iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက္်ားေလး ပီယေဆးဆိုတဲ့ ေ၀ါဟာရကို ေကာင္းေကာင္း ရင္းႏွီးၾကမယ္ထင္ပါတယ္..။ ကၽြန္ေတာ္တို႕ လူပ်ိဳေပါက္ အရြက္တုန္းက ပီယေဆးဆိုတာကို လိုခ်င္လိုက္တာ ေျပာမေနနဲ႕ေတာ့..။ အတန္းထဲမွာ ပါေျဖာင့္ေျဖာင့္နဲ႕ ရည္စားထည္လဲတြဲႏိုင္တဲ့ေကာင္ဆိုရင္ ပီယေဆး ရွိတယ္လို႕ နာမည္ ၾကီးျပီ..။ အဲ့ဒီမွာ ကၽြန္ေတာ္တို႕ကလည္း မေနႏိုင္ မထိုင္ႏိုင္ ပီယေဆး ဘယ္ကရလဲ ဘယ္လိုလုပ္ရလဲ ဆိုျပီး ေအာက္က်ခံျပီး ေမးရေတာ့တာေပါ့..။ ကၽြန္ေတာ္ မွတ္မိသေလာက္ဆိုရင္ ပီယေဆးကို ေဖာ္နည္း ၈ မ်ိဳးေလာက္ရွိမယ္ထင္ပါတယ္..။ ေနာက္က်ရင္ေတာ့ အလ်ဥ္းသင့္သလို တင္ေပးသြားပါ့မယ္..။ အခုတစ္ခါကေတာ့ အေလာင္းေကာင္ကေန ပီယေဆး ရယူရင္း သရဲနဲ႕ ထိပ္တိုက္ ေတြ႕ခဲ့တဲ့အေၾကာင္းေလး ေျပာျပခ်င္ပါတယ္.။
၈ တန္းေလာက္တုန္းက ေက်ာင္းကို ေက်ာင္းသားသစ္တစ္ေယာက္ေရာက္လာတယ္..။ နာမည္က ေက်ာ္ေက်ာ္တဲ့..။ ရုပ္ရည္ အေျပာအဆိုကေတာ့ ကၽြန္ေတာ္တို႕အတြက္ေတာ့ သူလိုကိုယ္လိုပါပဲ..။ ခက္တာက အခန္းထဲက မိန္းကေလးေတြ..။ တစ္ေက်ာ္တည္း ေက်ာ္ေနေတာ့တာ..။ မုန္႕စားဆင္းခ်ိန္ လည္း သူ႕အတြက္ မုန္႕၀ယ္ေပးလာရတာနဲ႕ ထမင္း၊ ဟင္းပိုထည့္ ေပးလာရတာနဲ႕..ဆိုေတာ့ ကၽြန္ေတာ္တို႕အဖြဲ႕က နည္းနည္းေတာ့ အျမင္ကပ္လာေတာ့ေပါ့ေနာ္..။ အဲ့ဒါ တစ္ရက္လည္းက်ေရာ.. သတင္းတစ္ခုက ထြက္လာတယ္.. "ေက်ာ္ေက်ာ့္မွာ ပီယေဆးရွိတယ္တဲ့.."
ေနာက္ေန႕ မုန္႕စားဆင္းေတာ့ ကၽြန္ေတာ္နဲ႕ အျခား သူငယ္ခ်င္းႏွစ္ေယာက္ မုန္႕နဲ႕ အခ်ိဳရည္ ၀ယ္ လုိက္တယ္..။ ျပီးေတာ့ ေက်ာ္ေက်ာ့္စားပြဲကို သြားျပီး မုန္႕နဲ႕ အခ်ိဳရည္ကိုတင္လုိက္တယ္..။ ျပီးေတာ့ မ်က္ႏွာကို အခ်ိဳဆံုးလုပ္ျပီး "သူငယ္ခ်င္းေက်ာ္ေက်ာ္.. စားပါအံုး… မင္းအတြက္ ၀ယ္လာတာကြ.."
