ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကၽြန္ဟုဆိုလိုက္သည္ႏွင့္ လူသားတစ္ေယာက္ကို အေနအစားဆင္းရဲ စြာထားကာ ခြန္အားကုန္ ေခၽြးသံရႊဲရႊဲ ခိုင္းေစၿပီး တိရိစၧာန္တစ္ေကာင္ပမာ ႏွိပ္စက္ ညႇင္းပန္းခံၾကရသည့္အျပင္ အနိမ့္က်အခက္ခဲဆုံး အလုပ္မ်ား လုပ္ကိုင္ ၾကရသည္ ဟု အေတာ္မ်ားမ်ား နားလည္ၾက ပါလိမ့္မည္။ ပုဂံေျမေပၚ၌ ဘုရားေစတီေပါင္း မ်ားစြာ တည္ရွိေလရာ အနီးစပ္ဆုံး ရာဇကုမာရ္ေက်ာက္စာ အရ ကၽြန္(၃) ရြာအား လႉဒါန္း သည္ဟု ေဖာ္ျပပါရွိေလသျဖင့္ ကၽြန္ သည္ မပါမျဖစ္ေသာ လူတန္းစား တစ္ရပ္ ျဖစ္ေနသည္ကို ေတြ႕ရသည္။

သစၥာေလးပါး ၊ မဂၢင္ရွစ္ပါး ၊ ရုပ္နာမ္ႏွစ္ပါး ၊ ကံကံ၏ အက်ိဳး ၊ နိဗၺာန္ ဟူေသာ ေမတၱာအေျခခံ သည့္ ႏူးညံ့သိမ္ေမြ႕ေသာ ဗုဒၶဘုရားေဟာႏွင့္ဆန္႔က်င္ဘက္ ခက္ထန္ၾကမ္း တမ္း လွေသာကၽြန္သည္ ဘုရားမ်ားႏွင့္မည္ကဲ့သို႔ ဆက္စပ္ေနပါသနည္း ဆိုသည္ကား မ်ားစြာစိတ္ဝင္စား ဖြယ္ ေကာင္းလွပါသည္။ အဘယ္ေၾကာင့္ ကၽြန္ျဖစ္ရပါသနည္း။ မည္သူက မည္သည့္နည္းျဖင့္ ခိုင္းေစကာ ဘုရားေက်ာင္း ကန္မ်ား ႏွင့္ မည္သို႔မည္ပုံ ဆက္စပ္ ေနပါသနည္း။ ၎တို႔တြင္ လူ႔သားအခြင့္ ေရး မည္သို႔ ရွိၾကသနည္း စသည္တို႔အား ေက်ာက္စာမ်ားကို မွီ၍ ခန္႔မွန္းတင္ျပ လိုက္ပါသည္။

ကၽြန္ဟူေသာေဝါဟာရ

– ကၽြန္သည္ မြန္ဘာသာတြင္ (ကေလာန္)မွ၎ ၊ ျမန္မာ ဘာသာတြင္ (ကႅဝန္)သို႔ (က်ဝန္)ဟူေသာ စကားတို႔ မွ ၎ ေရြ႕လ်ားဆင္းသက္လာဟန္ တူပါသည္။ မြန္ဘာသာအရ (ကေလာန္) သည္ အလုပ္အကိုင္ဟု အနက္ရ သျဖင့္ လုပ္ရ ကိုင္ရ သူဟု ယူဆရသည္။ အလုပ္ၾကမ္း ေအာက္ေျခသိမ္းကို (ကေလာန္ တေမာက္) ဟု ေခၚသည္။ အဘယ္ေၾကာင့္ ကၽြန္ျဖစ္ရပါသနည္း။

ကၽြန္ျဖစ္ရျခင္းအေၾကာင္းတရားမ်ား

ဓမၼသတ္က်မ္းအရ ကၽြန္(၉)မ်ိဳးမွ (၁၂) မ်ိဳးထိရွိသည္။ အၾကမ္းအားျဖင့္ဆိုရလၽွင္—

– ေႂကြးမဆပ္ႏိူင္၍ ကၽြန္ျဖစ္သည္။

– စစ္သုံ႔ပန္းေၾကာင့္ကၽြန္ျဖစ္သည္။

– ေဘးဥပါဒ္ ၊ ေသဒဏ္မွကယ္ခံရ၍ ကၽြန္ျဖစ္သည္။

– ဘဝကိုဒူးေထာက္၍ ကၽြန္ျဖစ္သည္။

– အေပါင္ခံ၍ ကၽြန္ျဖစ္သည္။

– ေငြျဖင့္ဝယ္ယူခံရ၍ ကၽြန္ျဖစ္သည္။

– မိလာဖလာေၾကာင့္ ကၽြန္ျဖစ္သည္။

– ေဆြမ်ိဳးထဲမွဆင္းရဲသျဖင့္ကၽြန္ျဖစ္ရသည္။

– ခိုးမႈေၾကာင့္တရားႏိူင္၍ ကၽြန္ျဖစ္ရသည္

– ႏႈတ္လြန္မႈေၾကာင့္ ကၽြန္ျဖစ္ရသည္။

– အမႈျဖစ္၍တရားရႈံးကာ ကၽြန္ျဖစ္ရသည္။

– ထမင္းေကၽြးေသာေၾကာင့္ ကၽြန္ခံသည္။ (ယေန႔ေခတ္ ဝင္ေငြနည္းပါးစြာရေသာ အလုပ္ကို ထမင္းစားကၽြန္ခံ အလုပ္ဟု ေျပာဆိုခိုင္းႏိူင္းသည္။) ပုဂံကၽြန္ကို အၾကမ္းအားျဖင့္ ပုဂၢလိကကၽြန္ႏွင့္ ဘုရားကၽြန္ဟူ၍ခြဲျခားလိုပါသည္။

