ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

က်ိဳင္းတံုၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေသာ အသက္ (၁၈)ႏွစ္အရြယ္ ခန္႔ အမ်ိဳးသမီးတစ္ဦးကိုသတ္၍ မီး႐ိႈ႕အေလာင္းေဖ်ာက္ခဲ့သူႏွစ္ဦး အား ေသဆံုးသူ၏ခ်စ္သူ အကူ အညီျဖင့္ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာသည္။

ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕နယ္မွ က်ိဳင္းတံု- လြိဳင္ေမြသြားလမ္း မိုင္တိုင္ ၈ မိုင္ ၄ ဖာလံုခန္႔တြင္ မီး႐ိႈ႕ခံထားရ ေသာ အမ်ိဳးသမီး႐ုပ္အေလာင္း တစ္ေလာင္း ဒီဇင္ဘာ ၂၂ ရက္ က ေတြ႕ခဲ့ၿပီး အသတ္ခံရသူ မည္ သူျဖစ္သည္ကို ရဲတပ္ဖြဲ႕က စံုစမ္းေနစဥ္ ယင္းသတင္းသည္ လူမႈကြန္ရက္၌ ပ်ံ႕ႏွံ႔ခဲ့ကာ ျပည္သူမ်ားၾကား အထိတ္တလန္႔ျဖစ္ခဲ့ သည္ ထို႔ေနာက္ အသက္ (၁၉)ႏွစ္အရြယ္ လူငယ္တစ္ဦးက ရဲစခန္း သို႔ လာေရာက္၍ ေသဆံုးသူသည္သူ၏ ခ်စ္သူမိန္းကေလးျဖစ္ႏိုင္ ေၾကာင္း သတင္းေပးရာ က်ဴးလြန္သူႏွစ္ဦးကို ဒီဇင္ဘာ ၂၅ ရက္တြင္ ဖမ္းဆီးခဲ့ေၾကာင္း က်ိဳင္းတံုခ႐ိုင္ ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘လက္စြပ္တစ္ကြင္းကေန ဒီအမႈကို ေဖာ္ထုတ္လိုက္ရတာ ေပါ့။ မီးေလာင္သူရဲ႕ လက္သူ ႂကြယ္မွာ အသည္းပံုနဲ႔ လက္စြပ္ ေလး က်န္ခဲ့တယ္။ ဒါကို ေကာင္ ေလး (ေသဆံုးသူ၏ ခ်စ္သူ) က ေဖ့စ္ဘြတ္ခ္မွာေတြ႕ေတာ့ ရဲစခန္းကိုလာၿပီး သူနဲ႔ သူ႔ရည္းစားခ်စ္သူ သက္တမ္း တစ္ႏွစ္ျပည့္မွာ အတူ တူဝတ္ခဲ့ၾကတဲ့ လက္စြပ္လို႔ ေျပာ လို႔ ကြင္းဆက္ကို ေဖာ္လိုက္ႏိုင္ တာ’’ဟု အထက္ပါရဲအရာရွိက ေျပာသည္။

ေသဆံုးသူႏွင့္ ၎၏ ခ်စ္သူတုိ႔သည္ ဒီဇင္ဘာ ၂၀ ရက္ ေန႔လယ္က ေနာက္ဆံုးေတြ႕ခဲ့ၿပီး အမ်ိဳးသမီးသည္ က်ိဳင္းတံုၿမိဳ႕ ရပ္ကြက္ (၄)ရွိ ေဆြမ်ိဳးနီးစပ္ေတာ္ သူတစ္ဦး၏ အိမ္တြင္ ငါးကင္စားမည္ဟု ေျပာဆုိကာ ငါးကင္သြား ဝယ္ရန္ ထြက္ခြာခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံ ထြက္ဆုိခဲ့သည္။ ထို႔ေၾကာင့္ရဲတပ္ဖြဲ႕က ငါးကင္ဆုိင္ကို သြားေရာက္စံုစမ္းၿပီး ထိုဆုိင္ကတစ္ဆင့္ ယင္းအမ်ိဳးသမီးသြားေရာက္ သည့္ ေနအိမ္အား စစ္ေဆးရာ အဆုိပါ အိမ္မွ အသက္ (၄၂)ႏွစ္အရြယ္ စိုးလြင္ကို ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