ဒီေကာင္က ကၽြန္ေတာ္တို႕ကို မယံုသလိုၾကည့္တယ္..။ ျပီးေတာ့ သူ႕အိပ္ကပ္ထဲကို သူျပန္ၾကည့္တယ္..။ ျပီးေတာ့ ပါးစပ္ကေန "ဒုတ္ခပဲ..။ ဒီေဆးက ေယာက္်ားေလးေတြပါ အစြမ္းျပတာလားဟ…" ဆိုျပီး တုိးတုိးေလး ေရရြတ္သံၾကားလုိက္ရတယ္..။
"ဟာ.. ဟေရာင္.. တစ္မ်ိဳး မထင္ပါနဲ႕ကြာ.. ငါတို႕က ရိုးရိုးသားသားေကၽြးတာပါ.. တစ္ခုပဲ မင္းေဆာင္ထားတဲ့ ပီယေဆးအေၾကာင္းသိခ်င္တယ္..။ မေျပာျပရင္ေတာ့ ငါတို႕ အတန္းပိုင္ဆရာမနဲ႕ တိုင္ရလိမ့္မယ္…"
"တိုင္ေတာ့ မတိုင္ပါနဲ႕ကြာ..။ ေျပာျပမယ္.. ။ ကတိတစ္ခုေတာ့ေပး.. မင္းတို႕ သံုးေယာက္ကလြဲျပီး ဘယ္သူမွ မသိေစနဲ႕.."
"ေအး..ရတယ္..သေဘာတူတယ္.."
"ဒီလိုကြ… ဒီပီယေဆးက လူေသေကာင္ဆီက ယူထားရတာ.. စြမ္းတာ မစြမ္းတာေတာ့ မင္းတို႕ အျမင္ပဲေနာ္.."
"အမငီးးးး. လူေသေကာင္ဆီက…??? …ဘယ္လိုမ်ိဳးလဲ ေျပာျပပါလား.."
"အသက္ ၄၀ ေက်ာ္ျပီး လူပ်ိဳစစ္စစ္ဆိုတဲ့ ဘယ္အေလာင္းကမဆို ပီယေဆး ယူလို႕ရတယ္..။ အဓိကက လူပ်ိဳစစ္ရမယ္..။ အသက္ ၄၀ေက်ာ္မွ ေသတဲ့အေလာင္းျဖစ္ရမယ္..။ ေနာက္တစ္ခ်က္က အစိမ္းေသ မျဖစ္ရဘူး..။ ဆိုလိုတာက ေရာဂါနဲ႕ ဆံုးနဲ႕သူျဖစ္ရမယ္.."
"အင္း..ရျပီ…ျပီးေတာ့ေရာ…"
"မခက္ပါဘူး.၊ ၂လက္မအရွည္ရွိတဲ့ ဆံပင္ အေခ်ာင္း ၃၀၊ ညာဘက္ လက္မ လက္သည္းခြံ၊ ဘယ္ဘက္ လက္သန္း လက္သည္းခြံ၊ ညာဘက္ ေျခမ ေျခသည္းခြံ၊ ဘယ္ဘက္ ေျခသန္း ေျခသည္းခြံ ေတြက အိတ္ေသးေလး တစ္အိတ္ထဲမွာ ေရာထည့္ျပီး သြားေလရာမွာ ေဆာင္သြား..။ ဒီမွာၾကည့္.."
အဟုတ္ဗ်ာ..။ သူ႕အိတ္ကပ္ထဲက ထုတ္လိုက္တာ ဆံပင္နဲ႕ လက္သည္းခြံေလးေတြ ေရာထည့္ထားတဲ့ အိတ္အၾကည္ေလးတစ္ခု..။ ကၽြန္ေတာ္တို႕ သူငယ္ခ်င္းသံုးေယာက္ကေတာ့ အျပံဳးေတြ ကိုယ္စီနဲ႕..။
ထံုးစံအတိုင္း သင္းခ်ိဳင္းက သုဘရာဇာဆီ အပူကပ္ရသည္။ ေစာင့္ရမည္။ သံုးေသာင္း ေပးရမည္တဲ့…။ သူငယ္ခ်င္းသံုးေယာက္ တစ္ေယာက္ တစ္ေသာင္း ေပါင္းျပီး သံုးေသာင္း ေပးထားလိုက္သည္။ ခက္တာက အေလာင္းေကာင္ တစ္ေကာင္ဆီကပဲဆိုေတာ့ ပီယေဆးက တစ္စံုပဲရမည္။ ကိစၥမရွိ။ သူငယ္ခ်င္းသံုးေယာက္ တစ္ေယာက္ တစ္ပတ္ အလွည့္က် ေဆာင္ဖို႕ တိုင္ပင္ထားၾကသည္။
ကၽြန္ေတာ့္အထင္ ၂ လ ၃ လ ေလာက္ၾကာသြားသည္ထင္သည္။ သုဘရာဇာၾကီးထံမွ အေၾကာင္း ၾကားလာသည္။ ပီယေဆးရႏိုင္မည့္ အေလာင္းတစ္ေလာင္း ဒီေန႕ေရာက္လာမည္။ ညေန လာယူရန္ ေျပာလာသည္။ ညေန ေက်ာင္းဆင္းတာနဲ႕ သူငယ္ခ်င္းသံုးေယာက္ က်ဴရွင္လစ္ျပီး သင္းခ်ိဳငး္ကုန္း ေျပးသည္။ ကၽြန္ေတာ့္တို႕ေရာက္ေတာ့ သုဘရာဇာၾကီးက အသင့္ေဆာင့္ေနေလျပီ..။
"ကဲ..ကဲ.. ယူစရာရွိတာ ျမန္ျမန္ယူ… သူမ်ားေတြ ျမင္ရင္ မေကာင္းဘူး.."
