ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သမဝါယမတကၠသိုလ္(သန္လ်င္)မွာ ေက်ာင္းလခနဲ႔ လက္ေတြ႕ခန္းေၾကးေတြထက္ အေထြေထြေၾကးေတြက ၂ ဆ ေလာက္ ပိုမ်ားေနတယ္လို႔ ေက်ာင္းသားေတြထံက သိရပါတယ္။

အေထြေထြေၾကးေတြအျဖစ္ ႐ိုး႐ိုး ေဘာက္ခ်ာစာအုပ္မွာ တံဆိပ္တုံးနဲ႔ ေက်ာင္းသားကတ္၊ မဂၢဇင္းေၾကး၊ ထမနဲေၾကး၊ မိုးရာသီ ေဘာလုံးပြဲ၊ သဗၺဇယ ေအာင္ေစတီ ဘက္စုံျပဳျပင္၊ လုံခ်ည္နဲ႔ ဗလာစာအုပ္ စသျဖင့္ ႐ိုက္ႏွိပ္ ေဖာ္ျပေကာက္ခံခဲ့တယ္လို႔ သမဝါယမတကၠသိုလ္ေက်ာင္းသား တေယာက္က ေျပာပါတယ္။

“ေက်ာင္းလခ၊ လက္ေတြ႕ေၾကးေတြက ၁၀၉၀၀ က်ပ္၊ အေထြေထြ ေခါင္းစဥ္တပ္ထားတာက ၁၇၅၀၀ က်ပ္။ မိန္းကေလး လုံခ်ည္က ၄၅၀၀၊ ေယာက်္ားေလး ပုဆိုးက ၆ ေထာင္ဆိုေတာ့ ေယာက်္ားေလးေတြက ၁၉၀၀၀ ေပးရတယ္။”

ဒါေတြဟာ သဒၶါသေလာက္ ေပးရမယ္ဆိုရင္ အဆင္ေျပေပမယ့္ အခုလို မျဖစ္မေန ထည့္ဝင္ခိုင္းတာမ်ိဳးက အဆင္မေျပဘူးလို႔ ေက်ာင္းသားေတြက ေျပာပါတယ္။ ေက်ာင္းအပ္ႏွံရင္ အေထြေထြေၾကးေတြကို မျဖစ္မေန ေပးသြင္းရၿပီး မေပးရင္ ေက်ာင္းအပ္လက္မခံခဲ့ဘူးလို႔ လည္းသိရပါတယ္။

သန္လ်င္သမဝါယမတကၠသိုလ္ ေက်ာင္းသားသမဂၢအတြင္းေရးမႉး ကိုသူရက “ေစတီျပင္တာလည္း ပါေနေတာ့ တျခားဘာသာဝင္ေတြအတြက္ အဆင္မေျပႏိုင္ဘူးေလ။ ၿပီးေတာ့ တခ်ိဳ႕ကိစၥေတြ၊ ဥပမာ ထမနဲပြဲ၊ ေဘာလုံးပြဲတို႔အတြက္ လိုအပ္တဲ့အခ်ိန္မွာ ေကာက္ရင္ ဒါထက္လည္း ပိုထည့္ခ်င္ ထည့္ၾကမယ္” လို႔ ေျပာပါတယ္။

ဒီလို ေကာက္ခံတာေတြကို အရင္ႏွစ္ေတြကလည္း လုပ္ခဲ့တယ္လို႔ ေက်ာင္းသားေတြက ေျပာပါတယ္။

စတုတၳႏွစ္ေက်ာင္းသား ကိုေက်ာ္သီဟသူက “က်ေနာ္ ေက်ာင္းသြားအပ္ၿပီးသြားၿပီ။ ဘာမွေတာ့ မေျပာခဲ့ပါဘူး။ ဒါေပမယ့္ ခုလိုေပးရတာကို မေက်နပ္ဘူးေလ။ ပုဆိုးတထည္ကို ၆ ေထာင္ဆိုရင္ အျပင္မွာ ေတာ္ေတာ္ေကာင္းေနၿပီ။ ဒီမွာက မႏွစ္ကဆိုရင္ ပါးပါးေလးပဲ ရတယ္။ အဲဒါေၾကာင့္ မလိုခ်င္ဘူး။ ၿပီးေတာ့ ဗလာစာအုပ္ဖိုးဆိုတာ ေပးခဲ့ရေပမယ့္ ဘယ္ေတာ့မွ ရမယ္ ဆိုတာ မသိရဘူး” လို႔ ေျပာပါတယ္။

ဒီကိစၥအတြက္ ပါေမာကၡခ်ဳပ္ကို ေက်ာင္းသားသမဂၢအေနနဲ႔ သြားေရာက္ေျပာၾကားခဲ့ေပမယ့္ အဆင္မေျပဘူးလို႔ အတြင္းေရးမႉး ကိုသူရက ေျပာပါတယ္။

“က်ေနာ္တို႔ သမဂၢက တရားမဝင္လို႔ ေက်ာင္းသားေတြကိုယ္စား ေျပာခြင့္မရွိဘူးလို႔ ဆိုတယ္။ က်ေနာ္တေယာက္တည္းအေနနဲ႔ကေတာ့ အဲဒီေၾကးေတြကို မေပးဘဲ အပ္ခြင့္ေပးတယ္။ က်ေနာ္က တျခား ေက်ာင္းသားေတြကိုေရာ ဒီအေၾကာင္းကို ျပန္ေျပာခြင့္ရွိလား ဆိုေတာ့ သူတို႔ မေပးခ်င္ရင္ ေက်ာင္းသားေရးရာမွာ သြားေျပာရမယ္လို႔ ေျပာတယ္” လို႔ ဒီဗြီဘီကို ေျပာပါတယ္။

