ေတြက ပင္မတံခါးေသာ့ရယ္၊ အဲဒီပင္မတံခါးကေန ဝင္အပီးမွာ ဝင္ရတဲ့  master control အခန္းေသာ့ရယ္ ၊ master control အခန္းကိုဝင္အၿပီးမွာ အထဲက အခန္းငယ္တစ္ခန္းထဲမွာ မွန္ပံုးနဲ႕ စတူဒီယိုအားလံုးရဲ့ ေသာ့ေတြကို ေသာ့ခပ္ထားတာ ဖြင့္ဖို႕ ေသာ့ရယ္ (၃)ေခ်ာင္းပါ။ ၈ေပေလာက္ျမင့္ပီး တစ္လက္မခြဲေလာက္ထုရွိတဲ့ ပင္မမွန္တခါးကို ေကာ္ရစ္ဒါမီးေရာင္နဲ႕ ဖြင့္ဝင္အပီးမွာ နံရံမွာ ျမႈတ္ထားတဲ့ မီးခလုတ္ကို အေမွာင္ထဲမွာ က်င့္သားရေနတဲ့ အတြက္ ဖြင့္လိုက္ပါတယ္။ စက္ခန္းရဲ့ တစ္ဝက္ မီးလင္းသြားမို႕master control အခန္းဘက္ကို ေလွ်ာက္လာစဥ္မွာပဲ မွန္ေတြပဲ ကာထားတဲ့ အဲဒီအခန္းထဲမွာ လူတစ္ေယာက္ ထိုင္ၿပီး သတင္းစာဖတ္ေနတာေတြ႕ပါတယ္။ က်မထိုင္တဲ့ မ်က္ႏွာခ်င္းဆိုင္ခံုမွာပါ။ ပံုစံကလဲ အတိအက်ပါပဲ ခပ္ဝဝဖိုင့္ဖိုင့္ပါ။ ရွပ္အက် ၤီနဲ႕ပုဆိုးနဲ႕ပါ။ ဒါနဲ႕က်မလဲ စိတ္ထဲက
 " အမယ္ ကို............က ေနာက္က်မယ္ဆိုပီး ငါ့ထက္ေတာင္ ေစာေရာက္ေနပါလား"
ေတြးရင္း ဝမ္းသာသြားပါတယ္။ စိတ္ေအးသြားပါတယ္။ တစ္ဆက္တည္း ေသာ့နဲ႕တံခါးေပါက္ကို ထိုးပီးလွည့္ဖြင့္မိမွ
 " ဟင္ ...... ငါက အခုမွ ေသာ့ထုတ္လာၿပီး ဖြင့္တာ သူက ဘယ္လို ေရာက္... "
လို႕ အေတြးေပၚလာ တစ္စံုတခုဆိုတာ ခ်က္ခ်င္းအသိစိတ္ျဖစ္ ခ်က္ခ်င္း တခါးလက္ကိုင္ဖုကို ကိုင္ထားၿပီး ရပ္ေနတုန္း နဲနဲေလးဟေနတဲ့ ေနရာကေန  ဝွီးကနဲ ဘာမွန္းမသိတာၾကီး ျဖတ္သြားေတာ့မွ တကိုယ္လံုး တဆတ္ဆတ္တုန္ေနတာ သတိထားမိပါတယ္။ ခ်က္ခ်င္းအသိဝင္လိုက္တာက အခန္းထဲဝင္ၿပီး မီးဖြင့္ဖို႕၊ အခန္းထဲဝင္ၿပီး အေမွာင္ထဲမွာ မီးခလုတ္ကို စမ္းရင္းဖြင့္လိုက္ေတာ့ ေလးေပမီးေခ်ာင္း(၄)ေခ်ာင္းရဲ့ အလင္းေရာင္ေၾကာင့္ ေၾကာက္စိတ္ေတြ သက္သာသြားပါတယ္။ ဒါေပမယ့္ လူက တစ္ကိုယ္လံုး တစ္ဆတ္ဆတ္ တုန္ေနတဲ့ အျပင္ နွလံုးေတြက ျပဳတ္က်မတတ္ လႈပ္ခါေနတဲ့ အတြက္ ေသေတာ့မလား လန္႕ပီးေသမလားဆိုတာ ေတြးလိုက္မိပါတယ္။ အဲဒီအခ်ိန္မွာ အိမ္မွာ က်မထြက္ခါနီး ပိုးလို႕ပက္လက္ အိပ္ေပ်ာ္ေနတဲ့ ကေလးေတြရဲ့ ပံုကို ေျပးျမင္လိုက္ပါတယ္။ စိတ္ဆိုတာ အင္မတန္ျမန္ၿပီး တန္ခိုးရွိတာ အဲဒါၾကံဳမွ လက္ေတြ႕ပိုသိရပါတယ္။
" ေသလို႔ မျဖစ္ဘူး၊ ငါ့ကေလးေတြမသိပဲ ငါေသသြားရင္ သူတို႕ဘာမွ သိမွာမဟုတ္ဘူး သတိကပ္ သတိကပ္"
ကိုယ့္ကိုယ္ကို သတိကပ္ၿပီး အသက္ဝေအာင္ ခပ္ျပင္းျပင္းရႈၿပီး ခံုမွာထိုင္ခ်ၿပီးေတာ့ အသက္ရႈတာ မွတ္လိုက္မွ ၿငိမ္သြားပါေတာ့တယ္။ အဲဒီေတာ့မွ စက္ေတြ ဖြင့္ဖို႕လုပ္၊ မိန္းတင္ ခလုပ္ေတြ တစ္ခုပီးတစ္ခု ဖြင့္ လုပ္ရပါေတာ့တယ္။  ေသာ့ေတြ ထပ္ထုတ္ဖို႕ က်န္ေသးတဲ့ အျပင္  ဆက္ၿပီး လုပ္စရာေတြ တသီတတန္းႀကီး ရွိေနေသးေပမယ့္ ပင္မစက္ေတြ ဖြင့္ၿပီးၿပီမို႕ ခန ထိုင္ေနလိုက္ပါတယ္၊  ပင္မစက္ေတြ ဖြင့္ထားၿပီဆိုရင္ ေရကူးထပ္ဆင့္လႊင့္စက္ရံုမွာ တာဝန္က်ေနတဲ့သူက ျပည္လမ္း အသံလႊင့္ရံုမွာ တာဝန္က်တဲ့သူ ေရာက္ေနၿပီဆိုတာ တက္စ္တုန္း မပို႕ေပမယ့္ သိေနပါတယ္။
တက္စ္တုန္းဆိုတဲ့ အသံမလႊင့္ခင္ အသံေရာက္မေရာက္ လိုင္းေကာင္းမေကာင္း စက္ေတြ ပံုမွန္ဟုတ္မဟုတ္ကို စမ္းသပ္ပို႕တဲ့ အသံက အသံလႊင့္ခန္း ကေနပို႕ရမွာ ျဖစ္ပါတယ္။ အဲဒီေနာက္ ဖယ္ရီကား ဝင္လာၿပီး အေနာင္စာေရာက္လာ၊ ကိုယ္နဲ႕တြဲမယ့္  တာဝန္က်သူပါ ေရာက္လာမွ အလုပ္ဆက္လုပ္ႏိုင္ပါေတာ့တယ္။ ေရာက္လာတဲ့ မိန္းကေလး(၂)ေယာက္ကို သရဲေျခာက္ခံရတာ မေျပာပဲ ေနလိုက္ပါတယ္။ သူတို႕ပါ လန္႕သြားၿပီး အလုပ္မလုပ္ႏိုင္မွာ စိုးတဲ့အတြက္ မေျပာပဲ ေနေပမယ့္ က်မ အမူအယာ ဘယ္ေလာက္ပ်က္တယ္မသိ၊
" အမ ေနေကာင္းရဲ့လား ဘာျဖစ္ေနလဲ ေစာေစာထလို႕ အိပ္ေရးမဝလာဘူးလား" ဆိုတာ
ႏွစ္ေယာက္စလံုး တိုင္ပင္ထားသလို ေမးေနၾကေသးတယ္။ ဒါေပမယ့္( ၈)နာရီ ထိုးၿပီးတဲ့ အခ်ိန္ ကို........... ေရာက္လာတဲ့ အခ်ိန္မွာ
" အဆင္ေျပလား၊ တာဝန္မႈး လာေမးေသးလား" အေမးကို
မနက္က အျဖစ္အပ်က္ ေျပာျပလိုက္ေတာ့ သူလဲ လန္႕သြားပါတယ္။
                ၉နာရီမွာ မနက္ပိုင္း အသံလႊင့္တာေတြ ေခတၱရပ္ထားၿပီး (၁၀)နာရီ ျပန္မစခင္မွာပဲ ေန႕တာဝန္က်ေတြ၊ ေရဒီယိုစက္မႈရဲ့ တာဝန္ခံေတြ ေရာက္လာပါတယ္။ နံနက္ပိုင္း မွတ္တမ္းကို ဖတ္ၾကည့္ၿပီး ထံုးစံအတိုင္း ဖတ္၊ လက္မွတ္ထိုးၿပီး ဘာမွတ္ခ်က္မွ ေရးထားတာမေတြ႕၊ ထူးျခားျဖစ္စဥ္လဲ ေရးတာမေတြ႕ေပမယ့္ ထံုးစံအတိုင္း
" ေခ်ာေခ်ာေမာေမာပဲ မဟုတ္လား"
ေမးတာကို သရဲ ေျခာက္တဲ့ အေၾကာင္း ေျပာသင့္မေျပာသင့္ စဥ္းစားရင္း ေျပာျပလိုက္ပါတယ္။
တာဝန္ခံ အင္ဂ်င္နီယာက လူဘာမွ မျဖစ္သြားလို႕ ေတာ္ေသးတာေပါ့ဆိုတာ တဖြဖြေျပာပါတယ္။ မွတ္တမ္းမွာ ထဲ့ေရးပါ ဆိုေပမယ့္ မေရးခ်င္ဘူးလို႕ၿငင္းလိုက္ပါတယ္။ ဒီမွတ္တမ္းက  အင္ဂ်င္နီယာမႈး၊ အင္ဂ်င္နီယာခ်ဳပ္ေတြဆီ လက္မွတ္ ဆက္ထိုးရမွာမို႕ သူတို႕က ေပါက္ကရေတြ ဘာေတြ ေရးထားလဲ မယံုမၾကည္ ေျပာရင္ စကားအေျခအတင္ ေျပာေနရမွာမို႕ပါ။ဒါေပမယ့္ အင္ဂ်င္နီယာမႈးဆီ အေရာက္မွာ လက္မွတ္ထိုးၿပီးတာနဲ႕" ေျပာပါအုန္း မနက္က သရဲေျခာက္ခံရတဲ့ အေၾကာင္း" ဆိုေတာ့ ျမန္မွျမန္ ဟိုကေန ဒီကို လမ္းေလွ်ာက္လာတုန္း ဘယ္လို သိသြားပါလိမ့္၊ျမန္မာ့အသံပဲ ဒီေလာက္ရွိမွာေပါ့ ေတြးၿပီး ေျပာျပရပါေသးတယ္။ သူကေတာ့ လူအစစ္မဟုတ္ဘူးလား၊ လူဝင္ေနတာ မျဖစ္ႏိုင္ဘူးလား ေမးခြန္း ထုတ္ပါေသးတယ္။ ည(၁၀)နာရီခြဲမွာ တာဝန္ၿပီးသြားတဲ့သူက လံုျခံဳေရးမွာ ေသာ့အပ္ထားခဲ့တာကို မနက္တာဝန္က်သူက လာထုတ္တဲ့ အခ်ိန္ၾကား ကာလမွာ ဘာအေၾကာင္းၿပခ်က္နဲ႕မွ အသံလႊင့္တဲ့ အခန္းေသာ့ကို ထုတ္ေပးေလ့မရွိတာ သူလဲ အသိပါ။ ဘယ္လိုမွ လူမေျပာနဲ႕ ယင္ေကာင္ေတာင္ ဝင္လို႕မရပါဘူး၊ လူတစ္ေယာက္ကို ထားခဲ့ရင္ေတာင္ ၆၄ဒီဂရီ ဖာရင္ဟိုက္ဆိုတဲ့ အလံုပိတ္ အေအးခန္းမွာ အဲဒီအတိုင္းထိုင္ေနရင္ အသက္ရွင္ရက္ မရွိႏိုင္ပါဘူး။ ဒါ့ေၾကာင့္ ဘာမွျပန္မေျပာပဲ ေနလိုက္ေတာ့တယ္။              ဒါေပမယ့္ အဲဒီေန႕ ဂ်ဴတီမထြက္ခင္မွာပဲ မနက္ဂ်ဴတီဝင္မယ့္သူေတြ တစ္ေယာက္ထဲ အရင္မဝင္ပဲ ေနာက္တစ္ေယာက္လာမွ အနည္းဆံုး လူႏွစ္ေယာက္ရွိမွ ဝင္ဖို႕ ႏႈတ္မိန္႕ ထုတ္ပါတယ္။ အဲဒီေနာက္ ဆက္တိုက္ဆိုသလို  ဟိုအခန္းမွာ ေျခာက္တယ္၊ ဒီအခန္းမွာေျခာက္တယ္ စသျဖင့္ သရဲသတင္းေတြ ခပ္စိပ္စိပ္ထြက္လာတာ အမ်ားႀကီးျဖစ္လာပါတယ္။ ေျပာရရင္ အမ်ားႀကီး ရွိတဲ့အထဲက ထူးဆန္းတာတစ္ခုကို ကိုယ္ကိုယ္တိုင္ ႀကံဳရတာ မဟုတ္ေပမယ့္ ေျပာျပခ်င္ပါေသးတယ္။            
      ပင္မစက္မႈအခန္းထဲမွာ အသံသြင္းတဲ့ စတူဒီယိုေတြ ရွိပါတယ္။ စတူဒီယို( ဒီ) ဆိုတာက သီခ်င္းႀကီးတို႕၊ ကာလေပၚသိခ်င္းတို႕ အသံသြင္းတဲ့ အခန္းပါ။ ေစာင္း၊ ပတၱလား၊ စႏၵယား စသျဖင့္ အစံုရွိပါတယ္။ ဟာဒယရႊင္ေဆးတို႕ ဇာတ္ေျပာတို႕လဲ အဲဒီမွာ အသံသြင္းေလ့ရွိပါတယ္။ အသံသြင္းတာ ေန႕တိုင္းမရွိပါဘူး။ တစ္ရက္မွာ အဲဒီအခန္း တာဝန္က်သူက အသံသြင္း အစီအစဥ္မရွိတဲ့ အတြက္ တံခါးေလာ့ခ်ၿပီး ခံုေတြ ဆက္ၿပီး လွဲပါတယ္တဲ့၊ သူုျပန္ေျပာတာကေတာ့ အိပ္ေပ်ာ္ၿပီး အိပ္မက္လိုလို၊ မအိပ္ေသးပဲ လာေျပာတာလိုလိုပဲတဲ့၊ သူအသိဝင္လာတဲ့ အခ်ိန္မွာေတာ့ အခန္းထဲကေန ထထြက္ခဲ့တာပါတဲ့။ လူတစ္ေယာက္က သူ႕ကို ညီေလး...    အကို ဒီကေန ကၽြတ္ခ်င္ၿပီ၊ အကို႕နာမည္နဲ႕ အမွ်ေဝေပးပါလို႕ ေျပာသတဲ့၊ ဒါနဲ႕သူက အကိုက ဘယ္သူလဲ အကို႕နာမည္ေျပာေလ ဆိုေတာ့ အကို႕နာမည္က ကို....... ပါတဲ့၊ နာမည္(၂)လံုးနဲ႕ပါ။ နာမည္ကို သိေပမယ့္ အတိအက်  မေရးတာက သူ႕မိသားစု ဖတ္မိရင္ မေကာင္းလို႕ပါ။ အဲဒီနာမည္ကို သူ မသိဘူး။ အျပင္ကို ေရာက္တဲ့ အခါ တျခားသူေတြလဲ ဒီနာမည္ကို ၾကားေတာင္မၾကားဖူးပါဘူး။ မျမင္ဖူးေပမယ့္ စီနီယာေတြရဲ့ နာမည္ေတြက လက္ဆင့္ကမ္းၿပီး သိေနၾကတဲ့ အထဲမွာ အဲဒီ နာမည္ မၾကားဖူးၾကပါဘူး။ ဒါနဲ႕ ေရွ႕မီေနာက္မီ ဦးေလးႀကီးတစ္ေယာက္ကို ေမးၾကည့္ေတာ့မွ
 " သိတာေပါ့တဲ့၊ ကို....က အဲဒီ စတူဒီယိုနဲ႕ကပ္ရက္က စတူဒီယို(စီ)မွာ အလုပ္လုပ္ေနရင္း မူးတယ္ မူးတယ္ဆိုၿပီး ဆံုးသြားတာပဲေလတဲ့"  
         ေနာက္တစ္ေန႕မွာ စတူဒီယို(စီ)မွာ ႏိုင္ငံေတာ္သံဃာ့မဟာနာယက အဖြဲ႕က ဆရာေတာ္ႀကီးေတြ တရားေတာ္ အသံသြင္းဖို႕ ႀကြလာတဲ့အခါ အမွ်ေဝေပးဖို႕ ေျပာေတာ့ ဂရုဏာသက္စြာပဲ အသံသြင္းၿပီးရင္ ႀကြခဲ့မယ္ေျပာပါတယ္။ က်မတို႕လည္း နီးစပ္ရာပဲ ပိုက္ဆံေကာက္ အလႈေငြကို စာအိတ္နဲ႕ထဲ့ၿပီး အမွ်ေဝဖို႕ စီစဥ္ၾကပါတယ္။ ဆရာတာ္ေတြရဲ့ ေမတၱသုတ္ရြတ္အၿပီး အဲဒီ ကို...ရဲ့ နာမည္ကို တပ္ၿပီး အမွ်ေဝ အၿပီးမွာေတာ့ ဒိေလာကသားေတြကို သနားစရာ အျဖစ္ ခံစားလာမိပါေတာ့တယ္။                         အဲဒီႏွစ္ ႏွစ္ဆန္းတစ္ရက္ေန႕မွာ ထံုးစံအတိုင္း ပရိတ္ရြတ္ၾကပါတယ္။ ထံုးစံကေတာ့ အေဆာက္အဦရဲ့ အျပင္ လမ္းေပၚမွာပဲ ဘုန္းႀကီးပင့္ပီး ပရိတ္ရြတ္တာပါ၊ တာဝန္က် ဝန္ထမ္းေတြထဲကပဲ တစ္ေယာက္ထားခဲ့ၿပီး တျခားသူေတြ ပရိတ္တရားနာၾကပါတယ္။ အဲဒီ ႏွစ္မွာေတာ့ ( အမွတ္မမွားရင္ အဲဒီ ေနာက္ဆံုးနွစ္ပဲ ထင္ပါတယ္၊ ေနာက္ႏွစ္ကစၿပီး ေနျပည္ေတာ္(တပ္ကုန္း)) ကို ေျပာင္းၾကရပါၿပီ )သရဲေျခာက္ခံရတာေတြ ဆက္တိုက္ ျဖစ္လာတဲ့အတြက္ ဌာနရဲ့တာဝန္အရွိဆံုးလူ ကိုယ္တိုင္က စက္ခန္းထဲမွာ ပရိတ္ရြတ္ဖို႕ ခြင့္ျပဳပါတယ္။ အသံလႊင့္တဲ့ အဲဒီ ပင္မစက္ခန္းက တာဝန္ရွိသူမွအပ မဝင္ရ ဆိုင္းဘုတ္ေထာင္ထားတဲ့ ေနရာပါ။ အျပင္လူ လံုးဝ( လံုးဝ) ဝင္လို႕မရပါ။ အသံသြင္းမယ့္ ျပင္ပပုဂိုလ္ ေခၚမယ္ဆိုရင္ အဲဒီလူရဲ့ မွတ္ပံုတင္နံပါတ္၊ နာမည္ အစရွိတာကို လံုျခံဳေရးဌာနကို( ၃)ရက္ႀကိဳၿပီး တင္ထားရတာပါ။ ဒါ့ေၾကာင့္ ပင္မစက္ခန္းထဲမွာပါ ဘုန္းႀကီးေတြ ၾကြလာၿပီး ပရိတ္ရြတ္ေပးမယ္ ဆိုေတာ့ ကမန္းကတန္း စီစဥ္ရပါတယ္။ ရံုးတစ္ပတ္ပတ္ၿပီး ပန္းေတြခူးလိုက္တာ (၇)ေန႕နာမ္ အကုန္ရၿပီး ပရိတ္အိုး ျဖစ္သြားပါတယ္။ ဘုန္းႀကီးေတြ ႀကြလာၿပီး ေရစက္ခြက္ပါ ယူလာပါဆိုတာနဲ႕ ေရစက္ခြက္ေတြ ထဲ့လာတာမွာ တစ္ခြက္ပိုေနပါတယ္။ တရားနာမယ့္ ပရိတ္သတ္က တာဝန္က်သူေတြ ခ်ည္းမို႕ အသံလႊင့္စတူဒီယိုခန္းထဲမွာ တစ္ေယာက္စီထားၿပီး ထြက္လာတာေတာင္ (၁၀)ေယာက္ မျပည့္ပါဘူး။ လူႀကီးကေတာ့ အင္ဂ်င္နီယာမႈးကိုယ္တိုင္ ပါပါတယ္။ ပိုေနတဲ့ ေရစက္ခြက္ကို အစြန္က လြတ္ေနတဲ့ ေနရာမွာ ဘာရယ္မဟုတ္ ထားလိုက္ၿပီး ပရိတ္တရားနာၾကပါတယ္။ ေရစက္ခ်တဲ့ အခ်ိန္မွာ အဲဒီ လြတ္ေနတဲ့အစြန္မွာ ထိုင္ေနတဲ့  ဝန္ထမ္းက ေရစက္ခြက္ လႈပ္သံၾကားလို႕ မၾကည့္ေတာ့ပါဘူးတဲ့၊ သူက ႏွလံုးေရာဂါရွိေတာ့ ျမင္ရင္ ေၾကာက္မွာဆိုးတဲ့ အတြက္ မၾကည့္ပဲေနလိုက္တာတဲ့၊ အနားမွာလဲ တျခားသူေတြ ရွိၿပီး ဆရာေတာ္ႀကီးေတြလဲ ရွိလို႕ ေတာ္ေသးတာ ေၾကာက္တာ တုန္ေနတာပဲတဲ့ ျပန္ေျပာျပပါတယ္။ သူတင္မဟုတ္ပါဘူး၊ သူ႕ေရွ႕က ထိုင္ေနတဲ့ တစ္ေယာက္က အသံၾကားလို႕ လွည့္ၾကည့္ေတာ့ ေရစက္ခြက္က ေရေတြ ေအာက္ခံ ပန္းကန္ျပားေပၚ က်တာ ေတြ႕တာနဲ႕ ေခါင္းၾကီးသြားလို႕ မနဲ မ်က္စိမိွတ္ထားလိုက္ရသတဲ့။ တရားနာၿပီးတဲ့ အခါ အဲဒီေရစက္ခြက္ရဲ့ ေအာက္ခံပန္းကန္ျပားမွာ ေရေတြ ရွိေနၿပီး သြန္မယ့္သူမရွိလို႕ ေယာက် ၤားေလးတစ္ေယာက္က ယူသြားေပးပါတယ္။
