ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ခရမ္းခ်ဥ္သီးရဲ႕ က်န္းမာေရးေကာင္းက်ိဳးေတြကေတာ့ အၿမဲတမ္းလိုလို ၾကားေနရတာပဲ။ ခ်က္ျပဳတ္နည္းေတြထဲမွာ ခရမ္းခ်ဥ္သီးကို အမ်ိဳးမ်ိဳးအဖံုဖံု ထည့္သြင္းၾကတယ္။ ေဖ်ာ္ေသာက္ၾကတယ္။ ခရမ္းခ်ဥ္သီးဟာ က်န္းမာေရးအတြက္သာမက အသားအေရလွပဖုိ႔အတြက္လည္း အေတာ္ကို ေကာင္းက်ိဳးေပးပါတယ္။ ခရမ္းခ်ဥ္သီးတစ္မ်ိဳးတည္းနဲ႔ကို အလွအပေရးရာအတြက္ နည္းမ်ိဳးစံု သံုးႏိုင္ေသးတယ္။
၁။ Scrub

ခရမ္းခ်ဥ္သီးကို ထက္ျခမ္း ျခမ္းလိုက္ပါ။ တစ္ျခမ္းေပၚကို သၾကား လက္ဖက္စားဇြန္း ၁ ဇြန္း ျဖဴးေပးပါ။ သၾကားအႏုကိုေရြးတာ ပိုေကာင္းပါတယ္။ သၾကားျဖဴးထားတဲ့ ခရမ္းခ်ဥ္သီးနဲ႔ မ်က္ႏွာကို ၅ မိနစ္ခန္႔ ပြတ္ေပးပါ။ ျဖည္းျဖည္းခ်င္းပြတ္ေပးရံုပါပဲ။ ၿပီးေတာ့မွ မ်က္ႏွာျပန္သစ္လိုက္မယ္ဆုိ ဆဲလ္ေသေတြဖယ္ရွားျပီးသြား ျဖစ္သြားလိမ့္မယ္။ ပိတ္ေနတဲ့ေခၽြးေပါက္ေတြ ပြင့္သြားမွာျဖစ္လို႔ အသားအေရၾကည္လင္လာမွာ ျဖစ္ပါတယ္။
၂။ မ်က္ႏွာေပါင္းတင္မယ္

႐ွားေဇာင္းလက္ပပ္ေလးနဲ႔ ခရမ္းခ်ဥ္သီးကို ေရာၿပီး မ်က္ႏွာေပါင္းတင္ရေအာင္။ အိပ္ေရးပ်က္လို႔ အသားအေရ ညစ္ႏြမ္းတဲ့လူေတြအတြက္ ဒီနည္းက ထူးျခားလာေစပါလိမ့္မယ္။ ဘယ္လိုလုပ္ရမလဲဆုိရင္ ေခ်ထားတဲ့ခရမ္းခ်ဥ္သီးအဖတ္ - လက္ဖက္စားဇြန္း ၂ ဇြန္း၊ ရွားေဇာင္းလက္ပပ္အႏွစ္ - လက္ဖက္စားဇြန္း ၁ ဇြန္း ၊ ဗိုက္တာမင္ E အလံုး ၂ လံုး တို႔ကို ေရာေမႊၿပီး မ်က္ႏွာေပၚ လိမ္းေပးထားရပါမယ္။ ၂၅ မိနစ္ ထားၿပီးမွ ေရနဲ႔ မ်က္ႏွာကိုေဆးခ်လိုက္ပါ။ ဒီနည္းက မ်က္ႏွာအသားအေရ ညစ္ႏြမ္းတာ၊ အသားေျခာက္တာ၊ မ်က္ကြင္းညိဳတာေတြကို ေျဖ႐ွင္းေပးႏိုင္ပါလိမ့္မယ္။
၃။ ေနေလာင္ေပ်ာက္ေဆး

ေနေလာင္ကြက္ေတြနဲ႔ ညိဳမည္းေနတဲ့ မ်က္ႏွာကို မူလအသားအေရ ျပန္ရဖုိ႔အတြက္ဆုိရင္ ခရမ္းခ်ဥ္သီးအရည္ကို သံုးလို႔ရတယ္။ ခရမ္းခ်ဥ္သီးကို ေအးခဲေအာင္ထားၿပီးမွ အရည္ညႇစ္၊ ရတဲ့အရည္ကို မ်က္ႏွာေပၚ ခဏေလာက္လိမ္းထားၿပီးမွ ေရေဆးခ်မယ္ဆုိ အသားအေရာင္ ျပန္ညီလာမွာ ျဖစ္ပါတယ္။