‘‘ေကာင္မေလးသြားတဲ့ လမ္းေၾကာင္းတစ္ေလွ်ာက္ကို စစ္ေဆး တဲ့အခါ စိုးလြင္ရဲ႕အိမ္မွာ လမ္း ေၾကာင္း ေပ်ာက္ေနတယ္။ ဒါ ေၾကာင့္ စိုးလြင္ကိုပဲ လိုက္လံရွာ ေဖြၿပီး စစ္ေဆးတဲ့အခါ သူက်ဴး လြန္ခဲ့ေၾကာင္း ဝန္ခံတယ္’’ဟု အ ထက္ပါရဲအရာရွိက ေျပာသည္။

စိုးလြင္၏ အမ်ိဳးသမီးႏွင့္ ေသဆံုးသူ အမ်ိဳးသမီးသည္ လြန္ခဲ့ ေသာ ႏွစ္မ်ားစြာကပင္ ေဆြမ်ိဳး သားခ်င္းကဲ့သို႔ နီးစပ္ေသာ ဆက္ ဆံေရးရွိၿပီး ပုဂၢိဳလ္ေရးဆုိင္ရာ မေက်နပ္ခ်က္မ်ားေၾကာင့္ သတ္ ခဲ့ျခင္းျဖစ္သည္ဟု လတ္တေလာ ထြက္ဆိုထားေၾကာင္း ရဲတပ္ဖြဲ႕က ဆုိသည္။ လူသတ္မီး႐ိႈ႕ခဲ့သည့္ ျဖစ္စဥ္တြင္ စိုးလြင္ႏွင့္အတူ အ ျခားအမ်ိဳးသားတစ္ဦးပါ ပါဝင္ခဲ့ ၿပီး လက္ရွိတြင္ က်ဴးလြန္ႏွစ္ဦး စလံုးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထား သည္။ အဆုိပါအမႈကို ရာဇသတ္ ႀကီး ဥပေဒပုဒ္မ-၃၀၂/၂၀၁(လူသတ္မႈႏွင့္ လူသတ္အေလာင္း ေဖ်ာက္ဖ်က္မႈ)တုိ႔ျဖင့္ က်ိဳင္းတံု ၿမိဳ႕ရဲစခန္းတြင္ အမႈဖြင့္စစ္ေဆး ေနေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ ဖြဲ႕၊ ဒုတိယျပည္နယ္ တပ္ဖြဲ႕မွဴး (က်ိဳင္းတံု) ရဲမွဴးႀကီး မင္းေအာင္ က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #


ကျိုင်းတုံမြို့တွင် ဖြစ်ပွားခဲ့သော အသက် (၁၈)နှစ်အရွယ် ခန့် အမျိုးသမီးတစ်ဦးကိုသတ်၍ မီးရှို့အလောင်းဖျောက်ခဲ့သူနှစ်ဦး အား သေဆုံးသူ၏ချစ်သူ အကူ အညီဖြင့် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှ ကျိုင်းတုံ- လွိုင်မွေသွားလမ်း မိုင်တိုင် ၈ မိုင် ၄ ဖာလုံခန့်တွင် မီးရှို့ခံထားရ သော အမျိုးသမီးရုပ်အလောင်း တစ်လောင်း ဒီဇင်ဘာ ၂၂ ရက် က တွေ့ခဲ့ပြီး အသတ်ခံရသူ မည် သူဖြစ်သည်ကို ရဲတပ်ဖွဲ့က စုံစမ်းနေစဉ် ယင်းသတင်းသည် လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ကာ ပြည်သူများကြား အထိတ်တလန့်ဖြစ်ခဲ့ သည် ထို့နောက် အသက် (၁၉)နှစ်အရွယ် လူငယ်တစ်ဦးက ရဲစခန်း သို့ လာရောက်၍ သေဆုံးသူသည်သူ၏ ချစ်သူမိန်းကလေးဖြစ်နိုင် ကြောင်း သတင်းပေးရာ ကျူးလွန်သူနှစ်ဦးကို ဒီဇင်ဘာ ၂၅ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘လက်စွပ်တစ်ကွင်းကနေ ဒီအမှုကို ဖော်ထုတ်လိုက်ရတာ ပေါ့။ မီးလောင်သူရဲ့ လက်သူ ကြွယ်မှာ အသည်းပုံနဲ့ လက်စွပ် လေး ကျန်ခဲ့တယ်။ ဒါကို ကောင် လေး (သေဆုံးသူ၏ ချစ်သူ) က ဖေ့စ်ဘွတ်ခ်မှာတွေ့တော့ ရဲစခန်းကိုလာပြီး သူနဲ့ သူ့ရည်းစားချစ်သူ သက်တမ်း တစ်နှစ်ပြည့်မှာ အတူ တူဝတ်ခဲ့ကြတဲ့ လက်စွပ်လို့ ပြော လို့ ကွင်းဆက်ကို ဖော်လိုက်နိုင် တာ’’ဟု အထက်ပါရဲအရာရှိက ပြောသည်။

