ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

တ႐ုတ္ျပည္မွာ တအိမ္ေထာင္ကေလးတစ္ေယာက္ဆိုတဲ့ေပၚလစီေၾကာင့္ သမီးျဖစ္သူကိုစြန႔္ပစ္လိုက္ ရတဲ့ေမြးမိဘနဲ႔ အႏွစ္ ၂၀ အၾကာမွာ ေကတီဟာျပန္ဆုံေတြ႕ခြင့္ရခဲ့ပါတယ္။ သူ႔ေမြးစားအေမအေဖေတြက အဂၤလိပ္ေတြျဖစ္ပါတယ္။

တ႐ုတ္ျပည္က တအိမ္ေထာင္ကေလးတစ္ေယာက္ေပၚလစီကိုမလိုက္နာရင္ ဒဏ္ေၾကးအမ်ားႀကီးေပးရမယ္။ ကေလးကိုဖ်က္ခ်ခိုင္းတဲ့ေခတ္မွာ ေကတီကိုေမြးဖြားခဲ့တာပါ။ ၁၉၉၄မွာ လီဒါနဲ႔ဖန္ဇီခြၽမ္းတို႔က ဒုတိယကေလးကိုကိုယ္ဝန္ရွိလာေတာ့ ကေလးကိုဖ်က္မခ်ရက္ေတာ့ တိတ္တိတ္ေလးေမြးခဲ့ပါတယ္။ ကေလးအေဖက” က်ေနာ္ဒီကေလးကိုဖ်က္မခ်ရက္ဖူး။

က်ေနာ္ေတြးတာက က်ေနာ္တို႔မေမြးႏိုင္ရင္ေတာင္ သူ႔ကိုေပးပစ္လိုက္လို႔ရတာပဲ”လို႔ ေတြးခဲ့တယ္။ သူ႔ကိုေမြးၿပီး တတိယေန႔မွာ သူ႔အတြက္ႏို႔ဗူးေတြျပင္ဆင္၊သမီးကိုေပြ႕ခ်ီၿပီးေဈးကိုထြက္ခဲ့တယ္။ သမီးကမငိုပါဘူး။အိပ္ေပ်ာ္ေနရွာတယ္။ သမီးကိုအသာေလးနမ္းၿပီးေတာ့ႏုတ္ဆက္ လိုက္တယ္။

အေဖရဲ႕စိတ္မွာေတာ့ဒါေနာက္ဆုံးႏုတ္ဆက္ျခင္းပဲလို႔ေတြးေနခဲ့ပါတယ္။
အေမရိကန္ မစ္ခ်ီဂန္မွာေနထိုင္တဲ့ ကင္နဲ႔႐ုတ္သ္တို႔ဟာ ဒီကေလးမေလးကိုေမြးစားခဲ့ၿပီး ေကတီလို႔အမည္ေပးခဲ့တယ္။ ကေလးနဲ႔အတူ တ႐ုတ္စာနဲ႔ေရးထားတဲ့ စာ႐ြက္တစ္႐ြက္ကိုပါသူတို႔ရရွိခဲ့တယ္။
ဒီစာက သူ႔ေမြးမိဘေတြက ကေလးကိုစြန႔္ပစ္စဥ္ေရးခဲ့တဲ့စာေတြျဖစ္ပါတယ္။
“ဆင္းရဲမႈနဲ႔အျခားေသာအေၾကာင္းေၾကာင္းေတြေၾကာင့္ ဒီမိန္းကေလးကိုလမ္းေပၚစြန႔္ပစ္ဖို႔နည္းလမ္းကလြဲလို႔က်ေနာ္တို႔မွာတျခားနည္းလမ္းမရွိခဲ့ပါဘူး။

