ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

က်န္းမာလွပတဲ့အသားအေရ ပိုင္ဆိုင္ႏိုင္ေစမယ့္ အေလ့အထ ၆ ခုကိုယ့္ရဲ႕ အသက္အရြယ္က ၁၅ ႏွစ္ပဲျဖစ္ျဖစ္ ၆၅ ႏွစ္ပဲျဖစ္ျဖစ္ အသားအေရကိုေတာ့ ဂရုစိုက္ဖို႔လိုေနမွာပါပဲ။ အားတဲ့ရက္မို႔ ေနပူထဲေလွ်ာက္သြားေနေန၊အလုပ္သြားရင္းပဲျဖစ္ျဖစ္ ေန႔တိုင္းသြားလာေနရတဲ့ အလုပ္မ်ိဳးကိုလုပ္ေနရရင္ပဲျဖစ္ျဖစ္ ဘယ္လိုအေနအထားမ်ိဳးမွာပဲ ပဲျဖစ္ေန ျဖစ္ေန လူတိုင္းက အရင္ဆံုးသတိထားမိမွာက ကၽြန္မတို႔အသားအေရကိုပါ။ က်န္းမာလွပတဲ့အသားအေရ ပိုင္ဆိုင္ထားျခင္းကလည္း လူကိုယံုၾကည္မႈပိုတိုးေစတဲ့အရာတစ္ခုပါပဲ။ က်န္းမာလွပတဲ့ အသားအေရပိုင္ရွင္ ျဖစ္ခ်င္တဲ့ဆႏၵ လူတိုင္းမွာရွိမယ္ထင္ပါတယ္။ ဒါေပမယ့္ က်န္းမာလွပတဲ့ အသားအေရပိုင္ဆိုင္ဖို႔ဆိုတာက ဆႏၵရွိရံု နဲ႔ျဖစ္လာမယ့္အရာေတာ့မဟုတ္ပါဘူး။  အလုပ္မ်ားတယ္ဆုိေပမယ့္လည္း ကၽြန္မတို႔မိန္ကေလးေတြရဲ႕ အလွတရားပို ပိုမိုျပီးျပည့္စံုေစတဲ့ အသားအေရေကာင္းျခင္းကိုရရွိဖို႔အတြက္ ဒီေန႔ကစျပီး အခ်ိန္နည္းနည္းေပးၾကည့္ၾကရေအာင္လား။

အသားအေရက်န္းမာလွပေစဖို႔က ေန႔စဥ္လုပ္ေဆာင္ေနက် အေလ့အထေတြက က်န္းမာေရးနဲ႔ညီညြတ္ဖို႔လိုသလို အသားအေရနဲ႔ လိုက္ဖက္မယ့္ အသားအေရထိန္းသိမ္းမႈေတြလုပ္ေဆာင္ဖို႔လိုတယ္ဆိုတာကိုလည္း ေမ့ထားလို႔မရပါဘူး။အသားအေရက်န္းမာလွပေအာင္လုပ္ရမယ့္ အရာေလးေတြက ဘာေတြမ်ားျဖစ္မလဲဆိုတာကို ၾကည့္လိုက္ရေအာင္။
အသားအေရက်န္းမာလွပေစမယ့္ အေလ့အထမ်ား

ေရေသာက္ေပးပါ။

သိျပီးသားျဖစ္ေကာင္းျဖစ္မွာပါ။ အသားအေရလွပေစဖို႔ ေရလံုေလာက္ေအာင္ေသာက္ေပးရမယ္ဆိုတဲ့အခ်က္ကို ေတာ္ေတာ္မ်ားမ်ား ၾကားဖူးမယ္ထင္ပါတယ္။ အသားအေရက်န္းမာလွပဖို႔ဆိုတာက ခႏၶာကိုယ္ကေရဓာတ္ အလံုအေလာက္ရရွိဖို႔လိုသလို အဆိပ္အေတာက္ကင္းစင္ဖို႔လည္းလိုပါတယ္။ တစ္ေန႔ကို ေရ ၈ ခြက္ကေန ၁၀ ခြက္ အထိေသာက္သံုးေပးမယ္ဆိုရင္ အေရျပားအစိုဓာတ္ကိုထိန္းထားႏိုင္ျပီး အသားအေရကိုက်န္းမာလွပ ေစတဲ့အျပင္ ဝက္ျခံေတြနဲ႔ အသားအေရမွာ အမဲစက္ေတြျဖစ္ေပၚတာကိုပါ သက္သာေစမွာျဖစ္ပါတယ္။ ခႏၶာကိုယ္ အတြက္လိုအပ္တဲ့ေရဓာတ္ျပည့္ဝေစဖို႔ သြားေလရာကိုေရဗူးယူသြားေပးပါ။ အလုပ္ခြင္ထဲမွာဆိုလည္း အလုပ္စားပြဲေပၚမွာ ေရဗူးထဲေရျဖည့္ျပီးထားထားေပးပါ။

