ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ထိုင္းေတာင္ပိုင္း ဖူးကက္ ခ႐ုိင္ ဖူးကက္ၿမိဳ႕မွာ ျမန္မာအလုပ္သမတဦးက သူ႔ရဲ႕ ၇ ႏွစ္ရြယ္ သမီးေလးကို သံေျခက်င္းခတ္ထားတဲ့အတြက္ ထုိင္းတာ၀န္ရွိသူေတြက သြားေရာက္စစ္ေဆးၿပီး မိန္းကေလးငယ္ကို အကူအညီေပးခဲ့ရတယ္လို႔ မန္ေနဂ်ာအြန္လိုင္း ထိုင္းသတင္းမွာ ေဖာ္ျပ ပါတယ္။

ဖူးကက္ၿမိဳ႕လယ္ေခါင္ ဖြန္းဖုန္းညေစ်းတန္းမွာ ၇ ႏွစ္ရြယ္ မိန္းကေလးငယ္တဦး သံေျခ က်င္းခတ္လ်က္ သြားလာေနတဲ့ပံုေတြ လူမႈကြန္ရက္မွာ တက္လာၿပီး ေ၀ဘန္မႈတြ ျမင့္ေနသလို၊ ဖူးကစ္ၿမိဳ႕ခံ ျပည္သူတခ်ဳိ႕ကလည္း မေန႔ ညက One Home ဖူးကက္ကေလး သူငယ္ေစာင့္ေရွာက္ေရးေဂဟာကို တိုင္ၾကားလာတာေၾကာင့္ ဒီမနက္ ၁၀ နာရီေလာက္မွာ လူမႈ ဖြံ႔ၿဖိဳးေရးနဲ႔ မႏုႆတည္တံ့ေရး ဌာနဆိုင္ရာ တာ၀န္ရွိသူေတြနဲ အတူ သြားေရာက္ၾကည့္႐ႈ စစ္ေဆးခဲ့တယ္လို႔ One Home ေဂဟာတာ၀န္ရွိသူ နန္းေဆာင္အတ္ခ်ရာ ဆုရကြန္းက သတင္းေထာက္ေတြကို ေျပာပါတယ္။

သူတို႔ေရာက္သြားတဲ့အခ်ိန္မွာ မိန္းကေလးငယ္မွာ သံေျခက်င္းခတ္ခံရတဲ့အျပင္ ခႏၶာကိုယ္ မွာ အညိႇမည္းရာေတြပါ ေတြ႔ရေၾကာင္း၊ ကေလးရဲ႕မိခင္ျဖစ္သူနဲ႔ေတြ႔လို႔ အက်ိဳးအေၾကာင္း ေမးျမန္းၾကည့္ရာမွာေတာ့ အသက္ ၃၃ ႏွစ္ရြယ္ ျမန္မာအမ်ိဳးသမီးက သူမမွာ လသားအရြယ္ ကေလးက တဘက္၊ ပန္းရံအလုပ္ကတဘက္နဲ႔မို႔ သမီးကို မၾကည့္အားတဲ့အတြက္ ခုလိုသံႀကိဳးနဲ႔ ခ်ည္ထားရတာျဖစ္ေၾကာင္း၊ သမီးျဖစ္သူက ဟိုဒီေလွ်ာက္သြားတတ္ၿပီး ဆိုးသြမ္းလို႔ ေပ်ာက္သြား မွာ စိုးရိမ္ေၾကာင္း၊ ကေလးကိုယ္ေပၚက အညိႇမည္းဒဏ္ရာေတြကလည္း ကေလးက ေျပာစကား နားမေထာင္လို႔ ႐ုိက္ထားတာလို႔ ၀န္ခံသြားပါတယ္။

သူမက ဆက္လက္ၿပီး သူ႔မွာ အရင္အိမ္ေထာင္နဲ႔ ကေလး ၄ ေယာက္၊ အခုအိမ္ေထာင္နဲ႔ လသားရြယ္ကေလးတေယာက္ရွိေၾကာင္း၊ အရင္က ကေလးေတြကို ျမန္မာျပည္မွ ာျပန္ထားေပ မယ့္ အဆင္မေျပလို႔ ျပန္ေခၚလာခဲ့ၿပီး အလုပ္တဘက္နဲ႔ ကသီလင္တျဖစ္ေနတာကို ေျပာျပ ပါတယ္။

ဒါေၾကာင့္ ေစာင့္ေရွာက္ေရးေဂဟာ တာ၀န္ရွိသူေတြက သံေျခက်င္းခတ္ခံရတဲ့ ၇ ႏွစ္ရြယ္ မိန္းကေလးနဲ႔ အသက္ ၉ ႏွစ္ရြယ္ သူ႔အကိုတို႔ကို ေဂဟာမွာ ျပဳစုေစာင့္ေရွာက္ေပးဖို႔ မိခင္နဲ႔ ပေထြးတို႔ရဲ႕ခြင့္ျပဳခ်က္နဲ႔ ေခၚေဆာင္လာခဲ့တယ္လို႔ ဆိုပါတယ္။