ပုဂၢလိကကၽြန္မ်ားအေၾကာင္း အနည္းငယ္ေျပာရလၽွင္

ကၽြန္သည္ အေခၽြအရံ ၊ အေဆာင္အေယာင္သေဘာ ျဖစ္သျဖင့္ ကၽြန္မ်ားမ်ား ပိုင္ဆိုင္ျခင္းကား သခင္၏ ဂုဏ္ျဒပ္ႀကီးမားမႈကို ျဖစ္ေစသည္။ ဘုရင္သည္ ကၽြန္အမ်ားဆုံး ပိုင္ဆိုင္သူ ျဖစ္သည္။ သခင္၏ လယ္ယာ စီးပြားေရး စသည္ တို႔ကို လုပ္ကိုင္ေပးရသည္။

ပုဂံေခတ္၌ ပုဂၢလိကကၽြန္မ်ားကို ဝယ္ယူရာတြင္ –

ကၽြန္တစ္ဦးလၽွင္ ေငြ ၃၅ က်ပ္

ျမင္းတစ္ေကာင္ႏွင့္လဲလွယ္လၽွင္ – ၃၀ ေယာက္

ဆင္တစ္ေကာင္ႏွင့္လဲလွယ္လၽွင္ – ၆၆ ေယာက္

ႏႈန္းျဖင့္ အေရာင္းအဝယ္ျပဳလုပ္သည္။ ဝယ္ယူၿပီးလၽွင္ ဝန္ခံခ်က္သေဘာတူညီမႈ ရယူကာ တံဆိပ္ႏွိပ္ျခင္း၊ ေက်ာက္စာေရးထိုးျခင္းတို႔ ျပဳလုပ္ကာ ဝယ္ယူသူမွ စားပြဲေသာက္ပြဲ လုပ္ေပးရသည္။ ကၽြန္ပိုင္ရွင္သည္ ကၽြန္တို႔၏ စားဝတ္ေနေရး က်န္းမာေရး အစအဆုံး တာဝန္ယူထားသျဖင့္ ကၽြန္တို႔၏ဘဝေနာင္ေရး စိတ္ ေအး ရသည္။ မိသားစုႏွင့္ ေနထိုင္ခြင့္ရွိသည္။ ရဟန္း၊သာမေဏ၊ သီလရွင္ ဘဝ ခံယူခြင့္ရွိၾကသည္။ သခင္ေသဆုံးလၽွင္ လယ္ယာမ်ား လႊဲေျပာင္းေပးသည္။ ကၽြန္တန္ဖိုး ေပးေလ်ာ္ႏိူင္လၽွင္ ကၽြန္အျဖစ္မွလြတ္ေျမာက္ကာ သခင္စီးပြားေရး မေကာင္းလၽွင္ ကၽြန္မ်ားကို လႊတ္လပ္ခြင့္ ေပးသည္။ ပုဂံေခတ္တြင္ လူတန္းစား ခြဲျခားခံရသူမ်ား ရွိခဲ့သည္။ ၎တို႔မွာ—

၁။ ဖုန္းေတာင္းယာစကာ

၂။ သူဖုန္းစား

၃။ ကယ္ပါ (ကယ္ပါယူပါေအာ္ကာ ေတာင္းခံသူ)

၄။ သူေတာင္းစား

၅။ ကၽြန္သီးေတာ္

၆။ သင္ခ်ီ (ကပၸိယ)

၇။ သင္လြင္ (သင္ခ်ီ၏လက္ေထာက္ျဖစ္ဟန္)

၈။ သုဘရာဇာ(မသာအရာတြင္ဘုရင္)

၉။ ဖက္ခြက္စား (ပလႅင္ေပၚရွိထမင္းက်န္စားသူ)

၁၀။ ဒြန္စ႑ား (မသာထင္းႏွင့္ မသာမီးရႈိ႔သူ)

၁၁။ စ႑ာလ (စႏၵာယဆြဲသူ)

၁၂။ ခြာသာ (ခဝါသည္)

၁၃။ပန္းမႈိက္က်ဳံး (အညစ္အေၾကးသြန္ရသူ)

၁၄။ ေသြးမစြန္း ဟူ၍ရွိခဲ့သည္။ ဤလူအမ်ိဳးအစား ၁၄ မ်ိဳးအနက္ ဘုရားကၽြန္သည္ မည္သည့္အမ်ိဳးအစား တြင္ပါဝင္ပါသနည္း။

