ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စာဖတ္သူတို႔ သရဲေၾကာက္လား။သရဲမေၾကာက္တဲ့သူရယ္လို႔ေတာ့မရွိေသးပါဘူး။ မျမင္ဖူးေသးလို႔မေၾကာက္ဖူးေသးတာပဲရွိပါလိမ့္မယ္။ သရဲ၊ တေစၦနဲ႔ပတ္သတ္ျပီး သုေတသနမွတ္တမ္းေတြက အမ်ိဳးမ်ိဳးေဖာ္ထုတ္ထားပါတယ္။ တခ်ိိဳ႔ကေတာ့ရွိတယ္ေျပာၾကေပမယ့္ မယံုေသးတဲ့သူေတြလည္းရွိပါေသးတယ္။ အက္ဒမင့္အတြက္ေတာ့ ရွိတယ္လုိ႔တပ္အပ္ေျပာလုိ႔မရေသာ္ျငား မရွိဘူးလို႔လည္း ေကာက္ခ်က္မခ်ႏိုင္ေသးပါဘူး။ ေျပာလုိ႔မရဘူးေလ။ ေလာကၾကီးက အင္မတန္ဆန္းၾကယ္သကိုး။ ဒါေပမယ့္လည္း ကိုယ့္ေဘးနားမွ မျမင္ရတဲ့ နာနာဘာဝ ရွိမရွိဆိုတာမ်ိဳးကိုေတာ့ ဒီအခ်က္ေလးေတြနဲ႔သိႏိုင္ပါတယ္။

၁။လ်င္ျမန္တဲ့ အပူခ်ိန္အေျပာင္းအလဲ

ကိုယ္ေနတဲ့အခန္းက သာမန္အပူခ်ိန္မ်ဳိးရွိေပမယ့္လည္း ရုတ္တရက္ဆိုသလို ဘာအေၾကာင္းျပခ်က္မွကိုမရွိပဲ ေအးခနဲခံစားရရင္ တစ္ခုခုပါပဲ။

၂။အနားမွာ တစ္ေယာက္ေယာက္ရွိသလိုခံစားခ်က္

ကိုယ္က တစ္ေယာက္တည္း ကိုယ့္အလုပ္ကိုယ္လုပ္ေနေပမယ့္ တစ္ခါတေလ ကိုယ္ကတစ္ေယာက္တည္းမဟုတ္ပဲ တစ္စံုတစ္ေယာက္နဲ႔အတူတူရွိသလိုခံစားရရင္ အဲ့ဒါသရဲ၊ တေစၦတစ္မ်ိဳးမ်ိဳးရွိတယ္လုိ႔သတ္မွတ္လို႔ရပါတယ္။ လူတစ္ေယာက္ရဲ႕ မသိစိတ္ခံစားခ်က္မွာ အမွန္တရားတစ္ခုခု ကိန္းေအာင္းေနတတ္ပါတယ္။

၃။ေအးခနဲခံစားခ်က္

ျပတင္းေပါက္လည္းမဖြင့္ထား၊ တံခါးလည္းမဖြင့္ထားပဲ တစ္ေနရာကေလး ကြက္ခနဲေအးသြားရင္ေတာ့ ဒါဟာေပ်ာ္စရာေကာင္းတဲ့အျဖစ္အပ်က္ မဟုတ္ပါဘူး။

၄။ၾကက္သီးထျခင္း

ဘာမွလည္းမျဖစ္ပဲ ရုတ္တရက္ဆိုသလို ၾကက္သီးဖ်န္းခနဲထလာရင္ေတာ့ သတိေလးဘာေလးေတာ့ ထားပါ။ အနားမွာ ဘြားခနဲေပၚလာမွ ဒုကၡ.. 😀

၅။ေခြး

အိမ္မွာေမြးထားတဲ့ ကိုယ့္ေခြးေလးက တစ္ေနကိုပဲ ျငိမ္ျပီးစိုက္ၾကည့္ေနရင္၊ သူ႔နားရြက္ကေလးေတြ အေပၚကိုေထာင္ေနရင္ ေအာ္လိုက္ပါေတာ့။

၆။အနံ႔ဆိုး

ကိုယ့္အိမ္ခန္းထဲမွာ ပုပ္အဲ့အဲ့၊ ေအာက္သိုးသိုးအနံ႔ေတြရလာရင္လည္း တစ္ခုခုပါပဲ။ ဒါေပမယ့္လညး္ ေသခ်ာျပန္စစ္ၾကည့္ပါ။ ဒါကသရဲေၾကာင့္မဟုတ္ဘဲ အိမ္မသန္႔ရွင္းတဲ့အခါမွာလည္း ျဖစ္တတ္ေသးတယ္ မဟုတ္လား။