            က်မရဲ့ ကေလးေတြက " သရဲဆိုတာ တကယ္ရွိသလား" လို႕ ေမးလာရင္
 " အလကားပါ၊  မရွိဘူး၊ လူေတြ ေၾကာက္ေအာင္ တမင္သက္သက္ ေလွ်ာက္ေျပာေနတာ" လို႕ ငယ္ငယ္တုန္းက ေျပာသလို မေျပာျဖစ္ေတာ့ပါ.။သရဲဆိုတာ တကယ္ရွိလား မရွိဘူးလား ဆိုတာကို ႀကံဳခဲ့ရတာေတြ ျပန္ေျပာျပရင္း သူတို႕ဘာသာပဲ စဥ္းစား ေတြးေတာေစေတာ့တယ္။သရဲဆိုတာ မရွိပါဘူးလို႕ယံုခဲ့ဖူးတဲ့ က်မက သရဲကား၊ သရဲေျခာက္တဲ့ အခန္းေတြဆို မၾကည့္ရဲပဲ မ်က္လံုးမွိတ္ထားတတ္ေပမယ့္ က်မရဲ့ကေလးေတြကေတာ့ တေစၦသရဲကားၾကည့္ၿပီး သရဲေျခာက္တာကို တဟားဟားနဲ႕ ရီေနၾကပါတယ္။ သူတို႕ၾကည့္တဲ့ ရုပ္ရွင္ထဲက သရဲေတြက ဟာသျဖစ္ေနလို႕လားေတာ့ မေျပာတတ္ပါ။

                                                                                                                         ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခိုင္ခိုင္ေစာလြင္

#Unicode  Version#
အမြန်လမ်းပေါ်မှာ အကျွတ်အလွတ်ပွဲတော် ပြုလုပ်တာနဲ့ ပတ်သက်ပြီး ပရလောကသားဆိုတာ ရှိတယ်၊ မရှိဘူး၊ ယုံတယ် မယုံဘူး စတာတွေ ဖတ်ရတဲ့အခါ ကိုယ်ကိုယ်တိုင်လဲ ပရလောကသားတွေ ဖြစ်တဲ့ သရဲ တစ္ဆေ နာနာဘဝ ဆိုတာကို မရှိဘူးလို့ ကာလအတန်ကြာ ယုံကြည်စွဲမှတ်ထားခဲ့သလို၊   ရှိတယ်ဆိုတာကိုပါ   တွေ့ကြုံခဲ့ရဖူးတော့  အဲဒါတွေနဲ့ ပတ်သက်ပြီး သတိရစရာတွေ ပေါ်လာခဲ့ပါတယ်။
            ငယ်ငယ်ကတည်းက အိမ်မှာ အတူနေတဲ့ အမေ့ရဲ့ အဒေါ်အပျိ ုကြီး( ကျမတို့ရဲ့ အဖွားလေး) တော်သူက ညည ပုံပြောပါဆို သရဲအကြောင်းဆီ ရောက်သွားတာပါပဲ။ အဲဒီအခါ ကျမတို့မောင်နှမတွေ စောင်ခေါင်းမြီးခြုံပြီး အိပ်ကြတော့တာ။  အဖေက သိတော့
 " မမ ကလေးတွေကို စိတ်အားငယ်အောင် သရဲအကြောင်း ဘယ်တော့မှ မပြောပါနဲ့" လို့ တားပါတယ်။

အဖေက နယ်မှာ တာဝန်ကျနေတဲ့ အတွက် ခွင့်နဲ့ ရန်ကုန်အိမ်ကို ပြန်လာတိုင်း သရဲ တစ္ဆေဆိုတာ တကယ်မရှိတဲ့ အကြောင်း၊ ကလေးတွေကို ကြောက်အောင် လန့်အောင် ချိန်းခြောက် ပြောတာ ဖြစ်တဲ့ အကြောင်း ၊ အဲဒါတွေ ယုံစရာ မလိုတဲ့အကြောင်း မကြာခဏ ပြောပါတယ်။
 တခြား မောင်နှမတွေတော့ ဘယ်လိုနေတယ်မသိ၊ ကျမက အဖေ့ကို အထင်ကြီးတဲ့သူ၊ အဖေက ခေတ်ပညာတတ်ဖြစ်တဲ့ အတွက် ခေတ်မီတဲ့ အတွေးအခေါ်ရှိတဲ့  အဖေ့ကို အထင်ကြီးသူပီပီ အဖေ့လိုပဲ သရဲဆိုတာ မရှိ၊ မယုံတဲ့ဘက်က ဖြစ်ပီး လုံးဝ သရဲတစ္ဆေမကြောက်ပါ။ ( အဲဒီတုန်းကပါ)
              အမေကတော့ သရဲကို အသည်းအသန် ကြောက်တဲ့သူတစ်ယောက် ဖြစ်နေပါတယ်။ ညဖက်ကို အပေါ်ထပ်မှာ သောက်ရေက အစ အိုးနဲ့ယူတင်ထားပြီး အပေါ့အပါးတောင် မဆင်းပါဘူး။ မတတ်သာလို့ ဆင်းရရင် သားသမီးတွေထဲက တစ်ယောက်ယောက်ကို နှိုးပြီး အဖော်ခေါ်ပါတယ်။ တခါးကို မပိတ်ပဲ ဖွင့်ထားလိုက်ပါသေးတယ်။ ကျမက အမေ့ကို ဒီလောက်ကြောက်ရလား၊ ဒါ အဖွားတို့ လက်ချက်ပဲလို့ တွေးလိုက်ပါသေးတယ်။ 
         အဖွား(အမေ့ရဲ့အမေ) က တရားသမားပါ။ ကျမက အမေ သရဲကြောက်တာနဲ့ ပတ်သက်ပြီး ရီစရာ လုပ်ကာပြောယုံမက သရဲ တစ္ဆေကို အယုံအကြည် မရှိကြောင်း ပြောတော့ အဖွားက ရှိတယ်ဆိုတာကို တရားသဘောတွေနဲ့ တမလွန်အကြောင်းတွေပါ ပြောပြတတ်ပါတယ်။ အတင်းအကျပ် ယုံဖို့တော့ မပြောပါ။ ဒါပေမယ့် ပထမဆုံး ကျမဘဝမှာ သရဲတစ္ဆေ ဆိုတာ တကယ်ရှိမရှိ ကိုယ်တိုင် တွေးတောရမယ့် ဆင်ခြင်ရမယ့် အချိန်ကို ရောက်လာခဲ့ပါတယ်။ ကျမ လေးတန်းနှစ်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ပါ။                     
အမေက ကျမတို့ မောင်နှမတွေကို ည(၈)နာရီအထိ စာကြည့်ခိုင်းပါတယ်။ မောင်နှမတွေက အောက်ထပ်မှာ စာကြည့်ပြီး (၈)နာရီထိုးတာနဲ့ မီးမှိတ်ပြီး အပေါ်ထပ်ကို တက်ရတယ်၊ အဲဒီနေ့က အားလုံးက လှေကားမှာ တစ်ထစ်ချင်းရပ်ပီး နောက်ဆုံးကျန်တဲ့သူ မီးမှိတ်တာကို စောင့်၊ မီးလည်းမှောင်ရော ဝေး ဆို အော်ပီး သရဲ သရဲ လို့ဘယ်သူက စအော်တယ်မသိ အကုန်လုံး အလုအယက် အပေါ်ထပ်ကို တက်ပြေးကြတာ ဒုံး ကနဲအသံနဲ့အတူ စူးစူးဝါးဝါး ငိုသံကြားတော့မှ တစ်နှစ်လောက်ပဲ ရှိသေးတဲ့ အငယ်ဆုံးမောင်လေးကို သတိရတော့တယ်။ သူက မအိပ်သေးပဲ စာကြည့်နေတဲ့ အကြီးတွေကြားမှာ လာဆော့ရာက ကဲ အပေါ်တက်မယ်ဆိုတော့ သူ့ကလည်း လှေကားမှာ လေးဘက်ထောက် ရပ်နေခဲ့တာ။ ရုတ်တရက် သရဲ ဆိုတော့ လန့်ပီး သူ့ကို မေ့သွားကြတာ၊  အမေဆင်းလာပြီး ကြည့်တော့  မောင်လေးရဲ့ မေးစေ့မှာ သွေးတွေကရဲနေပြီး ရင်ဘတ်ပေါ်မှာပါ စိုရွှဲနေတော့တာ၊ အိမ်နီးချင်း တစ်ချိ ု့ ရောက်လာပြီး ဆေးခန်းသွားမှ ဖြစ်မယ်၊ ဒဏ်ရာများတယ်ဆိုတော့မှ ဆေးခန်းပိတ်ချိန် ဖြစ်နေပြီ။  အဲဒီခေတ်ကာလက  ကျမတို့နေတဲ့ သုဝဏမှာ ဆရာဝန်တစ်ယောက်မှ မရှိ။ ရန်ကုန်မြို့ထဲက ဆရာဝန်တစ်ယောက်က ဆေးခန်း လာဖွင့်တာပဲ ရှိတယ်။ သူက မြို့သစ်မှာဆိုတော့ သွားရပြန်တာ မှောင်ပီး လမ်းကလဲ ချောင်ကျတဲ့အတွက် ည(၈)နာရီ အထိပဲ ဖွင့်ပါတယ်။ ဒါပေမယ့် လူနာရှိရက်နဲ့တော့ ၈နာရီဒေါင်ကနဲ ဆိုတာနဲ့ ပိတ်တာတော့ မဟုတ်ပါဘူး။ လူနာရှိနေရင်  ကုပေးတဲ့ အတွက် ဆရာဝန် ရှိနိုင်ပါသေးတယ်။ ဒါနဲ့ အမေက ကလေးချီပြီး ကျမက အနောက်က အဖော် လိုက်သွားရပါတယ်။ အိမ်ကထွက်တော့ ညာဖက်ကိုထွက်မယ် အလုပ် အမေက " လမ်းကြားလေးက သွားမယ် ဒါမှ ဆရာဝန်မီမှာ" အင်မတန် သရဲကြောက်တတ်တဲ့ အမေက အဲဒီက သွားမယ်ဆိုတော့ အံ့ဩသွားပါတယ်။အဲဒီ" လမ်းကြားလေး" လို့ ရပ်ကွက်ထဲက လူတွေ ခေါ်တဲ့လမ်းက