သေဆုံးသူနှင့် ၎င်း၏ ချစ်သူတို့သည် ဒီဇင်ဘာ ၂၀ ရက် နေ့လယ်က နောက်ဆုံးတွေ့ခဲ့ပြီး အမျိုးသမီးသည် ကျိုင်းတုံမြို့ ရပ်ကွက် (၄)ရှိ ဆွေမျိုးနီးစပ်တော် သူတစ်ဦး၏ အိမ်တွင် ငါးကင်စားမည်ဟု ပြောဆိုကာ ငါးကင်သွား ဝယ်ရန် ထွက်ခွာခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။ ထို့ကြောင့်ရဲတပ်ဖွဲ့က ငါးကင်ဆိုင်ကို သွားရောက်စုံစမ်းပြီး ထိုဆိုင်ကတစ်ဆင့် ယင်းအမျိုးသမီးသွားရောက် သည့် နေအိမ်အား စစ်ဆေးရာ အဆိုပါ အိမ်မှ အသက် (၄၂)နှစ်အရွယ် စိုးလွင်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

‘‘ကောင်မလေးသွားတဲ့ လမ်းကြောင်းတစ်လျှောက်ကို စစ်ဆေး တဲ့အခါ စိုးလွင်ရဲ့အိမ်မှာ လမ်း ကြောင်း ပျောက်နေတယ်။ ဒါ ကြောင့် စိုးလွင်ကိုပဲ လိုက်လံရှာ ဖွေပြီး စစ်ဆေးတဲ့အခါ သူကျူး လွန်ခဲ့ကြောင်း ဝန်ခံတယ်’’ဟု အ ထက်ပါရဲအရာရှိက ပြောသည်။

စိုးလွင်၏ အမျိုးသမီးနှင့် သေဆုံးသူ အမျိုးသမီးသည် လွန်ခဲ့ သော နှစ်များစွာကပင် ဆွေမျိုး သားချင်းကဲ့သို့ နီးစပ်သော ဆက် ဆံရေးရှိပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်ချက်များကြောင့် သတ် ခဲ့ခြင်းဖြစ်သည်ဟု လတ်တလော ထွက်ဆိုထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လူသတ်မီးရှို့ခဲ့သည့် ဖြစ်စဉ်တွင် စိုးလွင်နှင့်အတူ အ ခြားအမျိုးသားတစ်ဦးပါ ပါဝင်ခဲ့ ပြီး လက်ရှိတွင် ကျူးလွန်နှစ်ဦး စလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထား သည်။ အဆိုပါအမှုကို ရာဇသတ် ကြီး ဥပဒေပုဒ်မ-၃၀၂/၂၀၁(လူသတ်မှုနှင့် လူသတ်အလောင်း ဖျောက်ဖျက်မှု)တို့ဖြင့် ကျိုင်းတုံ မြို့ရဲစခန်းတွင် အမှုဖွင့်စစ်ဆေး နေကြောင်း ရှမ်းပြည်နယ်ရဲတပ် ဖွဲ့၊ ဒုတိယပြည်နယ် တပ်ဖွဲ့မှူး (ကျိုင်းတုံ) ရဲမှူးကြီး မင်းအောင် က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top