"ဟာ.. ဦးေလး ယူေပးေလ.."
"ခြီး… ငါ့အလုပ္နဲ႕ငါေတာင္ မအားဘူး..၊ ငါဟုိဘက္မွာ ရွိမယ္..။ ယူျပီးရင္ ငါ့လာေျပာ.. ေရာ့ ဒီမွာ လက္သည္းညွပ္နဲ႕ ကပ္ေၾကး.."
အဲ့ဒါမွ ဒုတ္ခ..။ ကုိယ္ကလည္း ဒီအေျခအေနထိ ေရာက္မွေတာ့ မတတ္ႏိုင္။ ဟိုႏွစ္ေကာင္ၾကည့္ရတာ လည္း အားကိုးလို႕ရမည့္ပံုမေပၚ..။ အေလာင္းေကာင္ကို ကၽြန္ေတာ္ ငံု႕ၾကည့္လိုက္သည္။ အေလာင္းေကာင္ေပၚ နားေနေသာ ယင္ေကာင္ တစ္သိုက္ ထပ်ံသြားျပီး ဆံုးရြားလွေသာ အပုပ္နံ႕က နားေခါင္းထဲ အလုအယက္ တိုး၀င္လာသည္။ အေလာင္းေကာင္က မ်က္ႏွာ တစ္ခုလံုးဖူးေယာင္ေနျပီး နာေခါင္း၊ နားရြက္၊ မ်က္စိ၊ ပါးစပ္ စတာေတြက ေသြးပုပ္ေတြ က်လ်က္ရွိသည္။ ေၾသာ္… ဦးေႏွာက္ ေသြးေၾကာျပတ္ေသတဲ့ သူဆိုေတာ့လည္း လူကေသသြားေပမယ့္ ေသြးေတြက ေတာက္ေလွ်ာက္ က်ဆင္းေနတာ ျဖစ္လိမ့္မည္။
ကၽြန္ေတာ္ အသက္ေအာင့္ ကပ္ေၾကးယူျပီး အေလာင္းေကာင္ ဦးေခါင္းက ဆံပင္ အနည္းငယ္ကို ညွပ္ခ်လိုက္သည္။ ျပီးေတာ့ လက္သည္း၊ ေျခသည္းေတြကို လုိက္ညွပ္သည္။ အေလာင္းေကာင္က အသက္ ၅၀ ေလာက္ရွိမည္ထင္သည္။ ပိုက္ဆံရွိ လူလတ္တန္းစားထဲက ျဖစ္ႏိုင္သည္။ လိုခ်င္တာေတြ ယူျပီးသည္ႏွင့္ သုဘရာဇာၾကီးကို ႏႈတ္ဆက္ျပီး ျပန္ခဲ့ေတာ့သည္။ ကၽြန္ေတာ္တို႕ သင္းခ်ိဳင္းမွ ျပန္ထြက္လာခ်ိန္သည္ ညေန ၆း၃၀ ခန္႕ရွိေလျပီ။
ပီယေဆးကို ကၽြန္ေတာ္အရင္ဆံုး ေဆာင္ရမည္ျဖစ္ေသာေၾကာင့္ အထုပ္ကို ကၽြန္ေတာ့္အိမ္ကို ယူလာလိုက္ သည္။ အိမ္ထဲ၀င္၀င္ခ်င္း ေဘးအိမ္က ေကာင္မေလး ကၽြန္ေတာ့္ကို လွမ္းျပံဳးျပတာ ျမင္လုိက္သည္။ နဂိုဆိုရင္ အေၾကာမတဲ့ေသာ ဒီတစ္ေယာက္ ဘာစိတ္ကူးေတြ ေပါက္ျပီး လာျပံဳးေနသည္မသိ။ ပီယေဆးေၾကာင့္ ျပံဳးျပတာျဖစ္ႏုိင္သည္။ ကၽြန္ေတာ္လည္း ကိုယ့္ကိုယ္ကို ေက်နပ္ျပီး ပီယေဆးကို ေက်ာင္းလြယ္အိတ္ထဲထည့္ထားလိုက္ျပီး အခန္းထဲ ခ်ိတ္ထားလိုက္သည္။ ျပီးေတာ့ ေရမိုးခ်ိဳး၊ ထမင္းစား၊ တီဗြီၾကည့္ျပီး ည ၁၀း၀၀ နာရီေလာက္မွာ အိပ္ယာ၀င္ခဲ့သည္။ အဲ့ဒီအထိ အဆင္ေခ်ာေသးသည္။