အိပ္ေရးဝပါေစ။

တစ္ေန႔တာလံုး ပင္ပန္းမႈေတြေၾကာင့္ အသားအေရထိခိုက္မႈေတြေလ်ာ့ပါးသက္သာေစဖို႔ တစ္ညကို အနည္းဆံုး ၈ နာရီအိပ္စက္ျပီး ခႏၶာကိုယ္ကို ထိခိုက္ပ်က္စီးသြားတဲ့ အသားအေရေတြကို ျပင္ဆင္ခြင့္ေပးလိုက္ပါ။ ညအိပ္တဲ့အခါ ခႏၶာကိုယ္က UV rays ေတြ ညစ္ညမ္းတ့ဲျမိဳ႕ျပေလထုေၾကာင့္ ပ်က္စီးသြားတဲ့အသားအေရကို ျပဳျပင္ေပးမယ့္ melatonin ဆိုတဲ့ ေဟာ္မုန္းကိုထုတ္လႊတေ္ပးပါတယ္။ ညကိုအိပ္ေရးဝဝအိပ္ပါ။ အိပ္ရာေစာေစာဝင္ပါ။ ညအိပ္ခ်ိန္မွာ ဖုန္းကို ခပ္ေဝးေဝးမွာထားျပီး ေကာင္းမြန္စြာအိပ္စက္အနားယူရင္း က်န္းမာလွပတဲ့ အသားအေရကိုပိုင္ဆိုင္ႏိုင္ဖို႔လုပ္ၾကရေအာင္ပါ။

အာဟာရမွ်တေအာင္စားသံုးေပးပါ။

တစ္ေန႔တာလႈပ္ရွားသြားလာမႈေတြအတြင္းမွာ ေဆးလိပ္ေငြ႔နဲ႕ထိေတြ႔မိတာ၊ သဘာဝပတ္ဝန္းက်င္ညစ္ညမ္းမႈေတြ နဲ႔ထိေတြ႔မိတာနဲ႔တင္ အသားအေရကထိခိုက္ပ်က္စီးေနပါျပီ။ ဒါေၾကာင့္ အစားအေသာက္စားတဲ့အခါ အသားအေရ ကိုထိခိုက္ေစႏိုင္မယ့္အရာေတြျဖစ္တဲ့ ကဖင္း နဲ႔ အယ္လ္ကိုေဟာပါဝင္တာေတြကိုေရွာင္ၾကဥ္ျပီး အသားအေရ အတြက္ေကာင္းတဲ့ အစားအစာမ်ိဳးေတြကို စားသံုးေပးပါ။ အသားအေရအတြက္လိုအပ္တဲ့ အာဟာရဓာတ္ေတြျပည့္ဝေအာင္စားသံုးေပးပါ။

ဒီတစ္ခါေတာ့ အသားအေရထိန္းသိမ္းမႈပစၥည္းေလးေတြဘယ္လိုအသံုးျပဳမလဲဆိုတာေလးေျပာျပမယ္ေနာ္။ အသားအေရလွပဖို႔ဆိုတဲ့ေနရာမွာ အလွအပထိန္းသိမ္းတဲ့ ပစၥည္းေတြကိုေသေသခ်ာခ်ာ အသံုးျပဳတတ္ဖို႔ကလည္း တစ္စိတ္တစ္ပိုင္းေတာ့အေရးပါပါတယ္။