၇။အရိပ္

မ်က္လံုးေထာင့္နားကို ေစြၾကည့္လုိက္လို႔ေဘးက အရိပ္ျမင္လာရင္ေတာ့ ထင္ေယာင္ထင္မွားျဖစ္တယ္လုိ႔ ေကာက္ခ်က္ခ်လုိ႔ရေပမယ့္ အကႌ်၊ မ်က္ႏွာ၊ ကိုယ္ထည္ စသျဖင့္ အတိအက်ပံုေဖာ္ႏုိင္ရင္ေတာ့…

၈။တံခါးေခါက္သံ

အိမ္နီးနားခ်င္းကေလးေတြ လက္ေဆာ့တတ္ရင္ေတာ့ ဒီအခ်က္ကိုပယ္ပစ္လုိက္ပါ။ အဲ့ဒီလိုမဟုတ္ရင္ေတာ့ နားစြင့္ေနပါ။ ေခါက္သံေတြ မၾကာခဏၾကားေနရရင္ေတာ့ နာနာဘာဝေတြက attention စယူေနတာပါ။( သူတို႔လည္း Attention seeker တစ္မ်ိဳးပါပဲ)

၉။ေျခသံ

သရဲကားေတြထဲမွာ ေျခသံကိုအဓိကထားျပီးေျခာက္လွန္႔ၾကတာအလကားမဟုတ္ပါဘူး။ ကိုယ့္အိမ္မွာပဲျဖစ္ျဖစ္ တျခားသူအိမ္မွာပဲျဖစ္ျဖစ္ အေၾကာင္းအရင္းမရွိဘဲေျခသံေတြၾကားေနရရင္ တစ္ခုခုပါပဲ။

၁၀။ တီးတိုးေျပာသံ

ကိုယ့္အနားမွာ မၾကာခဏဆုိသလုိ တီးတုိးေျပာသံေတြၾကားေနရလား။ တစ္ခါတစ္ေလ ကိုယ့္စိတ္ကူးထဲကအသံျဖစ္ေနႏိုင္ေပမယ့္လည္း မၾကာခဏဆိုသလိုၾကားေနရရင္ေတာ့ နည္းနည္းထိတ္လန္႔စရာပါပဲ။


 ဒီအခ်က္ကေလးေတြဖတ္ျပီး ထစ္ခနဲဆိုတိုင္း သရဲရွိတယ္မထင္လုိက္ပါနဲ႔။ ေသခ်ာမခာ်အရင္ဆန္းစစ္လုိက္ပါဦး။ ေၾကာက္စိတ္ဝင္ေနရင္ေတာ့ ဘယ္ဟာျမင္ျမင္သရဲရွိတယ္ပဲထင္ေနပါလိမ့္မယ္။ ဒါေၾကာင့္ ဒီအခ်က္ေတြထဲကတစ္ခုခုၾကံဳလာရင္ေတာင္ စိတ္ေအးေအးနဲ႔ေျဖရွင္းဖို႔ ၾကိဳးစားၾကည့္ၾကပါေနာ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Christina (For Her Myanmar)

#Unicode Version#
စာဖတ်သူတို့ သရဲကြောက်လား။သရဲမကြောက်တဲ့သူရယ်လို့တော့မရှိသေးပါဘူး။ မမြင်ဖူးသေးလို့မကြောက်ဖူးသေးတာပဲရှိပါလိမ့်မယ်။ သရဲ၊ တစ္ဆေနဲ့ပတ်သတ်ပြီး သုတေသနမှတ်တမ်းတွေက အမျိုးမျိုးဖော်ထုတ်ထားပါတယ်။ တချို့ကတော့ရှိတယ်ပြောကြပေမယ့် မယုံသေးတဲ့သူတွေလည်းရှိပါသေးတယ်။ အက်ဒမင့်အတွက်တော့ ရှိတယ်လို့တပ်အပ်ပြောလို့မရသော်ငြား မရှိဘူးလို့လည်း ကောက်ချက်မချနိုင်သေးပါဘူး။ ပြောလို့မရဘူးလေ။ လောကကြီးက အင်မတန်ဆန်းကြယ်သကိုး။ ဒါပေမယ့်လည်း ကိုယ့်ဘေးနားမှ မမြင်ရတဲ့ နာနာဘာဝ ရှိမရှိဆိုတာမျိုးကိုတော့ ဒီအချက်လေးတွေနဲ့သိနိုင်ပါတယ်။

၁။လျင်မြန်တဲ့ အပူချိန်အပြောင်းအလဲ

ကိုယ်နေတဲ့အခန်းက သာမန်အပူချိန်မျိုးရှိပေမယ့်လည်း ရုတ်တရက်ဆိုသလို ဘာအကြောင်းပြချက်မှကိုမရှိပဲ အေးခနဲခံစားရရင် တစ်ခုခုပါပဲ။

