ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ထာဝရအေမ ရုပ္ရွင္ဇာတ္ကားႀကီးရုိက္ဖုိ႔ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္ရဲ႕ ဆႏၵေၾကာင့္လည္းျဖစ္သလုိ ဆရာႀကီးေဒါက္တာခင္ေမာင္ဝင္းရဲ႕ ဝတၳဳ ေကာင္းတစ္ပုဒ္ကုိ ျငင္းစရာမရွိတဲ့အတြက္ လက္ခံရုိက္ကူးျဖစ္ခဲ့တယ္လုိ႔ အကယ္ဒမီသရုပ္ေဆာင္ ေမသန္းႏုက Duwun Media ကေန ေျပာျပခဲ့ပါတယ္။

'' သားသားကေတာ့ အနီးကပ္ သူ႔အေဖနဲ႔ အတူတြဲၿပီး ပါေနတဲ့အခါက်ေတာ့ အေမျဖစ္သူရဲ႕ ကာရုိက္တာကုိ အျမဲတမ္းသတိထားတယ္ေလ။ အေမက ဒုိင္ယာေလာ့ေျပာမယ္ဆုိရင္ သူက စာအုပ္ကုိ ၾကည့္ေနတာ မဆင့္တုိ႔က ကုိယ့္ရဲ႕သရုပ္ေဆာင္မႈ၊ အတက္အက်ကုိ ကုိယ့္ဘာသာ ကုိယ္သာ လုပ္သြားတာ ကုိယ္ကေတာ့ ေကာင္းတယ္ထင္တာေပါ့ေလ။ အဲ့ဒီမွာ သားသားက  လာလာေျပာတယ္  ေမေမ အဲ့ဒီေနရာမွာဆုိ ဘယ္လုိေလး ေလ်ာ့လုိက္ေမေမ အဲ့ဒီေနရာမွာဆုိ နည္းနည္းေလးပုိထည့္လုိက္ေလ ဆုိၿပီးေတာ့ လာလာၿပီး သတိေပးတယ္။ ေဘးကၾကေတာ့ ပုိအျမင္ရွိတာေပါ့ေနာ္ အဲ့ဒါေၾကာင့္ သားသားရဲ႕ စကားကုိနားေထာင္ၿပီး လုပ္ခဲ့ရတာေလးေတြလည္းရွိတယ္'' လုိ႔ သူကဆုိပါတယ္။

အေမဇာတ္ကားေတြထဲမွာ အမွတ္တရအရွိဆုံးနဲ႔ ေမွ်ာ္လင့္ခ်က္ထားတယ္ဆုိတာကုိလည္း အကယ္ဒမီေမသန္းႏုက အခုလုိေျပာျပခဲ့ပါတယ္။

'' ဆရာကလည္း သူ႔ရဲ႕ဝတၳဳက အရမ္းေကာင္းတဲ့အခါက်ေတာ့ ျငင္းစရာအေၾကာင္းဘာမွမရွိဘူးေလ။ ၿပီးေတာ့ သားသားရဲ႕ ဆႏၵေလး လည္းပါတယ္ဆုိေတာ့ မဆင့္ရုိက္ျဖစ္တာေပါ့။ ဒီဇာတ္ကားကေတာ့ အေမဇာတ္ကားေတြထဲမွာမွ အမွတ္တရအရွိဆုံးပါပဲ။ တစ္ကားလုံးကလည္း ကုိယ့္ရဲ႕ သရုပ္ေဆာင္မႈေတြခ်ည္းပဲဆုိေတာ့ မဆင့္ႀကိဳးစားရက်ဳိးနပ္တယ္။ ေမွ်ာ္လည္း ေမွ်ာ္လင့္ပါတယ္ ဒီဇာတ္ကားေလးကုိေလ'' လုိ႔ အကယ္ဒမီေမသန္းႏုက ေျပာပါတယ္။