သင့္ေတာ္မယ့္ အသားအေရထိန္းသိမ္းမႈပစၥည္းကိုေရြးခ်ယ္ေပးပါ။

အသားအေရ ထိန္းသိမ္းတဲ့ပစၥည္းေတြကိုေရြးခ်ယ္တဲ့အခါ အေရးၾကီးဆံုးအခ်က္က ကိုယ္က ဘယ္လို အသားအေရပိုင္ရွင္လဲဆိုတာကို သိဖို႔ပါ။ မ်က္ႏွာသစ္ေဆးကစလို႔ ေနာက္ဆံုး မိတ္ကပ္ေရြးခ်ယ္တာမ်ိဳးအထိ အသားအေရနဲ႕လိုက္ဖက္ေနဖို႔ အင္မတန္မွ အေရးၾကီးပါတယ္။ မ်က္ႏွာသစ္ေဆးေရြးခ်ယ္တဲ့အခါမွာလည္း အရမ္းမျပင္းဘဲ အမွန္တကယ္ အသားအေရအတြက္အက်ိဳးျဖစ္ေစမယ့္ Garnier ရဲ႕ Sakura White Pinkish Radiance Foam လိုမ်ိဳးမ်က္ႏွာသစ္ဆပ္ျပာမ်ိဳးကို အသံုးျပဳေပးလို႔ရပါတယ္။ မ်က္ႏွာအသားအေရကိုထိန္းသိမ္း ဖို႔ဆိုရင္ တိုနာ၊ေနေလာင္ကာခရင္မ္နဲ႔ Serum၊ Day cream နဲ႔ Night Cream တို႔ကိုလည္းအသံုးျပဳေပးဖို႔ လိုမွာျဖစ္ပါတယ္။ Day Cream အသံုးျပဳတဲ့အခါမွာလည္း အသားအေရကို ထိခိုက္ေစႏိုင္တဲ့ UVA rays နဲ႔ UVB rays တို႔ကို အမွန္တကယ္ကာကြယ္ေပးႏိုင္မယ့္ Garnier ရဲ႕ Sakura White Pinkish Radiance & Poreless Serum Cream SPF 21/ PA+++ လိုအသားအေရထိန္းသိမ္းမႈပစၥည္းမ်ိဳးကိုေရြးခ်ယ္ဖို႔လိုပါလိမ့္မယ္။ အသားအေရကို UVA နဲ႔ UVB တို႔ကေနကာကြယ္ႏိုင္မွ အသားအေရမွာ အရြယ္မတိုင္ခင္ အေရးအေၾကာင္းျဖစ္ တာမ်ိဳးမျဖစ္ေအာင္ကာကြယ္ႏိုင္မွာပါ။ ဒါ့အျပင္ အသားအေရကိုလည္းက်န္းမာလွပေစမွာပါ။ အရြယ္တင္ႏုပ်ိဳမႈကိုပါ ပိုင္ဆိုင္ႏိုင္မွာလည္းျဖစ္ပါတယ္။

အသားအေရေပၚက ဆဲလ္ေသေတြကိုဖယ္ရွားဖို႔ မေမ့ပါနဲ႔။

အသားအေရေပၚက ဆဲလ္ေသေတြကိုဖယ္ရွားမွသာ အသားအေရက လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ထိထိမိမိ စုပ္ယူျဖည့္တင္းႏိုင္မွာျဖစ္ပါတယ္။ ေခ်ာေမြ႔က်န္းမာတဲ့ အသားအေရကိုပိုင္ဆိုင္ခ်င္တယ္ဆိုရင္ အသားအေရ ေပၚကဆဲလ္ေသေတြကို ဖယ္ရွားတာက ေက်ာ္သြားလို႔မရတဲ့ အဆင့္တစ္ဆင့္ပါ။ ေနာက္ထပ္သိထားရမွာတစ္ခုက အေပၚမွာေျပာျပခဲ့သလို အသားအေရအစိုဓာတ္ထိန္းဖို႔ပါ။ အသားအေရအစိုဓာတ္ထိန္းဖို႔က ေရေသာက္ရံုနဲ႔ ျပီးေရာလားဆိုေတာ့ မဟုတ္ေသးပါဘူး။ မ်က္ႏွာအသားအေရမွာ အစုိဓာတ္ထိန္းခရင္မ္ကိုလည္းလူးေပးဖို႔လည္း လိုပါလိမ့္မယ္။ တစ္ပတ္တစ္ၾကိမ္ေလာက္ ဆဲလ္သေတြကိုဖယ္ရွားေပးမယ္ဆိုရင္ ေခၽြးေပါက္ေတြကိုပြင့္ေစျပီး ဝက္ျခံေတြကို သက္သာေစမယ့္အျပင္ က်န္းမာတဲ့ အသားအေရကိုပါ ပိုင္ဆိုင္ႏိုင္မွာပါ။

