ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အခ်စ္…အခ်စ္…အခ်စ္…။ အခ်စ္ဆိုတဲ့အရာက တစ္ခါတစ္ေလမွာ သစၥာတို႔ထင္သေလာက္ မ႐ိုးရွင္းသလို ထင္သေလာက္လည္း မ႐ႈပ္ေထြးေနျပန္ဘူး။ ကိုယ့္ဘဝရဲ႕လက္တြဲေဖာ္ကို ေရြးခ်ယ္ရေတာ့မယ္ဆိုတဲ့အခါ သစၥာတို႔မိန္းမသားအမ်ားစုက အခ်စ္ကိုေရွ႕တန္းတင္တတ္ၾကတာမလား ေယာင္းတို႔ေရ။ မိန္းမသားေတြဟာ အခ်စ္နဲ႔ပတ္သက္လာရင္ အမွားမခံတတ္ၾကပါဘူး။ အခ်စ္ရွိမွသာအရာရာ အဆင္ေျပႏိုင္မယ္လို႔ လက္ခံယံုၾကည္တတ္ၾကတယ္။ ဒါေပမဲ့လည္း တစ္ခါတေလက်ေတာ့ ကိုယ့္ကိုကိုယ္ဒီလိုျပန္ေမးၾကည့္ေပးဖို႔လိုျပန္ေရာ။ အခ်စ္တစ္ခုတည္းနဲ႔ ဘဝတစ္ခုအရာရာျပည့္စံုႏိုင္ၿပီလား? အခ်စ္တစ္ခုတည္းနဲ႔ ဘဝတစ္ခုေတာင္မျပည့္စံုႏိုင္ရင္ ဘဝႏွစ္ခုကို ဘယ္လိုေရႊဂေဟဆက္ၾကမွာလဲ?

ဘဝတစ္ခု ဘယ္လိုျပည့္စံုႏိုင္မွာလဲ?

သစၥာတို႔ေတြ ကိုယ့္အနီးအနား ပတ္ဝန္းက်င္မွာလည္း ေတြ႕ဖူးၾကတယ္။ တခ်ိဳ႕ခ်စ္သူရည္းစား လင္မယားေတြဆို အရမ္းခ်စ္ၾကပါလ်က္နဲ႔ လက္တြဲေတြမခိုင္ၿမဲၾကဘူး။ ခ်စ္လ်က္သားနဲ႔ ေကြကြင္းၾကရတယ္။ဒါေတြဟာ သစၥာတို႔မ်က္စိေရွ႕မွာတင္ပဲ ျဖစ္ပ်က္ခဲ့တာ။ ျဖစ္ပ်က္ေနတာ။ ေနာက္လည္းထပ္ျဖစ္ေနဦးမွာပါပဲ။

သစၥာတို႔ယံုၾကည္ထားတဲ့ ‘အခ်စ္ဆိုတာ အရာရာကိုေစစားႏိုင္တယ္ဆိုတာေတြ၊ အခ်စ္ကိုကိုးကြယ္ရင္ စိတ္ေအးခ်မ္းသာရမယ္ဆိုတာေတြ’ ဒါေတြဟာ ႐ုတ္ခ်ည္းဆိုသလို ေျပာင္းလဲေပ်ာက္ပ်က္သြားတတ္ၾကတယ္။ ဒါဆို သစၥာတို႔ကိုယ့္ကိုိကိုယ္တစ္ဖန္ ျပန္ေမးဖို႔လိုလာတာက တစ္ခုတည္းပဲ။ခ်စ္တတ္႐ံုနဲ႔ လံုေလာက္ၿပီလား?