Source : Glow, Beuty Tips
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ခရမ်းချဉ်သီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ အမြဲတမ်းလိုလို ကြားနေရတာပဲ။ ချက်ပြုတ်နည်းတွေထဲမှာ ခရမ်းချဉ်သီးကို အမျိုးမျိုးအဖုံဖုံ ထည့်သွင်းကြတယ်။ ဖျော်သောက်ကြတယ်။ ခရမ်းချဉ်သီးဟာ ကျန်းမာရေးအတွက်သာမက အသားအရေလှပဖို့အတွက်လည်း အတော်ကို ကောင်းကျိုးပေးပါတယ်။ ခရမ်းချဉ်သီးတစ်မျိုးတည်းနဲ့ကို အလှအပရေးရာအတွက် နည်းမျိုးစုံ သုံးနိုင်သေးတယ်။
၁။ Scrub

ခရမ်းချဉ်သီးကို ထက်ခြမ်း ခြမ်းလိုက်ပါ။ တစ်ခြမ်းပေါ်ကို သကြား လက်ဖက်စားဇွန်း ၁ ဇွန်း ဖြူးပေးပါ။ သကြားအနုကိုရွေးတာ ပိုကောင်းပါတယ်။ သကြားဖြူးထားတဲ့ ခရမ်းချဉ်သီးနဲ့ မျက်နှာကို ၅ မိနစ်ခန့် ပွတ်ပေးပါ။ ဖြည်းဖြည်းချင်းပွတ်ပေးရုံပါပဲ။ ပြီးတော့မှ မျက်နှာပြန်သစ်လိုက်မယ်ဆို ဆဲလ်သေတွေဖယ်ရှားပြီးသွား ဖြစ်သွားလိမ့်မယ်။ ပိတ်နေတဲ့ချွေးပေါက်တွေ ပွင့်သွားမှာဖြစ်လို့ အသားအရေကြည်လင်လာမှာ ဖြစ်ပါတယ်။
၂။ မျက်နှာပေါင်းတင်မယ်

ရှားဇောင်းလက်ပပ်လေးနဲ့ ခရမ်းချဉ်သီးကို ရောပြီး မျက်နှာပေါင်းတင်ရအောင်။ အိပ်ရေးပျက်လို့ အသားအရေ ညစ်နွမ်းတဲ့လူတွေအတွက် ဒီနည်းက ထူးခြားလာစေပါလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲဆိုရင် ချေထားတဲ့ခရမ်းချဉ်သီးအဖတ် - လက်ဖက်စားဇွန်း ၂ ဇွန်း၊ ရှားဇောင်းလက်ပပ်အနှစ် - လက်ဖက်စားဇွန်း ၁ ဇွန်း ၊ ဗိုက်တာမင် E အလုံး ၂ လုံး တို့ကို ရောမွှေပြီး မျက်နှာပေါ် လိမ်းပေးထားရပါမယ်။ ၂၅ မိနစ် ထားပြီးမှ ရေနဲ့ မျက်နှာကိုဆေးချလိုက်ပါ။ ဒီနည်းက မျက်နှာအသားအရေ ညစ်နွမ်းတာ၊ အသားခြောက်တာ၊ မျက်ကွင်းညိုတာတွေကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။
၃။ နေလောင်ပျောက်ဆေး

နေလောင်ကွက်တွေနဲ့ ညိုမည်းနေတဲ့ မျက်နှာကို မူလအသားအရေ ပြန်ရဖို့အတွက်ဆိုရင် ခရမ်းချဉ်သီးအရည်ကို သုံးလို့ရတယ်။ ခရမ်းချဉ်သီးကို အေးခဲအောင်ထားပြီးမှ အရည်ညှစ်၊ ရတဲ့အရည်ကို မျက်နှာပေါ် ခဏလောက်လိမ်းထားပြီးမှ ရေဆေးချမယ်ဆို အသားအရောင် ပြန်ညီလာမှာ ဖြစ်ပါတယ်။

Source : Glow, Beuty Tips

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top