အိပ္ရာမဝင္ခင္ မ်က္ႏွာကိုသန္႔စင္ပါ။

တစ္ေန႔တာလံုးပင္ပန္းလာတယ္ဆိုေပမယ့္ ညမအိပ္ခင္မွာေတာ့ မ်က္ႏွာကို သန္႔စင္ေအာင္လုပ္ပါ။ မ်က္ႏွာေပၚ ကတစ္ေန႔တာလံုးလူးထားသမွ်ေတြကို ဖ်က္ပစ္ျပီး မ်က္ႏွာသစ္ေဆးသံုးျပီး မ်က္ႏွာကိုေသခ်ာသစ္ေပးပါ။ တစ္ေန႔တာလံုး ပင္ပန္းထားတဲ့ အသားအေရကို လိုအပ္တဲ့အာဟာရဓာတ္ေလးေတြျပည့္ဝေစဖို႔ Garnier Sakura White Pinkish Radiance Sleeping Essence လိုမ်ိဳး အသားအေရကိုေရဓာတ္ျဖည့္ေပးျပီး ေခၽြးေပါက္ေတြနဲ႔ မ်က္ႏွာေပၚက အမဲစက္ေတြကို သက္သာေစတဲ့ ညလိမ္းခရင္မ္မ်ိဳးကိုလူးေပးလို႔ရပါတယ္။

အသားအေရက်န္းမာလွပဖို႔ဆိုတာက ေန႔စဥ္လုပ္ေဆာင္ေနတဲ့ အေလ့အထေတြအေပၚမွာအမ်ားၾကီး တည္မွီေနတတ္တာေၾကာင့္ မ်က္ႏွာကို လက္ေခ်ာင္းေတြနဲ႔ထိေတြ႔တာ၊ ဝက္ျခံေတြကိုဆိတ္ဆြတာ၊ ေခၽြးေတြကို မသုတ္ဘဲထားတာ၊ အရမ္းၾကာေနတဲ့မိတ္ကပ္ေတြကို ဆက္သံုးေနတာမ်ိဳး၊ ေနေရာင္နဲ႔တိုက္ရိုက္ထိေတြ႔တာ မ်ိဳးေတြကို မလုပ္မိဖို႔လည္း သတိထားဖို႔လိုပါလိမ့္မယ္။ အသားအေရနဲ႔လိုက္ဖက္မယ့္ အသားအေရထိန္းသိမ္းမႈ ပစၥည္းေတြကိုလည္းေရြးခ်ယ္အသံုးျပဳတာနဲ႔ ေန႔စဥ္လုပ္ေနက်အေလ့အထေတြထဲက က်န္းမာေရးနဲ႔မညီညြတ္တဲ့ အေလ့အထေတြကို သတိထားဆင္ျခင္တာေတြကို ဟန္ခ်က္ညီေအာင္လုပ္ေဆာင္ရင္း အမ်ားၾကားမွာ ထင္ေပၚေနမယ့္ က်န္းမာလွပတဲ့ အသားအေရကုိ ပိုင္ဆိုင္ႏိုင္ေစဖို႔ လက္ေတြ႔လုပ္ၾကည့္ဖို႔ တိုက္တြန္းပါရေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
ကိုယ့်ရဲ့ အသက်အရွယ်က ၁၅ နှစ်ပဲဖြစ်ဖြစ် ၆၅ နှစ်ပဲဖြစ်ဖြစ် အသားအရေကိုတော့ ဂရုစိုက်ဖို့လိုနေမှာပါပဲ။ အားတဲ့ရက်မို့ နေပူထဲလျှောက်သွားနေနေ၊အလုပ်သွားရင်းပဲဖြစ်ဖြစ် နေ့တိုင်းသွားလာနေရတဲ့ အလုပ်မျိုးကိုလုပ်နေရရင်ပဲဖြစ်ဖြစ် ဘယ်လိုအနေအထားမျိုးမှာပဲ ပဲဖြစ်နေ ဖြစ်နေ လူတိုင်းက အရင်ဆုံးသတိထားမိမှာက ကျွန်မတို့အသားအရေကိုပါ။ ကျန်းမာလှပတဲ့အသားအရေ ပိုင်ဆိုင်ထားခြင်းကလည်း လူကိုယုံကြည်မှုပိုတိုးစေတဲ့အရာတစ်ခုပါပဲ။ ကျန်းမာလှပတဲ့ အသားအရေပိုင်ရှင် ဖြစ်ချင်တဲ့ဆန္ဒ လူတိုင်းမှာရှိမယ်ထင်ပါတယ်။ ဒါပေမယ့် ကျန်းမာလှပတဲ့ အသားအရေပိုင်ဆိုင်ဖို့ဆိုတာက ဆန္ဒရှိရုံ နဲ့ဖြစ်လာမယ့်အရာတော့မဟုတ်ပါဘူး။  အလုပ်များတယ်ဆိုပေမယ့်လည်း ကျွန်မတို့မိန်ကလေးတွေရဲ့ အလှတရားပို ပိုမိုပြီးပြည့်စုံစေတဲ့ အသားအရေကောင်းခြင်းကိုရရှိဖို့အတွက် ဒီနေ့ကစပြီး အချိန်နည်းနည်းပေးကြည့်ကြရအောင်လား။