ဟုတ္တယ္။ သစၥာတို႔ အခ်စ္ဆိုတဲ့ စာလံုးႏွစ္လံုးအေပၚ အရမ္းယံုၾကည္အားကိုးခဲ့တတ္ၾကတယ္။ လက္တြဲေဖာ္ႏွစ္ေယာက္ ဘဝႏွစ္ခုကို ဂေဟဆက္ၾကတဲ့ခါ ဂေဟဆက္ရာ တိက်ေနဖို႔၊ ဆက္ရာက တအား႐ုပ္မဆိုးဘဲ ၾကည့္လို႔အဆင္ေျပေနဖို႔၊ တာရွည္ခိုင္ၿမဲေနဖို႔လိုတယ္ဆိုတာကို မသိသလို လ်စ္လ်ဴရႈတတ္ခ့ဲၾကတယ္။ ခ်စ္တတ္ဖို႔အျပင္ နားလည္ခြင့္လႊတ္တတ္ဖို႔၊ စာနာအားေပးတတ္ဖို႔၊ ေလးစားျမတ္ႏိုးတတ္ဖို႔ကစလို႔…

မတူညီတဲ့ တန္ဖိုးထားမႈေတြအေပၚ သူ႔တန္ဖိုးထားမႈ ကိုယ့္တန္ဖိုးထားမႈေတြကို ေလးစားေပးဖို႔၊ ခံယူခ်က္ခ်င္းမတူတာေတြကို နားလည္ေပးတတ္ဖို႔အဆံုး အရာအေတာ္မ်ားမ်ား လိုအပ္ပါတယ္။ ေနာက္ၿပီး အေျခအေနအခ်ိန္အခါအရ ခဏတာကြဲကြာဖို႔လိုလာရင္ ခြဲခြာေပးတတ္မႈကလည္း လက္တြဲကို ပိုခိုင္ၿမဲေစႏိုင္လိမ့္မယ္ ဆိုတာလည္း ထည့္စဥ္းစားရမယ္။

သစၥာတို႔ ေယာင္းတို႔ရဲ႕အခ်စ္ဂေဟဆက္ျခင္းမွာ ပညာသားပါမွရမယ္။ နီးစပ္သင့္တဲ့အခါ နီးကပ္ေပးရၿပီး ေဝးကြာဖို႔အေၾကာင္းဖန္လာရင္လည္း အလိုက္သင့္ေလးခြဲခြာေပးရလိမ့္မယ္။ ဒါဟာအခ်စ္ဂေဟဆက္ျခင္းမွာ တတ္ထားရမယ့္အရာေတြပါပဲ။

ရွိပါတယ္။ ခ်စ္သူရည္းစားက ခရီးေဝးသြားရတဲ့ခါ၊ အလုပ္မွာအာ႐ံုမ်ားေနတဲ့ခါ၊ စိတ္ဖိစီးမႈေတြမ်ားလာတဲ့ခါ၊ အခ်စ္ဆိုတဲ့အရာထက္ ပိုအေရးပါတဲ့အရာေတြကို ဦးစားေပးရတဲ့ခါ သစၥာတို႔က အရမ္းတြယ္တာေနလို႔မရဘူး။ အဲ့လိုပဲ…တစ္ခါတစ္ေလ သူ႔အေပါင္းသင္းေရာင္းရင္းေတြနဲ႔ အျပင္ထြက္ ေလွ်ာက္လည္တာလည္းရွိေကာင္းရွိမယ္။ ဒါကုိသစၥာတို႔ မခ်စ္တတ္ရေကာင္းလားဆိုၿပီး အျပစ္သြားျမင္လို႔မရဘူးေလ။ နားလည္ေပးတတ္ရတယ္။ အခ်စ္ကအရာရာမွမဟုတ္ပဲ။ အခ်စ္ကထမင္းမေကၽြးဘူး။ အခ်စ္ကေရမတိုက္ဘူး။ အခ်စ္ကပိုက္ဆံေတြမဖန္တီးေပးႏိုင္ဘူး။ ဒါဟာ လက္ေတြ႕ဘဝရဲ႕ အမွန္တရားပဲ။ ဘာလို႔ဆို လက္ေတြ႕ဘဝမွာ ပိုက္ဆံမရွိရင္ ကြ်န္မတို႔မရွင္သန္ႏိုင္ဘူးေလ။

တစ္ဘက္ကလည္း အရမ္းခ်စ္ပါရဲ႕ဆိုၿပီး သစၥာတို႔မိန္းကေလးေတြက ကိုယ့္အခ်စ္ေတြကို အတင္းထိုးေပးလို႔လည္းမရျပန္ဘူး။ မိန္းမသားတအားဆန္ေနလို႔မရဘူး။ ရည္ရွည္လက္တြဲသြားၾကမယ့္သူေတြျဖစ္လို႔ အခ်ိန္တိုင္းအၿမဲတမ္း တူတူရွိခ်င္မွရွိလိမ့္မယ္။ အခ်ိန္တိုင္းအၿမဲတမ္း ခ်စ္ႏိုင္ခ်င္မွခ်စ္လိမ့္မယ္။ ဒါဟာ ခါးသီးေပမယ့္ အမွန္တရားပါပဲ။

