ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မေတာ္တဆထိခိုက္မိ၍ လက္ေခ်ာင္းမ်ား၊ လက္အစိတ္အပိုင္းမ်ား ျပတ္ေတာက္သြားပါက ျပတ္ထြက္သြားေသာ အပုိင္းကို အခ်ိန္မီ နည္းစနစ္မွန္ကန္စြာ သယ္ေဆာင္လာလွ်င္ ေအာင္ျမင္စြာ ျပန္ဆက္ေပးႏိုင္ေၾကာင္း ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီး လက္ပိုင္းဆိုင္ရာခဲြစိတ္မႈပညာဌာနမွ သိရသည္။

”လက္ေတြျပတ္ရင္ လက္ေခ်ာင္းေလးေတြပဲျပတ္ျပတ္ လက္ရဲ႕ဘယ္ေနရာပဲျပတ္ျပတ္ ကြ်န္ေတာ္တို႔ဆီကို အျမန္ဆံုး အေၾကာင္းၾကားေပးပါ။ ကြ်န္ေတာ္တို႔ ဆက္ေပးႏိုင္ပါတယ္။

လက္တေခ်ာင္းျပတ္ၿပီဆိုရင္ အဲဒီလက္ေခ်ာင္းကို ပလတ္စတစ္အိတ္ထဲမွာ ေလလံုေအာင္ထည့္ပါ။ လက္ထည့္ထားတဲ့အိတ္ထဲကို ဘာမွမထည့္ပါနဲ႔။

အဲဒီပလတ္စတစ္အိတ္ကို ေရခဲထည့္ထားတဲ့ အိတ္ၾကီးထဲမွာ ျပန္ထည့္ေပးပါ။ အဲဒါဆို လက္ကေအးျပီး ေျခာက္ေသြ႕ေနရင္ လက္ေခ်ာင္းေလးေတြဆို ၃၆ နာရီအတြင္း ဆက္ေပးပါတယ္။

ၾကြက္သားပါတဲ့ တံေတာင္ဆစ္တို႔၊ လက္ေကာက္၀တ္ေတြျပတ္ၿပီဆိုရင္ေတာ့ ၁၂ နာရီအထိ ဆက္ ေပးနိုင္ပါတယ္”ဟု အဆိုပါဌာနမွ ပါေမာကၡ၊ ဌာနမွဴးေဒါက္တာခင္ေမာင္ျမင့္က News Watch ကို ေျပာၾကားသည္။

ေတာင္ဒဂံုစက္မႈဇံုရွိ စကၠဴစက္႐ုံတခုမွ လူငယ္လုပ္သားတဦး လုပ္ငန္းခြင္မေတာ္တဆမႈေၾကာင့္ လက္ေခ်ာင္းမ်ားျပတ္ထြက္သြားခဲ့ရာ ရန္ကုန္ေဆး႐ုံၾကီး လက္ပိုင္းဆိုင္ရာခြဲစိတ္မႈပညာဌာနသိို႔ နည္းစနစ္မွန္ကန္စြာ သယ္ေဆာင္လာသျဖင့္ ေအာင္ျမင္စြာ ျပန္ဆက္ေပးႏိုင္ခဲ့ေသာ ျဖစ္စဥ္တခု ယခုႏွစ္ ၁၀ လပိုင္းက ျဖစ္ပြားခဲ့သည္။

”ဒီကေလးက ေအာက္တိုဘာလမွာ ျဖစ္ခဲ့တာ။ မြန္းလဲြ ၂ နာရီေလာက္ေပါ့။ စကၠဴျဖတ္တဲ့စက္ထဲကို လက္ညွပ္သြားတာ။

ညာဘက္လက္က လက္ဖ၀ါးကေန ျပတ္သြားတာ။ ဘယ္ဘက္က လက္ထိပ္ေလးေတြပဲ ျပတ္သြားတာ။

ျဖစ္ျဖစ္ျပီးခ်င္း သဃၤန္းကြ်န္းေဆး႐ံုကိုု သြားတယ္။ အဲဒီကေနမွ ကြ်န္ေတာ့္ဆီ ပို႔လိုက္တာ။

ကြ်န္ေတာ့္ဆီေရာက္လာေတာ့ ညေန ၅ နာရီေလာက္ရိွျပီ။ သူတို႔က ျပတ္သြားတဲ့ လက္ကေလးေတြကို ေရခဲနဲ႔ထုပ္လာတယ္။