ဘုရားကၽြန္ဆိုသည္မွာ

အဆိုပါလူတန္းစား(၁၄)မ်ိဳးအနက္မွ ကၽြန္သီးေတာ္သည္ ဘုရားကၽြန္ျဖစ္ၿပီး အထက္ေဖာ္ျပပါကဲ့သို႔ ၾကမ္းတမ္း ခက္ထန္ေသာ ကၽြန္မ်ိဳး မဟုတ္သလို ဂုဏ္ငယ္ သည္၊ ယုတ္ညံ့သည္ဟုလည္း မယူဆသင့္ပါ။ ဘုရားကၽြန္တြင္ မုဆိုးဖို ၊ မုဆိုးမ မ်ား အမ်ားဆုံးေတြ႕ရသည္။ ေက်ာက္စာမ်ားတြင္ ငတုတ္ဖုတ္ ဟု ေရးထိုးရာတြင္ ဖုတ္သည္ မုဆိုးဖိုလ္ကိုဆိုလိုကာ ၊ ကၼယ္ ဟူေသာစကားအရ ကၼယ္သည္ မုဆိုးမကို ဆိုလိုသည္။ ျမန္မာစကားတြင္ ကံမဲ့သူ ဟု အနက္ ျပန္သည္။ ကံမဲ့သူ ခိုကိုးရာမဲ့သူတို႔ ေက်ာင္းအရိပ္ကို ခိုလႈံသူ ျဖစ္ေလသည္။

ပုဂံေခတ္၌ ထမင္း တစ္ႏွပ္စား ရရန္ သိပ္မခက္ခဲလွပါ။ပုဂံဘုရားေက်ာင္း ဒကာတို႔သည္ ဘုရားတည္ ေက်ာင္းေဆာက္ရာတြင္ ေရရွည္ ရပ္တည္ေရး အတြက္ သံဃာေတာ္မ်ားအား အလုပ္ေကၽြးျပဳ ရန္ ဘုရားပ်က္စီး ယိုယြင္းမႈ ထိန္းသိမ္း၍ ဘုရားေဝယ်ာဝိစၥ ျပဳလုပ္ေပး ႏိူင္ရန္ ၊ လိုအပ္ေသာ ဝင္ေငြႏွင့္ သံဃာေတာ္မ်ား ဆြမ္းကိစၥ ၊ ဘုရားကၽြန္မ်ား စားဝတ္ေနေရးအတြက္ လယ္ယာ မ်ားပါ တစ္ပါတည္း ထည့္ဝင္ လႉဒါန္းသျဖင့္ ေက်ာင္း၌ အမႈရသူျဖစ္ေစ ၊ အမႈမရသူျဖစ္ေစ အတန္တန္ဆင္ျခင္ ၍ စားေစဟု ေက်ာက္စာ၌ ေရးထိုးသျဖင့္ တစ္ဝမ္းတစ္ခါး လွႏိူင္သည္။ ကိုယ္လႉေသာဘုရားအား မလႉႏိူင္သူတို႔ ၾကည့္ရႈကာ ကုသိုလ္လည္းရ ဝမ္းလည္းဝ သေဘာမ်ိဳး အျခားတစ္ ဖက္တြင္ လည္းခိုကိုးရာမဲ့သူတို႔၏ အနာဂတ္ စိတ္ေအး ရေစကာ ၎တို႔အား ဘဝတစ္ခု ထူေထာင္ေပး ေသာ သေဘာမ်ိဳး ျဖစ္ေစသည္။

ဘုရားကၽြန္သည္ ဘုရားေဝယ်ာ ဝိစၥ လုပ္ရန္ ၊ ဘုရားဆြမ္းေတာ္၊ ေရခ်မ္းတင္၊ ပန္းလႉရန္ သာမက ပိဋကတ္ ေတာ္မ်ား မပ်က္စီးမေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းရသည္။ ထက္ထက္ျမက္ျမက္ အမႈထမ္းရသျဖင့္ ျမတ္ရကၽြန္ေခၚျပန္ သည္။ ပုဂံဘုရားမ်ားမွ ကၽြန္မ်ားႏွင့္ ပတ္သက္ေသာ ေက်ာက္စာ အခ်ိဳ႕ကို ထုတ္ႏႈတ္ၾကည့္မည္ဆိုလၽွင္ ကၽြန္လႉ ရျခင္း အေၾကာင္းမွာ တဏွာကၽြန္၊ တဏွာေတာတြင္ ရွိေနသမၽွ နိဗၺာန္သို႔ရုန္း မထြက္ႏိူင္ ၊ ထိုတဏွာကၽြန္ဘဝမွ ေတာ္လွန္၍ တူေသာအက်ိဳး ရလိုျခင္းငွာ ကၽြန္လႉျခင္း ျဖစ္သည္။ သာသနာသစ္ ထြန္းကားျပန္႔ပြားခါစ ၾကည္ညိဳ သဒၵါပြားၾကလြန္းၿပီး သူတစ္ပါးအားကၽြန္အျဖစ္ လႉဒါန္း ျခင္းထက္ မိမိကိုယ္ တိုင္ႏွင့္ သားမယားကိုပါ ကၽြန္အျဖစ္ လႉဒါန္းရျခင္းကို ျမတ္သည္ဟု ယုံၾကည္ ၾကသည္။

သို႔ေသာ္ အခ်ိဳ႕ေသာ ဘုရားကၽြန္တို႔သည္ ရဟန္းမ်ားႏွင့္ ေနရဖန္မ်ားလာၿပီး အဆင္ေျပသျဖင့္ ပင္ပင္ပန္းပန္း လုပ္ကိုင္ၾကရသည္ကို ေၾကာက္ရြံ႕လာ ၾကသည္။ မာနမရွိ စာေပက်မ္းဂန္မ်ားနားေထာင္ဖန္မ်ားလာကာ စိတ္ဓာတ္ ေပ်ာ့လာၾက သည္။ အလႉရွင္တို႔ လယ္ယာမ်ားကို လႉဒါန္းျခင္းကို ရဟန္းေတာ္ မ်ားက စီမံခန္႔ခြဲ ရသည္။ မင္းေျပာင္းမင္းလႊဲ ျဖစ္လာခ်ိန္တြင္ ဘုရင္မ်ားက ကၽြန္သီးေတာ္ မ်ား မကယ္ႏိူင္ ရဟန္းမ်ား အေၾကာင္း ေၾကာင္းေၾကာင့္ လယ္ယာမ်ား လက္လႊတ္ ရခ်ိန္တြင္ ဘုရားကၽြန္မ်ားလည္း ရရာ အလုပ္လုပ္ ရေလသည္။ အလုပ္လုပ္လိုသူ မ်ားသည္ အမ်ားသူငွာ မလုပ္လိုေသာ အလုပ္ကိုလုပ္ကိုင္လာၾကသည္။