အသားအရေကျန်းမာလှပစေဖို့က နေ့စဉ်လုပ်ဆောင်နေကျ အလေ့အထတွေက ကျန်းမာရေးနဲ့ညီညွတ်ဖို့လိုသလို အသားအရေနဲ့ လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့လိုတယ်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။အသားအရေကျန်းမာလှပအောင်လုပ်ရမယ့် အရာလေးတွေက ဘာတွေများဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်။
အသားအရေကျန်းမာလှပစေမယ့် အလေ့အထများ

ရေသောက်ပေးပါ။

သိပြီးသားဖြစ်ကောင်းဖြစ်မှာပါ။ အသားအရေလှပစေဖို့ ရေလုံလောက်အောင်သောက်ပေးရမယ်ဆိုတဲ့အချက်ကို တော်တော်များများ ကြားဖူးမယ်ထင်ပါတယ်။ အသားအရေကျန်းမာလှပဖို့ဆိုတာက ခန္ဓာကိုယ်ကရေဓာတ် အလုံအလောက်ရရှိဖို့လိုသလို အဆိပ်အတောက်ကင်းစင်ဖို့လည်းလိုပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက် အထိသောက်သုံးပေးမယ်ဆိုရင် အရေပြားအစိုဓာတ်ကိုထိန်းထားနိုင်ပြီး အသားအရေကိုကျန်းမာလှပ စေတဲ့အပြင် ဝက်ခြံတွေနဲ့ အသားအရေမှာ အမဲစက်တွေဖြစ်ပေါ်တာကိုပါ သက်သာစေမှာဖြစ်ပါတယ်။ ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ရေဓာတ်ပြည့်ဝစေဖို့ သွားလေရာကိုရေဗူးယူသွားပေးပါ။ အလုပ်ခွင်ထဲမှာဆိုလည်း အလုပ်စားပွဲပေါ်မှာ ရေဗူးထဲရေဖြည့်ပြီးထားထားပေးပါ။

အိပ်ရေးဝပါစေ။

တစ်နေ့တာလုံး ပင်ပန်းမှုတွေကြောင့် အသားအရေထိခိုက်မှုတွေလျော့ပါးသက်သာစေဖို့ တစ်ညကို အနည်းဆုံး ၈ နာရီအိပ်စက်ပြီး ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးသွားတဲ့ အသားအရေတွေကို ပြင်ဆင်ခွင့်ပေးလိုက်ပါ။ ညအိပ်တဲ့အခါ ခန္ဓာကိုယ်က UV rays တွေ ညစ်ညမ်းတဲ့မြို့ပြလေထုကြောင့် ပျက်စီးသွားတဲ့အသားအရေကို ပြုပြင်ပေးမယ့် melatonin ဆိုတဲ့ ဟော်မုန်းကိုထုတ်လွှတေ်ပးပါတယ်။ ညကိုအိပ်ရေးဝဝအိပ်ပါ။ အိပ်ရာစောစောဝင်ပါ။ ညအိပ်ချိန်မှာ ဖုန်းကို ခပ်ဝေးဝေးမှာထားပြီး ကောင်းမွန်စွာအိပ်စက်အနားယူရင်း ကျန်းမာလှပတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်ဖို့လုပ်ကြရအောင်ပါ။