ထပ္ေျပာပါဦးမယ္။ အခ်စ္တစ္ခုတည္းနဲ႔ သာယာခ်ိဳၿမိန္တဲ့ အခ်စ္လမ္း (relationship)တစ္ခုကို ေလွ်ာက္လွမ္းႏိုင္မွာမဟုတ္ဘူး။ အခ်စ္တစ္ခုတည္းနဲ႔ ခိုင္ၿမဲတဲ့အိမ္ေထာင္ေရးတစ္ခုကို သစၥာတို႔ ထူေထာင္ႏိုင္မွာမဟုတ္ဘူး။ အခ်စ္ရွိ႐ံုနဲ႔ အရာရာျပည့္စံုလာမွာမဟုတ္ဘူး။ ခ်စ္တတ္႐ံုနဲ႔ မၿပီးေသးပါဘူး။ အခ်စ္တစ္ခုတည္းနဲ႔ အရာရာဖန္တီးခ်င္ေနျခင္းဟာ ေရေပၚမွာကင္းၿမီးေကာက္ထာင္ခ်င္ေနသလိုပါပဲ။ ဒါေၾကာင့္ သတိထားၾကပါ ေယာင္းတို႔ေရ။ ေရထဲကို ေျခမကိုင္မိလက္မကိုင္မိနဲ႔ ေဇာက္ထိုးျပဳတ္ေနမွျဖင့္။

ေယာင္းတို႔ေရ…ဒီလိုဒီလို အေၾကာင္းေတြေၾကာင့္ ဒီထက္ပိုၿပီး အခ်စ္အေပၚ စြဲစြဲလမ္းလမ္းႀကီး မကိုးကြယ္ေနပါနဲ႔ေတာ့ေနာ္။ ဘာပဲျဖစ္ျဖစ္ အခ်စ္ဟာ အခ်စ္သီးသန္႔၊ ဘဝဟာ ဘဝသီးသန္႔ျဖစ္တည္ေနတာမို႔ အခ်စ္နဲ႔ ဘဝကို မေရာေထြးလိုက္ၾကပါနဲ႔ ေယာင္းတို႔ေရ.. ေနာ္…

ခ်စ္ျခင္းမ်ားစြာျဖင့္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thitsar Phyu (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #

အချစ်…အချစ်…အချစ်…။ အချစ်ဆိုတဲ့အရာက တစ်ခါတစ်လေမှာ သစ္စာတို့ထင်သလောက် မရိုးရှင်းသလို ထင်သလောက်လည်း မရှုပ်ထွေးနေပြန်ဘူး။ ကိုယ့်ဘဝရဲ့လက်တွဲဖော်ကို ရွေးချယ်ရတော့မယ်ဆိုတဲ့အခါ သစ္စာတို့မိန်းမသားအများစုက အချစ်ကိုရှေ့တန်းတင်တတ်ကြတာမလား ယောင်းတို့ရေ။ မိန်းမသားတွေဟာ အချစ်နဲ့ပတ်သက်လာရင် အမှားမခံတတ်ကြပါဘူး။ အချစ်ရှိမှသာအရာရာ အဆင်ပြေနိုင်မယ်လို့ လက်ခံယုံကြည်တတ်ကြတယ်။ ဒါပေမဲ့လည်း တစ်ခါတလေကျတော့ ကိုယ့်ကိုကိုယ်ဒီလိုပြန်မေးကြည့်ပေးဖို့လိုပြန်ရော။ အချစ်တစ်ခုတည်းနဲ့ ဘဝတစ်ခုအရာရာပြည့်စုံနိုင်ပြီလား? အချစ်တစ်ခုတည်းနဲ့ ဘဝတစ်ခုတောင်မပြည့်စုံနိုင်ရင် ဘဝနှစ်ခုကို ဘယ်လိုရွှေဂဟေဆက်ကြမှာလဲ?