အစြယ္က်ိဳးေသာေႁမြ ၊ ေျခက်ိဳး ေသာႏြား ဒြန္းစ႑ား ဆိုသည့္အတိုင္း ေလာင္းရိပ္ မိထားသူတို႔မွာမူ ေတာင္းရမ္း စားေသာက္ရင္း ဘဝကို ဒူးေထာက္ ၾကသည္။ဤသို႔ျဖင့္ လူတန္းစားခြဲျခား ခံရသည့္ ဖုန္းေတာင္းယာစကာ ၊ သူေတာင္းစား ၊ ကယ္ပါ အစရွိေသာ အထက္တြင္ ေဖာ္ျပထားသည့္ လူတန္းစား ခြဲျခားခံရသူ ေအာက္ဆုံးလႊာ လူတန္းစားမ်ား ျဖစ္သြား ၾကကုန္ေလေတာ့သည္။ မသမာသူတို႔က ကၽြန္မ်ား ထြက္ေျပးမည္စိုးသျဖင့္ မေတာင္းစားလ်င္ ႏူသည္ဟု ေျခာက္လန္႔ ထားေသာ စကားကို တကယ္ထင္မွတ္ ၾကၿပီး ေၾကာက္ရြံ႕ၾကသည္။ ၎၏ အက်ိဳးဆက္ ကား သူေတာင္းစားမ်ိဳးရိုးအျဖစ္သာ ယေန႔ခ်ိန္ထိ က်န္ေန ေလေတာ့သည္။ စင္စစ္အားျဖင့္ မည္သည့္ ပုဂံေက်ာက္စာကမၽွ ဘုရားကၽြန္မ်ားကို က်ိန္စာ တိုက္ထားသည္ကို မေတြ႕ရပါ။ျမန္မာသကၠရဇ္ ၁၃၀၉ ခုႏွစ္ ၊ ျပာသို လျပည့္ေက်ာ္ ၉ ရက္ တနဂၤေႏြေန႔ တြင္ ျမန္မာႏိူင္ငံ သမၼတ စဝ္ေရႊသိုက္က ဘုရားကၽြန္ ေက်ာင္းကၽြန္ ဒြန္းစ႑ား တို႔ကို ဤ သို႔ေၾကညာခဲ့သည္။

ျမန္မာ သမၼတႏိူင္ငံေတာ္ႀကီးသည္ လႊတ္လပ္ေသာ တိုင္းျပည္ျဖစ္ သည္ႏွင့္အညီ တစ္ဦးႏွင့္တစ္ဦး ႏွိပ္စက္ျခင္း၊ တစ္ဦးကိုတစ္ဦး ေၾကာက္ရြံ႕ ရျခင္း မွစ၍ မေကာင္းေသာအေလ့ဆိုးမ်ားကို လုံးဝပယ္ဖ်က္ရန္ ကၽြႏ္ုပ္ရည္ရြယ္ သည္။ သူေတာင္းစား ၊ ဘုရားကၽြန္ ၊ ေက်ာင္းကၽြန္ ၊ သင္ခ်ိ စသည္တို႔ကို ယေန႔မွစ၍ ေရွးမင္းတို႔အာဏာကို ကၽြႏ္ုပ္ပယ္၍ ထိုသူတို႔၏ သေဘာ အတိုင္း လုပ္လိုေသာ အလုပ္မ်ိဳးစုံကို လုပ္ကိုင္ႏိုင္ၾကေစ ဟူ၍ ကၽြႏ္ုပ္ အမိန္႔ခ်သည္။ ဤျပည္ေထာင္စု ႏိူင္ငံေတာ္ အတြင္း ရွိရွိသမၽွေသာ ႏိူင္ငံသားမ်ားသည္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ ပါရွိသည့္ အတိုင္း တစ္ဦးႏွင့္တစ္ဦး အခြင့္အေရး တူညီၾက ေစ။”ဟု မင္းမိန္႔ျဖင့္ ပယ္ဖ်က္ ေပးခဲ့သည္။