အာဟာရမျှတအောင်စားသုံးပေးပါ။

တစ်နေ့တာလှုပ်ရှားသွားလာမှုတွေအတွင်းမှာ ဆေးလိပ်ငွေ့နဲ့ထိတွေ့မိတာ၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ နဲ့ထိတွေ့မိတာနဲ့တင် အသားအရေကထိခိုက်ပျက်စီးနေပါပြီ။ ဒါကြောင့် အစားအသောက်စားတဲ့အခါ အသားအရေ ကိုထိခိုက်စေနိုင်မယ့်အရာတွေဖြစ်တဲ့ ကဖင်း နဲ့ အယ်လ်ကိုဟောပါဝင်တာတွေကိုရှောင်ကြဉ်ပြီး အသားအရေ အတွက်ကောင်းတဲ့ အစားအစာမျိုးတွေကို စားသုံးပေးပါ။ အသားအရေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝအောင်စားသုံးပေးပါ။

ဒီတစ်ခါတော့ အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေဘယ်လိုအသုံးပြုမလဲဆိုတာလေးပြောပြမယ်နော်။ အသားအရေလှပဖို့ဆိုတဲ့နေရာမှာ အလှအပထိန်းသိမ်းတဲ့ ပစ္စည်းတွေကိုသေသေချာချာ အသုံးပြုတတ်ဖို့ကလည်း တစ်စိတ်တစ်ပိုင်းတော့အရေးပါပါတယ်။

သင့်တော်မယ့် အသားအရေထိန်းသိမ်းမှုပစ္စည်းကိုရွေးချယ်ပေးပါ။

အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေကိုရွေးချယ်တဲ့အခါ အရေးကြီးဆုံးအချက်က ကိုယ်က ဘယ်လို အသားအရေပိုင်ရှင်လဲဆိုတာကို သိဖို့ပါ။ မျက်နှာသစ်ဆေးကစလို့ နောက်ဆုံး မိတ်ကပ်ရွေးချယ်တာမျိုးအထိ အသားအရေနဲ့လိုက်ဖက်နေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မျက်နှာသစ်ဆေးရွေးချယ်တဲ့အခါမှာလည်း အရမ်းမပြင်းဘဲ အမှန်တကယ် အသားအရေအတွက်အကျိုးဖြစ်စေမယ့် Garnier ရဲ့ Sakura White Pinkish Radiance Foam လိုမျိုးမျက်နှာသစ်ဆပ်ပြာမျိုးကို အသုံးပြုပေးလို့ရပါတယ်။ မျက်နှာအသားအရေကိုထိန်းသိမ်း ဖို့ဆိုရင် တိုနာ၊နေလောင်ကာခရင်မ်နဲ့ Serum၊ Day cream နဲ့ Night Cream တို့ကိုလည်းအသုံးပြုပေးဖို့ လိုမှာဖြစ်ပါတယ်။ Day Cream အသုံးပြုတဲ့အခါမှာလည်း အသားအရေကို ထိခိုက်စေနိုင်တဲ့ UVA rays နဲ့ UVB rays တို့ကို အမှန်တကယ်ကာကွယ်ပေးနိုင်မယ့် Garnier ရဲ့ Sakura White Pinkish Radiance & Poreless Serum Cream SPF 21/ PA+++ လိုအသားအရေထိန်းသိမ်းမှုပစ္စည်းမျိုးကိုရွေးချယ်ဖို့လိုပါလိမ့်မယ်။ အသားအရေကို UVA နဲ့ UVB တို့ကနေကာကွယ်နိုင်မှ အသားအရေမှာ အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ် တာမျိုးမဖြစ်အောင်ကာကွယ်နိုင်မှာပါ။ ဒါ့အပြင် အသားအရေကိုလည်းကျန်းမာလှပစေမှာပါ။ အရွယ်တင်နုပျိုမှုကိုပါ ပိုင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။