ဘဝတစ်ခု ဘယ်လိုပြည့်စုံနိုင်မှာလဲ?

သစ္စာတို့တွေ ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာလည်း တွေ့ဖူးကြတယ်။ တချို့ချစ်သူရည်းစား လင်မယားတွေဆို အရမ်းချစ်ကြပါလျက်နဲ့ လက်တွဲတွေမခိုင်မြဲကြဘူး။ ချစ်လျက်သားနဲ့ ကွေကွင်းကြရတယ်။ဒါတွေဟာ သစ္စာတို့မျက်စိရှေ့မှာတင်ပဲ ဖြစ်ပျက်ခဲ့တာ။ ဖြစ်ပျက်နေတာ။ နောက်လည်းထပ်ဖြစ်နေဦးမှာပါပဲ။

သစ္စာတို့ယုံကြည်ထားတဲ့ ‘အချစ်ဆိုတာ အရာရာကိုစေစားနိုင်တယ်ဆိုတာတွေ၊ အချစ်ကိုကိုးကွယ်ရင် စိတ်အေးချမ်းသာရမယ်ဆိုတာတွေ’ ဒါတွေဟာ ရုတ်ချည်းဆိုသလို ပြောင်းလဲပျောက်ပျက်သွားတတ်ကြတယ်။ ဒါဆို သစ္စာတို့ကိုယ့်ကိုကိုယ်တစ်ဖန် ပြန်မေးဖို့လိုလာတာက တစ်ခုတည်းပဲ။ချစ်တတ်ရုံနဲ့ လုံလောက်ပြီလား?

ဟုတ်တယ်။ သစ္စာတို့ အချစ်ဆိုတဲ့ စာလုံးနှစ်လုံးအပေါ် အရမ်းယုံကြည်အားကိုးခဲ့တတ်ကြတယ်။ လက်တွဲဖော်နှစ်ယောက် ဘဝနှစ်ခုကို ဂဟေဆက်ကြတဲ့ခါ ဂဟေဆက်ရာ တိကျနေဖို့၊ ဆက်ရာက တအားရုပ်မဆိုးဘဲ ကြည့်လို့အဆင်ပြေနေဖို့၊ တာရှည်ခိုင်မြဲနေဖို့လိုတယ်ဆိုတာကို မသိသလို လျစ်လျူရှုတတ်ခဲ့ကြတယ်။ ချစ်တတ်ဖို့အပြင် နားလည်ခွင့်လွှတ်တတ်ဖို့၊ စာနာအားပေးတတ်ဖို့၊ လေးစားမြတ်နိုးတတ်ဖို့ကစလို့…

မတူညီတဲ့ တန်ဖိုးထားမှုတွေအပေါ် သူ့တန်ဖိုးထားမှု ကိုယ့်တန်ဖိုးထားမှုတွေကို လေးစားပေးဖို့၊ ခံယူချက်ချင်းမတူတာတွေကို နားလည်ပေးတတ်ဖို့အဆုံး အရာအတော်များများ လိုအပ်ပါတယ်။ နောက်ပြီး အခြေအနေအချိန်အခါအရ ခဏတာကွဲကွာဖို့လိုလာရင် ခွဲခွာပေးတတ်မှုကလည်း လက်တွဲကို ပိုခိုင်မြဲစေနိုင်လိမ့်မယ် ဆိုတာလည်း ထည့်စဉ်းစားရမယ်။

သစ္စာတို့ ယောင်းတို့ရဲ့အချစ်ဂဟေဆက်ခြင်းမှာ ပညာသားပါမှရမယ်။ နီးစပ်သင့်တဲ့အခါ နီးကပ်ပေးရပြီး ဝေးကွာဖို့အကြောင်းဖန်လာရင်လည်း အလိုက်သင့်လေးခွဲခွာပေးရလိမ့်မယ်။ ဒါဟာအချစ်ဂဟေဆက်ခြင်းမှာ တတ်ထားရမယ့်အရာတွေပါပဲ။

