AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×






Credit: Thithtoolwin
#Unicode Version#
အသားဓာတ်နည်းလျှင် အသည်းကြွပ်တက်ကို ရေးသားဖြစ်ပေမဲ့ ဘယ်လိုစားသောက်သင့်သည်ကို ထပ်မံသိရှိစေလိုပါသည် ဒါမှသာ သိရှိကြပြီး အသားဓာတ်အတွက် ပေါ့ပေါ့ပါးပါး စားလည်း အသားဓာတ်ဖြစ်ပါသည်။

လူခန္ဓာကိုယ့်မှာ ဘာကြောင့် အသားဓာတ်ပြည့်မီအောင် စားသောက်သင့်သလဲဆိုရင် လူ့ခန္ဓာကိုယ့်အတွင်းမှ ကလပ်စည်းဆဲလ်တွေမြောက်မြားစွာရှိနေပြီး ရှိနေသည့်ဆဲလ်တွေလည်းနေ့စဉ်ပျက်ဆီးခြင်းများစွာဖြစ်ပေါ်နေကြပါသည် ။ထို ဖြစ်ပေါ်နေသည့် ပျက်ဆီးဆဲလ်နေရာများအတွက် ပရိုတိန်းခေါ် အသားဓာတ်ဖြင့် ပြန်လည်ဖြည့်တင်းပေးဖို့လိုအပ်ပါသည် ဒါကြောင့် လိုအပ်သည့်အသားဓာတ်အတွက် စားသောက်ကြပါလို့တိုက်တွန်းအပ်ပါသည် ။

လူတစ်ယောက်အဖို့တစ်နေ့တာလိုအပ်သော အဟာရဓာတ်ပြည့်ဝဖို့စားသောက်တက်ရန်လည်း အရေးပါပါသည် ။ သင့်တစ်နေတာအတွက် စားသင့်သည်မှာ ဆန် ၊ ဆီ ၊ ပဲ ၊ ဟင်းရွက် ၊ ပဲပင်ပေါက် ၊ ပဲသီး ၊ ပဲ ၊ အသား နှင့် ပုဇွန် ငါး တို့ပင်ဖြစ်ပါသည် ။ ထို့အပြင် ကြက်ဥ ၊ နွားနို့၊ထောပတ် ၊ ပေါင်မုန့်နှင့် ဌက်ပျောသီးတို့လည်း ပါဝင် စားသောက်နိုင်ပါသေးသည် ။

လူတိုင်းအတွက် အစဉ်ပြေကောင်းမွန် စားသောက်သင့်သည့် အစားအစာ စားနည်းမှာ
ဥပမာ - မနက်စာအတွက် ထမင်းဆီဆမ်း ၊ ပဲပြုတ် ၊ ဆား ၊ ကြက်သွန်အဖြူ အနီ နှင့် ပဲကြော် တိုးဟူးကြော် တို့ဆိုလျှင် မနက်စာအတွက် ဖြည့်တင်းမိသည့် အဟာရပင်ဖြစ်ပါသည် ။

အသားငါးကို သင့်အနေဖြင့် လုံလောက်စွာ မစားဖြစ်ခြင်း ၊ မစားခြင်း ဖြစ်ခဲ့လျှင် အသားဓာတ်အတွက် ပဲအမျိုးမျိုးကို ပိုမိုစားသောက်ပေးရပါလိမ့်မည် ။ အသားမစားသူများလည်း ရှိကြပါသေးသည် မည်သို့ပင်ဖြစ်စေ လိုအပ်သော အသားဓာတ်အတွက် အစားထိုး ပဲအမျိုးမျိုးလို့ဆိုရပါပေလိမ့်မည် ။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top