ဒါေပမယ့္ ေနာက္ႏွစ္မွာေတာ့ ဒီလိုမျဖစ္ေအာင္ လုပ္ေပးမယ္လို႔ ေျပာတယ္လို႔လည္း သူက ဆိုပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး သမဝါယမတကၠသိုလ္(သန္လ်င္)ရဲ႕ ပါေမာကၡခ်ဳပ္ ေဒါက္တာရီရီဝင္းကို ဒီဗြီဘီက ဖုန္းနဲ႔ ဆက္သြယ္ေပမယ့္ မရခဲ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
သမဝါယမတက္ကသိုလ်(သန်လျင်)မှာ ကျောင်းလခနဲ့ လက်တွေ့ခန်းကြေးတွေထက် အထွေထွေကြေးတွေက ၂ ဆ လောက် ပိုများနေတယ်လို့ ကျောင်းသားတွေထံက သိရပါတယ်။

အထွေထွေကြေးတွေအဖြစ် ရိုးရိုး ဘောက်ချာစာအုပ်မှာ တံဆိပ်တုံးနဲ့ ကျောင်းသားကတ်၊ မဂ္ဂဇင်းကြေး၊ ထမနဲကြေး၊ မိုးရာသီ ဘောလုံးပွဲ၊ သဗ္ဗဇယ အောင်စေတီ ဘက်စုံပြုပြင်၊ လုံချည်နဲ့ ဗလာစာအုပ် စသဖြင့် ရိုက်နှိပ် ဖော်ပြကောက်ခံခဲ့တယ်လို့ သမဝါယမတက္ကသိုလ်ကျောင်းသား တယောက်က ပြောပါတယ်။

“ကျောင်းလခ၊ လက်တွေ့ကြေးတွေက ၁၀၉၀၀ ကျပ်၊ အထွေထွေ ခေါင်းစဉ်တပ်ထားတာက ၁၇၅၀၀ ကျပ်။ မိန်းကလေး လုံချည်က ၄၅၀၀၊ ယောကျ်ားလေး ပုဆိုးက ၆ ထောင်ဆိုတော့ ယောကျ်ားလေးတွေက ၁၉၀၀၀ ပေးရတယ်။”

ဒါတွေဟာ သဒ္ဓါသလောက် ပေးရမယ်ဆိုရင် အဆင်ပြေပေမယ့် အခုလို မဖြစ်မနေ ထည့်ဝင်ခိုင်းတာမျိုးက အဆင်မပြေဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။ ကျောင်းအပ်နှံရင် အထွေထွေကြေးတွေကို မဖြစ်မနေ ပေးသွင်းရပြီး မပေးရင် ကျောင်းအပ်လက်မခံခဲ့ဘူးလို့ လည်းသိရပါတယ်။

သန်လျင်သမဝါယမတက္ကသိုလ် ကျောင်းသားသမဂ္ဂအတွင်းရေးမှူး ကိုသူရက “စေတီပြင်တာလည်း ပါနေတော့ တခြားဘာသာဝင်တွေအတွက် အဆင်မပြေနိုင်ဘူးလေ။ ပြီးတော့ တချို့ကိစ္စတွေ၊ ဥပမာ ထမနဲပွဲ၊ ဘောလုံးပွဲတို့အတွက် လိုအပ်တဲ့အချိန်မှာ ကောက်ရင် ဒါထက်လည်း ပိုထည့်ချင် ထည့်ကြမယ်” လို့ ပြောပါတယ်။

ဒီလို ကောက်ခံတာတွေကို အရင်နှစ်တွေကလည်း လုပ်ခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

စတုတ္ထနှစ်ကျောင်းသား ကိုကျော်သီဟသူက “ကျနော် ကျောင်းသွားအပ်ပြီးသွားပြီ။ ဘာမှတော့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ခုလိုပေးရတာကို မကျေနပ်ဘူးလေ။ ပုဆိုးတထည်ကို ၆ ထောင်ဆိုရင် အပြင်မှာ တော်တော်ကောင်းနေပြီ။ ဒီမှာက မနှစ်ကဆိုရင် ပါးပါးလေးပဲ ရတယ်။ အဲဒါကြောင့် မလိုချင်ဘူး။ ပြီးတော့ ဗလာစာအုပ်ဖိုးဆိုတာ ပေးခဲ့ရပေမယ့် ဘယ်တော့မှ ရမယ် ဆိုတာ မသိရဘူး” လို့ ပြောပါတယ်။

ဒီကိစ္စအတွက် ပါမောက္ခချုပ်ကို ကျောင်းသားသမဂ္ဂအနေနဲ့ သွားရောက်ပြောကြားခဲ့ပေမယ့် အဆင်မပြေဘူးလို့ အတွင်းရေးမှူး ကိုသူရက ပြောပါတယ်။

“ကျနော်တို့ သမဂ္ဂက တရားမဝင်လို့ ကျောင်းသားတွေကိုယ်စား ပြောခွင့်မရှိဘူးလို့ ဆိုတယ်။ ကျနော်တယောက်တည်းအနေနဲ့ကတော့ အဲဒီကြေးတွေကို မပေးဘဲ အပ်ခွင့်ပေးတယ်။ ကျနော်က တခြား ကျောင်းသားတွေကိုရော ဒီအကြောင်းကို ပြန်ပြောခွင့်ရှိလား ဆိုတော့ သူတို့ မပေးချင်ရင် ကျောင်းသားရေးရာမှာ သွားပြောရမယ်လို့ ပြောတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမယ့် နောက်နှစ်မှာတော့ ဒီလိုမဖြစ်အောင် လုပ်ပေးမယ်လို့ ပြောတယ်လို့လည်း သူက ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး သမဝါယမတက္ကသိုလ်(သန်လျင်)ရဲ့ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top