မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×





Credit: loveshop

#Unicode Version#
 လက်သည်းတွေပေါ်မှာ ဖြူဖြူအစက်လေး တွေကိုတွေ့ကြတဲ့အခါ လက်သည်းပွင့် တယ်ဆိုပြီး သတ်မှတ်ကြပါတယ်။ ဒီလို လက်သည်းပွင့်တာဟာ ကျန်းမာရေးအားဖြင့် အားနည်းမှုရှိတယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုလို့ရသလို မြန်မာ့ရိုးရာဗေဒင်တွက်ချက်မှုအနေနဲ့ဆိုရင်တော့ ဒီလိုကောက်ချက်ချက်လို့ ရတယ်ဆိုတာ သင်သိပြီးပြီလား။

လက်မမှာ လက်သည်းပွင့်ပါက မိတ်ပျက်တတ်ခြင်း ၊ လက်ညှိုးမှာ လက်သည်းပွင့်ပါက ဆွေမျိုးပြတ်တတ်ခြင်း ၊ လက်ခလယ်မှာ လက်သည်းပွင့်ပါက လူအပေါင်းရဲ့ ပူဇော်ခြင်းခံရတတ်တယ်လို့ သုတေသီဆရာငြိမ်းရေးသားတဲ့စာအုပ်မှ ဖော်ပြထားပါတယ်။

ဒါ့ပြင် လက်သည်းကြွယ်မှာ လက်သည်းပွင့်ပါက ပြည့်စုံချမ်းသာတတ်ပြီး လက်သန်းမှာ လက်သည်းပွင့်ပါက ချစ်သူခင်သူပေါများတတ်တယ်လို့ သိရပါတယ်။

ယုံကြည်တဲ့သူရှိသလို မယုံကြည်တဲ့သူလည်းရှိမှာပါ။ ဒီအချက်တွေနဲ့ တိုက်ဆိုင်နေလားဆိုတာ မိမိရဲ့ လက်သည်းတွေကို ပြန်ကြည့်လိုက်ပါဦး ပရိသတ်ကြီးရေ။

ဖိုးသူတော် (www.phothutaw.com)
Credit: loveshop
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top