ေအးၿပီး ေျခာက္ေသြ႕ေနတာေပါ့ေနာ္။ အခိ်န္မီလည္းေရာက္လာတယ္။

ညာ ဘက္လက္သံုးေခ်ာင္းကို ေအာင္ျမင္စြာ ျပန္ဆက္ေပးႏိုင္ခဲ့တယ္။ လက္သန္းေလးကေတာ့ ေၾကသြားလို႔ မရေတာ့ဘူးေပါ့” ဟု ၎က ေျပာၾကားသည္။

အဆိုပါ ခဲြစိတ္မႈအား ညေန ၅ နာရီမွ စတင္ျပဳလုပ္ခဲ့ရာ နံနက္ ၂ နာရီခဲြတြင္ ျပီးဆံုးခဲ့၍ ၾကာျမင့္ခိ်န္ ၁၀ နာရီနီးပါးရိွခဲ့ေၾကာင္းနွင့္ ခဲြစိတ္ဆရာ၀န္ သံုးဦး၊ ေမ့ေဆးဆရာ၀န္နွစ္ဦးတို႔ျဖင့္ ခဲြစိတ္ခဲ့ရေၾကာင္း သိရသည္။

လက္ရိွတြင္ ထိုလူနာအား ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးတြင္ အတြင္းလူနာအျဖစ္ထားရိွ၍ လက္ေလ့က်င့္ခန္းမ်ား ျပဳလုပ္ေပးလ်က္ရိွေၾကာင္းလည္း သိရသည္။

ပါေမာကၡေဒါက္တာဦးခင္ေမာင္ျမင့္သည္ ၁၉၉၈ ခုႏွစ္က ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးတြင္ လက္ပိုင္းဆိုင္ရာ ခဲြစိတ္အထူးကုဆရာ၀န္အျဖစ္ ပထမဆံုးခန္႔အပ္ခံရေသာ ဆရာ၀န္ႀကီးျဖစ္ျပီး ၂၀၀၀ ျပည့္နွစ္တြင္ လက္ေကာက္၀တ္ျပတ္ေသာ လူနာတဦးအား ပထမဆံုးေအာင္ျမင္စြာခဲြစိတ္ေပးႏိုင္ခဲ့ရာမွစ၍ ယခုလက္ရိွအခိ်န္ ထိ ခဲြစိတ္မႈေပါင္းမ်ားစြာ ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။

လက္ပိုင္းဆိုင္ရာ ခဲြစိတ္မႈပညာဌာနသည္ ရန္ကုန္ ေဆးတကၠသိုလ္(၁)တြင္သာ ဖြင့္လွစ္သင္ၾကားလ်က္ရိွျပီး လာမည့္နွစ္တြင္ မႏၱေလးေဆး တကၠသိုလ္နွင့္ရန္ကုန္ေဆးတကၠသိုလ္(၂) တို႔တြင္ တိုးခဲ်႕ဖြင့္လွစ္သြားႏိုင္ရန္ ၾကိဳးစားလ်က္ရိွေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: News Watch

# Unicode Version ျဖင့္ ဖတ္ပါ #
မတော်တဆထိခိုက်မိ၍ လက်ချောင်းများ၊ လက်အစိတ်အပိုင်းများ ပြတ်တောက်သွားပါက ပြတ်ထွက်သွားသော အပိုင်းကို အချိန်မီ နည်းစနစ်မှန်ကန်စွာ သယ်ဆောင်လာလျှင် အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး လက်ပိုင်းဆိုင်ရာခွဲစိတ်မှုပညာဌာနမှ သိရသည်။

”လက်တွေပြတ်ရင် လက်ချောင်းလေးတွေပဲပြတ်ပြတ် လက်ရဲ့ဘယ်နေရာပဲပြတ်ပြတ် ကျွန်တော်တို့ဆီကို အမြန်ဆုံး အကြောင်းကြားပေးပါ။ ကျွန်တော်တို့ ဆက်ပေးနိုင်ပါတယ်။

လက်တချောင်းပြတ်ပြီဆိုရင် အဲဒီလက်ချောင်းကို ပလတ်စတစ်အိတ်ထဲမှာ လေလုံအောင်ထည့်ပါ။ လက်ထည့်ထားတဲ့အိတ်ထဲကို ဘာမှမထည့်ပါနဲ့။

