ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဖ်ာပံုၿမိဳ႕နယ္ ေတာတြတ္ ေက်းရြာတြင္ သက္ေတာ္ (၅၄) ႏွစ္၊ ဝါေတာ္ (၆) ဝါရွိေသာ ေက်ာင္းထိုင္ဘုန္းႀကီးက (၁၄) ႏွစ္ အရြယ္ မိန္းကေလးတစ္ဦးကို အဓမၼျပဳက်င့္၍ အမႈဖြင့္ဖမ္းဆီး ထားေၾကာင္း ဧရာဝတီတိုင္းရဲ တပ္ဖြဲ႕႐ံုးမွ ဦးစီးမွဴး (ပထမတန္း) G-1 ဒုတိယရဲမွဴးႀကီး ခင္ေမာင္ လတ္က ေျပာၾကားသည္။

ေတာတြတ္ေက်းရြာတြင္ ဒီ ဇင္ဘာ ၁၉ ရက္ နံနက္ ၂ နာရီက အဆိုပါမိန္းကေလး အေပါ့သြားမည္ဆိုကာ တဲအတြင္းမွထြက္သြားၿပီး အခ်ိန္အနည္းငယ္ ၾကာသည္အထိ  ျပန္ေရာက္မလာသျဖင့္  က်ားပိုက္ေရလုပ္ငန္းတြင္ ညေစာင့္လုပ္ေနသူ  ဖခင္က လိုက္လံရွာေဖြခဲ့သည္။

ေက်းရြာခ်င္းဆက္ တာ႐ိုးေပၚတြင္  ေတာတြတ္ေက်းရြာ ေလးကြၽန္းမာန္ေအာင္ ဘုန္းေတာ္ႀကီးေက်ာင္းမွ ေက်ာင္းထိုင္ ဆရာေတာ္ႏွင့္အတူ သမီးကိုေတြ႕ရွိသျဖင့္ ေမးျမန္းရာမွ အဆိုပါ သံဃာ၏ အဓမၼျပဳက်င့္မႈကို သိခဲ့ေၾကာင္း  ဒုတိယရဲမွဴးႀကီး ခင္ေမာင္လတ္က ေျပာသည္။

‘‘လြန္ခဲ့တဲ့ ငါးရက္ေလာက္ က ဘုန္းႀကီးေက်ာင္းကို ဆြမ္း သြားပို႔တယ္။ အဲဒီအခ်ိန္မွာ ေက်ာင္းမွာ ဒီဘုန္းႀကီးတစ္ပါးပဲ ရွိတယ္။ ကေလးမကို အတင္း လက္ဆြဲေခၚၿပီး က်က္သေရခန္း ထဲမွာ  အဓမၼတစ္ႀကိမ္ ျပဳက်င့္ တယ္။  ဒါကိုရြာက လူေတြသိသြား ေတာ့ ေျပာဆိုေနသံေတြ ဘုန္းႀကီးကၾကားတယ္။ ဒါနဲ႔ရြာမွာဆက္ေန လို႔  အဆင္မေျပမွန္းသိေတာ့ ကေလးမေလးကို သူနဲ႔လိုက္ခဲ့ဖို႔ ေခၚတယ္။ သူေခၚတာကိုလိုက္ဖို႔ လုပ္ေနတဲ့အခ်ိန္မွာ ဖမ္းမိခဲ့တာ’’  ဟု ၎ကေျပာသည္။

လက္ရွိတြင္ အဆိုပါသံဃာ ကို ဖ်ာပံုၿမိဳ႕နယ္ သံဃနာယကအ ဖြဲ႕က သိကၡာခ်လူဝတ္လဲ၍ အမာ ၿမိဳ႕နယ္ေျမ ရဲစခန္းက အဓမၼျပဳ က်င့္မႈ၊ လူခိုးမႈႏွင့္ သာသနာေတာ္ညႇိဳးႏြမ္းေစမႈတို႔ျဖင့္ အမႈဖြင့္တရား စြဲထားေၾကာင္း ရဲစခန္းမွ တာဝန္ ရွိသူတစ္ဦးကေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ဖျာပုံမြို့နယ် တောတွတ် ကျေးရွာတွင် သက်တော် (၅၄) နှစ်၊ ဝါတော် (၆) ဝါရှိသော ကျောင်းထိုင်ဘုန်းကြီးက (၁၄) နှစ် အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်၍ အမှုဖွင့်ဖမ်းဆီး ထားကြောင်း ဧရာဝတီတိုင်းရဲ တပ်ဖွဲ့ရုံးမှ ဦးစီးမှူး (ပထမတန်း) G-1 ဒုတိယရဲမှူးကြီး ခင်မောင် လတ်က ပြောကြားသည်။

တောတွတ်ကျေးရွာတွင် ဒီ ဇင်ဘာ ၁၉ ရက် နံနက် ၂ နာရီက အဆိုပါမိန်းကလေး အပေါ့သွားမည်ဆိုကာ တဲအတွင်းမှထွက်သွားပြီး အချိန်အနည်းငယ် ကြာသည်အထိ  ပြန်ရောက်မလာသဖြင့်  ကျားပိုက်ရေလုပ်ငန်းတွင် ညစောင့်လုပ်နေသူ  ဖခင်က လိုက်လံရှာဖွေခဲ့သည်။

ကျေးရွာချင်းဆက် တာရိုးပေါ်တွင်  တောတွတ်ကျေးရွာ လေးကျွန်းမာန်အောင် ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်နှင့်အတူ သမီးကိုတွေ့ရှိသဖြင့် မေးမြန်းရာမှ အဆိုပါ သံဃာ၏ အဓမ္မပြုကျင့်မှုကို သိခဲ့ကြောင်း  ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

‘‘လွန်ခဲ့တဲ့ ငါးရက်လောက် က ဘုန်းကြီးကျောင်းကို ဆွမ်း သွားပို့တယ်။ အဲဒီအချိန်မှာ ကျောင်းမှာ ဒီဘုန်းကြီးတစ်ပါးပဲ ရှိတယ်။ ကလေးမကို အတင်း လက်ဆွဲခေါ်ပြီး ကျက်သရေခန်း ထဲမှာ  အဓမ္မတစ်ကြိမ် ပြုကျင့် တယ်။  ဒါကိုရွာက လူတွေသိသွား တော့ ပြောဆိုနေသံတွေ ဘုန်းကြီးကကြားတယ်။ ဒါနဲ့ရွာမှာဆက်နေ လို့  အဆင်မပြေမှန်းသိတော့ ကလေးမလေးကို သူနဲ့လိုက်ခဲ့ဖို့ ခေါ်တယ်။ သူခေါ်တာကိုလိုက်ဖို့ လုပ်နေတဲ့အချိန်မှာ ဖမ်းမိခဲ့တာ’’  ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆိုပါသံဃာ ကို ဖျာပုံမြို့နယ် သံဃနာယကအ ဖွဲ့က သိက္ခာချလူဝတ်လဲ၍ အမာ မြို့နယ်မြေ ရဲစခန်းက အဓမ္မပြု ကျင့်မှု၊ လူခိုးမှုနှင့် သာသနာတော်ညှိုးနွမ်းစေမှုတို့ဖြင့် အမှုဖွင့်တရား စွဲထားကြောင်း ရဲစခန်းမှ တာဝန် ရှိသူတစ်ဦးကပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top