အမွန္တကယ္အားျဖင့္ ကၽြႏ္ုပ္တို႔ အားလုံး လူသားမ်ား သာျဖစ္ၾက ပါသည္။ သူ၊ ငါ၊ ေယာက်ာ္း၊ မိန္းမ ၊ အယုတ္၊ အျမတ္ဟူသည္က အတိတ္ကံ အေၾကာင္းတရား၏ အက်ိဳးေပးျခင္း၍ ပဉာတ္ သက္သက္သာ ျဖစ္ၿပီး ရုပ္ႏွင့္နာမ္ သာလၽွင္ တကယ္ရွိပါသည္။ ဘုရားကၽြန္၊ ကယ္ပါ အစရွိေသာ ေတာင္းရမ္း စားေသာက္ရသည့္ မ်ိဳးရိုးတို႔ကို နိမ့္က်ေသာ လူတန္းစား ၊ အေနထိုင္ညစ္ပတ္၍ မေပါင္း မသတီ ဟု ခြဲျခားဆက္ဆံ ေနရုံျဖင့္ ၎တို႔ ေပ်ာက္ကြယ္သြားမည္ မဟုတ္ေခ်။ ဘုရားကၽြန္မ်ား စိတ္ပိုင္းဆိုင္ရာ ျပဳျပင္ရန္ မလြယ္ လွေသ္လည္း ၎တို႔၏ မ်ိဳးဆက္မ်ားကို စိတ္ပိုင္းဆိုင္ရာ ျပဳျပင္ေပးကာ ျပန္လည္ထူေထာင္ေရး ေက်ာင္းမ်ား၊ လူငယ္ေလ့က်င့္ေရးေက်ာင္း မ်ားသို႔ ပို႔ေဆာင္ ျပဳျပင္ရန္ကား ျဖစ္ႏိူင္ ပါသည္။

Ref:– နန္းဓေလ့မွတ္တမ္း (ျမေကတု)
သုခုမအလင္းတန္းမ်ား
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hlataw
#Unicode Version#
ကျွန်ဟုဆိုလိုက်သည်နှင့် လူသားတစ်ယောက်ကို အနေအစားဆင်းရဲ စွာထားကာ ခွန်အားကုန် ချွေးသံရွှဲရွှဲ ခိုင်းစေပြီး တိရိစ္ဆာန်တစ်ကောင်ပမာ နှိပ်စက် ညှင်းပန်းခံကြရသည့်အပြင် အနိမ့်ကျအခက်ခဲဆုံး အလုပ်များ လုပ်ကိုင် ကြရသည် ဟု အတော်များများ နားလည်ကြ ပါလိမ့်မည်။ ပုဂံမြေပေါ်၌ ဘုရားစေတီပေါင်း များစွာ တည်ရှိလေရာ အနီးစပ်ဆုံး ရာဇကုမာရ်ကျောက်စာ အရ ကျွန်(၃) ရွာအား လှူဒါန်း သည်ဟု ဖော်ပြပါရှိလေသဖြင့် ကျွန် သည် မပါမဖြစ်သော လူတန်းစား တစ်ရပ် ဖြစ်နေသည်ကို တွေ့ရသည်။

သစ္စာလေးပါး ၊ မဂ္ဂင်ရှစ်ပါး ၊ ရုပ်နာမ်နှစ်ပါး ၊ ကံကံ၏ အကျိုး ၊ နိဗ္ဗာန် ဟူသော မေတ္တာအခြေခံ သည့် နူးညံ့သိမ်မွေ့သော ဗုဒ္ဓဘုရားဟောနှင့်ဆန့်ကျင်ဘက် ခက်ထန်ကြမ်း တမ်း လှသောကျွန်သည် ဘုရားများနှင့်မည်ကဲ့သို့ ဆက်စပ်နေပါသနည်း ဆိုသည်ကား များစွာစိတ်ဝင်စား ဖွယ် ကောင်းလှပါသည်။ အဘယ်ကြောင့် ကျွန်ဖြစ်ရပါသနည်း။ မည်သူက မည်သည့်နည်းဖြင့် ခိုင်းစေကာ ဘုရားကျောင်း ကန်များ နှင့် မည်သို့မည်ပုံ ဆက်စပ် နေပါသနည်း။ ၎င်းတို့တွင် လူ့သားအခွင့် ရေး မည်သို့ ရှိကြသနည်း စသည်တို့အား ကျောက်စာများကို မှီ၍ ခန့်မှန်းတင်ပြ လိုက်ပါသည်။

ကျွန်ဟူသောဝေါဟာရ

– ကျွန်သည် မွန်ဘာသာတွင် (ကလောန်)မှ၎င်း ၊ မြန်မာ ဘာသာတွင် (က္လဝန်)သို့ (ကျဝန်)ဟူသော စကားတို့ မှ ၎င်း ရွေ့လျားဆင်းသက်လာဟန် တူပါသည်။ မွန်ဘာသာအရ (ကလောန်) သည် အလုပ်အကိုင်ဟု အနက်ရ သဖြင့် လုပ်ရ ကိုင်ရ သူဟု ယူဆရသည်။ အလုပ်ကြမ်း အောက်ခြေသိမ်းကို (ကလောန် တမောက်) ဟု ခေါ်သည်။ အဘယ်ကြောင့် ကျွန်ဖြစ်ရပါသနည်း။