ည ၁း၀၀ နာရီေလာက္ လံုး၀ ႏွစ္နွစ္ျခိဳက္ျခိဳက္ အိပ္ေမာက်ေနသည့္အခ်ိန္။ ကုတင္ ေအာက္မွာ တစ္ေယာက္ေယာက္ ငိုေနသံကို ၾကားလိုက္ရသည္။ အသံက အမ်ိဳးသားတစ္ဦးအသံ။ ငိုတာမွ တအားကို ရႈိက္ၾကီးတငင္ ငိုေနတဲ့အသံ။ ကၽြန္ေတာ္ အံ့ၾသစြာပဲ ဆက္လက္နားဆြင့္ေနလိုက္သည္။ ေသခ်ာသည္။ ဒီငိုသံသည္ အိမ္မွ လူေတြထဲကေတာ့မဟုတ္။ ကၽြန္ေတာ္ ေဇာေခၽြး ျပန္ေလျပီ။ မဟုတ္က ဟုတ္က လုပ္ထားတာေတြေၾကာင့္လား…။
"ကၽြန္ေတာ့္ကို လြတ္ေပးပါဗ်ာ… ကၽြန္ေတာ့္ကို မခ်ဳပ္ထားပါနဲ႕…။ ကၽြန္ေတာ္ သြားပါရေစ…"
ငိုသံေတြၾကားမွ စကားသံေတြ ကၽြန္ေတာ္ၾကားေနရသည္။
"ကၽြန္ေတာ့္မွာ ဘာအျပစ္ရွိလုိ႕လဲဗ်ာ..။ ကၽြန္ေတာ္သြားပါရေစ..။ ကၽြန္ေတာ့္ပစၥည္းေတြကို ကၽြန္ေတာ့္ အုတ္ဂူေျခရင္းမွာ ျပန္ျမွပ္ေပးပါ..။ ကၽြန္ေတာ့္ကို သြားခြင့္ေပးပါဗ်ာ….အီး..ဟီး..ဟီး…"
ေသခ်ာျပီ..။ ညေနက အေလာင္းေကာင္ ကၽြန္ေတာ့္ဆီ သူ႕ပစၥည္းေတြ ျပန္ေတာင္းေနျခင္းျဖစ္သည္။ ကၽြန္ေတာ္ စိတ္စြဲျပီး အိပ္မက္မက္တာလားဆိုတာ ေသခ်ာေအာင္ အမွတ္စဥ္ေရၾကည့္သည္။ ကိုယ့္အသားကိုယ္ ဆြဲစိတ္ၾကည့္သည္။ အိပ္မက္မက္ေနတာမဟုတ္။ ငိုသံက ပိုမိုက်ယ္ေလာင္လာသလို… သူ႕အသံေတြထဲမွာ ေဒါသသံေတြ ပါလာသည္ဟုလည္း ကၽြန္ေတာ္ ထင္မိသည္။ အိမ္ကလူေတြကေတာ့ တစ္ေယာက္မွ သိပံုမေပၚ..။
ကၽြန္ေတာ္လည္း အရဲစြန္႕ျပီး…"ကၽြန္ေတာ္ မနက္ျဖန္ ညေန ျပန္ထားေပးပါ့မယ္..။ ကၽြန္ေတာ့္ကို ခြင့္လႊတ္ပါခင္ဗ်ာ.." လို႕ ေျပာျပီး နားပိတ္ျပီး ရသမွ် ဘုရားစာေတြ ရြတ္ဆိုေနလိုက္တယ္..။ ကၽြန္ေတာ္ ဘယ္အခ်ိန္ အိပ္ေပ်ာ္သြားလဲဆိုတာေတာင္ မသိလုိက္ပါဘူး..။
ေနာက္ေန႕ ဟိုေကာင္ေတြကို ေျပာျပီး ညေနေက်ာင္းဆင္းတာနဲ႕ သူ႕အုတ္ဂူေျခရင္းမွာ သူ႕ပစၥည္းေတြကို ျပန္ျမွပ္ေပးလိုက္တယ္..။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ ဘာျပသနာမွ မရွိေတာ့ပါဘူး.. ဒီနည္းလမ္းက တစ္ကယ္စြမ္းလား မစြမ္းလာေတာ့ မေသခ်ာပါဘူး..။ ဒါေပမယ့္ ေသခ်ာပါတယ္..။ ဆံပင္နဲ႕ ေျခသည္း၊ လက္သည္းေတြဆိုတာ ၀ိဥာဥ္ခ်ဳပ္တဲ့ ပစၥည္းေတြပါပဲ..။ ေက်ာ္ေက်ာ္ကေတာ့ ကိုယ့္အက်ိဳးအတြက္ ၀ိဥာဥ္တစ္ေကာင္ကို အဲ့လိုခ်ဳပ္ထားေနတာလား..၊ ဒါမွမဟုတ္ ကၽြန္ေတာ္ က်မွပဲ ဒီျဖစ္ရပ္မ်ိဳး ၾကံဳတာလားဆိုတာကေတာ့ မစဥ္းစားတတ္ေတာ့ပါဘူး.. ဒါေပမယ့္ အဲ့ဒီေနာက္ပိုင္း ပီယေဆးဆိုတဲ့အသံၾကားတာနဲ႕ ကၽြန္ေတာ္လည္း ေ၀ါင္ေ၀ါင္ေရွး ျပီး ေ၀းေ၀းကေနသာ