အင်မတန် အသုံးတဲ့ပါတယ်။ သူက တိုက်နှစ်တိုက်ရဲ့ နောက်ဖေး လမ်းကြားပါ။  ကျမတို့တိုက်က ညာဖက်ကို အတွင်းလမ်းအတိုင်း ၅မိနစ် လျှောက်ရင် လမ်းမကြီးပေါ် ရောက်ပါတယ်၊ အဲဒီလမ်းမကြီးအတိုင်းအဲလိုပဲ ၅မိနစ်လောက် သွားပြီးမှ  ညာဖက်ထပ်ချိ ုးရသေးတယ်။ အဲဒီ လမ်းမကြီးပေါ်မှာ လည်း (၁၀)မိနစ်လောက် လျှောက်ပြီးမှ ဆေးခန်းရှိတဲ့ လမ်းမပေါ် ရောက်တာပါ။ လမ်းကြားလေးက အိမ်ကနေ ဖြတ်ကနဲဘယ်ဘက် ကွေ့လိုက်ရုံနဲ့ရောက်ပြီး ၅ မိနစ်လောက်ပဲ လျှောက်တာနဲ့ ဆေးခန်းရှိတဲ့ လမ်းမကြီးပေါ် ရောက်သွားတာပါ။ ဒါပေမယ့် အဲဒီလမ်းကြားလေးဟာ သရဲခြောက်တာ နာမည်ကြီးလို့ ညနေမှောင်ရီပျိ ုးတာနဲ့ ဘယ်သူမှ မဖြတ်ပါဘူး။ ကုန်ကုန်ပြောရရင် အရက်မူးသမားတောင် မဖြတ်ပါဘူး။ လမ်းမကြီးကပဲ ပတ်ပြန်ကြတာ။ နေ့ခင်းဆိုရင်တော့ လူမပြတ်ဘူး၊ အဲဒီလမ်းကြားလေးက ထွက်ရင် သုဝဏဈေးကြီး၊ ကားမှတ်တိုင် စတာတွေကို ချက်ချင်းရောက်တော့ လူသွားလူလာ များပါတယ်။ အဲဒီလမ်းကြားမှာ ရှိတဲ့ သရဲက နာမည်ပါရှိပါတယ်။ အခုတော့ မေ့နေပါပြီ။ အဲဒီ နာမည်များပြောရင် အင်မတန်ကြောက်ကြပါတယ်။ ထုံးစံအတိုင်း မျက်လုံးက ဘောလုံးလောက် လျှာက တစ်တောင်လောက်ရှိပြီး အရပ်ကြီးကလည်း ထန်းပင်လောက်ရှိတာပေါ့။ ပြောကြတာ။                အမေက ဆရာဝန်မမီမှာ စိုးရိမ်တာနဲ့ အဲဒီလမ်းက သွားပေမယ့် ကျမက နဂိုထဲက မယုံတဲ့သူဆိုတော့ စိတ်ထဲကနေ တွေးလိုက်ပါသေးတယ်။ သရဲရှိတယ်ဆိုရင် ငါတို့ အခု ခြောက်မှာပေါ့ ။ အခုတော့ ရှင်းလို့ လင်းလို့ တွေးနေမိပါသေးတယ်။ နောက်ဖေး လမ်းကြားဆိုပေမယ့် လမ်းက ကွန်ကရစ်လမ်းပါ။ လမ်းရဲ့အလည်ဗဟိုမှာ မီးတိုင်တစ်ခု ရှိတော့ အဲဒီက အလင်းက လမ်းကြားလေးကို လင်းနေပေမယ့် လမ်းအစနဲ့အဆုံးကတော့ အလင်းမှိန်မှိန်ပဲ ရပါတယ်။ လမ်းရဲ့ အကျယ်က ၃ပေ  လောက်ရှိမယ်ထင်ပါတယ်။ လူနှစ်ယောက် ယှဉ်ပီး လျှောက်လို့မရပါဘူး။ ရှောင်ရင်လည်း တစ်ယောက်က ရပ်ပီး ဖယ်ပေးမှ ရပါတယ်။ အဲဒီလမ်းကို ကွန်ကရစ်ခင်းပီး လမ်းမီးတိုင် တစ်ညလုံး ထွန်းပေးတဲ့ အလှုရှင်က ကျမတို့အိမ်နဲ့ကပ်ရက်က အန်တီတစ်ယောက်ပါ။ လမ်းကြားလေးက ညဖက်ပေမယ့် လမ်းကဖြူ းပီး အလင်းရောင်ရပါတယ်။ အရှည်ကတော့ သေချာအတိအကျ မသိပေမယ့် တိုက်ခန်းတွဲ(၈)ခန်းကို ဖြတ်ရပါတယ်။ နဲနဲတော့ ရှည်ပါတယ်။             အမေက ကလေးနဲ့အရှေ့က ခပ်သုပ်သုပ်လျှောက်၊ ကျမက အနောက်က လိုက်ရင်းနဲ့ ရုတ်တရက် အနောက်မှာ လူတစ်ယောက်ကပ်ပါလာတာ သတိထားလိုက်မိပါတယ်။ အနောက်မှာ နီးနီးလေး ကပ်ပါလာတော့ အဖော်ရဘီဆို လှည့်အကြည့်မှာ အဲဒီလူက လမ်းရဲ့အစကို ပြန်ရောက်ပီး ရပ်နေတာ တွေ့လိုက်ရပါတယ်။ ဦးလေးကြီး တစ်ယောက်ပါ။ အဖေတို့လောက်လဲ မကြီး၊ ကျမ အသက်နဲ့ယှဉ်လိုက်တော့ အသက် အစိတ် လောက်ဆိုတော့ ဦးလေးကြီးတစ်ယောက်လို့ ပြောတာပါ။ ရှပ်အကျ ၤီအဖြူရောင်မှာ လက်ကို ခေါက်ထားတာပါ မှတ်မိလိုက်ပါတယ်။  စိတ်ထဲက မသွားတော့ပဲ လှည့်ပြန်မလို့ ထင်တယ်လို့ တွေးလိုက်ပါတယ်။ ဒါနဲ့ ဆက်လျှောက်တော့ အနောက်မှာ နီးနီးလေး ကပ်လျှောက်နေပါတယ်။  လှည့်ကြည့်လိုက် အနောက်ရောက်သွားလိုက်၊ ပြန်လျှောက်လိုက် အနားရောက်လာလိုက်နဲ့ ဖြစ်ဖြစ်နေတော့ စိတ်ထဲမှာ တို့သားအမိလျှောက်တာ နှေးလို့ ကျော်တက်ချင်လို့လား မသိလို့ တွေးရင်း" အမေ အနောက်မှာ လူတစ်ယောက်ပါလာတယ် ဖယ်ပေးလိုက်အုန်း ကျော်တက်မလို့လား မသိဘူး" ဆိုတော့ အမေက လှည့်ကြီးပြီး " ဟင် ဘယ်မှာလဲ ဘယ်သူမှမရှိပါလား ကဲဟယ်" ဆိုပီး ကျမခေါင်းကို ဒေါင်ကနဲ နေအောင် ခေါက်ထဲ့လိုက်တာ ပူထူသွားတာပဲ။ တစ်ဆက်တည်းပဲ " ကြောက်ရတဲ့ ကြားထဲ ဘာတွေလျှောက်ပြောနေတာလဲ မြန်မြန်လာ" ဆိုပီး အပြေးသုတ်ခြေတင်တော့မှ ကျမလဲ ပြေးလိုက်ရပါတယ်။ စိတ်ထဲမှာ သေချာတွေ့လိုက်တာ လူပါ အကျ ၤီအဖြူနဲ့ ဘယ်ရောက်သွားပါလိမ့် လို့ တွေးမိနေပါတယ်။ ဆေးခန်းရောက်တော့ လူနာတစ်ယောက်မှမရှိတော့ပဲ ဆရာဝန်က ဆေးအိတ်သိမ်းပြီးလို့ ပြန်ဖို့တံခါးဝ ရောက်နေပေမယ့် ကုပေးပါတယ်။ ကံကောင်းပီး မချုပ်ရပဲ သောက်ဆေး ပေးပါတယ်။ ဆေးခန်းက ပြန်လာတော့ လမ်းကြားလေး ထိပ်ရောက်တော့ ကွေ့မယ်အလုပ် အမေက
 "လမ်းမတန်းက ပြန်မယ်" တဲ့ 
              နောက်တစ်နေ့လဲ ရောက်ရော အမေ့ကို သတင်းလာမေးကြတာ အများကြီးပဲ၊ မောင်လေး မေးစေ့ကွဲသွားတာ မေးတာမဟုတ်ပဲ သူတို့ မေးကြတာက
'" ပြောပါအုန်း ညက လမ်းကြားလေးမှာ သရဲခြောက်ခံရလို့ဆို" တဲ့
ကျမလဲ ဇဝေဇဝါ ဖြစ်သွားပီး သရဲမဟုတ်ပါဘူး လူပါ၊ လူမှ လူအစစ် ဦးလေးကြီးတစ်ယောက် ရှပ်အကျ ၤီအဖြူနဲ့လို့ ဝင်ပြောတော့ လူကြီးတွေက အမလေး တပြီး ကြောက်တဲ့ အကြောင်းပဲ ဆက်ပြောနေကြတာပါပဲ။
                   ကျမ အထက်တန်းကျောင်း တက်တဲ့ အချိန်၊  ဖွံ့ဖြိုးရေး အချိန်မှာ ဆရာက ဒီနေ့တော့ နာနာဘဝဆိုတာ တကယ်ရှိလား မရှိဘူးလား ဆိုတာ ပြောကြရအောင်တဲ့၊ တစ်ဆက်တည်းမှာပဲ ယုံတဲ့သူလက်ထောင်၊ မယုံတဲ့သူ လက်ထောင်ဆိုပီး ထောင်ခိုင်းတော့ ကျမက ဘယ်ဘက်ကမှ မထောင်တာ တွေ့တော့ ဘာလို့လဲ မေးပါတယ်။ ကျမ လေးတန်းအရွယ်က အမေနဲ့ကြုံခဲ့တဲ့ အဖြစ်အပျက်ကို ပြောပြပီး
 " ဆရာ အဲဒါ ဘယ်လိုထင်လဲ တကယ်ပဲ သရဲဆိုတာလား" လို့
 မေးခွန်းထုတ်ခဲ့တာ မှတ်မိပါသေးတယ်။

ဒါပေမယ့် တစ္ဆေသရဲ တကယ်ရှိတယ် မရှိဘူး၊ သရဲဆိုတာ အကျ ၤီဝတ်နဲ့လည်း ရှိတယ်ဆိုတဲ့ အဖြေအတိအကျကို မရခဲ့သေးပါဘူး။ တကယ်တန်း ကြုံခဲ့ရတော့ ဝန်ထမ်းဘဝမှာ ဖြစ်နေပါတယ်။ အသက်လဲ (၃၀)ကျော်တဲ့ အချိန်မှာပါ။ အဲဒီကစလို့ ပထမ သရဲဆိုတာ နာနာဘဝဆိုတာကို အင်မတန်ကြောက်၊ ကြောက်ရာကနေ ကြောက်စရာမကောင်းတဲ့ အခြေအနေအထိ ကြုံခဲ့ရပါတယ်။