ကျွန်ဖြစ်ရခြင်းအကြောင်းတရားများ

ဓမ္မသတ်ကျမ်းအရ ကျွန်(၉)မျိုးမှ (၁၂) မျိုးထိရှိသည်။ အကြမ်းအားဖြင့်ဆိုရလျှင်—

– ကြွေးမဆပ်နိူင်၍ ကျွန်ဖြစ်သည်။

– စစ်သုံ့ပန်းကြောင့်ကျွန်ဖြစ်သည်။

– ဘေးဥပါဒ် ၊ သေဒဏ်မှကယ်ခံရ၍ ကျွန်ဖြစ်သည်။

– ဘဝကိုဒူးထောက်၍ ကျွန်ဖြစ်သည်။

– အပေါင်ခံ၍ ကျွန်ဖြစ်သည်။

– ငွေဖြင့်ဝယ်ယူခံရ၍ ကျွန်ဖြစ်သည်။

– မိလာဖလာကြောင့် ကျွန်ဖြစ်သည်။

– ဆွေမျိုးထဲမှဆင်းရဲသဖြင့်ကျွန်ဖြစ်ရသည်။

– ခိုးမှုကြောင့်တရားနိူင်၍ ကျွန်ဖြစ်ရသည်

– နှုတ်လွန်မှုကြောင့် ကျွန်ဖြစ်ရသည်။

– အမှုဖြစ်၍တရားရှုံးကာ ကျွန်ဖြစ်ရသည်။

– ထမင်းကျွေးသောကြောင့် ကျွန်ခံသည်။ (ယနေ့ခေတ် ဝင်ငွေနည်းပါးစွာရသော အလုပ်ကို ထမင်းစားကျွန်ခံ အလုပ်ဟု ပြောဆိုခိုင်းနိူင်းသည်။) ပုဂံကျွန်ကို အကြမ်းအားဖြင့် ပုဂ္ဂလိကကျွန်နှင့် ဘုရားကျွန်ဟူ၍ခွဲခြားလိုပါသည်။

ပုဂ္ဂလိကကျွန်များအကြောင်း အနည်းငယ်ပြောရလျှင်

ကျွန်သည် အချွေအရံ ၊ အဆောင်အယောင်သဘော ဖြစ်သဖြင့် ကျွန်များများ ပိုင်ဆိုင်ခြင်းကား သခင်၏ ဂုဏ်ဒြပ်ကြီးမားမှုကို ဖြစ်စေသည်။ ဘုရင်သည် ကျွန်အများဆုံး ပိုင်ဆိုင်သူ ဖြစ်သည်။ သခင်၏ လယ်ယာ စီးပွားရေး စသည် တို့ကို လုပ်ကိုင်ပေးရသည်။

ပုဂံခေတ်၌ ပုဂ္ဂလိကကျွန်များကို ဝယ်ယူရာတွင် –

ကျွန်တစ်ဦးလျှင် ငွေ ၃၅ ကျပ်

မြင်းတစ်ကောင်နှင့်လဲလှယ်လျှင် – ၃၀ ယောက်

ဆင်တစ်ကောင်နှင့်လဲလှယ်လျှင် – ၆၆ ယောက်

နှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်သည်။ ဝယ်ယူပြီးလျှင် ဝန်ခံချက်သဘောတူညီမှု ရယူကာ တံဆိပ်နှိပ်ခြင်း၊ ကျောက်စာရေးထိုးခြင်းတို့ ပြုလုပ်ကာ ဝယ်ယူသူမှ စားပွဲသောက်ပွဲ လုပ်ပေးရသည်။ ကျွန်ပိုင်ရှင်သည် ကျွန်တို့၏ စားဝတ်နေရေး ကျန်းမာရေး အစအဆုံး တာဝန်ယူထားသဖြင့် ကျွန်တို့၏ဘဝနောင်ရေး စိတ် အေး ရသည်။ မိသားစုနှင့် နေထိုင်ခွင့်ရှိသည်။ ရဟန်း၊သာမဏေ၊ သီလရှင် ဘဝ ခံယူခွင့်ရှိကြသည်။ သခင်သေဆုံးလျှင် လယ်ယာများ လွှဲပြောင်းပေးသည်။ ကျွန်တန်ဖိုး ပေးလျော်နိူင်လျှင် ကျွန်အဖြစ်မှလွတ်မြောက်ကာ သခင်စီးပွားရေး မကောင်းလျှင် ကျွန်များကို လွှတ်လပ်ခွင့် ပေးသည်။ ပုဂံခေတ်တွင် လူတန်းစား ခွဲခြားခံရသူများ ရှိခဲ့သည်။ ၎င်းတို့မှာ—

၁။ ဖုန်းတောင်းယာစကာ

၂။ သူဖုန်းစား

၃။ ကယ်ပါ (ကယ်ပါယူပါအော်ကာ တောင်းခံသူ)

၄။ သူတောင်းစား

၅။ ကျွန်သီးတော်

၆။ သင်ချီ (ကပ္ပိယ)

၇။ သင်လွင် (သင်ချီ၏လက်ထောက်ဖြစ်ဟန်)

၈။ သုဘရာဇာ(မသာအရာတွင်ဘုရင်)

၉။ ဖက်ခွက်စား (ပလ္လင်ပေါ်ရှိထမင်းကျန်စားသူ)

၁၀။ ဒွန်စဏ္ဍား (မသာထင်းနှင့် မသာမီးရှို့သူ)

၁၁။ စဏ္ဍာလ (စန္ဒာယဆွဲသူ)

၁၂။ ခွာသာ (ခဝါသည်)

၁၃။ပန်းမှိုက်ကျုံး (အညစ်အကြေးသွန်ရသူ)

၁၄။ သွေးမစွန်း ဟူ၍ရှိခဲ့သည်။ ဤလူအမျိုးအစား ၁၄ မျိုးအနက် ဘုရားကျွန်သည် မည်သည့်အမျိုးအစား တွင်ပါဝင်ပါသနည်း။