 ေရွာင္ခဲ့ေတာ့ပါေၾကာင္းးး..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေအာင္ထြန္းဦး

#Unicode Version#
ယောက်ျားလေး ပီယဆေးဆိုတဲ့ ဝေါဟာရကို ကောင်းကောင်း ရင်းနှီးကြမယ်ထင်ပါတယ်..။ ကျွန်တော်တို့ လူပျိုပေါက် အရွက်တုန်းက ပီယဆေးဆိုတာကို လိုချင်လိုက်တာ ပြောမနေနဲ့တော့..။ အတန်းထဲမှာ ပါဖြောင့်ဖြောင့်နဲ့ ရည်စားထည်လဲတွဲနိုင်တဲ့ကောင်ဆိုရင် ပီယဆေး ရှိတယ်လို့ နာမည် ကြီးပြီ..။ အဲ့ဒီမှာ ကျွန်တော်တို့ကလည်း မနေနိုင် မထိုင်နိုင် ပီယဆေး ဘယ်ကရလဲ ဘယ်လိုလုပ်ရလဲ ဆိုပြီး အောက်ကျခံပြီး မေးရတော့တာပေါ့..။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ပီယဆေးကို ဖော်နည်း ၈ မျိုးလောက်ရှိမယ်ထင်ပါတယ်..။ နောက်ကျရင်တော့ အလျဉ်းသင့်သလို တင်ပေးသွားပါ့မယ်..။ အခုတစ်ခါကတော့ အလောင်းကောင်ကနေ ပီယဆေး ရယူရင်း သရဲနဲ့ ထိပ်တိုက် တွေ့ခဲ့တဲ့အကြောင်းလေး ပြောပြချင်ပါတယ်.။
၈ တန်းလောက်တုန်းက ကျောင်းကို ကျောင်းသားသစ်တစ်ယောက်ရောက်လာတယ်..။ နာမည်က ကျော်ကျော်တဲ့..။ ရုပ်ရည် အပြောအဆိုကတော့ ကျွန်တော်တို့အတွက်တော့ သူလိုကိုယ်လိုပါပဲ..။ ခက်တာက အခန်းထဲက မိန်းကလေးတွေ..။ တစ်ကျော်တည်း ကျော်နေတော့တာ..။ မုန့်စားဆင်းချိန် လည်း သူ့အတွက် မုန့်ဝယ်ပေးလာရတာနဲ့ ထမင်း၊ ဟင်းပိုထည့် ပေးလာရတာနဲ့..ဆိုတော့ ကျွန်တော်တို့အဖွဲ့က နည်းနည်းတော့ အမြင်ကပ်လာတော့ပေါ့နော်..။ အဲ့ဒါ တစ်ရက်လည်းကျရော.. သတင်းတစ်ခုက ထွက်လာတယ်.. "ကျော်ကျော့်မှာ ပီယဆေးရှိတယ်တဲ့.."
နောက်နေ့ မုန့်စားဆင်းတော့ ကျွန်တော်နဲ့ အခြား သူငယ်ချင်းနှစ်ယောက် မုန့်နဲ့ အချိုရည် ဝယ် လိုက်တယ်..။ ပြီးတော့ ကျော်ကျော့်စားပွဲကို သွားပြီး မုန့်နဲ့ အချိုရည်ကိုတင်လိုက်တယ်..။ ပြီးတော့ မျက်နှာကို အချိုဆုံးလုပ်ပြီး "သူငယ်ချင်းကျော်ကျော်.. စားပါအုံး… မင်းအတွက် ဝယ်လာတာကွ.."
