×

ဒီဇင္ဘာလ(၁၉)ရက္ေန႔ က အိမ္ေထာင္ရွင္ အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕တိတ္တိတ္ပုန္းခ်စ္သူကို သတ္ၿပီး ဆယ္ထပ္တိုက္ တိုက္ခန္း ေပၚကေနခုန္ခ် သတ္ေသခဲ့တဲ့ ျဖစ္ရပ္တစ္ခု စကၤာပူႏိုင္ငံတြင္ ျဖစ္ပ်က္ခဲ့ပါတယ္။

အသက္(၄၉) ႏွစ္အ႐ြယ္ Mr Chng Hong Nam ဟာ လုံၿခဳံေရးႀကီးၾကပ္အရာရွိျဖစ္ၿပီး သူ႔ရဲ႕အေလာင္းကို တိုက္ရဲ႕ေအာက္ေျခ မွာ ည ၁၁ နာရီခန႔္က ေတြ႕ရွိခဲ့ရပါတယ္။ ရဲမ်ားက တိုက္ခန္းေပၚသို႔ တက္ရွာၾကည့္ရာ Ms Serinn Tan Bee Lang အသက္ (၄၆)ႏွစ္ကို သူမ၏ တိုက္ခန္းထဲရွိ ေသြးအိုင္ထဲတြင္ ေသဆုံးေနသည္ကို ေတြ႕ရသည္။

မႈခင္းရဲ အရာရွိ Vicneswaran Ramakrishnan က Ms.Tan ရဲ႕ ရင္ဘတ္တြင္ ထိုးသြင္းဒဏ္ရာတစ္ခ်က္နဲ႔ ဝမ္းဗိုက္ပိုင္းတြင္ ထိုးသြင္း ဒဏ္ရာ ႏွစ္ခ်က္ကို ေတြ႕ရေၾကာင္းေျပာခဲ့သည္။ လက္တြင္လည္း ျပတ္ရွဒဏ္ရာမ်ားကို ေတြ႕ရၿပီး ခြၽန္ထက္ေသာ လက္နက္ကို ခုခံရာမွ ရရွိေသာ ဒဏ္ရာမ်ား ျဖစ္ေၾကာင္း ရဲမ်ားကထင္ေၾကး ေပးထားသည္။ လူသတ္လက္နက္ကိုမူ အခုထိ ရွာမေတြ႕ေသးေၾကာင္း လည္းထပ္မံ ေျပာၾကားခဲ့သည္။

ကေလး ၃ ေယာက္၏ ဖခင္ ျဖစ္သူ Mr.Hong ဟာ လြန္ခဲ့ေသာ ေလးႏွစ္ခန႔္က Ms.Tan နဲ႔ စတင္ဆုံေတြ႕ခဲ့ ျခင္းျဖစ္သည္။ သူတို႔ႏွစ္ေယာက္သည္ တိတ္တိတ္ပုန္း ခ်စ္ႀကိဳက္ခဲ့ၾကၿပီး ေနာက္ပိုင္း Mr.Hong ၏ ဇနီးက သိ သြားခဲ့ၿပီးေနာက္ ဇနီးျဖစ္သူက Mr.Hong ကို ဆက္မေတြ႕ရန္ တားျမစ္ခဲ့ၿပီး Ms.Tan ကိုလည္း သူ၏ ေယာက်ၤားႏွင့္ အဆက္အသြယ္ျဖတ္ရန္ ေျဖာင္းျဖေျပာဆိုခဲ့သည္ ဟုဆိုသည္။

ယင္းေနာက္ပိုင္းတြင္ Ms. Tan က အေၾကာင္းအမ်ိဳးမ်ိဳး ျပကာ Mr.Hong ကို ေတြ႕ဆုံရန္ ျငင္းပယ္ခဲ့ေသာ္လည္း Mr.Hong မွ ဆက္ေတြ႕ရန္ ႀကိဳးစားေနခဲ့ၿပီး ေနာက္ဆုံးတစ္ေခါက္ေတြ႕ရန္ ခ်ိန္းဆိုခဲ့ရာမွ ယခုကဲ့သို႔ ျဖစ္ခဲ့ျခင္းျဖစ္သည္။

Mr.Hong က ကိုယ့္ကိုယ္ကို ခုန္ခ် သတ္ေသခါနီးတြင္ သူ၏သားသမီးမ်ားထံသို႔ “အေဖဟာ ဖခင္ေကာင္းတစ္ေယာက္ မဟုတ္ခဲ့ဘူး၊ ေတာင္းပန္ပါတယ္” ဟု message ပို႔ၿပီး မွ တိုက္ေပၚမွ ခုန္ခ်သတ္ေသ ခဲ့ျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