သရုပ္ေဆာင္ေမသန္းႏုကေတာ့ ထာဝရအေမ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ဆရာႀကီး ေဒါက္တာခင္ေမာင္ဝင္းရဲ႕ မိခင္တစ္ေယာက္ေနရာက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးကလည္း မိဘ ေမတၱာကုိ ေဖာ္က်ဴးတင္ဆက္ထားတဲ့ ဇာတ္ကားျဖစ္လို႔ အမွတ္ တရ ေတြလည္း အမ်ားႀကီးရွိခဲ့တယ္လုိ႔ Duwun Media  ကေနတဆင့္ ေျပာျပခဲ့ပါတယ္။

photo: ထာဝရအေမ ေဖ့စ္ဘုတ္ေပ့ခ်္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ ဆန္ဒကြောင့်လည်းဖြစ်သလို ဆရာကြီးဒေါက်တာခင်မောင်ဝင်းရဲ့ ဝတ္ထု ကောင်းတစ်ပုဒ်ကို ငြင်းစရာမရှိတဲ့အတွက် လက်ခံရိုက်ကူးဖြစ်ခဲ့တယ်လို့ အကယ်ဒမီသရုပ်ဆောင် မေသန်းနုက Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' သားသားကတော့ အနီးကပ် သူ့အဖေနဲ့ အတူတွဲပြီး ပါနေတဲ့အခါကျတော့ အမေဖြစ်သူရဲ့ ကာရိုက်တာကို အမြဲတမ်းသတိထားတယ်လေ။ အမေက ဒိုင်ယာလော့ပြောမယ်ဆိုရင် သူက စာအုပ်ကို ကြည့်နေတာ မဆင့်တို့က ကိုယ့်ရဲ့သရုပ်ဆောင်မှု၊ အတက်အကျကို ကိုယ့်ဘာသာ ကိုယ်သာ လုပ်သွားတာ ကိုယ်ကတော့ ကောင်းတယ်ထင်တာပေါ့လေ။ အဲ့ဒီမှာ သားသားက  လာလာပြောတယ်  မေမေ အဲ့ဒီနေရာမှာဆို ဘယ်လိုလေး လျော့လိုက်မေမေ အဲ့ဒီနေရာမှာဆို နည်းနည်းလေးပိုထည့်လိုက်လေ ဆိုပြီးတော့ လာလာပြီး သတိပေးတယ်။ ဘေးကကြတော့ ပိုအမြင်ရှိတာပေါ့နော် အဲ့ဒါကြောင့် သားသားရဲ့ စကားကိုနားထောင်ပြီး လုပ်ခဲ့ရတာလေးတွေလည်းရှိတယ်'' လို့ သူကဆိုပါတယ်။

အမေဇာတ်ကားတွေထဲမှာ အမှတ်တရအရှိဆုံးနဲ့ မျှော်လင့်ချက်ထားတယ်ဆိုတာကိုလည်း အကယ်ဒမီမေသန်းနုက အခုလိုပြောပြခဲ့ပါတယ်။

'' ဆရာကလည်း သူ့ရဲ့ဝတ္ထုက အရမ်းကောင်းတဲ့အခါကျတော့ ငြင်းစရာအကြောင်းဘာမှမရှိဘူးလေ။ ပြီးတော့ သားသားရဲ့ ဆန္ဒလေး လည်းပါတယ်ဆိုတော့ မဆင့်ရိုက်ဖြစ်တာပေါ့။ ဒီဇာတ်ကားကတော့ အမေဇာတ်ကားတွေထဲမှာမှ အမှတ်တရအရှိဆုံးပါပဲ။ တစ်ကားလုံးကလည်း ကိုယ့်ရဲ့ သရုပ်ဆောင်မှုတွေချည်းပဲဆိုတော့ မဆင့်ကြိုးစားရကျိုးနပ်တယ်။ မျှော်လည်း မျှော်လင့်ပါတယ် ဒီဇာတ်ကားလေးကိုလေ'' လို့ အကယ်ဒမီမေသန်းနုက ပြောပါတယ်။

သရုပ်ဆောင်မေသန်းနုကတော့ ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းရဲ့ မိခင်တစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကလည်း မိဘ မေတ္တာကို ဖော်ကျူးတင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်လို့ အမှတ် တရ တွေလည်း အများကြီးရှိခဲ့တယ်လို့ Duwun Media  ကနေတဆင့် ပြောပြခဲ့ပါတယ်။

photo: ထာဝရအမေ ဖေ့စ်ဘုတ်ပေ့ချ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top