                မြန်မာ့အသံ(ပြည်လမ်း) အသံလွှင့်ရုံကို ၁၉၅၄ခုနှစ် ဖေဖော်ဝါရီလ(၁၂) ရက်နေ့မှာ အုတ်မြစ်ချပြီး စတင်တည်ဆောက်ပြီးတဲ့နောက်  ပြည်လမ်းမှာ အသံလွှင့်ပါတယ်။ မြေဧက(၁၄.၂၄၃) အကျယ်မှာ အသံလွှင့် အဆောက်အဦရဲ့ အကျယ်က ( ၉၃၇၇၁) စတုရန်းပေ ရှိပါတယ်။ အဲဒီတုန်းက ရုပ်မြင်သံကြား အဆောက်အဦ မဆောက်ရသေးပါဘူး။ အဲဒီ အသံလွှင့်ရုံ စတည်တော့ ကျမတို့ မွေးတောင်မမွေးသေးပါဘူး၊ ဒါပေမယ့် အသံလွှင့်ရုံမှာ အလုပ်စဝင်ကတည်းက မှတ်သားရတဲ့ ဆောင်ရန်၊ ရှောင်ရန် ဝန်ထမ်းစည်းကမ်း။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ နည်းစနစ်တွေအပြင် ပိုပိုသာသာ ထပ်သိပြီး၊ လူသိများတာက သရဲခြောက်ပါသတဲ့၊

သရဲက နာမည်နဲ့ဘာနဲ့ အတိအကျပါ၊ " မနီ" တဲ့။
              ကြားရသလောက်ဆို သူ့နာမည်အရင်းမဟုတ်လောက်ပါ။  ဝန်ထမ်းအဆက်ဆက် ပြောကြတာကတော့ အဲဒီ အသံလွှင့်ရုံ အသစ်ကြီး ဆောက်ပြီး ဖွင့်ကာနီးမှာ  ဘိလပ်မြေသယ်တဲ့ မိန်းကလေးတစ်ယောက်က တိုက်ပေါ်က ပြုတ်ကျပြီး သေဆုံးသွားပါတယ်။ အဲဒီနေ့က သူက အနီရောင် ဝမ်းဆက် ဝတ်ထားတာဖြစ်သတဲ့၊ နောက်ပိုင်းမှာ အသံလွှင့်ခန်းကနေ ရုံးခန်းဘက်အသွား အကွေ့တို့၊ ချောင်ကြတဲ့ အခန်းနား ဖြတ်လျှောက်သွားတဲ့ သူတွေက အနီရောင်ဝမ်းဆက်နဲ့ ကောင်မလေးကို တွေ့ကြသတဲ့၊  ဒါနဲ့ တခုခုဆို မနီ နဲ့တွေ့နေမယ် သတိထားသွား ပြောကြ ဆိုကြရာက မနီ သရဲ နာမည် ကြီးလှပါတယ်။ အဲဒီ အချိန်က သရဲ တစ္ဆေ မယုံတဲ့ ကျမက အဲဒီအကြောင်း လာပြောရင် အဲဒီ မနီက ၁၉၅၄ထဲက အခုထိ သရဲဘဝနဲ့ နေနေတုန်းပဲ အံ့ပါ့ လို့ ပြန်ပြောတတ်ပါတယ်။ မနီသရဲ ဘယ်လောက်နာမည်ကြီး သလဲဆိုရင် မြန်မာ့အသံဝန်ထမ်း လုပ်ခဲ့ဖူးသူမှန်သမျှ ရာထူးအကြီးဆုံးဖြစ်တဲ့ ညွှန်ချုပ်နာမည်တွေသာ မေ့သွားမယ်၊ မနီ နာမည်ကိုတော့ မမေ့ကြပါဘူး၊ အခြောက်မခံရဘူးတောင် နာမည်နဲ့ အတော်လေး ကြောက်ကြရတာကိုး။
              ကျမတို့ ရေဒီယိုစက်မှုတာဝန်ခံ အမကြီးက အင်မတန်ထက်မြက်တဲ့သူ ဖြစ်ပါတယ်။ အမျိုးသားတွေနဲ့ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်ယုံမကဘူး လုပ်ငန်းကိစ္စတွေမှာ အင်မတန်ကျွမ်းကျင်ပါတယ်။ ဖောင်ကြီးသင်တန်းတက်တာမှာတောင် စံပြထူးချွန်ဆု ပထမ ရခဲ့သူပါ။ ဒါပေမယ့် အသံသွင်းတဲ့ စတူဒီယို အခန်းကို ပထမဆုံး သော့ဖွင့်ဝင်ရမယ်ဆို တစ်ယောက်တည်း ဘယ်တော့မှ မသွားပဲ အဖော်အမြဲ ခေါ်တတ်ပါတယ်။ ပါးစပ်ကလဲ ပြောပါတယ်။
 " သရဲတော့ ကြောက်တယ်" တဲ့။
  ကျမတို့ အချင်းချင်း မရှိဘူး၊ ရှိတယ်၊ စိတ်ထင်တာ၊ ဘာညာ စသဖြင့် ငြင်းကြတဲ့အခါ အနောင်စာ တစ်ယောက်က ကျမကို ဦးတည်ပီး မယုံဘူးဆိုရင် ပြောပြမယ်ဆိုပီး သူသိတာ ပြောပြပါတယ်။               တစ်နှစ်မှာ တောင်တန်းသာသနာပြုဆရာတော်ကြီး မြန်မာ့အသံမှာ အသံသွင်းဖို့ ကြွလာပါတယ်တဲ့၊ ပြီးတဲ့အခါ အသံလွှင့်တဲ့အခန်းတွေ မြန်မာ့အသံထဲ လှည့်ပီး ပြတဲ့အခါ ရေဒီယို စက်ခန်းထဲကို ရောက်လာပါတယ်တဲ့။ အဲဒီအခါမှာ ဆရာတော်ကြီးက နှုတ်ကနေ အသံလေးထွက်ပြီး
 " အော်  သနားစရာတွေပါလား၊ အများကြီးပဲ" မိန့်သတဲ့၊
 အနားက လူကြီးတွေက
" နှစ်ဆန်းတစ်ရက်ရောက်တိုင်း တပည့်တော်တို့ ပရိတ်အမြဲ ရွတ်ပေးပါတယ် ဘုရား"  လို့ လျှောက်သတဲ့။ပြန်ပြောတဲ့ အနောင်စာက သူက အနောက်မှာ လက်အုပ်လေးချီပီး ကြားခဲ့တာတဲ့။                မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာပို့မှာ မြင်အပ်မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဆိုတာ ဒါတွေကို ရည်စူးတာပဲ၊ ဒါဆို မမြင်ရတဲ့ ပရလောကသားတွေ ဆိုတာ ရှိတာပေါ့လို့ အသိရပါတယ်။                ကျမတို့ အလုပ်ဝင်နေတဲ့ ကာလမှာတော့ ဟိုနေရာမှာ ခြောက်ပြန်ပြီ၊ ဟိုလူတော့ အခြောက်ခံရပြန်ပြီ ကြားနေပေမယ့် ကြိုးကြား ကြိုးကြားပါပဲ၊ နောက်ပိုင်း ဆက်တိုက် ခြောက်တာကတော့ မြန်မာ့အသံကို နေပြည်တော်ကို ရွှေ့မယ့်အစီအစဉ် စတဲ့ အချိန်မှာ သရဲခြောက်တယ် ဆိုတာနဲ့ အခြောက်ခံရသူတွေ စိတ်စိတ်လာပါတယ်။ ဝန်ထမ်းတွေလည်း ရန်ကုန်က မခွာချင်သူတွေ၊ မိသားစုနဲ့ခွဲနေလို့ မရသူတွေက လိုက်ပြောင်းရမလား၊ အလုပ်ကပဲ ထွက်လိုက်ရမလား စိုးရိမ်တာတွေ ဖြစ်ကြပြီး လူစုမိတာနဲ့ ဘယ်လိုလုပ်ကြမလဲ၊ တရပ်တကျေးမှာ အဆင်ပြေပါ့မလား၊ ခွဲနေရင်ရော ရတာနဲ့ကုန်တာလောက်ငပါ့မလား ပြောကြတာ ဝန်ထမ်းတွေအကြား အတော်လေး လှုပ်လှုပ်ခပ်ခပ် ဖြစ်ကြပါတယ်။
            ပရလောကသားဖြစ်တဲ့ သရဲတွေလည်း ဒီအဆောက်အဦကြီးမှာ နေလာရာက သူတို့လဲ မှီတွယ်ရာ မရှိတော့မှာ စိုးရိမ်ပြီး ကျွတ်ချင် လွတ်ချင်ဟန်တူပါတယ်၊ အဆောက်အဦကြီးကို ဖြိုချပြီး အသစ်ဆောက်မလို၊ ရောင်းစားမလို ကောလဟလတွေကလည်း မျိုါ်စုံ ထွက်နေတော့ သရဲတွေပါကြားပြီး စိုးရိမ်နေကြသလား မပြောတတ်။ ရက်ဆက်ဆိုသလို ခြောက်တယ် တွေ့တယ်ဆိုတဲ့ အသံတွေ ကြားနေရပါတော့တယ်။
             ကျမနဲ့ဆုံရတဲ့ သရဲကတော့ လျှာတစ်တောင်လောက် အရမ်းထန်းပင်လောက်လို့ ပြောကြတဲ့ ကြောက်စရာရုပ်မဟုတ်ပေမယ့် အသက်ထွက်မတ် ထိတ်လန့်ခဲ့ရတာ ပြောပြပါအုန်းမယ်။