တကယ္လို႔မ်ားက်ေနာ္တို႔ေမြးမိဘေတြကိုသနားဂ႐ုဏာသက္တယ္ဆိုရင္ေတာ့ ၁၀ႏွစ္ အႏွစ္၂၀ၾကာတဲ့အခါ ဟန္ဂ်ိဳးက ဘ႐ုတ္ကင္တံတားမွာလာေတြ႕ပါ”လို႔ေရးထားပါတယ္။ “ဒီစာက စိတ္ထဲမွာ ခံစားရတဲ့ေမတၱာရပ္ခံမႈတစ္ခုပါပဲ”လို႔ ေမြးစားအေဖကေျပာပါတယ္။
ကေလးက သိတတ္လာတဲ့အ႐ြယ္မွာ အေမက သမီးကိုေမြးတာလားလို႔ ေကတီကေမးတဲ့အခါ ေမြးစားအေမအဂၤလိပ္မႀကီးက “သမီးကို အေမက ဝမ္းနဲ႔လြယ္မေမြးေပမယ့္ ႏွလုံးသားနဲ႔လြယ္ၿပီးေမြးခဲ့တယ္” လို႔ေျပာခဲ့တယ္။ကေလးကို သူတို႔ရဲ႕သမီးရင္းအတိုင္းလူလားေျမာက္ေအာင္ ေကြၽးေမြးသုတ္သင္ခဲ့
ပါတယ္။

ေမြးအေဖျဖစ္သူ ဟာ သမီးကိုေမြးစားသြားသူေတြက သူတို႔ကိုသနား ဂ႐ုဏာသက္ၿပီး သမီးနဲ႔ေတြ႕ခြင့္ေပးေလမလားအေတြးနဲ႔ ၁၀ ႏွစ္ျပည့္တဲ့အခ်ိန္ကစလို႔ စာထဲမွာေရးထားတဲ့တံတားကို ႏွစ္စဥ္သြားေစာင့္ခဲ့တယ္။
“၂၀၀၄ ကစလို႔ က်ေနာ္ ဒီတံတားကို နစ္စဥ္သြားတယ္။က်ေနာ္အတြက္ေမွ်ာ္လင့္ခ်က္သိပ္မရွိဘူးလို႔ ထင္ေပမယ့္ သြားေစာင့္ေနခဲ့တယ္။”
သမီးျဖစ္တဲ့ေကတီဟာ ဒီကိစၥကို မႏွစ္ကအထိမသိခဲ့ေသးဘူး။မႏွစ္ကအခ်ိန္ဟာ သူမကိုေမြးၿပီး အႏွစ္၂၀ၾကာခဲ့ၿပီေပါ့။ ေနာက္ဆုံးေတာ့ ေကတီဟာသူ႔ရဲ႕ေမြးမိဘေတြနဲ႔ျပန္ဆုံေတြ႕ခဲ့ပါတယ္။

ျပန္ေတြ႕တဲ့အခါအေမကရႈိက္ႀကီးတငင္ငိုေႂကြးၿပီးသမီးကိုေတာင္းပန္ခဲ့ပါတယ္။ သမီးက အေမနဲ႔တူေပမယ့္ အေမေျပာတာကိုသမီးဘာမွ နားမလည္ေတာ့ပါလားလို႔ေျပာရွာပါတယ္။

ေမြးစားအေဖက “က်ေနာ္တို႔သူ႔ကိုအရမ္းခ်စ္တာကိုသူသိပါတယ္။ဒီေန႔က်ေနာ္တို႔မွာ ဘာမွ ဆုံးရႈံးမသြားပါဘူး။သူ႔အတြက္က်ေနာ္တို႔အရမ္းေပ်ာ္ပါတယ္။”လို႔ေျပာသလို ေမြးစားအေမက ” သူဒီေနရာအထိေရာက္သြားခဲ့တာ က်မေပ်ာ္ပါတယ္။သူၿငိမ္းခ်မ္းေပ်ာ္႐ႊင္ပါေစ”လို႔ေျပာပါတယ္။

သူမရဲ႕ေမြးမိဘအိမ္မွာ ေနခဲ့တဲ့ေကတီက ေမြးမိဘေတြနဲ႔ေနခဲ့ရတဲ့ အခ်ိန္ေတြအတြက္ စိတ္ထဲမွာေက်နပ္ခဲ့ရတယ္လို႔ ေျပာပါတယ္။
ေကတီက “က်မရဲ႕ေမြးစားမိဘေတြက်မကိုခ်စ္ၾကတာက်မသိပါတယ္။ဒါေပမယ့္ ရွိေနခဲ့တယ္လို႔က်မတခါမွမသိခဲ့တဲ့ ခ်စ္ျခင္းေမတၱာေတြကိုလည္းရရွိခဲ့ပါတယ္” တဲ့။
ေမတၱာဆိုတာ အသားအေရာင္၊လူမ်ိဳး ဘာသာစကားကြဲျပားမႈအေပၚမွာ မူတည္မေနပဲ လူသားေတြရဲ႕ ႏွလုံးသားမွာသာတည္ေၾကာင္း သက္ေသျပလိုက္တဲ့
ဆန္းၾကယ္လွတဲ့ တကယ့္အျဖစ္အပ်က္မွန္ဇတ္လမ္းေလးတစ္ပုဒ္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: SZ(Time Ayeyar)