# Unicode Version ျဖင့္ ဖတ္ပါ #
ဒီဇင်ဘာလ(၁၉)ရက်နေ့ က အိမ်ထောင်ရှင် အမျိုးသားတစ်ဦးဟာ သူ့ရဲ့တိတ်တိတ်ပုန်းချစ်သူကို သတ်ပြီး ဆယ်ထပ်တိုက် တိုက်ခန်း ပေါ်ကနေခုန်ချ သတ်သေခဲ့တဲ့ ဖြစ်ရပ်တစ်ခု စင်္ကာပူနိုင်ငံတွင် ဖြစ်ပျက်ခဲ့ပါတယ်။

အသက်(၄၉) နှစ်အရွယ် Mr Chng Hong Nam ဟာ လုံခြုံရေးကြီးကြပ်အရာရှိဖြစ်ပြီး သူ့ရဲ့အလောင်းကို တိုက်ရဲ့အောက်ခြေ မှာ ည ၁၁ နာရီခန့်က တွေ့ရှိခဲ့ရပါတယ်။ ရဲများက တိုက်ခန်းပေါ်သို့ တက်ရှာကြည့်ရာ Ms Serinn Tan Bee Lang အသက် (၄၆)နှစ်ကို သူမ၏ တိုက်ခန်းထဲရှိ သွေးအိုင်ထဲတွင် သေဆုံးနေသည်ကို တွေ့ရသည်။

မှုခင်းရဲ အရာရှိ Vicneswaran Ramakrishnan က Ms.Tan ရဲ့ ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်နဲ့ ဝမ်းဗိုက်ပိုင်းတွင် ထိုးသွင်း ဒဏ်ရာ နှစ်ချက်ကို တွေ့ရကြောင်းပြောခဲ့သည်။ လက်တွင်လည်း ပြတ်ရှဒဏ်ရာများကို တွေ့ရပြီး ချွန်ထက်သော လက်နက်ကို ခုခံရာမှ ရရှိသော ဒဏ်ရာများ ဖြစ်ကြောင်း ရဲများကထင်ကြေး ပေးထားသည်။ လူသတ်လက်နက်ကိုမူ အခုထိ ရှာမတွေ့သေးကြောင်း လည်းထပ်မံ ပြောကြားခဲ့သည်။

ကလေး ၃ ယောက်၏ ဖခင် ဖြစ်သူ Mr.Hong ဟာ လွန်ခဲ့သော လေးနှစ်ခန့်က Ms.Tan နဲ့ စတင်ဆုံတွေ့ခဲ့ ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်သည် တိတ်တိတ်ပုန်း ချစ်ကြိုက်ခဲ့ကြပြီး နောက်ပိုင်း Mr.Hong ၏ ဇနီးက သိ သွားခဲ့ပြီးနောက် ဇနီးဖြစ်သူက Mr.Hong ကို ဆက်မတွေ့ရန် တားမြစ်ခဲ့ပြီး Ms.Tan ကိုလည်း သူ၏ ယောင်္ကျားနှင့် အဆက်အသွယ်ဖြတ်ရန် ဖြောင်းဖြပြောဆိုခဲ့သည် ဟုဆိုသည်။

ယင်းနောက်ပိုင်းတွင် Ms. Tan က အကြောင်းအမျိုးမျိုး ပြကာ Mr.Hong ကို တွေ့ဆုံရန် ငြင်းပယ်ခဲ့သော်လည်း Mr.Hong မှ ဆက်တွေ့ရန် ကြိုးစားနေခဲ့ပြီး နောက်ဆုံးတစ်ခေါက်တွေ့ရန် ချိန်းဆိုခဲ့ရာမှ ယခုကဲ့သို့ ဖြစ်ခဲ့ခြင်းဖြစ်သည်။

Mr.Hong က ကိုယ့်ကိုယ်ကို ခုန်ချ သတ်သေခါနီးတွင် သူ၏သားသမီးများထံသို့ “အဖေဟာ ဖခင်ကောင်းတစ်ယောက် မဟုတ်ခဲ့ဘူး၊ တောင်းပန်ပါတယ်” ဟု message ပို့ပြီး မှ တိုက်ပေါ်မှ ခုန်ချသတ်သေ ခဲ့ခြင်း ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top