၂။အနားမှာ တစ်ယောက်ယောက်ရှိသလိုခံစားချက်

ကိုယ်က တစ်ယောက်တည်း ကိုယ့်အလုပ်ကိုယ်လုပ်နေပေမယ့် တစ်ခါတလေ ကိုယ်ကတစ်ယောက်တည်းမဟုတ်ပဲ တစ်စုံတစ်ယောက်နဲ့အတူတူရှိသလိုခံစားရရင် အဲ့ဒါသရဲ၊ တစ္ဆေတစ်မျိုးမျိုးရှိတယ်လို့သတ်မှတ်လို့ရပါတယ်။ လူတစ်ယောက်ရဲ့ မသိစိတ်ခံစားချက်မှာ အမှန်တရားတစ်ခုခု ကိန်းအောင်းနေတတ်ပါတယ်။

၃။အေးခနဲခံစားချက်

ပြတင်းပေါက်လည်းမဖွင့်ထား၊ တံခါးလည်းမဖွင့်ထားပဲ တစ်နေရာကလေး ကွက်ခနဲအေးသွားရင်တော့ ဒါဟာပျော်စရာကောင်းတဲ့အဖြစ်အပျက် မဟုတ်ပါဘူး။

၄။ကြက်သီးထခြင်း

ဘာမှလည်းမဖြစ်ပဲ ရုတ်တရက်ဆိုသလို ကြက်သီးဖျန်းခနဲထလာရင်တော့ သတိလေးဘာလေးတော့ ထားပါ။ အနားမှာ ဘွားခနဲပေါ်လာမှ ဒုက္ခ.. 😀

၅။ခွေး

အိမ်မှာမွေးထားတဲ့ ကိုယ့်ခွေးလေးက တစ်နေကိုပဲ ငြိမ်ပြီးစိုက်ကြည့်နေရင်၊ သူ့နားရွက်ကလေးတွေ အပေါ်ကိုထောင်နေရင် အော်လိုက်ပါတော့။

၆။အနံ့ဆိုး

ကိုယ့်အိမ်ခန်းထဲမှာ ပုပ်အဲ့အဲ့၊ အောက်သိုးသိုးအနံ့တွေရလာရင်လည်း တစ်ခုခုပါပဲ။ ဒါပေမယ့်လည်း သေချာပြန်စစ်ကြည့်ပါ။ ဒါကသရဲကြောင့်မဟုတ်ဘဲ အိမ်မသန့်ရှင်းတဲ့အခါမှာလည်း ဖြစ်တတ်သေးတယ် မဟုတ်လား။

၇။အရိပ်

မျက်လုံးထောင့်နားကို စွေကြည့်လိုက်လို့ဘေးက အရိပ်မြင်လာရင်တော့ ထင်ယောင်ထင်မှားဖြစ်တယ်လို့ ကောက်ချက်ချလို့ရပေမယ့် အင်္ကျီ၊ မျက်နှာ၊ ကိုယ်ထည် စသဖြင့် အတိအကျပုံဖော်နိုင်ရင်တော့…

၈။တံခါးခေါက်သံ

အိမ်နီးနားချင်းကလေးတွေ လက်ဆော့တတ်ရင်တော့ ဒီအချက်ကိုပယ်ပစ်လိုက်ပါ။ အဲ့ဒီလိုမဟုတ်ရင်တော့ နားစွင့်နေပါ။ ခေါက်သံတွေ မကြာခဏကြားနေရရင်တော့ နာနာဘာဝတွေက attention စယူနေတာပါ။( သူတို့လည်း Attention seeker တစ်မျိုးပါပဲ)

၉။ခြေသံ

သရဲကားတွေထဲမှာ ခြေသံကိုအဓိကထားပြီးခြောက်လှန့်ကြတာအလကားမဟုတ်ပါဘူး။ ကိုယ့်အိမ်မှာပဲဖြစ်ဖြစ် တခြားသူအိမ်မှာပဲဖြစ်ဖြစ် အကြောင်းအရင်းမရှိဘဲခြေသံတွေကြားနေရရင် တစ်ခုခုပါပဲ။

၁၀။ တီးတိုးပြောသံ

ကိုယ့်အနားမှာ မကြာခဏဆိုသလို တီးတိုးပြောသံတွေကြားနေရလား။ တစ်ခါတစ်လေ ကိုယ့်စိတ်ကူးထဲကအသံဖြစ်နေနိုင်ပေမယ့်လည်း မကြာခဏဆိုသလိုကြားနေရရင်တော့ နည်းနည်းထိတ်လန့်စရာပါပဲ။


 ဒီအချက်ကလေးတွေဖတ်ပြီး ထစ်ခနဲဆိုတိုင်း သရဲရှိတယ်မထင်လိုက်ပါနဲ့။ သေချာမခာျအရင်ဆန်းစစ်လိုက်ပါဦး။ ကြောက်စိတ်ဝင်နေရင်တော့ ဘယ်ဟာမြင်မြင်သရဲရှိတယ်ပဲထင်နေပါလိမ့်မယ်။ ဒါကြောင့် ဒီအချက်တွေထဲကတစ်ခုခုကြုံလာရင်တောင် စိတ်အေးအေးနဲ့ဖြေရှင်းဖို့ ကြိုးစားကြည့်ကြပါနော်…

ဖိုးသူတော် (www.phothutaw.com)
Credit: Christina (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top