# Unicode Version ျဖင့္ ဖတ္ပါ #

တရုတ်ပြည်မှာ တအိမ်ထောင်ကလေးတစ်ယောက်ဆိုတဲ့ပေါ်လစီကြောင့် သမီးဖြစ်သူကိုစွန့်ပစ်လိုက် ရတဲ့မွေးမိဘနဲ့ အနှစ် ၂၀ အကြာမှာ ကေတီဟာပြန်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ သူ့မွေးစားအမေအဖေတွေက အင်္ဂလိပ်တွေဖြစ်ပါတယ်။

တရုတ်ပြည်က တအိမ်ထောင်ကလေးတစ်ယောက်ပေါ်လစီကိုမလိုက်နာရင် ဒဏ်ကြေးအများကြီးပေးရမယ်။ ကလေးကိုဖျက်ချခိုင်းတဲ့ခေတ်မှာ ကေတီကိုမွေးဖွားခဲ့တာပါ။ ၁၉၉၄မှာ လီဒါနဲ့ဖန်ဇီချွမ်းတို့က ဒုတိယကလေးကိုကိုယ်ဝန်ရှိလာတော့ ကလေးကိုဖျက်မချရက်တော့ တိတ်တိတ်လေးမွေးခဲ့ပါတယ်။ ကလေးအဖေက” ကျနော်ဒီကလေးကိုဖျက်မချရက်ဖူး။

ကျနော်တွေးတာက ကျနော်တို့မမွေးနိုင်ရင်တောင် သူ့ကိုပေးပစ်လိုက်လို့ရတာပဲ”လို့ တွေးခဲ့တယ်။ သူ့ကိုမွေးပြီး တတိယနေ့မှာ သူ့အတွက်နို့ဗူးတွေပြင်ဆင်၊သမီးကိုပွေ့ချီပြီးဈေးကိုထွက်ခဲ့တယ်။ သမီးကမငိုပါဘူး။အိပ်ပျော်နေရှာတယ်။ သမီးကိုအသာလေးနမ်းပြီးတော့နုတ်ဆက် လိုက်တယ်။

အဖေရဲ့စိတ်မှာတော့ဒါနောက်ဆုံးနုတ်ဆက်ခြင်းပဲလို့တွေးနေခဲ့ပါတယ်။
အမေရိကန် မစ်ချီဂန်မှာနေထိုင်တဲ့ ကင်နဲ့ရုတ်သ်တို့ဟာ ဒီကလေးမလေးကိုမွေးစားခဲ့ပြီး ကေတီလို့အမည်ပေးခဲ့တယ်။ ကလေးနဲ့အတူ တရုတ်စာနဲ့ရေးထားတဲ့ စာရွက်တစ်ရွက်ကိုပါသူတို့ရရှိခဲ့တယ်။
ဒီစာက သူ့မွေးမိဘတွေက ကလေးကိုစွန့်ပစ်စဉ်ရေးခဲ့တဲ့စာတွေဖြစ်ပါတယ်။
“ဆင်းရဲမှုနဲ့အခြားသောအကြောင်းကြောင်းတွေကြောင့် ဒီမိန်းကလေးကိုလမ်းပေါ်စွန့်ပစ်ဖို့နည်းလမ်းကလွဲလို့ကျနော်တို့မှာတခြားနည်းလမ်းမရှိခဲ့ပါဘူး။