မောနင်းဂျူတီလို့ ခေါ်တဲ့ မနက်စောစော ဂျူတီဝင်ရမယ်ဆို ကျမက ဌာနနဲ့နီးတဲ့ နေရာမှာ နေတဲ့ အတွက် ဖယ်ရီမစီးပဲ  အိမ်ကနေ လမ်းလျှောက် သွားပါတယ်။ မိနစ်(၂၀)ဆို ရုံးရောက်ပါတယ်။ နံနက်(၇)နာရီမှာ အသံစလွှင့်ျနိုင်ဖို့ အတွက် နံနက် ၆နာရီခွဲကို နောက်ဆုံးထားပြီး စက်ပိုင်းဆိုင်ရာနဲ့ အသံလွှင့်မယ့်အခွေတွေကို အသင့်ပြင်ထားရပါတယ်။ ဒါ့ကြောင့် ၆နာရီအရောက် စက်ခန်းကို အရောက်သွားရပါတယ်။ အိမ်ကနေ ၆နာရီထိုးဖို့ ၁၅မိနစ်အလို၊ တခါတလေ ၅နာရီခွဲပီး ဆယ်မိနစ်ဆို ထွက်ရပါတယ်။ အဝေးမြို့နယ်က အလုပ်ဆင်းတဲ့ သူတွေက ဖယ်ရီကားပေါ်မူတည်ပီး ရောက်ကြပါတယ်။ အိမ်နီးတဲ့သူက စောစော ကြိုသွားထားရင် ပိုပီး စိတ်ချရပါတယ်။
 ကျမက အလုပ်ကို သွားတိုင်း အကျင့်တစ်ခု လုပ်ထားတာရှိပါတယ်။ အိမ်ကနေ စခြေလှမ်းတာနဲ့ သံဗုဒေဂါထာကို စပြီးရွတ်တာ အသံလွှင့်ရုံဝင်းတံခါး အရောက်ကို ကျမရဲ့ သက်စေ့ အတိအကျပါပဲ။ အဲဒီလို အတိအကျရွတ်တာ ကိုယ့်ဘာသဘောကျပီး အမြဲရွတ်ပါတယ်။ အဲဒီနေ့ကလဲ ထုံးစံအတိုင်း ရွတ်ဖတ်လာပြီး အဆောက်အဦထဲ အရောက်မှာ ဘယ်အခန်းမှ မီးရောင် မတွေ့ရပါဘူး။ ဖယ်ရီတွေ တစ်စီးမှ မရောက်သေးတာ ဖြစ်တဲ့ အတွက် ကိုယ့်မှာ ပိုတာဝန်ကြီးတဲ့အတွက် နောက်ကျခဲ့ရင် ဆိုတဲ့ အတွေးနဲ့ လုံခြုံရေး ရုံးခန်းမှာ သော့သွားထုတ်ပါတယ်။ သတင်းစာပါ တစ်ပါတည်းယူပြီး စက်ခန်းဘက်ကို ထွက်ခဲ့ပါတယ်။ ကော်ရစ်ဒါ မီးရောင်ကို အားပြုပြီး ရေဒီယိုစက်ခန်းရဲ့ ပင်မတံခါးကို ဖွင့်ပါတယ်။
            ဂျူတီ shift တစ်ခုမှာကျမတို့ စက်မှုဘက်က  ဝန်ထမ်း(၃)ယောက် ရှိပါတယ်။ အသံလွှင့်တဲ့ အခန်းမှာ အနောင်စာနဲ့အတူ ကြေညာတဲ့ သီချင်း၊ အစီအစဉ်တွေကို တစ်ပြိုင်တည်း လွှင့်ပေးရတဲ့ ဝန်ထမ်းက(၂) ယောက်နဲ့ အပြင်ဘက်က master control အခန်းမှာ ကြီးကြပ်သူက တစ်ယောက်ပါ။ ကျမက master control မှာ တာဝန်ကျတဲ့ အဲဒီနေ့ရဲ့ စက်မှုဘက်ဆိုင်ရာ ကြီးကြပ်သူပါ။ အဲဒီမတိုင်ခင် ရက်က day ဂျူတီ ဆင်းရပါတယ်။ အဲဒီဂျူတီက အသံသွင်းတဲ့ရက် recording လုပ်ပေးရတာပါ။ အသံလွှင့်ဂျူတီကျတဲ့ ရက်က ခွင့်ယူဖို့ မလွယ်ပါဘူး၊  ဂျူတီချိန်းပြီး လူစားရှာရတာများပါတယ်။ ကျမတို့နဲ့အတူဆင်းရမယ့်သူထဲက ကို..........က မနက်မှာ ဖယ်ရီနဲ့လိုက်မလာနိုင်တဲ့ အကြောင်း တိုးတိုး လာပြောရှာပါတယ်။ " နောက်ကျမှ ရောက်နိုင်မယ် ၊ (၈) နာရီလောက် ရောက်အောင် လာခဲ့ပါမယ်"လို့ ခွင့်တိုင်ပါတယ်။ ဒါက ကျမခွင့်ပြုလို့ရတာမဟုတ်ပါဘူး။ သူနဲ့အတူ အသံလွှင့်ရမယ့်ဝန်ထမ်းကလဲ ကြည်ဖြူမှရတဲ့အတွက်

" မ........ကို ပြောလိုက်ပါ။ ကို............ မရောက်ခင် သူတာဝန်ယူနိုင်မလား၊ သူတစ်ယောက်ထဲ ဖြစ်သလား" ဆိုတော့
" ကျတော်တို့ချင်း ပြောပြီးပါပြီ။ အဆင်ပြေပါတယ်။" ကျမဆီက ခွင့်တောင်းတာပါတဲ့။
သူက သူနောက်ကျမယ့် အကြောင်းကို အသေးစိပ် ပြောပြနေပါတယ်။ ဝန်ထမ်းတွေက ရတဲ့ လခနဲ့ မလောက်ငတဲ့ အတွက် အပြင်မှာ ဝင်ငွေ ရှာရပါတယ်။ အထူးသဖြင့် အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားဝန်ထမ်းတွေဆို ပိုဆိုးပါတယ်။ သူက အပြင်မှာ သူတတ်တဲ့ ပညာနဲ့စလောင်းလိုက်ဆင်ပါတယ်။ တီဗွီ စလောင်း အိမ်တွေမှာ လိုက်ပြင်ပါတယ်။ ဝယ်ဖို့ခေါ်ရင်လဲ စက်ပစ္စည်း နားလည်တဲ့သူအနေနဲ့ လိုက်ပေးပါတယ်။ အဲဒီလိုနည်းနဲ့ အပိုငွေရအောင် ရှာရပါတယ်။ သူ့အိမ်မှာ ဒီညတစ်ညလုံး တီဗွီတစ်လုံးပြင်ပေးရမှာ၊ နောက်နေ့ပေးမှ ငွေရမှာမို့ အပီးပြင်ချင်လို့ နောက်ကျမယ့် အကြောင်း ပြောပါတယ်။ အဆင်မပြေတဲ့ သူတွေဆို ဒီလိုပဲ အချင်းချင်း ညှာနေကြရတာဆိုတော့ ခေါင်းညိတ်ရတာပါ။ တရားဝင်တော့ မဟုတ်ပါဘူး၊ လူကြီးတွေ သိရင် ဥပဒေတွေ စည်းမျဉ်းတွေနဲ့ အတိအကျ ကိုင်ပေါက်ခံရပေမယ့်၊ ဒီလိုပဲ ကိုယ့်ဝန်ထမ်းအချင်းချင်း ကြည့်လုပ်ကြတာပါ။          အသံလွှင့်မယ့်အခန်းမှာ ဂျူတီကျတဲ့ (၂)ယောက်မှာ တစ်ယောက်က မရောက်နိုင်တာ သေချာပြီးသား၊ အဲဒီမှာ နောက်တစ်ယောက်က ဖယ်ရီမဝင်သေးတဲ့အတွက် ကိုယ်တစ်ယောက်တည်း လုပ်စရာ များတာမို့ ခပ်သုတ်သုတ်ပဲ ဝင်ဖို့ ုလုပ်ရပါတယ်။ အသံလွှင့်ခန်းထဲက အခွေစစ်တာ စဉ်တာ ကိုယ့်အလုပ်မဟုတ်ဘူး၊ သူတို့ရောက်မှ လုပ်ပစေလို့ ပစ်ထားလို့မရပါဘူး၊ ရောက်တာမရောက်တာ နောက်ထား၊ မနက်(၇)နာရီထိုးရင် အသံထွက်ဖို့က အရင်မို့ သူ့အလုပ်ကိုယ့်အလုပ် ခွဲခြားမနေပဲ လုပ်ပေးကြတာ ဝန်ထမ်းတိုင်းပါပဲ။          လ့ုံခြုံရေးအခန်းကနေ ထုတ်လာတဲ့ သော့တွေက ပင်မတံခါးသော့ရယ်၊ အဲဒီပင်မတံခါးကနေ ဝင်အပီးမှာ ဝင်ရတဲ့  master control အခန်းသော့ရယ် ၊ master control အခန်းကိုဝင်အပြီးမှာ အထဲက အခန်းငယ်တစ်ခန်းထဲမှာ မှန်ပုံးနဲ့ စတူဒီယိုအားလုံးရဲ့ သော့တွေကို သော့ခပ်ထားတာ ဖွင့်ဖို့ သော့ရယ် (၃)ချောင်းပါ။ ၈ပေလောက်မြင့်ပီး တစ်လက်မခွဲလောက်ထုရှိတဲ့ ပင်မမှန်တခါးကို ကော်ရစ်ဒါမီးရောင်နဲ့ ဖွင့်ဝင်အပီးမှာ နံရံမှာ မြှုတ်ထားတဲ့ မီးခလုတ်ကို အမှောင်ထဲမှာ ကျင့်သားရနေတဲ့ အတွက် ဖွင့်လိုက်ပါတယ်။ စက်ခန်းရဲ့ တစ်ဝက် မီးလင်းသွားမို့master control အခန်းဘက်ကို လျှောက်လာစဉ်မှာပဲ မှန်တွေပဲ ကာထားတဲ့ အဲဒီအခန်းထဲမှာ လူတစ်ယောက် ထိုင်ပြီး သတင်းစာဖတ်နေတာတွေ့ပါတယ်။ ကျမထိုင်တဲ့ မျက်နှာချင်းဆိုင်ခုံမှာပါ။ ပုံစံကလဲ အတိအကျပါပဲ ခပ်ဝဝဖိုင့်ဖိုင့်ပါ။ ရှပ်အကျ ၤီနဲ့ပုဆိုးနဲ့ပါ။ ဒါနဲ့ကျမလဲ စိတ်ထဲက
 " အမယ် ကို............က နောက်ကျမယ်ဆိုပီး ငါ့ထက်တောင် စောရောက်နေပါလား"
တွေးရင်း ဝမ်းသာသွားပါတယ်။ စိတ်အေးသွားပါတယ်။ တစ်ဆက်တည်း သော့နဲ့တံခါးပေါက်ကို ထိုးပီးလှည့်ဖွင့်မိမှ