ရှိပါတယ်။ ချစ်သူရည်းစားက ခရီးဝေးသွားရတဲ့ခါ၊ အလုပ်မှာအာရုံများနေတဲ့ခါ၊ စိတ်ဖိစီးမှုတွေများလာတဲ့ခါ၊ အချစ်ဆိုတဲ့အရာထက် ပိုအရေးပါတဲ့အရာတွေကို ဦးစားပေးရတဲ့ခါ သစ္စာတို့က အရမ်းတွယ်တာနေလို့မရဘူး။ အဲ့လိုပဲ…တစ်ခါတစ်လေ သူ့အပေါင်းသင်းရောင်းရင်းတွေနဲ့ အပြင်ထွက် လျှောက်လည်တာလည်းရှိကောင်းရှိမယ်။ ဒါကိုသစ္စာတို့ မချစ်တတ်ရကောင်းလားဆိုပြီး အပြစ်သွားမြင်လို့မရဘူးလေ။ နားလည်ပေးတတ်ရတယ်။ အချစ်ကအရာရာမှမဟုတ်ပဲ။ အချစ်ကထမင်းမကျွေးဘူး။ အချစ်ကရေမတိုက်ဘူး။ အချစ်ကပိုက်ဆံတွေမဖန်တီးပေးနိုင်ဘူး။ ဒါဟာ လက်တွေ့ဘဝရဲ့ အမှန်တရားပဲ။ ဘာလို့ဆို လက်တွေ့ဘဝမှာ ပိုက်ဆံမရှိရင် ကျွန်မတို့မရှင်သန်နိုင်ဘူးလေ။

တစ်ဘက်ကလည်း အရမ်းချစ်ပါရဲ့ဆိုပြီး သစ္စာတို့မိန်းကလေးတွေက ကိုယ့်အချစ်တွေကို အတင်းထိုးပေးလို့လည်းမရပြန်ဘူး။ မိန်းမသားတအားဆန်နေလို့မရဘူး။ ရည်ရှည်လက်တွဲသွားကြမယ့်သူတွေဖြစ်လို့ အချိန်တိုင်းအမြဲတမ်း တူတူရှိချင်မှရှိလိမ့်မယ်။ အချိန်တိုင်းအမြဲတမ်း ချစ်နိုင်ချင်မှချစ်လိမ့်မယ်။ ဒါဟာ ခါးသီးပေမယ့် အမှန်တရားပါပဲ။

ထပ်ပြောပါဦးမယ်။ အချစ်တစ်ခုတည်းနဲ့ သာယာချိုမြိန်တဲ့ အချစ်လမ်း (relationship)တစ်ခုကို လျှောက်လှမ်းနိုင်မှာမဟုတ်ဘူး။ အချစ်တစ်ခုတည်းနဲ့ ခိုင်မြဲတဲ့အိမ်ထောင်ရေးတစ်ခုကို သစ္စာတို့ ထူထောင်နိုင်မှာမဟုတ်ဘူး။ အချစ်ရှိရုံနဲ့ အရာရာပြည့်စုံလာမှာမဟုတ်ဘူး။ ချစ်တတ်ရုံနဲ့ မပြီးသေးပါဘူး။ အချစ်တစ်ခုတည်းနဲ့ အရာရာဖန်တီးချင်နေခြင်းဟာ ရေပေါ်မှာကင်းမြီးကောက်ထာင်ချင်နေသလိုပါပဲ။ ဒါကြောင့် သတိထားကြပါ ယောင်းတို့ရေ။ ရေထဲကို ခြေမကိုင်မိလက်မကိုင်မိနဲ့ ဇောက်ထိုးပြုတ်နေမှဖြင့်။

ယောင်းတို့ရေ…ဒီလိုဒီလို အကြောင်းတွေကြောင့် ဒီထက်ပိုပြီး အချစ်အပေါ် စွဲစွဲလမ်းလမ်းကြီး မကိုးကွယ်နေပါနဲ့တော့နော်။ ဘာပဲဖြစ်ဖြစ် အချစ်ဟာ အချစ်သီးသန့်၊ ဘဝဟာ ဘဝသီးသန့်ဖြစ်တည်နေတာမို့ အချစ်နဲ့ ဘဝကို မရောထွေးလိုက်ကြပါနဲ့ ယောင်းတို့ရေ.. နော်…

ချစ်ခြင်းများစွာဖြင့်

ဖိုးသူတော် (www.phothutaw.com)
Credit: Thitsar Phyu (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top