ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

စေတာ္ဘယ္ရီသီးမ်ား လွိုင္လွိုင္ေပါေသာ ရာသီျဖစ္သျဖင့္ ယေန႔အဖို႔ စေတာ္ဘယ္ရီသီး ေဖ်ာ္ရည္ ေဖ်ာ္ေသာက္ဖို႔ စိတ္ကူးရမိသည္။ အမ်ားစုမွာ စေတာ္ဘယ္ရီသီးကို နို႔ဆီ၊ သၾကား မၽွသစြာ ထည့္၍ ေဖ်ာ္ေသာက္တတ္ၾကသည္။ ကၽြန္မကေတာ့ ဒိန္ခ်ဥ္၊ ထန္းလ်က္ရည္ျဖင့္ ေဖ်ာ္ထားသည့္ ခ်ိဳခ်ဥ္စိမ့္ေမႊး စေတာ္ဘယ္ရီ ဒိန္ခ်ဥ္ ေဖ်ာ္ရည္ကို ပိုမို ႏွစ္ၿခိဳက္မိတယ္။ သည္လိုေသာက္သုံးျခင္းျဖင့္ အရသာတင္မဟုတ္ အဟာရဓာတ္ပါ ပိုမို ႂကြယ္ဝစြာ ရရွိမွာပါ။

စေတာ္ဘယ္ရီ ဒိန္ခ်ဥ္ ေဖ်ာ္ရည္ကေန ပရိုတင္း၊ ပိုတက္စီယမ္၊ ကယ္လစီယမ္၊ သၾကားဓာတ္၊ အမၽွင္ဓာတ္ေတြကိုပါ ရရွိေစပါတယ္။ စေတာ္ဘယ္ရီသီးတြင္ ပါဝင္သည့္ အမၽွင္ဓာတ္ဟာ အစာေျခစနစ္အတြက္ ေကာင္းမြန္ေစၿပီး ဝိတ္ခ်လိုသူမ်ားအတြက္ အေထာက္အပံ့ ျဖစ္ေစသည္။ ေရရွည္ စားသုံးေပးပါက ကိုလက္စထေရာ က်ေစၿပီး ႏွလုံး က်န္းမာေရးအတြက္ ေကာင္းမြန္ပါသည္။ ကင္ဆာဆဲလ္ ျဖစ္ေပၚမွု ပမာဏကိုလည္း ေလ်ာ့နည္းေစပါေသးတယ္။

စေတာ္ဘယ္ရီ ဒိန္ခ်ဥ္ကို ေသာက္သုံးျခင္းျဖင့္ ခႏၶာကိုယ္အတြက္ ဆိုးဝါးေစေသာ ဘက္တီရီးယားပိုးေတြကိုပါ ႏွိမ္နင္းေပးနိုင္ပါတယ္။ စာဖတ္သူတို႔လည္း က်န္းမာေရးအတြက္ ေကာင္းၿပီး အရသာလည္းရွိတဲ့ စေတာ္ဘယ္ရီဒိန္ခ်ဥ္ေဖ်ာ္ရည္ကို ႏွစ္သက္လိမ့္မယ္လို႔ ထင္မိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yoyarlay

# Unicode Version ျဖင့္ ဖတ္ပါ #

 စတော်ဘယ်ရီသီးများ လှိုင်လှိုင်ပေါသော ရာသီဖြစ်သဖြင့် ယနေ့အဖို့ စတော်ဘယ်ရီသီး ဖျော်ရည် ဖျော်သောက်ဖို့ စိတ်ကူးရမိသည်။ အများစုမှာ စတော်ဘယ်ရီသီးကို နို့ဆီ၊ သကြား မျှသစွာ ထည့်၍ ဖျော်သောက်တတ်ကြသည်။ ကျွန်မကတော့ ဒိန်ချဉ်၊ ထန်းလျက်ရည်ဖြင့် ဖျော်ထားသည့် ချိုချဉ်စိမ့်မွှေး စတော်ဘယ်ရီ ဒိန်ချဉ် ဖျော်ရည်ကို ပိုမို နှစ်ခြိုက်မိတယ်။ သည်လိုသောက်သုံးခြင်းဖြင့် အရသာတင်မဟုတ် အဟာရဓာတ်ပါ ပိုမို ကြွယ်ဝစွာ ရရှိမှာပါ။

စတော်ဘယ်ရီ ဒိန်ချဉ် ဖျော်ရည်ကနေ ပရိုတင်း၊ ပိုတက်စီယမ်၊ ကယ်လစီယမ်၊ သကြားဓာတ်၊ အမျှင်ဓာတ်တွေကိုပါ ရရှိစေပါတယ်။ စတော်ဘယ်ရီသီးတွင် ပါဝင်သည့် အမျှင်ဓာတ်ဟာ အစာခြေစနစ်အတွက် ကောင်းမွန်စေပြီး ဝိတ်ချလိုသူများအတွက် အထောက်အပံ့ ဖြစ်စေသည်။ ရေရှည် စားသုံးပေးပါက ကိုလက်စထရော ကျစေပြီး နှလုံး ကျန်းမာရေးအတွက် ကောင်းမွန်ပါသည်။ ကင်ဆာဆဲလ် ဖြစ်ပေါ်မှု ပမာဏကိုလည်း လျော့နည်းစေပါသေးတယ်။

စတော်ဘယ်ရီ ဒိန်ချဉ်ကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် ဆိုးဝါးစေသော ဘက်တီရီးယားပိုးတွေကိုပါ နှိမ်နင်းပေးနိုင်ပါတယ်။ စာဖတ်သူတို့လည်း ကျန်းမာရေးအတွက် ကောင်းပြီး အရသာလည်းရှိတဲ့ စတော်ဘယ်ရီဒိန်ချဉ်ဖျော်ရည်ကို နှစ်သက်လိမ့်မယ်လို့ ထင်မိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top