စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အင္တာနက္ မွာ ခ်စ္ႀကိဳက္ခဲ့တာကုိ ယုံၾကည္သူ ေတြလည္း ရွိေနတယ္ ဆုိတာ အခု ျဖစ္ရပ္က သက္ေသျပသခဲ့ၾက ပါတယ္။ အသက္ (၆၀) ႏွစ္အရြယ္ရွိ ကေနဒါ ႏုိင္ငံသား တစ္ဦးဟာ လူမႈကြန္ရက္မွာ ခ်စ္ႀကိဳက္ခဲ့တဲ့ တ႐ုတ္ အမ်ဳိးသမီး တစ္ဦးကုိ ရွာေဖြဖုိ႔ မုိင္ေပါင္း (၆၀၀၀) အကြာ ကေန ခရီးႏွင္လာခဲ့ပါတယ္။ ကေနဒါႏုိင္ငံ ဗန္ကူးပါးၿမိဳ႕မွာ ေနထုိင္ခဲ့တဲ့ ဂ်ိတ္မာလုိနီဟာ တ႐ုတ္ႏုိင္ငံ၊ရွန္ဇီၿမဳိ႕ကုိ လာေရာက္မႈ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ အမ်ဳိးသမီး အမည္က ရီလီလုိ႔သာ သိထားၿပီး အြန္လုိင္းမွာ တင္ထားတဲ့ ပ႐ုိဖုိင္းကုိ ၾကည့္ၿပီး လာေရာက္ ရွာေဖြမႈ ျပဳလုပ္ခဲ့ျခင္း ျဖစ္ပါတယ္။

မာလုိနီဟာ ရီလီနဲ႔ ရင္းႏွီးခဲ့တာ တစ္ႏွစ္နီးပါး ရွိၿပီး တဲ့ေနာက္ အျပင္မွာ ေတြ႕ခ်င္ တာေၾကာင့္ တ႐ုတ္ျပည္ကုိ ေရာက္လာျခင္း ျဖစ္ပါတယ္။ ရီလီဟာ မာလုိနီနဲ႔ ရင္းႏွီး ၿပီးေနာက္ ဓာတ္ပုံေတြ ေပးပုိ႔ခဲ့ ပါတယ္။ ဒီေနာက္ မာလုိနီဟာ ရီလီ ေနထုိင္တဲ့ ၿမိဳ႕ကုိ ေရာက္လာခဲ့ၿပီး ရွာေဖြမႈ ျပဳလုပ္ခဲ့ေပမယ့္ ေတြ႕ရွိျခင္း မရွိပါဘူး။ ဒါေၾကာင့္ မာလုိနီဟာ ရီလီရဲ႕ဓာတ္ပုံကုိ သူ႔ ခႏၶာကုိယ္မွာ ခ်ိတ္ဆဲြၿပီး ၿမိဳ႕ထဲမွာ ရွာေဖြခဲ့ ပါတယ္။

ရွန္ဇီၿမိဳ႕ဟာ လူဦးေရ (၁၀)သန္းရွိ တာေၾကာင့္ မာလုိနီရဲ႕ ရွာေဖြမႈဟာ အရာ မထင္ခဲ့ပါဘူး။ မာလုိနီက သူဟာ ရီလီကုိ ဓာတ္ပုံ ထဲမွာ ျမင္ေတြ႕ ၿပီးေနာက္ အလြန္ခ်စ္ သြားေၾကာင္း၊ မိမိ အေနျဖင့္ ရီလီကုိ ရွာေဖြ သြားမည္ ျဖစ္ေၾကာင္း ေျဟၾကားခဲ့ပါတယ္။ မာလုိနီဟာ ၿပီးခဲ့တဲ့ ကာလေတြမွာ ရီလီကုိ အီးေမးလ္နဲ႔ အဆက္အသြယ္ ျပဳလုပ္ခဲ့ၿပီး တ႐ုတ္စာေတြကုိ ဘာသာျပန္ရာမွာ ေပါင္ (၁၁၀၀) နီးပါး အသုံးျပဳခဲ့ရ ပါတယ္။

ဒါေပမဲ့ ရီလီဟာ သူ႔လူမႈကြန္ရက္ ၀က္ဘ္ဆုိက္ဒ္ အေကာင့္ကုိ ပိတ္သိမ္းခဲ့ တာေၾကာင့္ ရွာေဖြမႈ ျပဳလုပ္ရာမွာ ပုိအခက္ေတြ႕ေစခ ဲ့ပါတယ္။ မာလုိနီက ရီလီကုိ ေတြ႕ခဲ့ပါက ေပါင္းသင္း လက္ထပ္ယူ သြားမွာ ျဖစ္ၿပီး ကေနဒါမွာ အဆင္မေျပပါက သူ႔အေနနဲ႔ တ႐ုတ္ႏုိင္ငံမွာ ေျပာင္းေနထုိင္ဖုိ႔ ႀကိဳးစား သြားမွာ ျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Messenger

