မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×


ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ဒီဇင်ဘာ ၁၉ ရက်ည ၈နာရီ ၄၅မိနစ်ခန့်က ၄င်းကျေးရွာရှိဈေးဆိုင်မှ နေအိမ်သို့အပြန်တွင် အမျိုးသားနှစ်ဦးမှ ပါးစပ်ပိတ်၍ ခေါ်ဆောင်သွားကြောင်း၊ ၄င်း၏ မိခင်မှ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အမျိုးသမီးငယ်၏ ဖခင်ဖြစ်သူအား လာရောက်ပြောဆိုသည်။


ယင်းသို့ရှာဖွေနေစဉ် ချပ်သင်းကျေးရွာ မြောက်ဘက် ချပ်သင်း-ကျွန်းလှ-ကောလင်းသွားကားလမ်းမ အရောက်တွင် လမ်းဘေးခြုံပုတ်များအတွင်းမှ လမ်းမပေါ်သို့ ၄င်း၏သမီးငယ်မှာ ငို၍ပြေးတက်လာသည်ကို တွေ့ရှိ၍ မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းရာ ဇီးကုန်းမြောက်ရွာနေထိုင်သည့် ဖြိုးဝေအောင်(ခ)မိုးသီး(သ)၁၉ နှစ်နှင့် စိုးပိုင်(သ)၃၂ နှစ်တို့မှ ၄င်းအားပါးစပ်ပိတ်၍ ဆိုင်ကယ်နှင့်အတင်းခေါ်ဆောင်ကာ ဖြိုးဝေအောင်မှ တွန်းလှဲ၍ သားမယားအဖြစ် ငါးမိနစ်ခန့်တစ်ကြိမ်ပြုကျင့်ခဲ့ပြီးနောက် စိုးပိုင်လည်း နင့်ကိုသတ်ပစ်လို့ရတယ် ဟု ခြိမ်းခြောက်ပြောဆိုကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၎င်းအမျိုးသမီး၏ ပြောပြချက်အရ သိရသည်။



မောင်လေး ငယ်ငယ်
Credit: thithtoolwin

#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အမျိုးသားနှစ်ဦးမှ ပါးစပ်ပိတ်ခေါ်ဆောင်၍ သားမယားအဖြစ် တစ်လှည့်စီ ပြုကျင့်မှု ဒီဇင်ဘာ ၁၉ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ဒီဇင်ဘာ ၁၉ ရက်ည ၈နာရီ ၄၅မိနစ်ခန့်က ၎င်းကျေးရွာရှိဈေးဆိုင်မှ နေအိမ်သို့အပြန်တွင် အမျိုးသားနှစ်ဦးမှ ပါးစပ်ပိတ်၍ ခေါ်ဆောင်သွားကြောင်း၊ ၎င်း၏ မိခင်မှ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အမျိုးသမီးငယ်၏ ဖခင်ဖြစ်သူအား လာရောက်ပြောဆိုသည်။

၎င်းကဲ့သို့ခေါ်ဆောင်သွားသည်ကို အမျိုးသမီးငယ်၏ ဖခင်မှ သိသိခြင်းရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ ရဲတပ်ဖွဲ့ဝင်များ၊ အိမ်နီးနားချင်းများနှင့် အတူ အနောက်မှ ထပ်ကြပ်မကွာ လိုက်လံရှာဖွေခဲ့ကြသည်။

ယင်းသို့ရှာဖွေနေစဉ် ချပ်သင်းကျေးရွာ မြောက်ဘက် ချပ်သင်း-ကျွန်းလှ-ကောလင်းသွားကားလမ်းမ အရောက်တွင် လမ်းဘေးခြုံပုတ်များအတွင်းမှ လမ်းမပေါ်သို့ ၎င်း၏သမီးငယ်မှာ ငို၍ပြေးတက်လာသည်ကို တွေ့ရှိ၍ မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းရာ ဇီးကုန်းမြောက်ရွာနေထိုင်သည့် ဖြိုးဝေအောင်(ခ)မိုးသီး(သ)၁၉ နှစ်နှင့် စိုးပိုင်(သ)၃၂ နှစ်တို့မှ ၎င်းအားပါးစပ်ပိတ်၍ ဆိုင်ကယ်နှင့်အတင်းခေါ်ဆောင်ကာ ဖြိုးဝေအောင်မှ တွန်းလှဲ၍ သားမယားအဖြစ် ငါးမိနစ်ခန့်တစ်ကြိမ်ပြုကျင့်ခဲ့ပြီးနောက် စိုးပိုင်လည်း နင့်ကိုသတ်ပစ်လို့ရတယ် ဟု ခြိမ်းခြောက်ပြောဆိုကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၎င်းအမျိုးသမီး၏ ပြောပြချက်အရ သိရသည်။

ယင်းနောက် ရဲတပ်ဖွဲ့မှ အဆိုပါချုံပုတ်အတွင်းရှာဖွေရာ ဖြိုးဝေအောင်နှင့် စိုးပိုင်တို့အားတွေ့ရှိသဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

၎င်းဖြစ်စဉ်အား သားမယားပြုကျင့်ခံရသူ အမျိုးသမီး၏ ဖခင်မှ တရားလိုပြုလုပ်တိုင်တန်း၍ ကန့်ဘလူမြို့မရဲစခန်း အမှုကြီးအမှတ်စဉ် ၁၂/၂၀၁၇(ပ)၂၇၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၃၇၆ အရ ရဲအုပ် ကျော်ခိုင်မှ စစ်ဆေးပြီး တရားဥပဒေနှင့် အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်လေး ငယ်ငယ်
https://www.facebook.com/www.myasoe453/

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top