ဒီကောင်က ကျွန်တော်တို့ကို မယုံသလိုကြည့်တယ်..။ ပြီးတော့ သူ့အိပ်ကပ်ထဲကို သူပြန်ကြည့်တယ်..။ ပြီးတော့ ပါးစပ်ကနေ "ဒုတ်ခပဲ..။ ဒီဆေးက ယောက်ျားလေးတွေပါ အစွမ်းပြတာလားဟ…" ဆိုပြီး တိုးတိုးလေး ရေရွတ်သံကြားလိုက်ရတယ်..။
"ဟာ.. ဟရောင်.. တစ်မျိုး မထင်ပါနဲ့ကွာ.. ငါတို့က ရိုးရိုးသားသားကျွေးတာပါ.. တစ်ခုပဲ မင်းဆောင်ထားတဲ့ ပီယဆေးအကြောင်းသိချင်တယ်..။ မပြောပြရင်တော့ ငါတို့ အတန်းပိုင်ဆရာမနဲ့ တိုင်ရလိမ့်မယ်…"
"တိုင်တော့ မတိုင်ပါနဲ့ကွာ..။ ပြောပြမယ်.. ။ ကတိတစ်ခုတော့ပေး.. မင်းတို့ သုံးယောက်ကလွဲပြီး ဘယ်သူမှ မသိစေနဲ့.."
"အေး..ရတယ်..သဘောတူတယ်.."
"ဒီလိုကွ… ဒီပီယဆေးက လူသေကောင်ဆီက ယူထားရတာ.. စွမ်းတာ မစွမ်းတာတော့ မင်းတို့ အမြင်ပဲနော်.."
"အမငီးးးး. လူသေကောင်ဆီက…??? …ဘယ်လိုမျိုးလဲ ပြောပြပါလား.."
"အသက် ၄၀ ကျော်ပြီး လူပျိုစစ်စစ်ဆိုတဲ့ ဘယ်အလောင်းကမဆို ပီယဆေး ယူလို့ရတယ်..။ အဓိကက လူပျိုစစ်ရမယ်..။ အသက် ၄၀ကျော်မှ သေတဲ့အလောင်းဖြစ်ရမယ်..။ နောက်တစ်ချက်က အစိမ်းသေ မဖြစ်ရဘူး..။ ဆိုလိုတာက ရောဂါနဲ့ ဆုံးနဲ့သူဖြစ်ရမယ်.."
"အင်း..ရပြီ…ပြီးတော့ရော…"
"မခက်ပါဘူး.၊ ၂လက်မအရှည်ရှိတဲ့ ဆံပင် အချောင်း ၃၀၊ ညာဘက် လက်မ လက်သည်းခွံ၊ ဘယ်ဘက် လက်သန်း လက်သည်းခွံ၊ ညာဘက် ခြေမ ခြေသည်းခွံ၊ ဘယ်ဘက် ခြေသန်း ခြေသည်းခွံ တွေက အိတ်သေးလေး တစ်အိတ်ထဲမှာ ရောထည့်ပြီး သွားလေရာမှာ ဆောင်သွား..။ ဒီမှာကြည့်.."
အဟုတ်ဗျာ..။ သူ့အိတ်ကပ်ထဲက ထုတ်လိုက်တာ ဆံပင်နဲ့ လက်သည်းခွံလေးတွေ ရောထည့်ထားတဲ့ အိတ်အကြည်လေးတစ်ခု..။ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ကတော့ အပြုံးတွေ ကိုယ်စီနဲ့..။
ထုံးစံအတိုင်း သင်းချိုင်းက သုဘရာဇာဆီ အပူကပ်ရသည်။ စောင့်ရမည်။ သုံးသောင်း ပေးရမည်တဲ့…။ သူငယ်ချင်းသုံးယောက် တစ်ယောက် တစ်သောင်း ပေါင်းပြီး သုံးသောင်း ပေးထားလိုက်သည်။ ခက်တာက အလောင်းကောင် တစ်ကောင်ဆီကပဲဆိုတော့ ပီယဆေးက တစ်စုံပဲရမည်။ ကိစ္စမရှိ။ သူငယ်ချင်းသုံးယောက် တစ်ယောက် တစ်ပတ် အလှည့်ကျ ဆောင်ဖို့ တိုင်ပင်ထားကြသည်။
ကျွန်တော့်အထင် ၂ လ ၃ လ လောက်ကြာသွားသည်ထင်သည်။ သုဘရာဇာကြီးထံမှ အကြောင်း ကြားလာသည်။ ပီယဆေးရနိုင်မည့် အလောင်းတစ်လောင်း ဒီနေ့ရောက်လာမည်။ ညနေ လာယူရန် ပြောလာသည်။ ညနေ ကျောင်းဆင်းတာနဲ့ သူငယ်ချင်းသုံးယောက် ကျူရှင်လစ်ပြီး သင်းချိုင်းကုန်း ပြေးသည်။ ကျွန်တော့်တို့ရောက်တော့ သုဘရာဇာကြီးက အသင့်ဆောင့်နေလေပြီ..။
"ကဲ..ကဲ.. ယူစရာရှိတာ မြန်မြန်ယူ… သူများတွေ မြင်ရင် မကောင်းဘူး.."