 " ဟင် ...... ငါက အခုမှ သော့ထုတ်လာပြီး ဖွင့်တာ သူက ဘယ်လို ရောက်... "
လို့ အတွေးပေါ်လာ တစ်စုံတခုဆိုတာ ချက်ချင်းအသိစိတ်ဖြစ် ချက်ချင်း တခါးလက်ကိုင်ဖုကို ကိုင်ထားပြီး ရပ်နေတုန်း နဲနဲလေးဟနေတဲ့ နေရာကနေ  ဝှီးကနဲ ဘာမှန်းမသိတာကြီး ဖြတ်သွားတော့မှ တကိုယ်လုံး တဆတ်ဆတ်တုန်နေတာ သတိထားမိပါတယ်။ ချက်ချင်းအသိဝင်လိုက်တာက အခန်းထဲဝင်ပြီး မီးဖွင့်ဖို့၊ အခန်းထဲဝင်ပြီး အမှောင်ထဲမှာ မီးခလုတ်ကို စမ်းရင်းဖွင့်လိုက်တော့ လေးပေမီးချောင်း(၄)ချောင်းရဲ့ အလင်းရောင်ကြောင့် ကြောက်စိတ်တွေ သက်သာသွားပါတယ်။ ဒါပေမယ့် လူက တစ်ကိုယ်လုံး တစ်ဆတ်ဆတ် တုန်နေတဲ့ အပြင် နှလုံးတွေက ပြုတ်ကျမတတ် လှုပ်ခါနေတဲ့ အတွက် သေတော့မလား လန့်ပီးသေမလားဆိုတာ တွေးလိုက်မိပါတယ်။ အဲဒီအချိန်မှာ အိမ်မှာ ကျမထွက်ခါနီး ပိုးလို့ပက်လက် အိပ်ပျော်နေတဲ့ ကလေးတွေရဲ့ ပုံကို ပြေးမြင်လိုက်ပါတယ်။ စိတ်ဆိုတာ အင်မတန်မြန်ပြီး တန်ခိုးရှိတာ အဲဒါကြုံမှ လက်တွေ့ပိုသိရပါတယ်။
" သေလို့ မဖြစ်ဘူး၊ ငါ့ကလေးတွေမသိပဲ ငါသေသွားရင် သူတို့ဘာမှ သိမှာမဟုတ်ဘူး သတိကပ် သတိကပ်"
ကိုယ့်ကိုယ်ကို သတိကပ်ပြီး အသက်ဝအောင် ခပ်ပြင်းပြင်းရှုပြီး ခုံမှာထိုင်ချပြီးတော့ အသက်ရှုတာ မှတ်လိုက်မှ ငြိမ်သွားပါတော့တယ်။ အဲဒီတော့မှ စက်တွေ ဖွင့်ဖို့လုပ်၊ မိန်းတင် ခလုပ်တွေ တစ်ခုပီးတစ်ခု ဖွင့် လုပ်ရပါတော့တယ်။  သော့တွေ ထပ်ထုတ်ဖို့ ကျန်သေးတဲ့ အပြင်  ဆက်ပြီး လုပ်စရာတွေ တသီတတန်းကြီး ရှိနေသေးပေမယ့် ပင်မစက်တွေ ဖွင့်ပြီးပြီမို့ ခန ထိုင်နေလိုက်ပါတယ်၊  ပင်မစက်တွေ ဖွင့်ထားပြီဆိုရင် ရေကူးထပ်ဆင့်လွှင့်စက်ရုံမှာ တာဝန်ကျနေတဲ့သူက ပြည်လမ်း အသံလွှင့်ရုံမှာ တာဝန်ကျတဲ့သူ ရောက်နေပြီဆိုတာ တက်စ်တုန်း မပို့ပေမယ့် သိနေပါတယ်။
တက်စ်တုန်းဆိုတဲ့ အသံမလွှင့်ခင် အသံရောက်မရောက် လိုင်းကောင်းမကောင်း စက်တွေ ပုံမှန်ဟုတ်မဟုတ်ကို စမ်းသပ်ပို့တဲ့ အသံက အသံလွှင့်ခန်း ကနေပို့ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဖယ်ရီကား ဝင်လာပြီး အနောင်စာရောက်လာ၊ ကိုယ်နဲ့တွဲမယ့်  တာဝန်ကျသူပါ ရောက်လာမှ အလုပ်ဆက်လုပ်နိုင်ပါတော့တယ်။ ရောက်လာတဲ့ မိန်းကလေး(၂)ယောက်ကို သရဲခြောက်ခံရတာ မပြောပဲ နေလိုက်ပါတယ်။ သူတို့ပါ လန့်သွားပြီး အလုပ်မလုပ်နိုင်မှာ စိုးတဲ့အတွက် မပြောပဲ နေပေမယ့် ကျမ အမူအယာ ဘယ်လောက်ပျက်တယ်မသိ၊
" အမ နေကောင်းရဲ့လား ဘာဖြစ်နေလဲ စောစောထလို့ အိပ်ရေးမဝလာဘူးလား" ဆိုတာ
နှစ်ယောက်စလုံး တိုင်ပင်ထားသလို မေးနေကြသေးတယ်။ ဒါပေမယ့်( ၈)နာရီ ထိုးပြီးတဲ့ အချိန် ကို........... ရောက်လာတဲ့ အချိန်မှာ
" အဆင်ပြေလား၊ တာဝန်မှုး လာမေးသေးလား" အမေးကို
မနက်က အဖြစ်အပျက် ပြောပြလိုက်တော့ သူလဲ လန့်သွားပါတယ်။
                ၉နာရီမှာ မနက်ပိုင်း အသံလွှင့်တာတွေ ခေတ္တရပ်ထားပြီး (၁၀)နာရီ ပြန်မစခင်မှာပဲ နေ့တာဝန်ကျတွေ၊ ရေဒီယိုစက်မှုရဲ့ တာဝန်ခံတွေ ရောက်လာပါတယ်။ နံနက်ပိုင်း မှတ်တမ်းကို ဖတ်ကြည့်ပြီး ထုံးစံအတိုင်း ဖတ်၊ လက်မှတ်ထိုးပြီး ဘာမှတ်ချက်မှ ရေးထားတာမတွေ့၊ ထူးခြားဖြစ်စဉ်လဲ ရေးတာမတွေ့ပေမယ့် ထုံးစံအတိုင်း
" ချောချောမောမောပဲ မဟုတ်လား"
မေးတာကို သရဲ ခြောက်တဲ့ အကြောင်း ပြောသင့်မပြောသင့် စဉ်းစားရင်း ပြောပြလိုက်ပါတယ်။
တာဝန်ခံ အင်ဂျင်နီယာက လူဘာမှ မဖြစ်သွားလို့ တော်သေးတာပေါ့ဆိုတာ တဖွဖွပြောပါတယ်။ မှတ်တမ်းမှာ ထဲ့ရေးပါ ဆိုပေမယ့် မရေးချင်ဘူးလို့ငြင်းလိုက်ပါတယ်။ ဒီမှတ်တမ်းက  အင်ဂျင်နီယာမှုး၊ အင်ဂျင်နီယာချုပ်တွေဆီ လက်မှတ် ဆက်ထိုးရမှာမို့ သူတို့က ပေါက်ကရတွေ ဘာတွေ ရေးထားလဲ မယုံမကြည် ပြောရင် စကားအခြေအတင် ပြောနေရမှာမို့ပါ။ဒါပေမယ့် အင်ဂျင်နီယာမှုးဆီ အရောက်မှာ လက်မှတ်ထိုးပြီးတာနဲ့" ပြောပါအုန်း မနက်က သရဲခြောက်ခံရတဲ့ အကြောင်း" ဆိုတော့ မြန်မှမြန် ဟိုကနေ ဒီကို လမ်းလျှောက်လာတုန်း ဘယ်လို သိသွားပါလိမ့်၊မြန်မာ့အသံပဲ ဒီလောက်ရှိမှာပေါ့ တွေးပြီး ပြောပြရပါသေးတယ်။ သူကတော့ လူအစစ်မဟုတ်ဘူးလား၊ လူဝင်နေတာ မဖြစ်နိုင်ဘူးလား မေးခွန်း ထုတ်ပါသေးတယ်။ ည(၁၀)နာရီခွဲမှာ တာဝန်ပြီးသွားတဲ့သူက လုံခြုံရေးမှာ သော့အပ်ထားခဲ့တာကို မနက်တာဝန်ကျသူက လာထုတ်တဲ့ အချိန်ကြား ကာလမှာ ဘာအကြောင်းပြချက်နဲ့မှ အသံလွှင့်တဲ့ အခန်းသော့ကို ထုတ်ပေးလေ့မရှိတာ သူလဲ အသိပါ။ ဘယ်လိုမှ လူမပြောနဲ့ ယင်ကောင်တောင် ဝင်လို့မရပါဘူး၊ လူတစ်ယောက်ကို ထားခဲ့ရင်တောင် ၆၄ဒီဂရီ ဖာရင်ဟိုက်ဆိုတဲ့ အလုံပိတ် အအေးခန်းမှာ အဲဒီအတိုင်းထိုင်နေရင် အသက်ရှင်ရက် မရှိနိုင်ပါဘူး။ ဒါ့ကြောင့် ဘာမှပြန်မပြောပဲ နေလိုက်တော့တယ်။              ဒါပေမယ့် အဲဒီနေ့ ဂျူတီမထွက်ခင်မှာပဲ မနက်ဂျူတီဝင်မယ့်သူတွေ တစ်ယောက်ထဲ အရင်မဝင်ပဲ နောက်တစ်ယောက်လာမှ အနည်းဆုံး လူနှစ်ယောက်ရှိမှ ဝင်ဖို့ နှုတ်မိန့် ထုတ်ပါတယ်။ အဲဒီနောက် ဆက်တိုက်ဆိုသလို  ဟိုအခန်းမှာ ခြောက်တယ်၊ ဒီအခန်းမှာခြောက်တယ် စသဖြင့် သရဲသတင်းတွေ ခပ်စိပ်စိပ်ထွက်လာတာ အများကြီးဖြစ်လာပါတယ်။ ပြောရရင် အများကြီး ရှိတဲ့အထဲက ထူးဆန်းတာတစ်ခုကို ကိုယ်ကိုယ်တိုင် ကြုံရတာ မဟုတ်ပေမယ့် ပြောပြချင်ပါသေးတယ်။           