အသားအရေပေါ်က ဆဲလ်သေတွေကိုဖယ်ရှားဖို့ မမေ့ပါနဲ့။

အသားအရေပေါ်က ဆဲလ်သေတွေကိုဖယ်ရှားမှသာ အသားအရေက လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထိထိမိမိ စုပ်ယူဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။ ချောမွေ့ကျန်းမာတဲ့ အသားအရေကိုပိုင်ဆိုင်ချင်တယ်ဆိုရင် အသားအရေ ပေါ်ကဆဲလ်သေတွေကို ဖယ်ရှားတာက ကျော်သွားလို့မရတဲ့ အဆင့်တစ်ဆင့်ပါ။ နောက်ထပ်သိထားရမှာတစ်ခုက အပေါ်မှာပြောပြခဲ့သလို အသားအရေအစိုဓာတ်ထိန်းဖို့ပါ။ အသားအရေအစိုဓာတ်ထိန်းဖို့က ရေသောက်ရုံနဲ့ ပြီးရောလားဆိုတော့ မဟုတ်သေးပါဘူး။ မျက်နှာအသားအရေမှာ အစိုဓာတ်ထိန်းခရင်မ်ကိုလည်းလူးပေးဖို့လည်း လိုပါလိမ့်မယ်။ တစ်ပတ်တစ်ကြိမ်လောက် ဆဲလ်သတွေကိုဖယ်ရှားပေးမယ်ဆိုရင် ချွေးပေါက်တွေကိုပွင့်စေပြီး ဝက်ခြံတွေကို သက်သာစေမယ့်အပြင် ကျန်းမာတဲ့ အသားအရေကိုပါ ပိုင်ဆိုင်နိုင်မှာပါ။

အိပ်ရာမဝင်ခင် မျက်နှာကိုသန့်စင်ပါ။

တစ်နေ့တာလုံးပင်ပန်းလာတယ်ဆိုပေမယ့် ညမအိပ်ခင်မှာတော့ မျက်နှာကို သန့်စင်အောင်လုပ်ပါ။ မျက်နှာပေါ် ကတစ်နေ့တာလုံးလူးထားသမျှတွေကို ဖျက်ပစ်ပြီး မျက်နှာသစ်ဆေးသုံးပြီး မျက်နှာကိုသေချာသစ်ပေးပါ။ တစ်နေ့တာလုံး ပင်ပန်းထားတဲ့ အသားအရေကို လိုအပ်တဲ့အာဟာရဓာတ်လေးတွေပြည့်ဝစေဖို့ Garnier Sakura White Pinkish Radiance Sleeping Essence လိုမျိုး အသားအရေကိုရေဓာတ်ဖြည့်ပေးပြီး ချွေးပေါက်တွေနဲ့ မျက်နှာပေါ်က အမဲစက်တွေကို သက်သာစေတဲ့ ညလိမ်းခရင်မ်မျိုးကိုလူးပေးလို့ရပါတယ်။

အသားအရေကျန်းမာလှပဖို့ဆိုတာက နေ့စဉ်လုပ်ဆောင်နေတဲ့ အလေ့အထတွေအပေါ်မှာအများကြီး တည်မှီနေတတ်တာကြောင့် မျက်နှာကို လက်ချောင်းတွေနဲ့ထိတွေ့တာ၊ ဝက်ခြံတွေကိုဆိတ်ဆွတာ၊ ချွေးတွေကို မသုတ်ဘဲထားတာ၊ အရမ်းကြာနေတဲ့မိတ်ကပ်တွေကို ဆက်သုံးနေတာမျိုး၊ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာ မျိုးတွေကို မလုပ်မိဖို့လည်း သတိထားဖို့လိုပါလိမ့်မယ်။ အသားအရေနဲ့လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုလည်းရွေးချယ်အသုံးပြုတာနဲ့ နေ့စဉ်လုပ်နေကျအလေ့အထတွေထဲက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အလေ့အထတွေကို သတိထားဆင်ခြင်တာတွေကို ဟန်ချက်ညီအောင်လုပ်ဆောင်ရင်း အများကြားမှာ ထင်ပေါ်နေမယ့် ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ လက်တွေ့လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top