"ဟာ.. ဦးလေး ယူပေးလေ.."
"ခွီး… ငါ့အလုပ်နဲ့ငါတောင် မအားဘူး..၊ ငါဟိုဘက်မှာ ရှိမယ်..။ ယူပြီးရင် ငါ့လာပြော.. ရော့ ဒီမှာ လက်သည်းညှပ်နဲ့ ကပ်ကြေး.."
အဲ့ဒါမှ ဒုတ်ခ..။ ကိုယ်ကလည်း ဒီအခြေအနေထိ ရောက်မှတော့ မတတ်နိုင်။ ဟိုနှစ်ကောင်ကြည့်ရတာ လည်း အားကိုးလို့ရမည့်ပုံမပေါ်..။ အလောင်းကောင်ကို ကျွန်တော် ငုံ့ကြည့်လိုက်သည်။ အလောင်းကောင်ပေါ် နားနေသော ယင်ကောင် တစ်သိုက် ထပျံသွားပြီး ဆုံးရွားလှသော အပုပ်နံ့က နားခေါင်းထဲ အလုအယက် တိုးဝင်လာသည်။ အလောင်းကောင်က မျက်နှာ တစ်ခုလုံးဖူးယောင်နေပြီး နာခေါင်း၊ နားရွက်၊ မျက်စိ၊ ပါးစပ် စတာတွေက သွေးပုပ်တွေ ကျလျက်ရှိသည်။ သြော်… ဦးနှောက် သွေးကြောပြတ်သေတဲ့ သူဆိုတော့လည်း လူကသေသွားပေမယ့် သွေးတွေက တောက်လျှောက် ကျဆင်းနေတာ ဖြစ်လိမ့်မည်။
ကျွန်တော် အသက်အောင့် ကပ်ကြေးယူပြီး အလောင်းကောင် ဦးခေါင်းက ဆံပင် အနည်းငယ်ကို ညှပ်ချလိုက်သည်။ ပြီးတော့ လက်သည်း၊ ခြေသည်းတွေကို လိုက်ညှပ်သည်။ အလောင်းကောင်က အသက် ၅၀ လောက်ရှိမည်ထင်သည်။ ပိုက်ဆံရှိ လူလတ်တန်းစားထဲက ဖြစ်နိုင်သည်။ လိုချင်တာတွေ ယူပြီးသည်နှင့် သုဘရာဇာကြီးကို နှုတ်ဆက်ပြီး ပြန်ခဲ့တော့သည်။ ကျွန်တော်တို့ သင်းချိုင်းမှ ပြန်ထွက်လာချိန်သည် ညနေ ၆း၃၀ ခန့်ရှိလေပြီ။
ပီယဆေးကို ကျွန်တော်အရင်ဆုံး ဆောင်ရမည်ဖြစ်သောကြောင့် အထုပ်ကို ကျွန်တော့်အိမ်ကို ယူလာလိုက် သည်။ အိမ်ထဲဝင်ဝင်ချင်း ဘေးအိမ်က ကောင်မလေး ကျွန်တော့်ကို လှမ်းပြုံးပြတာ မြင်လိုက်သည်။ နဂိုဆိုရင် အကြောမတဲ့သော ဒီတစ်ယောက် ဘာစိတ်ကူးတွေ ပေါက်ပြီး လာပြုံးနေသည်မသိ။ ပီယဆေးကြောင့် ပြုံးပြတာဖြစ်နိုင်သည်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ကျေနပ်ပြီး ပီယဆေးကို ကျောင်းလွယ်အိတ်ထဲထည့်ထားလိုက်ပြီး အခန်းထဲ ချိတ်ထားလိုက်သည်။ ပြီးတော့ ရေမိုးချိုး၊ ထမင်းစား၊ တီဗွီကြည့်ပြီး ည ၁၀း၀၀ နာရီလောက်မှာ အိပ်ယာဝင်ခဲ့သည်။ အဲ့ဒီအထိ အဆင်ချောသေးသည်။
ည ၁း၀၀ နာရီလောက် လုံး၀ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့်အချိန်။ ကုတင် အောက်မှာ တစ်ယောက်ယောက် ငိုနေသံကို ကြားလိုက်ရသည်။ အသံက အမျိုးသားတစ်ဦးအသံ။ ငိုတာမှ တအားကို ရှိုက်ကြီးတငင် ငိုနေတဲ့အသံ။ ကျွန်တော် အံ့သြစွာပဲ ဆက်လက်နားဆွင့်နေလိုက်သည်။ သေချာသည်။ ဒီငိုသံသည် အိမ်မှ လူတွေထဲကတော့မဟုတ်။ ကျွန်တော် ဇောချွေး ပြန်လေပြီ။ မဟုတ်က ဟုတ်က လုပ်ထားတာတွေကြောင့်လား…။