ဘုရားကျွန်ဆိုသည်မှာ

အဆိုပါလူတန်းစား(၁၄)မျိုးအနက်မှ ကျွန်သီးတော်သည် ဘုရားကျွန်ဖြစ်ပြီး အထက်ဖော်ပြပါကဲ့သို့ ကြမ်းတမ်း ခက်ထန်သော ကျွန်မျိုး မဟုတ်သလို ဂုဏ်ငယ် သည်၊ ယုတ်ညံ့သည်ဟုလည်း မယူဆသင့်ပါ။ ဘုရားကျွန်တွင် မုဆိုးဖို ၊ မုဆိုးမ များ အများဆုံးတွေ့ရသည်။ ကျောက်စာများတွင် ငတုတ်ဖုတ် ဟု ရေးထိုးရာတွင် ဖုတ်သည် မုဆိုးဖိုလ်ကိုဆိုလိုကာ ၊ က္မယ် ဟူသောစကားအရ က္မယ်သည် မုဆိုးမကို ဆိုလိုသည်။ မြန်မာစကားတွင် ကံမဲ့သူ ဟု အနက် ပြန်သည်။ ကံမဲ့သူ ခိုကိုးရာမဲ့သူတို့ ကျောင်းအရိပ်ကို ခိုလှုံသူ ဖြစ်လေသည်။

ပုဂံခေတ်၌ ထမင်း တစ်နှပ်စား ရရန် သိပ်မခက်ခဲလှပါ။ပုဂံဘုရားကျောင်း ဒကာတို့သည် ဘုရားတည် ကျောင်းဆောက်ရာတွင် ရေရှည် ရပ်တည်ရေး အတွက် သံဃာတော်များအား အလုပ်ကျွေးပြု ရန် ဘုရားပျက်စီး ယိုယွင်းမှု ထိန်းသိမ်း၍ ဘုရားဝေယျာဝိစ္စ ပြုလုပ်ပေး နိူင်ရန် ၊ လိုအပ်သော ဝင်ငွေနှင့် သံဃာတော်များ ဆွမ်းကိစ္စ ၊ ဘုရားကျွန်များ စားဝတ်နေရေးအတွက် လယ်ယာ များပါ တစ်ပါတည်း ထည့်ဝင် လှူဒါန်းသဖြင့် ကျောင်း၌ အမှုရသူဖြစ်စေ ၊ အမှုမရသူဖြစ်စေ အတန်တန်ဆင်ခြင် ၍ စားစေဟု ကျောက်စာ၌ ရေးထိုးသဖြင့် တစ်ဝမ်းတစ်ခါး လှနိူင်သည်။ ကိုယ်လှူသောဘုရားအား မလှူနိူင်သူတို့ ကြည့်ရှုကာ ကုသိုလ်လည်းရ ဝမ်းလည်းဝ သဘောမျိုး အခြားတစ် ဖက်တွင် လည်းခိုကိုးရာမဲ့သူတို့၏ အနာဂတ် စိတ်အေး ရစေကာ ၎င်းတို့အား ဘဝတစ်ခု ထူထောင်ပေး သော သဘောမျိုး ဖြစ်စေသည်။

ဘုရားကျွန်သည် ဘုရားဝေယျာ ဝိစ္စ လုပ်ရန် ၊ ဘုရားဆွမ်းတော်၊ ရေချမ်းတင်၊ ပန်းလှူရန် သာမက ပိဋကတ် တော်များ မပျက်စီးမပျောက်ပျက်အောင် ထိန်းသိမ်းရသည်။ ထက်ထက်မြက်မြက် အမှုထမ်းရသဖြင့် မြတ်ရကျွန်ခေါ်ပြန် သည်။ ပုဂံဘုရားများမှ ကျွန်များနှင့် ပတ်သက်သော ကျောက်စာ အချို့ကို ထုတ်နှုတ်ကြည့်မည်ဆိုလျှင် ကျွန်လှူ ရခြင်း အကြောင်းမှာ တဏှာကျွန်၊ တဏှာတောတွင် ရှိနေသမျှ နိဗ္ဗာန်သို့ရုန်း မထွက်နိူင် ၊ ထိုတဏှာကျွန်ဘဝမှ တော်လှန်၍ တူသောအကျိုး ရလိုခြင်းငှာ ကျွန်လှူခြင်း ဖြစ်သည်။ သာသနာသစ် ထွန်းကားပြန့်ပွားခါစ ကြည်ညို သဒ္ဒါပွားကြလွန်းပြီး သူတစ်ပါးအားကျွန်အဖြစ် လှူဒါန်း ခြင်းထက် မိမိကိုယ် တိုင်နှင့် သားမယားကိုပါ ကျွန်အဖြစ် လှူဒါန်းရခြင်းကို မြတ်သည်ဟု ယုံကြည် ကြသည်။

သို့သော် အချို့သော ဘုရားကျွန်တို့သည် ရဟန်းများနှင့် နေရဖန်များလာပြီး အဆင်ပြေသဖြင့် ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရသည်ကို ကြောက်ရွံ့လာ ကြသည်။ မာနမရှိ စာပေကျမ်းဂန်များနားထောင်ဖန်များလာကာ စိတ်ဓာတ် ပျော့လာကြ သည်။ အလှူရှင်တို့ လယ်ယာများကို လှူဒါန်းခြင်းကို ရဟန်းတော် များက စီမံခန့်ခွဲ ရသည်။ မင်းပြောင်းမင်းလွှဲ ဖြစ်လာချိန်တွင် ဘုရင်များက ကျွန်သီးတော် များ မကယ်နိူင် ရဟန်းများ အကြောင်း ကြောင်းကြောင့် လယ်ယာများ လက်လွှတ် ရချိန်တွင် ဘုရားကျွန်များလည်း ရရာ အလုပ်လုပ် ရလေသည်။ အလုပ်လုပ်လိုသူ များသည် အများသူငှာ မလုပ်လိုသော အလုပ်ကိုလုပ်ကိုင်လာကြသည်။