# Unicode Version ျဖင့္ ဖတ္ပါ #
အင်တာနက် မှာ ချစ်ကြိုက်ခဲ့တာကို ယုံကြည်သူ တွေလည်း ရှိနေတယ် ဆိုတာ အခု ဖြစ်ရပ်က သက်သေပြသခဲ့ကြ ပါတယ်။ အသက် (၆၀) နှစ်အရွယ်ရှိ ကနေဒါ နိုင်ငံသား တစ်ဦးဟာ လူမှုကွန်ရက်မှာ ချစ်ကြိုက်ခဲ့တဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ရှာဖွေဖို့ မိုင်ပေါင်း (၆၀၀၀) အကွာ ကနေ ခရီးနှင်လာခဲ့ပါတယ်။ ကနေဒါနိုင်ငံ ဗန်ကူးပါးမြို့မှာ နေထိုင်ခဲ့တဲ့ ဂျိတ်မာလိုနီဟာ တရုတ်နိုင်ငံ၊ရှန်ဇီမြို့ကို လာရောက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီး အမည်က ရီလီလို့သာ သိထားပြီး အွန်လိုင်းမှာ တင်ထားတဲ့ ပရိုဖိုင်းကို ကြည့်ပြီး လာရောက် ရှာဖွေမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

မာလိုနီဟာ ရီလီနဲ့ ရင်းနှီးခဲ့တာ တစ်နှစ်နီးပါး ရှိပြီး တဲ့နောက် အပြင်မှာ တွေ့ချင် တာကြောင့် တရုတ်ပြည်ကို ရောက်လာခြင်း ဖြစ်ပါတယ်။ ရီလီဟာ မာလိုနီနဲ့ ရင်းနှီး ပြီးနောက် ဓာတ်ပုံတွေ ပေးပို့ခဲ့ ပါတယ်။ ဒီနောက် မာလိုနီဟာ ရီလီ နေထိုင်တဲ့ မြို့ကို ရောက်လာခဲ့ပြီး ရှာဖွေမှု ပြုလုပ်ခဲ့ပေမယ့် တွေ့ရှိခြင်း မရှိပါဘူး။ ဒါကြောင့် မာလိုနီဟာ ရီလီရဲ့ဓာတ်ပုံကို သူ့ ခန္ဓာကိုယ်မှာ ချိတ်ဆွဲပြီး မြို့ထဲမှာ ရှာဖွေခဲ့ ပါတယ်။

ရှန်ဇီမြို့ဟာ လူဦးရေ (၁၀)သန်းရှိ တာကြောင့် မာလိုနီရဲ့ ရှာဖွေမှုဟာ အရာ မထင်ခဲ့ပါဘူး။ မာလိုနီက သူဟာ ရီလီကို ဓာတ်ပုံ ထဲမှာ မြင်တွေ့ ပြီးနောက် အလွန်ချစ် သွားကြောင်း၊ မိမိ အနေဖြင့် ရီလီကို ရှာဖွေ သွားမည် ဖြစ်ကြောင်း ဟြေကြားခဲ့ပါတယ်။ မာလိုနီဟာ ပြီးခဲ့တဲ့ ကာလတွေမှာ ရီလီကို အီးမေးလ်နဲ့ အဆက်အသွယ် ပြုလုပ်ခဲ့ပြီး တရုတ်စာတွေကို ဘာသာပြန်ရာမှာ ပေါင် (၁၁၀၀) နီးပါး အသုံးပြုခဲ့ရ ပါတယ်။

ဒါပေမဲ့ ရီလီဟာ သူ့လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဒ် အကောင့်ကို ပိတ်သိမ်းခဲ့ တာကြောင့် ရှာဖွေမှု ပြုလုပ်ရာမှာ ပိုအခက်တွေ့စေခ ဲ့ပါတယ်။ မာလိုနီက ရီလီကို တွေ့ခဲ့ပါက ပေါင်းသင်း လက်ထပ်ယူ သွားမှာ ဖြစ်ပြီး ကနေဒါမှာ အဆင်မပြေပါက သူ့အနေနဲ့ တရုတ်နိုင်ငံမှာ ပြောင်းနေထိုင်ဖို့ ကြိုးစား သွားမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Messenger
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top