      ပင်မစက်မှုအခန်းထဲမှာ အသံသွင်းတဲ့ စတူဒီယိုတွေ ရှိပါတယ်။ စတူဒီယို( ဒီ) ဆိုတာက သီချင်းကြီးတို့၊ ကာလပေါ်သိချင်းတို့ အသံသွင်းတဲ့ အခန်းပါ။ စောင်း၊ ပတ္တလား၊ စန္ဒယား စသဖြင့် အစုံရှိပါတယ်။ ဟာဒယရွှင်ဆေးတို့ ဇာတ်ပြောတို့လဲ အဲဒီမှာ အသံသွင်းလေ့ရှိပါတယ်။ အသံသွင်းတာ နေ့တိုင်းမရှိပါဘူး။ တစ်ရက်မှာ အဲဒီအခန်း တာဝန်ကျသူက အသံသွင်း အစီအစဉ်မရှိတဲ့ အတွက် တံခါးလော့ချပြီး ခုံတွေ ဆက်ပြီး လှဲပါတယ်တဲ့၊ သူုပြန်ပြောတာကတော့ အိပ်ပျော်ပြီး အိပ်မက်လိုလို၊ မအိပ်သေးပဲ လာပြောတာလိုလိုပဲတဲ့၊ သူအသိဝင်လာတဲ့ အချိန်မှာတော့ အခန်းထဲကနေ ထထွက်ခဲ့တာပါတဲ့။ လူတစ်ယောက်က သူ့ကို ညီလေး...    အကို ဒီကနေ ကျွတ်ချင်ပြီ၊ အကို့နာမည်နဲ့ အမျှဝေပေးပါလို့ ပြောသတဲ့၊ ဒါနဲ့သူက အကိုက ဘယ်သူလဲ အကို့နာမည်ပြောလေ ဆိုတော့ အကို့နာမည်က ကို....... ပါတဲ့၊ နာမည်(၂)လုံးနဲ့ပါ။ နာမည်ကို သိပေမယ့် အတိအကျ  မရေးတာက သူ့မိသားစု ဖတ်မိရင် မကောင်းလို့ပါ။ အဲဒီနာမည်ကို သူ မသိဘူး။ အပြင်ကို ရောက်တဲ့ အခါ တခြားသူတွေလဲ ဒီနာမည်ကို ကြားတောင်မကြားဖူးပါဘူး။ မမြင်ဖူးပေမယ့် စီနီယာတွေရဲ့ နာမည်တွေက လက်ဆင့်ကမ်းပြီး သိနေကြတဲ့ အထဲမှာ အဲဒီ နာမည် မကြားဖူးကြပါဘူး။ ဒါနဲ့ ရှေ့မီနောက်မီ ဦးလေးကြီးတစ်ယောက်ကို မေးကြည့်တော့မှ
 " သိတာပေါ့တဲ့၊ ကို....က အဲဒီ စတူဒီယိုနဲ့ကပ်ရက်က စတူဒီယို(စီ)မှာ အလုပ်လုပ်နေရင်း မူးတယ် မူးတယ်ဆိုပြီး ဆုံးသွားတာပဲလေတဲ့" 
         နောက်တစ်နေ့မှာ စတူဒီယို(စီ)မှာ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့က ဆရာတော်ကြီးတွေ တရားတော် အသံသွင်းဖို့ ကြွလာတဲ့အခါ အမျှဝေပေးဖို့ ပြောတော့ ဂရုဏာသက်စွာပဲ အသံသွင်းပြီးရင် ကြွခဲ့မယ်ပြောပါတယ်။ ကျမတို့လည်း နီးစပ်ရာပဲ ပိုက်ဆံကောက် အလှုငွေကို စာအိတ်နဲ့ထဲ့ပြီး အမျှဝေဖို့ စီစဉ်ကြပါတယ်။ ဆရာတာ်တွေရဲ့ မေတ္တသုတ်ရွတ်အပြီး အဲဒီ ကို...ရဲ့ နာမည်ကို တပ်ပြီး အမျှဝေ အပြီးမှာတော့ ဒိလောကသားတွေကို သနားစရာ အဖြစ် ခံစားလာမိပါတော့တယ်။                         အဲဒီနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ ထုံးစံအတိုင်း ပရိတ်ရွတ်ကြပါတယ်။ ထုံးစံကတော့ အဆောက်အဦရဲ့ အပြင် လမ်းပေါ်မှာပဲ ဘုန်းကြီးပင့်ပီး ပရိတ်ရွတ်တာပါ၊ တာဝန်ကျ ဝန်ထမ်းတွေထဲကပဲ တစ်ယောက်ထားခဲ့ပြီး တခြားသူတွေ ပရိတ်တရားနာကြပါတယ်။ အဲဒီ နှစ်မှာတော့ ( အမှတ်မမှားရင် အဲဒီ နောက်ဆုံးနှစ်ပဲ ထင်ပါတယ်၊ နောက်နှစ်ကစပြီး နေပြည်တော်(တပ်ကုန်း)) ကို ပြောင်းကြရပါပြီ )သရဲခြောက်ခံရတာတွေ ဆက်တိုက် ဖြစ်လာတဲ့အတွက် ဌာနရဲ့တာဝန်အရှိဆုံးလူ ကိုယ်တိုင်က စက်ခန်းထဲမှာ ပရိတ်ရွတ်ဖို့ ခွင့်ပြုပါတယ်။ အသံလွှင့်တဲ့ အဲဒီ ပင်မစက်ခန်းက တာဝန်ရှိသူမှအပ မဝင်ရ ဆိုင်းဘုတ်ထောင်ထားတဲ့ နေရာပါ။ အပြင်လူ လုံးဝ( လုံးဝ) ဝင်လို့မရပါ။ အသံသွင်းမယ့် ပြင်ပပုဂိုလ် ခေါ်မယ်ဆိုရင် အဲဒီလူရဲ့ မှတ်ပုံတင်နံပါတ်၊ နာမည် အစရှိတာကို လုံခြုံရေးဌာနကို( ၃)ရက်ကြိုပြီး တင်ထားရတာပါ။ ဒါ့ကြောင့် ပင်မစက်ခန်းထဲမှာပါ ဘုန်းကြီးတွေ ကြွလာပြီး ပရိတ်ရွတ်ပေးမယ် ဆိုတော့ ကမန်းကတန်း စီစဉ်ရပါတယ်။ ရုံးတစ်ပတ်ပတ်ပြီး ပန်းတွေခူးလိုက်တာ (၇)နေ့နာမ် အကုန်ရပြီး ပရိတ်အိုး ဖြစ်သွားပါတယ်။ ဘုန်းကြီးတွေ ကြွလာပြီး ရေစက်ခွက်ပါ ယူလာပါဆိုတာနဲ့ ရေစက်ခွက်တွေ ထဲ့လာတာမှာ တစ်ခွက်ပိုနေပါတယ်။ တရားနာမယ့် ပရိတ်သတ်က တာဝန်ကျသူတွေ ချည်းမို့ အသံလွှင့်စတူဒီယိုခန်းထဲမှာ တစ်ယောက်စီထားပြီး ထွက်လာတာတောင် (၁၀)ယောက် မပြည့်ပါဘူး။ လူကြီးကတော့ အင်ဂျင်နီယာမှုးကိုယ်တိုင် ပါပါတယ်။ ပိုနေတဲ့ ရေစက်ခွက်ကို အစွန်က လွတ်နေတဲ့ နေရာမှာ ဘာရယ်မဟုတ် ထားလိုက်ပြီး ပရိတ်တရားနာကြပါတယ်။ ရေစက်ချတဲ့ အချိန်မှာ အဲဒီ လွတ်နေတဲ့အစွန်မှာ ထိုင်နေတဲ့  ဝန်ထမ်းက ရေစက်ခွက် လှုပ်သံကြားလို့ မကြည့်တော့ပါဘူးတဲ့၊ သူက နှလုံးရောဂါရှိတော့ မြင်ရင် ကြောက်မှာဆိုးတဲ့ အတွက် မကြည့်ပဲနေလိုက်တာတဲ့၊ အနားမှာလဲ တခြားသူတွေ ရှိပြီး ဆရာတော်ကြီးတွေလဲ ရှိလို့ တော်သေးတာ ကြောက်တာ တုန်နေတာပဲတဲ့ ပြန်ပြောပြပါတယ်။ သူတင်မဟုတ်ပါဘူး၊ သူ့ရှေ့က ထိုင်နေတဲ့ တစ်ယောက်က အသံကြားလို့ လှည့်ကြည့်တော့ ရေစက်ခွက်က ရေတွေ အောက်ခံ ပန်းကန်ပြားပေါ် ကျတာ တွေ့တာနဲ့ ခေါင်းကြီးသွားလို့ မနဲ မျက်စိမှိတ်ထားလိုက်ရသတဲ့။ တရားနာပြီးတဲ့ အခါ အဲဒီရေစက်ခွက်ရဲ့ အောက်ခံပန်းကန်ပြားမှာ ရေတွေ ရှိနေပြီး သွန်မယ့်သူမရှိလို့ ယောကျ ၤားလေးတစ်ယောက်က ယူသွားပေးပါတယ်။
            ကျမရဲ့ ကလေးတွေက " သရဲဆိုတာ တကယ်ရှိသလား" လို့ မေးလာရင်
 " အလကားပါ၊  မရှိဘူး၊ လူတွေ ကြောက်အောင် တမင်သက်သက် လျှောက်ပြောနေတာ" လို့ ငယ်ငယ်တုန်းက ပြောသလို မပြောဖြစ်တော့ပါ.။သရဲဆိုတာ တကယ်ရှိလား မရှိဘူးလား ဆိုတာကို ကြုံခဲ့ရတာတွေ ပြန်ပြောပြရင်း သူတို့ဘာသာပဲ စဉ်းစား တွေးတောစေတော့တယ်။သရဲဆိုတာ မရှိပါဘူးလို့ယုံခဲ့ဖူးတဲ့ ကျမက သရဲကား၊ သရဲခြောက်တဲ့ အခန်းတွေဆို မကြည့်ရဲပဲ မျက်လုံးမှိတ်ထားတတ်ပေမယ့် ကျမရဲ့ကလေးတွေကတော့ တစ္ဆေသရဲကားကြည့်ပြီး သရဲခြောက်တာကို တဟားဟားနဲ့ ရီနေကြပါတယ်။ သူတို့ကြည့်တဲ့ ရုပ်ရှင်ထဲက သရဲတွေက ဟာသဖြစ်နေလို့လားတော့ မပြောတတ်ပါ။

                                                                                                                        ဖိုးသူတော် (www.phothutaw.com)
Credit: ခိုင်ခိုင်စောလွင်

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top