အစွယ်ကျိုးသောမြွေ ၊ ခြေကျိုး သောနွား ဒွန်းစဏ္ဍား ဆိုသည့်အတိုင်း လောင်းရိပ် မိထားသူတို့မှာမူ တောင်းရမ်း စားသောက်ရင်း ဘဝကို ဒူးထောက် ကြသည်။ဤသို့ဖြင့် လူတန်းစားခွဲခြား ခံရသည့် ဖုန်းတောင်းယာစကာ ၊ သူတောင်းစား ၊ ကယ်ပါ အစရှိသော အထက်တွင် ဖော်ပြထားသည့် လူတန်းစား ခွဲခြားခံရသူ အောက်ဆုံးလွှာ လူတန်းစားများ ဖြစ်သွား ကြကုန်လေတော့သည်။ မသမာသူတို့က ကျွန်များ ထွက်ပြေးမည်စိုးသဖြင့် မတောင်းစားလျင် နူသည်ဟု ခြောက်လန့် ထားသော စကားကို တကယ်ထင်မှတ် ကြပြီး ကြောက်ရွံ့ကြသည်။ ၎င်း၏ အကျိုးဆက် ကား သူတောင်းစားမျိုးရိုးအဖြစ်သာ ယနေ့ချိန်ထိ ကျန်နေ လေတော့သည်။ စင်စစ်အားဖြင့် မည်သည့် ပုဂံကျောက်စာကမျှ ဘုရားကျွန်များကို ကျိန်စာ တိုက်ထားသည်ကို မတွေ့ရပါ။မြန်မာသက္ကရဇ် ၁၃၀၉ ခုနှစ် ၊ ပြာသို လပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့ တွင် မြန်မာနိူင်ငံ သမ္မတ စဝ်ရွှေသိုက်က ဘုရားကျွန် ကျောင်းကျွန် ဒွန်းစဏ္ဍား တို့ကို ဤ သို့ကြေညာခဲ့သည်။

မြန်မာ သမ္မတနိူင်ငံတော်ကြီးသည် လွှတ်လပ်သော တိုင်းပြည်ဖြစ် သည်နှင့်အညီ တစ်ဦးနှင့်တစ်ဦး နှိပ်စက်ခြင်း၊ တစ်ဦးကိုတစ်ဦး ကြောက်ရွံ့ ရခြင်း မှစ၍ မကောင်းသောအလေ့ဆိုးများကို လုံးဝပယ်ဖျက်ရန် ကျွန်ုပ်ရည်ရွယ် သည်။ သူတောင်းစား ၊ ဘုရားကျွန် ၊ ကျောင်းကျွန် ၊ သင်ချိ စသည်တို့ကို ယနေ့မှစ၍ ရှေးမင်းတို့အာဏာကို ကျွန်ုပ်ပယ်၍ ထိုသူတို့၏ သဘော အတိုင်း လုပ်လိုသော အလုပ်မျိုးစုံကို လုပ်ကိုင်နိုင်ကြစေ ဟူ၍ ကျွန်ုပ် အမိန့်ချသည်။ ဤပြည်ထောင်စု နိူင်ငံတော် အတွင်း ရှိရှိသမျှသော နိူင်ငံသားများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ ပါရှိသည့် အတိုင်း တစ်ဦးနှင့်တစ်ဦး အခွင့်အရေး တူညီကြ စေ။”ဟု မင်းမိန့်ဖြင့် ပယ်ဖျက် ပေးခဲ့သည်။

အမှန်တကယ်အားဖြင့် ကျွန်ုပ်တို့ အားလုံး လူသားများ သာဖြစ်ကြ ပါသည်။ သူ၊ ငါ၊ ယောကျာ်း၊ မိန်းမ ၊ အယုတ်၊ အမြတ်ဟူသည်က အတိတ်ကံ အကြောင်းတရား၏ အကျိုးပေးခြင်း၍ ပဉာတ် သက်သက်သာ ဖြစ်ပြီး ရုပ်နှင့်နာမ် သာလျှင် တကယ်ရှိပါသည်။ ဘုရားကျွန်၊ ကယ်ပါ အစရှိသော တောင်းရမ်း စားသောက်ရသည့် မျိုးရိုးတို့ကို နိမ့်ကျသော လူတန်းစား ၊ အနေထိုင်ညစ်ပတ်၍ မပေါင်း မသတီ ဟု ခွဲခြားဆက်ဆံ နေရုံဖြင့် ၎င်းတို့ ပျောက်ကွယ်သွားမည် မဟုတ်ချေ။ ဘုရားကျွန်များ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ရန် မလွယ် လှသေ်လည်း ၎င်းတို့၏ မျိုးဆက်များကို စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပေးကာ ပြန်လည်ထူထောင်ရေး ကျောင်းများ၊ လူငယ်လေ့ကျင့်ရေးကျောင်း များသို့ ပို့ဆောင် ပြုပြင်ရန်ကား ဖြစ်နိူင် ပါသည်။

Ref:– နန်းဓလေ့မှတ်တမ်း (မြကေတု)

သုခုမအလင်းတန်းများ

ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top