iMyanmarHouse.com - Best Property Website for Myanmar
×







# Unicode Version ဖြင့် ဖတ်ပါ #
မွေးခင်းစ ကလေးငယ်တစ်ဦးဟာ အမျိုးသားလိင်အင်္ဂါနှစ်မျိုးနဲ့ ထူးထူးခြားခြား မွေးဖွားလာခဲ့တာဖြစ်ပြီး ပိုပြီးထူးခြားတာကတော့ အပိုပါဝင်လာခဲ့တဲ့ လိင်အင်္ဂါတစ်ခုဟာ ကလေးငယ်လေးရဲ့ ကျောကုန်းဘက်မှာ ရှိနေလို့ပဲဖြစ်ပါတယ်။

ဒီလို အပိုပါဝင်လာခဲ့တဲ့ လိင်အင်္ဂါလေးဟာ ကလေးငယ်လေးနဲ့အတူ မွေးဖွားလာဖို့ ကံမပါလာခဲ့တဲ့ အမြွှာညီအစ်ကိုကနေ ကပ်ပါးလာခဲ့တာဖြစ်တယ်လို့ ခွဲစိတ်ဆရာဝန်တွေက ရှင်းပြသွားခဲ့ပါတယ်။

အမြွှာတွေဟာ မိခင်ရဲ့ သားအိမ်ထဲမှာ ရှိနေချိန် တစ်ဦးနဲ့တစ်ဦး ပူးကပ်နေတတ်ပြီး အမြွှာတစ်ဦးက မမွေးဖွားနိုင်တဲ့အခါ သူ့မှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုက မွေးဖွားနိုင်တဲ့ ကလေးငယ်ဆီမှာ ကပ်ပါသွားတတ်တယ်လို့ ဆရာဝန်ကြီးတစ်ဦးက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

အခုတော့ ကလေးငယ်လေးရဲ့ ကျောကုန်းက လိင်အင်္ဂါအပိုတစ်ခုကို အောင်မြင်စွာနဲ့ ခွဲစိတ်ဖယ်ရှားနိုင်လိုက်ပြီဖြစ်ပါတယ်။ ခွဲစိတ်မှုကြောင့် ကလေးငယ်ရဲ့ ကျောကုန်းကို ဘာဆိုးကျိုးတစ်စုံတစ်ရာမှ မသက်ရောက်စေနိုင်ပဲ သာမာန်ကလေးတစ်ဦးလိုပဲ ကျန်းကျန်းမာမာ ရှိနေလိမ့်မယ်လို့လည်း ခွဲစိတ်ဆရာဝန်ကြီးက ပြောဆိုပါတယ်။

ဒါပေမယ့် ကလေးငယ်လေးရဲ့ အကြောင်းတွေကို သီးသန့်သာထားထားချင်တာကြောင့် ကလေးငယ်လေး မွေးဖွားခဲ့တဲ့နေရာနဲ့ သူရဲ့မိဘတွေ ဘယ်သူတွေဆိုတာကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူးခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: STH ( HtooDaily.com )
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top