တကယ်လို့များကျနော်တို့မွေးမိဘတွေကိုသနားဂရုဏာသက်တယ်ဆိုရင်တော့ ၁၀နှစ် အနှစ်၂၀ကြာတဲ့အခါ ဟန်ဂျိုးက ဘရုတ်ကင်တံတားမှာလာတွေ့ပါ”လို့ရေးထားပါတယ်။ “ဒီစာက စိတ်ထဲမှာ ခံစားရတဲ့မေတ္တာရပ်ခံမှုတစ်ခုပါပဲ”လို့ မွေးစားအဖေကပြောပါတယ်။
ကလေးက သိတတ်လာတဲ့အရွယ်မှာ အမေက သမီးကိုမွေးတာလားလို့ ကေတီကမေးတဲ့အခါ မွေးစားအမေအင်္ဂလိပ်မကြီးက “သမီးကို အမေက ဝမ်းနဲ့လွယ်မမွေးပေမယ့် နှလုံးသားနဲ့လွယ်ပြီးမွေးခဲ့တယ်” လို့ပြောခဲ့တယ်။ကလေးကို သူတို့ရဲ့သမီးရင်းအတိုင်းလူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခဲ့
ပါတယ်။

မွေးအဖေဖြစ်သူ ဟာ သမီးကိုမွေးစားသွားသူတွေက သူတို့ကိုသနား ဂရုဏာသက်ပြီး သမီးနဲ့တွေ့ခွင့်ပေးလေမလားအတွေးနဲ့ ၁၀ နှစ်ပြည့်တဲ့အချိန်ကစလို့ စာထဲမှာရေးထားတဲ့တံတားကို နှစ်စဉ်သွားစောင့်ခဲ့တယ်။
“၂၀၀၄ ကစလို့ ကျနော် ဒီတံတားကို နစ်စဉ်သွားတယ်။ကျနော်အတွက်မျှော်လင့်ချက်သိပ်မရှိဘူးလို့ ထင်ပေမယ့် သွားစောင့်နေခဲ့တယ်။”
သမီးဖြစ်တဲ့ကေတီဟာ ဒီကိစ္စကို မနှစ်ကအထိမသိခဲ့သေးဘူး။မနှစ်ကအချိန်ဟာ သူမကိုမွေးပြီး အနှစ်၂၀ကြာခဲ့ပြီပေါ့။ နောက်ဆုံးတော့ ကေတီဟာသူ့ရဲ့မွေးမိဘတွေနဲ့ပြန်ဆုံတွေ့ခဲ့ပါတယ်။

ပြန်တွေ့တဲ့အခါအမေကရှိုက်ကြီးတငင်ငိုကြွေးပြီးသမီးကိုတောင်းပန်ခဲ့ပါတယ်။ သမီးက အမေနဲ့တူပေမယ့် အမေပြောတာကိုသမီးဘာမှ နားမလည်တော့ပါလားလို့ပြောရှာပါတယ်။

မွေးစားအဖေက “ကျနော်တို့သူ့ကိုအရမ်းချစ်တာကိုသူသိပါတယ်။ဒီနေ့ကျနော်တို့မှာ ဘာမှ ဆုံးရှုံးမသွားပါဘူး။သူ့အတွက်ကျနော်တို့အရမ်းပျော်ပါတယ်။”လို့ပြောသလို မွေးစားအမေက ” သူဒီနေရာအထိရောက်သွားခဲ့တာ ကျမပျော်ပါတယ်။သူငြိမ်းချမ်းပျော်ရွှင်ပါစေ”လို့ပြောပါတယ်။

သူမရဲ့မွေးမိဘအိမ်မှာ နေခဲ့တဲ့ကေတီက မွေးမိဘတွေနဲ့နေခဲ့ရတဲ့ အချိန်တွေအတွက် စိတ်ထဲမှာကျေနပ်ခဲ့ရတယ်လို့ ပြောပါတယ်။
ကေတီက “ကျမရဲ့မွေးစားမိဘတွေကျမကိုချစ်ကြတာကျမသိပါတယ်။ဒါပေမယ့် ရှိနေခဲ့တယ်လို့ကျမတခါမှမသိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်းရရှိခဲ့ပါတယ်” တဲ့။
မေတ္တာဆိုတာ အသားအရောင်၊လူမျိုး ဘာသာစကားကွဲပြားမှုအပေါ်မှာ မူတည်မနေပဲ လူသားတွေရဲ့ နှလုံးသားမှာသာတည်ကြောင်း သက်သေပြလိုက်တဲ့
ဆန်းကြယ်လှတဲ့ တကယ့်အဖြစ်အပျက်မှန်ဇတ်လမ်းလေးတစ်ပုဒ်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: SZ(Time Ayeyar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top