အဲဒီပလတ်စတစ်အိတ်ကို ရေခဲထည့်ထားတဲ့ အိတ်ကြီးထဲမှာ ပြန်ထည့်ပေးပါ။ အဲဒါဆို လက်ကအေးပြီး ခြောက်သွေ့နေရင် လက်ချောင်းလေးတွေဆို ၃၆ နာရီအတွင်း ဆက်ပေးပါတယ်။

ကြွက်သားပါတဲ့ တံတောင်ဆစ်တို့၊ လက်ကောက်ဝတ်တွေပြတ်ပြီဆိုရင်တော့ ၁၂ နာရီအထိ ဆက် ပေးနိုင်ပါတယ်”ဟု အဆိုပါဌာနမှ ပါမောက္ခ၊ ဌာနမှူးဒေါက်တာခင်မောင်မြင့်က News Watch ကို ပြောကြားသည်။

တောင်ဒဂုံစက်မှုဇုံရှိ စက္ကူစက်ရုံတခုမှ လူငယ်လုပ်သားတဦး လုပ်ငန်းခွင်မတော်တဆမှုကြောင့် လက်ချောင်းများပြတ်ထွက်သွားခဲ့ရာ ရန်ကုန်ဆေးရုံကြီး လက်ပိုင်းဆိုင်ရာခွဲစိတ်မှုပညာဌာနသို့ နည်းစနစ်မှန်ကန်စွာ သယ်ဆောင်လာသဖြင့် အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ခဲ့သော ဖြစ်စဉ်တခု ယခုနှစ် ၁၀ လပိုင်းက ဖြစ်ပွားခဲ့သည်။

”ဒီကလေးက အောက်တိုဘာလမှာ ဖြစ်ခဲ့တာ။ မွန်းလွဲ ၂ နာရီလောက်ပေါ့။ စက္ကူဖြတ်တဲ့စက်ထဲကို လက်ညှပ်သွားတာ။

ညာဘက်လက်က လက်ဖဝါးကနေ ပြတ်သွားတာ။ ဘယ်ဘက်က လက်ထိပ်လေးတွေပဲ ပြတ်သွားတာ။

ဖြစ်ဖြစ်ပြီးချင်း သင်္ဃန်းကျွန်းဆေးရုံကိုု သွားတယ်။ အဲဒီကနေမှ ကျွန်တော့်ဆီ ပို့လိုက်တာ။

ကျွန်တော့်ဆီရောက်လာတော့ ညနေ ၅ နာရီလောက်ရှိပြီ။ သူတို့က ပြတ်သွားတဲ့ လက်ကလေးတွေကို ရေခဲနဲ့ထုပ်လာတယ်။

အေးပြီး ခြောက်သွေ့နေတာပေါ့နော်။ အချိန်မီလည်းရောက်လာတယ်။

ညာ ဘက်လက်သုံးချောင်းကို အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ခဲ့တယ်။ လက်သန်းလေးကတော့ ကြေသွားလို့ မရတော့ဘူးပေါ့” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ခွဲစိတ်မှုအား ညနေ ၅ နာရီမှ စတင်ပြုလုပ်ခဲ့ရာ နံနက် ၂ နာရီခွဲတွင် ပြီးဆုံးခဲ့၍ ကြာမြင့်ချိန် ၁၀ နာရီနီးပါးရှိခဲ့ကြောင်းနှင့် ခွဲစိတ်ဆရာဝန် သုံးဦး၊ မေ့ဆေးဆရာဝန်နှစ်ဦးတို့ဖြင့် ခွဲစိတ်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ထိုလူနာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်ထားရှိ၍ လက်လေ့ကျင့်ခန်းများ ပြုလုပ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ပါမောက္ခဒေါက်တာဦးခင်မောင်မြင့်သည် ၁၉၉၈ ခုနှစ်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်အဖြစ် ပထမဆုံးခန့်အပ်ခံရသော ဆရာဝန်ကြီးဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် လက်ကောက်ဝတ်ပြတ်သော လူနာတဦးအား ပထမဆုံးအောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့ရာမှစ၍ ယခုလက်ရှိအချိန် ထိ ခွဲစိတ်မှုပေါင်းများစွာ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုပညာဌာနသည် ရန်ကုန် ဆေးတက္ကသိုလ်(၁)တွင်သာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး လာမည့်နှစ်တွင် မန္တလေးဆေး တက္ကသိုလ်နှင့်ရန်ကုန်ဆေးတက္ကသိုလ်(၂) တို့တွင် တိုးခဲျ့ဖွင့်လှစ်သွားနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top