"ကျွန်တော့်ကို လွတ်ပေးပါဗျာ… ကျွန်တော့်ကို မချုပ်ထားပါနဲ့…။ ကျွန်တော် သွားပါရစေ…"
ငိုသံတွေကြားမှ စကားသံတွေ ကျွန်တော်ကြားနေရသည်။
"ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲဗျာ..။ ကျွန်တော်သွားပါရစေ..။ ကျွန်တော့်ပစ္စည်းတွေကို ကျွန်တော့် အုတ်ဂူခြေရင်းမှာ ပြန်မြှပ်ပေးပါ..။ ကျွန်တော့်ကို သွားခွင့်ပေးပါဗျာ….အီး..ဟီး..ဟီး…"
သေချာပြီ..။ ညနေက အလောင်းကောင် ကျွန်တော့်ဆီ သူ့ပစ္စည်းတွေ ပြန်တောင်းနေခြင်းဖြစ်သည်။ ကျွန်တော် စိတ်စွဲပြီး အိပ်မက်မက်တာလားဆိုတာ သေချာအောင် အမှတ်စဉ်ရေကြည့်သည်။ ကိုယ့်အသားကိုယ် ဆွဲစိတ်ကြည့်သည်။ အိပ်မက်မက်နေတာမဟုတ်။ ငိုသံက ပိုမိုကျယ်လောင်လာသလို… သူ့အသံတွေထဲမှာ ဒေါသသံတွေ ပါလာသည်ဟုလည်း ကျွန်တော် ထင်မိသည်။ အိမ်ကလူတွေကတော့ တစ်ယောက်မှ သိပုံမပေါ်..။
ကျွန်တော်လည်း အရဲစွန့်ပြီး…"ကျွန်တော် မနက်ဖြန် ညနေ ပြန်ထားပေးပါ့မယ်..။ ကျွန်တော့်ကို ခွင့်လွှတ်ပါခင်ဗျာ.." လို့ ပြောပြီး နားပိတ်ပြီး ရသမျှ ဘုရားစာတွေ ရွတ်ဆိုနေလိုက်တယ်..။ ကျွန်တော် ဘယ်အချိန် အိပ်ပျော်သွားလဲဆိုတာတောင် မသိလိုက်ပါဘူး..။
နောက်နေ့ ဟိုကောင်တွေကို ပြောပြီး ညနေကျောင်းဆင်းတာနဲ့ သူ့အုတ်ဂူခြေရင်းမှာ သူ့ပစ္စည်းတွေကို ပြန်မြှပ်ပေးလိုက်တယ်..။ အဲ့ဒီနောက်ပိုင်းမှာတော့ ဘာပြသနာမှ မရှိတော့ပါဘူး.. ဒီနည်းလမ်းက တစ်ကယ်စွမ်းလား မစွမ်းလာတော့ မသေချာပါဘူး..။ ဒါပေမယ့် သေချာပါတယ်..။ ဆံပင်နဲ့ ခြေသည်း၊ လက်သည်းတွေဆိုတာ ဝိဉာဉ်ချုပ်တဲ့ ပစ္စည်းတွေပါပဲ..။ ကျော်ကျော်ကတော့ ကိုယ့်အကျိုးအတွက် ဝိဉာဉ်တစ်ကောင်ကို အဲ့လိုချုပ်ထားနေတာလား..၊ ဒါမှမဟုတ် ကျွန်တော် ကျမှပဲ ဒီဖြစ်ရပ်မျိုး ကြုံတာလားဆိုတာကတော့ မစဉ်းစားတတ်တော့ပါဘူး.. ဒါပေမယ့် အဲ့ဒီနောက်ပိုင်း ပီယဆေးဆိုတဲ့အသံကြားတာနဲ့ ကျွန်တော်လည်း ဝေါင်ဝေါင်ရှေး ပြီး ဝေးဝေးကနေသာ
 ရှောင်ခဲ့တော့ပါကြောင်းးး..

ဖိုးသူတော် (www.phothutaw.com)
Credit: အောင်ထွန်းဦး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top