သံေျခက်င္းခတ္ခံရတဲ့ ကေလးမေလးဟာ ေၾကာက္စိတ္ေတြ၀င္ေနၿပီး ထိုင္းစကားလည္း နားမလည္လို႔ ေလာေလာဆယ္ ဘာမွ ေမးလို႔မရေသးေၾကာင္း၊ မိခင္ျဖစ္သူရဲ႕မွားယြင္းတဲ့ ကေလးျပဳစုေစာင့္ေရွာက္ေရးပံုစံနဲ႔ ပတ္သက္ၿပီး မိခင္ကို အသိပညာေပးဖို႔ကေတာ့ အခ်ိန္ယူ ရမွာျဖစ္တယ္လို႔ နန္းေဆာင္အတ္ခ်ရာ က သတင္းေထာက္ေတြကို ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#

ထိုင်းတောင်ပိုင်း ဖူးကက် ခရိုင် ဖူးကက်မြို့မှာ မြန်မာအလုပ်သမတဦးက သူ့ရဲ့ ၇ နှစ်ရွယ် သမီးလေးကို သံခြေကျင်းခတ်ထားတဲ့အတွက် ထိုင်းတာဝန်ရှိသူတွေက သွားရောက်စစ်ဆေးပြီး မိန်းကလေးငယ်ကို အကူအညီပေးခဲ့ရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။

ဖူးကက်မြို့လယ်ခေါင် ဖွန်းဖုန်းညဈေးတန်းမှာ ၇ နှစ်ရွယ် မိန်းကလေးငယ်တဦး သံခြေ ကျင်းခတ်လျက် သွားလာနေတဲ့ပုံတွေ လူမှုကွန်ရက်မှာ တက်လာပြီး ဝေဘန်မှုတွ မြင့်နေသလို၊ ဖူးကစ်မြို့ခံ ပြည်သူတချို့ကလည်း မနေ့ ညက One Home ဖူးကက်ကလေး သူငယ်စောင့်ရှောက်ရေးဂေဟာကို တိုင်ကြားလာတာကြောင့် ဒီမနက် ၁၀ နာရီလောက်မှာ လူမှု ဖွံ့ဖြိုးရေးနဲ့ မနုဿတည်တံ့ရေး ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ One Home ဂေဟာတာဝန်ရှိသူ နန်းဆောင်အတ်ချရာ ဆုရကွန်းက သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ရောက်သွားတဲ့အချိန်မှာ မိန်းကလေးငယ်မှာ သံခြေကျင်းခတ်ခံရတဲ့အပြင် ခန္ဓာကိုယ် မှာ အညှိမည်းရာတွေပါ တွေ့ရကြောင်း၊ ကလေးရဲ့မိခင်ဖြစ်သူနဲ့တွေ့လို့ အကျိုးအကြောင်း မေးမြန်းကြည့်ရာမှာတော့ အသက် ၃၃ နှစ်ရွယ် မြန်မာအမျိုးသမီးက သူမမှာ လသားအရွယ် ကလေးက တဘက်၊ ပန်းရံအလုပ်ကတဘက်နဲ့မို့ သမီးကို မကြည့်အားတဲ့အတွက် ခုလိုသံကြိုးနဲ့ ချည်ထားရတာဖြစ်ကြောင်း၊ သမီးဖြစ်သူက ဟိုဒီလျှောက်သွားတတ်ပြီး ဆိုးသွမ်းလို့ ပျောက်သွား မှာ စိုးရိမ်ကြောင်း၊ ကလေးကိုယ်ပေါ်က အညှိမည်းဒဏ်ရာတွေကလည်း ကလေးက ပြောစကား နားမထောင်လို့ ရိုက်ထားတာလို့ ဝန်ခံသွားပါတယ်။

သူမက ဆက်လက်ပြီး သူ့မှာ အရင်အိမ်ထောင်နဲ့ ကလေး ၄ ယောက်၊ အခုအိမ်ထောင်နဲ့ လသားရွယ်ကလေးတယောက်ရှိကြောင်း၊ အရင်က ကလေးတွေကို မြန်မာပြည်မှ ာပြန်ထားပေ မယ့် အဆင်မပြေလို့ ပြန်ခေါ်လာခဲ့ပြီး အလုပ်တဘက်နဲ့ ကသီလင်တဖြစ်နေတာကို ပြောပြ ပါတယ်။

ဒါကြောင့် စောင့်ရှောက်ရေးဂေဟာ တာဝန်ရှိသူတွေက သံခြေကျင်းခတ်ခံရတဲ့ ၇ နှစ်ရွယ် မိန်းကလေးနဲ့ အသက် ၉ နှစ်ရွယ် သူ့အကိုတို့ကို ဂေဟာမှာ ပြုစုစောင့်ရှောက်ပေးဖို့ မိခင်နဲ့ ပထွေးတို့ရဲ့ခွင့်ပြုချက်နဲ့ ခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

သံခြေကျင်းခတ်ခံရတဲ့ ကလေးမလေးဟာ ကြောက်စိတ်တွေဝင်နေပြီး ထိုင်းစကားလည်း နားမလည်လို့ လောလောဆယ် ဘာမှ မေးလို့မရသေးကြောင်း၊ မိခင်ဖြစ်သူရဲ့မှားယွင်းတဲ့ ကလေးပြုစုစောင့်ရှောက်ရေးပုံစံနဲ့ ပတ်သက်ပြီး မိခင်ကို အသိပညာပေးဖို့ကတော့ အချိန်ယူ ရမှာဖြစ်တယ်လို့ နန်းဆောင်အတ်ချရာ က သတင်းထောက်တွေကို ပြောသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top